သင်္ကြန်ရဲ့ အနှစ်သာရကို ငယ်စဉ်ကသာ ပျော်ရွှင်စွာနဲ့ ကစားခဲ့ပေမယ့်လည်း စစ်တက္ကသိုလ် သို့ စတင်ရောက်ရှိတည်းက သင်္ကြန်ရဲ့ပျော်ရွှင်မှုကို လွတ်လပ်စွာနဲ့ ကောင်းစွာ မပျော်ခဲ့ရပါဘူး...စစ်တက္ကသိုလ်မှာ သင်္ကြန်ဆိုတာ ရှိပေမယ့်လည်း အပြင်မှာလိုတော့ ဘယ်ပျော်စရာကောင်းမလဲပေါ့ ယောင်္ကျားလေးတွေပဲ ရှိတာကိုး :D...စစ်တက္ကသိုလ်ဆိုတာကလည်း အပြင်တက္ကသိုလ်တွေနဲ့မှ မတူတာကိုး...သူများတွေ ပျော်ရွှင်ကြပေမယ့်လည်း ကျွန်တော်ကတော့ သူများတွေပျော်တာကိုပဲ ကြည့်နေခဲ့တာပါ....ဒီလိုနဲ့ပဲ စစ်တက္ကသိုလ် ၃ နှစ်တာ ပြီးဆုံးခဲ့လို့ ကျောင်းဆင်းပြီးသွားလို့ တပ်စုမှူးသင်တန်း တက်တဲ့အချိန်မှာတော့ သင်္ကြန်ရဲ့ အရသာလေးကိုတော့ တော်တော်ခံစားတတ်လာပါတယ်...စစ်တက္ကသိုလ် ဗိုလ်လောင်းဘ၀မှာက ဒီလောက်ပျော်စရာမကောင်းခဲ့ဘူးလေ...အရာရှိဖြစ်လာတော့ လွတ်လပ်မှုဆိုတဲ့အထိုက်သင့်လေးရှိလာတော့ စိတ်ကအလိုလိုနေရင်း ပျော်နေခဲ့ပါတယ်...တပ်စုမှူးသင်တန်း မှာ သင်္ကြန်မဏ္ဍပ်ပေါ်မှာ သီဆိုနေတဲ့ ခေတ်သီချင်းလေးတွေကလည်း စိတ်ကိုမြူးကြွစေတယ်လေ...ဆိုတဲ့သူတွေကလည်း ကိုယ့်သင်တန်းသား အရာရှိငယ်တွေဆိုတော့ ခေတ်သီချင်းတွေပဲ ဆိုကြတယ်...တော်တော်လေးလည်း ကောင်းပါတယ်...အေးဆေးနေတတ်တဲ့ ကျွန်တော်လည်း မနေနိုင်တော့ဘူး...အကုန်လုံးက ၀ိုင်းပြီးတော့ ကနေကြပြီ...ကျွန်တော်ကလည်း တောသားကိုး အကတွေကအမြဲတမ်းတောတွေမှာ မြင်နေရတော့ တောပိုးလေးက ထလာတာပေါ့ :)...ဘယ်ရမလဲ သူများတွေလို ၀င်နွှဲလိုက်တာပေါ့..:D...အဲဒီလို နှစ်သစ်အခါမယလေးမှာ လွတ်လပ်စွာနဲ့ ရာထူးတွေ ဂုဏ်တွေကိုဘေးဖယ်ထားပြီးတော့ ပျော်ပါးရတော့ စိတ်တွေအရမ်းပေါ့ပါးပြီးတော့ လန်းဆန်းဖို့ကောင်းတယ်...အဲဒီလို သင်္ကြန်အခါသမယမှာ ကျွန်တော်တို့ရင် မဟုတ်ပါဘူး အရာရှိကြီးတွေလည်း ပျော်ပါးကြပါတယ်...သူတို့လည်း သင်္ကြန်သီချင်းတွေနဲ့ သီဆိုပြီးတော့ ပျော်နေကြတယ်....ဒါပေမယ့် သင်္ကြန်အချိန်မှာ ကျွန်တော်တို့က သင်တန်းတက်နေလို့ ပျော်ရတာ တပ်မှာဆိုရင်တော့ လုံခြုံရေးကျတဲ့ထဲမှာ ပါရင်တော့ လစ်ပြီပေါ့ဗျာ :D...တပ်စုမှူးသင်တန်းပြီးသွားလို့ တပ်မှာပြန်လည်ရောက်လာလို့ သိပ်မကြာခင်မှာပဲ ရုရှဘာသာစကားသင်တန်းကိုပါလာတော့ ချစ်တဲ့ပြင်ဦးလွင်ကြီးကို ပြန်ရောက်လို့လာပါပြီ...ရုရှဘာသာစကားသင်တန်းတတ်နေတဲ့အချိန်မှာလည်း သင်္ကြန်ဆိုတဲ့ကာလကြီးနဲ့တိုးနေပြန်ရော...ဒီတစ်ခါတော့ တပ်စုမှူးသင်တန်းလိုမဟုတ်ပါဘူး ပိုပြီးတော့ လွတ်လပ်မှုလည်းရှိတယ်...သင်္ကြန်အချိန်မှာ ခွင့်ပေးတဲ့အတွက် မိမိမွေးရပ်ဇာတိမြေအသီးသီးကို ပြန်ကဲကြတာပေါ့ဗျာ...မပြန်ရပဲ တပ်ကိုပြန်သွားရတဲ့သူတွေလည်း ရှိတာပေါ့. :D..ဒီတစ်ခါတော့ ဘယ်ရမလဲ အပျက်ကဲမယ်လို့ကြုံးဝါးထားတယ်...ဗိုလ်လောင်းတုန်းကလည်း ကောင်းကောင်းမကဲခဲ့ရဘူး...အရာရှိဖြစ်လို့ ဒီတစ်ခါပဲ အခွင့်ကကြုံတာကိုး....ဘယ်ရမလဲ အိမ်ရောက်တာနဲ့ အိမ်ကိုမကပ်ပဲ အကိုဝမ်းကွဲတွေ သူငယ်ချင်းတွေနဲ့ ဆိုင်ကယ်တွေနဲ့ တန်းစီထွက်ကြတာပေါ့....ဆိုင်ကယ်စီးလို့ အန္တရာယ်ဖြစ်မှာဆိုးလို့ အိမ်ကလည်း အသွင်သွင်ဆုံးမနေတယ်...တောကလူကြီးတွေက သူများပြောတာတွေကိုယုံပြီးတော့ အစိုးရိမ်အရမ်းလွန်ကြတယ်...အဲဒီမြို့မှာ က ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ကြောက်ပြီးစိုးရိမ်နေကြတယ်...ဒါကအမြင်မကျယ်တဲ့တောကလူတွေက သူများပြောတာကို ပုံသေကြီးမှတ်သားကြတယ်...ကျွန်တော်ကတော့သိပြီးသားလေ ဘာမှမဖြစ်ဘူးဆိုတာ...ဒါပေမယ့်လည်း လူကြီးတွေဆိုတော့ ဘာမှမပြောချင်တော့ ခေါင်းညိတ်ခဲ့ရတာပေါ့ သူတို့ပြောတာကို နားထောင်ပြီးတော့....မြို့ပေါ်မှာ ကဲပြီးလို့ မြို့နဲ့ သိပ်မဝေးတဲ့
သင်္ကြန် နဲ့ တောကလုံမေပျိုလေးများအကြောင်း
HONOURING THE 64TH ANNIVERSARY ARMED FORCES DAY
နိုင်ငံတစ်နိုင်ငံတွင် မရှိမဖြစ်လိုအပ်သော အရာများစွာထဲတွင် တပ်မတော်အခန်းကဏ္ဍသည်လည်း တစ်ခုအပါဝင်ဖြစ်လေသည်...နိုင်ငံတစ်ခုရဲ့ အချုပ်ခြာအာဏာနဲ့ နယ်မြေပိုင်နက်ကို တိုင်းတစ်ပါးရဲ့ ကျူးကျော်မှုကို မခံရလေအောင် ကာကွယ်စောင့်ရှောက်ပေးရမည့်တာဝန်သည်လည်း တပ်မတော်ပင် ဖြစ်လေသည်...တပ်မတော်ရဲ့ အဓိကတာဝန်ကြီး(၃)ရပ်ဖြစ်တဲ့ ၁)ကာကွယ်ရေး ၂)လေ့ကျင့်ရေး နဲ့ ၃) ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်တို့ဖြစ်ပါတယ်...ကာကွယ်ရေးဆိုသည်မှာ မိမိနိုင်ငံတော်ရဲ့ အချုပ်ခြာအာဏာ နှင့် နယ်မြေပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်တယ်...လေ့ကျင့်ရေးသည် တပ်မတော်သားတစ်ဦးချင်းလိုက် ရှိသင့်တတ်ထားရမယ့် အရာတွေကို တတ်ကျွမ်းနားလည်ထားပြီးတော့ တိုက်ပွဲအတွက် အမြဲတမ်းအဆင့်သင့်ဖြစ်အောင် အစဉ်အမြဲလေ့ကျင့်နေရမှာဖြစ်တယ်...ပြည်သူ့အကျိုးပြုလုပ်ငန်းဆိုတာကတော့ မိမိတာဝန်ကျရာနယ်မြေဒေသတွေမှာ မိဘပြည်သူတွေကို မိမိတို့တတ်စွမ်းသမျှ အားသွန်ခွန်စိုက်နဲ့ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ရမှာဖြစ်ပါတယ်....စစ်တိုက်ရန် မရှိက လေ့ကျင့်ရန် စစ်တိုက်ရန် နဲ့လေ့ကျင့်ရန် မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန် ဆိုတဲ့အတိုင်း လုပ်ဆောင်ရမယ့်တာဝန်သည် တပ်မတော်သားအားလုံး၏တာဝန်ပင်ဖြစ်လေသည်...တပ်မတော်သားများသည် ပြည်သူများမှပေါက်ဖွားလာတာဖြစ်တဲ့အတွက်ကြောင့်မို့ ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးရမယ့်တာဝန်ဟာ တပ်မတော်သားအားလုံးရဲ့တာဝန်ပဲဖြစ်တယ်...တပ်နဲ့ပြည်သူမြဲကြည်ဖြူ ဆိုတဲ့အတိုင်း တပ်မတော်သားများနဲ့ ပြည်သူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်လေးစားပြီးတော့ ပြည်သူချစ်တဲ့ တပ်မတော် မျိုးချစ်တပ်မတော် ဖြစ်ရပါမယ်...အချိန်နဲ့အမျှ တိုးတက်နေတဲ့ခေတ်ကြီးမှာ ကျွန်တော်တို့ တပ်မတော်သားများအားလုံး အနေနဲ့လည်း တိုးတက်နေတဲ့ ခေတ်ကြီးနောက်မှာ နောက်ကျမကျန်ရစ်ခဲ့အောင် အစဉ်အမြဲကြိုးစားနေဖို့လည်းလိုပါတယ်...အင်အားတောင့်တင်းပြီး ခေတ်မှီ စွမ်းရည်ထက်မြတ်တဲ့ မြန်မာ့တပ်မတော်ဖြစ်အောင် အစဉ်အမြဲ ကျွန်တော် တို့တွေအားလုံးကြိုးစားသွားရမှာဖြစ်ပါတယ်...
မိမိတို့တာဝန်ကျရာ တပ်မတော်(ကြည်း/ရေ/လေ) တွင် "တုံးတိုက်တိုက် ကျားကိုက်ကိုက် "ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ပြည်သူတွေကို အစဉ်အမြဲကာကွယ်စောင့်ရှောက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်....။
'ထာဝရ' ရုပ်ရှင်ဇာတ်လမ်း
၆၄ နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နာဂစ်ဒေသတွင် တပ်မတော် နဲ့ပြည်သူလက်တွဲပြီးပူပေါင်း ကူညီဆောင်ရွက်ခဲ့ပုံများနဲ့ ကြေကွဲလွမ်းဆွတ်ဖွယ်ရာဖြစ်အောင် ရိုက်ထူးထားသော 'ထာဝရ'ရုပ်ရှင်ဇာတ်လမ်းလေးကို ဒါရိုက်တာ မီးပွားနှင့် တွဲဖက်ဒါရိုက်တာ ဗိုလ်ကြီးတင်အောင်စိုး တို့မှရိုက်ကူးတင်ဆက်ခဲ့ပါတယ်...တပ်မတော်သားတွေရဲ့ ဘ၀ကို ပီပြင်အောင် သရုပ်ဆောင်ထားတဲ့ တပ်မတော်(လေ)မှ ရဟတ်ယာဉ်မှူး ဗိုလ်မှူး ထက်ဦးယံအဖြစ် နေတိုး|တပ်မတော်(ကြည်း)မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးခိုင်ခန့်အဖြစ် မင်းမော်ကွန်း|တပ်မတော်(ရေ)မှ စစ်ရေယာဉ်မှူး ဗိုလ်မှူးလှိုင်းအောင်အဖြစ် နိုင်းနိုင်း|တပ်မတော်(ကြည်း)ခြေလျင်တပ်ရင်းမှ ဒုတပ်ကြပ်ချစ်ထွေးအဖြစ် မြင့်မြတ်|မင်းမော်ကွန်း၏ ချစ်သူ ဒေါက်တာ ခင်ဝင်းလက်အဖြစ် အိန္ဒြာကျော်ဇင်|နိုင်းနိုင်း၏ ချစ်သူ မူလတန်းကျောင်းဆရာမအဖြစ် သဇင်|နေတိုး၏ ချစ်သူ ဆောက်လုပ်ရေးလုပ်ငန်းရှင် ညိုလဲ့ရည် အဖြစ် မိုးဟေကို|မြင့်မြတ်၏ ချစ်သူ သူနာပြုဆရာမအဖြစ် မေသက်ခိုင် တို့ပါဝင်သရုပ်ဆောင်ထားသည်...။
'ထာဝရ'ရုပ်မြင်သံကြားဇာတ်လမ်းကို မြန်မာ့ရုပ်ရှင် တီဗွီတွေမှာ အပိုင်းလိုက် ထုတ်လွှင့်ပြသပေးနေပါတယ်...ကျွန်တော်တို့ အပြင်မှာရှိနေတဲ့ သူများတွက် ဒီက ဆိုဒ်လေးမှာ ဒေါင်းလော့ချပြီးတော့ ကြည့်ရှူနိုင်ပါကြောင်း...:)
စစ်ရေးပြ

နိုင်ငံတိုင်း တပ်မတော်တိုင်းမှာ စစ်ရေးပြဆိုတာ ရှိကြတယ်...ဘာကြောင့် စစ်ရေးပြကြသလဲ..စစ်ရေးပြဆိုတာ ဘာလဲ...အကြမ်းဖျင်းပြောရရင်တော့ စစ်ရေးပြဆိုတာဟာ စစ်သားတစ်ယောက်ရဲ့ အမိန့်နာခံမှု စည်းကမ်းသေသပ်မှု ဘယ်လောက်ရှိလဲဆိုတာကို ပြသခြင်းဖြစ်တယ်...
ဒါကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ တပ်မတော် ဟာ ဘယ်လောက်ထိ စစ်စည်းကမ်းရှိတယ် အမိန့်နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာတွေကို သူတို့တွေရဲ့ စစ်ရေးပြ ကိုကြည့်ခြင်းအားဖြင့် ယေဘုယျအားဖြင့် ခန့်မှန်း သိရှိနိုင်ပါတယ်...စစ်ရေးပြဟာ သာမန်ကြည့်မယ်ဆိုရင် ဘာမှမခက်ခဲဘူးလို့ ထင်ပေမယ့် အင်မတန်မှ ခက်ခဲတဲ့ အရာပါ...မတူညီတဲ့ လူတွေ နဲ့ မတူညီတဲ့ စိတ်ဓာတ်တွေနဲ့ တူညီသောစစ်ရေးပြကို ရအောင် လေ့ကျင့်ယူရတာဟာ အင်မတန်မှ ခက်ခဲလှပါတယ်...စစ်ရေးပြ တစ်ခုကို သာမန်အနေနဲ့ ကြည့်မယ်ဆိုရင် ညီညာမှု ရှိတဲ့အတွက် ကြည့်ကောင်းယုံကလွဲပြီး ဘာမှအထွေထူး မရှိဘူးလို့ ယူဆနိုင်ပါတယ်...သို့ပေမယ့်လည်း စစ်ရေးရေးပြထဲမှာ
Meaning တွေ အများကြီးပါ ပါတယ်...ဥပမာ ပြောရရင် Squad တစ်ခုမှာ အတန်းတစ်ခု ညီညာစွာ လျှောက်လှမ်းဖို့ဆိုတာ အချိန်တိုတွင်းနဲ့ မရပါဘူး...စောစောက ပြောသလိုပဲ မတူညီတဲ့လူတွေနဲ့ ပေါင်းစပ်ထားတာကြောင့် တူညီအောင်လုပ်ဖို့တွက် လိုအပ်လာပြီ...ဘာတွေလိုအပ်လည်းဆိုရင် တစ်ယောက်နဲ့တစ်ယောက် မှားနေရင် ဘေးကသူက ပြုပြင်ပေးရတယ် စိတ်ဓာတ်တွေကျနေရင် စိတ်ဓာတ်တွေ မြှင့်တင်ပေးရတယ်...သင်ပေးတဲ့ ဆရာရဲ့ အမိန့်ကိုလည်း သေချာနားထောင် လိုက်လုပ်ရတယ်...ဒီလို သင်ဆရာ နဲ့ မိမိရဲဘော်အချင်းချင်း ဖေးမကူညီမှုကြောင့် အခုနက လျှောက်ခဲ့တဲ့ အတန်း ၁ခုကို ညီညာစွာနဲ့ လျှောက်လှမ်းနိုင်ခဲ့ပြီ...အတန်း ၁ ခုကနေ Squad ထိ တစ်ဦးနဲ့ တစ်ဦးဖေးမ ကူညီပြီးတော့ ရဲဘော်ရဲဘက်စိတ်နဲ့ ကြိုးစားလျှောက်လှမ်းလာတာကြောင့် စစ်ရေးပြကြီးဟာ ညီညာလာပါတော့တယ်...ဒီလို စစ်ရေးပြလုပ်ချင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် သည်းခံခွင့်လွှတ်ခြင်း ရိုင်းပင်းကူညီတတ်ခြင်း စတဲ့ အခြေခံကောင်းမွန်တဲ့ စိတ်ဓာတ်လေးတွေကို စစ်သားတစ်ယောက်အနေနဲ့ စတင်ရရှိခြင်းဖြစ်ပါတယ်...ရှေးကနေပြီးတော့ Squad တစ်ခုကို Command ပေးဖို့အတွက် ခေါင်းဆောင် လိုအပ်လာပြီ...ခေါင်းဆောင် ရဲ့ အမိန့်အတိုင်း Squad ထဲမှာရှိတဲ့ ရဲဘော်တွေဟာ လိုက်ပါလုပ်ဆောင်ရပါတယ်...၁ ယောက်မှားနေရင် ဒါဟာ အမိန့်နာခံမှု မကောင်းသေးဘူးလို့ပြောလို့ရတယ်...ရဲဘော်တစ်ယောက်ရဲ့ အာရုံစူးစိုက်မှုဟာ အဲဒီအချိန်မှာ ခေါင်းဆောင်ရဲ့နုတ်ကပေးမယ့် Command ပဲနားထောင် အာရုံစိုက်ရမှာပါ...ခေါင်းဆောင်က Command ပေးလိုက်တိုင်းမှာ ညီညာဖျက်လက်စွာနဲ့ အားကြိုးမာန်တက်လုပ်နိုင်ရင် အမိန့်နာခံမှုကောင်းတယ်လို့ ပြောလို့ရတယ်...စည်းကမ်းသေသပ်မှုကို ကြည့်မယ်ဆိုရင်လည်း အကြမ်းဖျင်းအားဖြင့် စစ်သည်တစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်...ယူနီဖောင်းကို သေသပ်စွာ ၀တ်ဆင်မထားဘူး သတ်မှတ်ထားတဲ့ အဆောင်ယောင်တွေ မပါရှိမတပ်ဆင်ထားဘူးဆိုရင် ဒီရဲဘော်ဟာ စည်းကမ်းသေသပ်မှု အားနည်းသေးတယ်လို့ ပြောလို့ရတယ်...ဒါကြောင့် စစ်ရေးပြတစ်ခုမှာ အမိန့်နာခံတတ်မှု နဲ့ စည်းကမ်းသေ၀ပ်မှု ဘယ်လောက်ရှိတယ်ဆိုတာကို တပ်မတော်စစ်ရေးပြတွေမှာ ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်...လူတစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှုဟာ အရေးကြီးပါတယ်...စစ်သားမှမဟုတ်ပါဘူး သာမန်အရပ်သားတွေမှာလည်း လိုအပ်ပါတယ်...လူတစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှုကိုကြည့်ခြင်းအားဖြင့် သူ့ရဲ့အခြေနေကို အကြမ်းဖျင်းခန့်မှန်းလို့ရပါတယ်...
နိဂုံးချုပ်အနေနဲ့ ပြောရရင် စစ်ရေးပြရဲ့ရည်ရွယ်ချက်ထဲမှာ တပ်မတော်သားတစ်ယောက်အနေနဲ့ စစ်စည်းကမ်းလိုက်နာမှုနဲ့ အမိန့်နာခံမှုဘယ်လောက်ကောင်းလဲဆိုတာပြသခြင်း နဲ့ မကြာမှီအချိန်တွင်းမှာ ရောက်ရှိလာတော့မယ် ၆၄ နှစ်မြောက် မြန်မာ့တပ်မတော်နေ့မှာ စစ်ရေးပြသကြမည့် မြန်မာ့တပ်မတော်သားများရဲ့ စည်းကမ်းသေ၀ပ်မှုနဲ့ အမိန့်နာခံမှု ဘယ်လောက်ရှိလဲဆိုတာကို တပ်မတော်နေ့ စစ်ရေးပြကနေပြီးတော့ သက်သေပြပါတော့မည် ဆိုတဲ့အကြောင်း ရေးသားတင်ပြလိုက်ရပါသည်...။
စစ်လက်ရုံး ရွေးချယ်မှု
နိုင်ငံတကာ တပ်မတော်တိုင်းမှာ တပ်မတော်တစ်ခုကို(ကြည်း/ရေ/လေ) နဲ့ ဖွဲ့စည်းထားကြတယ်...မြန်မာ့တပ်မတော် (ကြည်း/ရေ/လေ) မှာ တာဝန်ထမ်းဆောင်ရမယ့် ခေါင်းဆောင်ငယ်များဟာ စစ်တက္ကသိုလ်(Defence Services Academy) ဒုတိယနှစ် ကာလမှာ တပ်မတော် (ကြည်း/ရေ/လေ) ကို မိမိတို့ ကြိုက်နှစ်သက်ရာကို စတင်လျှောက်ကြရပါတယ်...၄င်းရွေးချယ်မှုကို စစ်လက်ရုံး ရွေးချယ်မှု လို့ခေါ်ကြတယ်...စစ်လက်ရုံးဆိုသည်မှာ (လေတပ်/ရေတပ်/သံချပ်ကာတပ်/အမြောက်တပ်/လေကြောင်းရန်တပ်/ဆက်သွယ်ရေးတပ် ...etc)များကို ခေါ်သည်...ထိုသို့ ရွေးချယ်ရာတွင် စာရွက်ပေါ်မှာတစ်ခုတည်း ရေးတင်လျှောက်ထားခြင်းမဟုတ်ပဲ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ကိုယ်တိုင် စမ်းစစ်ရွေးချယ်ပေးလေ့ရှိတယ်...တပ်မတော်(ကြည်း)တွင် တာဝန်ထမ်းဆောင်မည့်သူများသည် စစ်ဆေးရန်မလိုအပ်ပေ...ကျန်သော စစ်လက်ရုံးများသာ စစ်ဆေးလျှက်ရှိတယ်...မိမိတို့ တာဝန်ထမ်းဆောင်ချင်သော နေရာများကို ရွေးချယ်ပြီးနောက်ပိုင်းမှာ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ မိမိတို့ ရွေးချယ်ထားသော အရာများနှင့် ပတ်သတ်တဲ့ မေးခွန်းများကို မေးမြန်းလေ့ရှိတယ်...စစ်လက်ရုံးများ မလျှောက်ခင်မှီမှာ သက်ဆိုင်ရာ စစ်လက်ရုံး အကြီးကဲများမှ မိမိတို့နဲ သက်ဆိုင်သော အရာများကို လာရောက် ပို့ချလေ့ရှိတယ်...လာရောက်ပို့ချသော အရာများကို မိမိဘာသာ နှိုင်းယှဉ်ပြီးတော့ ဘယ်လိုနေရာမှာ မိမိနဲ့အသင့်တော်ဆုံးလဲ ဘယ်လိုနေရာမျိုးမှာ ထမ်းဆောင်ချင်လဲ ဆိုတာတွေကို ကိုယ်ပိုင်ဆုံးဖြတ်ကြရပါတယ်..မိမိဘာသာ စစ်လက်ရုံးတွေ ရွေးချယ်ပြီးတဲ့ နောက်မှာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ လာရောက် ရွေးချယ်စစ်ဆေးပေးလေ့ရှိတယ်...ထိုသို့ စစ်ဆေးရာတွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်တည်းမဟုတ်ပဲ သက်ဆိုင်ရာ စစ်လက်ရုံးမှ အကြီးကဲများနဲ့ ပေါင်းစပ် ဆုံးဖြတ် ရွေးချယ်ပေးလေ့ရှိတယ်....ဒါဟာ ပထမဆုံး ရွေးချယ်မှု တစ်ခုပဲဖြစ်ပါတယ်...ထိုသို့ ရွေးချယ်ပြီးတဲ့ နောက်ပိုင်းမှာ ဥပမာ တပ်မတော်(လေ) မှာ ရွေးချယ်တာဝန်ထမ်းဆောင်ရမယ့် ဗိုလ်လောင်းများဟာ သက်ဆိုင်ရာ ဌာနချုပ်တွေမှာ တစ်ဖန် စစ်ဆေးမှုတွေ လုပ်ရပါတယ်...ဆေးစစ်တာတွေ နဲ့ ကျန်တဲ့ လေကြောင်းမှာ ကြုံတွေ့ရမယ့် အရာများကို စမ်းစစ်လေ့ရှိတယ်...တပ်မတော်(ကြည်း/ရေ/လေ) မှာ လေ တပ်ဟာ အရေးကြီးဆုံးပါ...ဒါကြောင့် လေ တပ်မှာ တာဝန်ထမ်းဆောင်ရမယ့်သူများဟာ သာမာန်လူသားတွေထက် ထက်မြတ်မှု ရှိရမယ် ကျန်းမာကြံ့ခိုင်မှု ပိုရှိရမယ်...အရပ်အမောင်း မျက်လုံးက အစပေါ့...ဒါတွေကအစ အသေးစိတ်အောင်မြင်ပြီးမှသာလျှင် တပ်မတော် (လေ) မှာ တာဝန်ထမ်းဆောင်ရပါတယ်...မကြာမှီတွင် နောက်ထပ်စစ်တက္ကသိုလ်သို့ရောက်ရှိလာမယ့် ညီငယ်များအား တပ်မတော်တွင် မိမိတို့ထမ်းဆောင်ချင်သော နေရာများကို ဘယ်လိုရွေးချယ်ရလဲဆိုတာကို ဗဟုသုတ ရအောင် ရေးသားတင်ပြလိုက်ခြင်းဖြစ်ပါသည်..
စစ်လက်ရုံး ရွေးချယ်နေစဉ်
စစ်လက်ရုံး ရွေးချယ်မည့် ခန်းမဆောင်တွင် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် သက်ဆိုင်ရာ စစ်လက်ရုံးမှ အကြီးကဲများ
စစ်လက်ရုံး ရွေးချယ်သည့် ခန်းမဆောင်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်း တစ်ဦးကို ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ သက်ဆိုင်ရာ မေးခွန်းများကို မေးမြန်းစစ်ဆေးစဉ်
Arab Proverb
He who knows not,and knows not that he knows not,is a fool,shun him.He who knows not,and
knows that he knows not,is a simple man,teach him.He who knows,and knows not that he knows,
is asleep,wake him up.He who knows and knows that he knows is a wise man,follow him.
LIEUTENANT COLONEL - ZAW HTET
Peace
ဆူပူအော်ဟစ်စရာမလိုဘူးလေ။
No need to shout and scream
if you are advocating peace.
(Kaung Thant)
Myanmar News
Journal
Myanmar Movies
Facebook Badge
About Me
★ Riots beget riots, not democracy
★ Democracy can be introduced only through constitution
2)★ Only with stability and peace will the nation develop
★ Only with stability and peace will democratization process be successful
Hi
G-mail
ပြည်ပမီဒီယာဆိုက်များ
Older Posts
-
▼
2011
(18)
- ► 04/17 - 04/24 (7)
- ► 04/10 - 04/17 (1)
- ► 04/03 - 04/10 (1)
- ► 03/27 - 04/03 (7)
- ► 03/20 - 03/27 (1)
-
►
2010
(16)
- ► 11/21 - 11/28 (1)
- ► 11/14 - 11/21 (1)
- ► 11/07 - 11/14 (2)
- ► 10/31 - 11/07 (1)
- ► 10/17 - 10/24 (1)
- ► 09/12 - 09/19 (1)
- ► 05/16 - 05/23 (1)
- ► 05/09 - 05/16 (1)
- ► 03/21 - 03/28 (1)
- ► 02/28 - 03/07 (1)
- ► 02/21 - 02/28 (1)
- ► 02/14 - 02/21 (1)
- ► 01/24 - 01/31 (1)
- ► 01/17 - 01/24 (1)
- ► 01/10 - 01/17 (1)
-
►
2009
(74)
- ► 12/27 - 01/03 (4)
- ► 12/20 - 12/27 (1)
- ► 12/13 - 12/20 (1)
- ► 10/18 - 10/25 (1)
- ► 10/04 - 10/11 (1)
- ► 09/20 - 09/27 (1)
- ► 08/30 - 09/06 (2)
- ► 08/23 - 08/30 (1)
- ► 08/16 - 08/23 (1)
- ► 08/09 - 08/16 (4)
- ► 08/02 - 08/09 (1)
- ► 07/12 - 07/19 (2)
- ► 07/05 - 07/12 (1)
- ► 06/21 - 06/28 (1)
- ► 05/24 - 05/31 (1)
- ► 05/17 - 05/24 (1)
- ► 05/03 - 05/10 (3)
- ► 04/19 - 04/26 (1)
- ► 04/12 - 04/19 (1)
- ► 04/05 - 04/12 (1)
- ► 03/29 - 04/05 (2)
- ► 03/22 - 03/29 (6)
- ► 03/15 - 03/22 (1)
- ► 03/08 - 03/15 (2)
- ► 03/01 - 03/08 (3)
- ► 02/22 - 03/01 (5)
- ► 02/15 - 02/22 (3)
- ► 02/08 - 02/15 (3)
- ► 02/01 - 02/08 (6)
- ► 01/25 - 02/01 (12)
- ► 01/18 - 01/25 (1)





