NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရ



ညို့မှိုင်းနေတဲ့ မိုးကောင်ကင် ပျံဝဲလာတဲ့ နှင်းမှုံလေးများကြားမှာ တိုးဝှေ့ရင်း လမ်းလျှောက်လျှက် စိတ်ကူးရင် အတွေးလေးများနဲ့ နယ်ချဲ့နေမိခဲ့တယ်...ဘာကြောင့်မှန်း မသိ ကိုင်ဆုတ်မိလိုက်တဲ့ နှင်းခဲများကို ကြည့်ရင်းစိတ်ထဲမှ ရေရွတ်နေခဲ့မိတယ်...ဘာကြောင့် မင်းဟာ ဖြူစင်လွန်းပြီး လူတွေရဲ့ စိတ်ကို ညှို့ယူနိုင်စွမ်း ရှိနေတာလဲ...ဘာကြောင့် မင်းကို လူတွေက ချစ်နေကြတာလဲ...မင်းကို မြင်လိုက်တိုင်းမှာ လူတွေရဲ့ စိတ်တွေထဲမှာ ဘာကြောင့်ပျော်ရွှင်နေမိတာလဲ...မင်းနဲ့အတူ ဆော့ကစားနေခြင်ကြတာလဲ...မင်းနဲ့ ပတ်သတ်ပြီး လူတွေက သူတို့ရဲ့ နူးညံ့ဆုံးနှလုံးသား ကဗျာလေးတွေထဲမှာ ဘာကြောင့် ရေးစပ်နေကြတာလဲ....နောက်ဆုံးတော့ ငါသိလိုက်ပြီကွာ... မင်းဟာ ကမ္ဘာကြီးကို လှပစွာနဲ့ဖန်တီးခဲ့သလို လူတွေရဲ့ စိတ်တွေ ပျော်ရွှင်မှု့တွေ လွတ်လပ်မှု့တွေကို မင်းကဖန်တီးပေးနေတယ်ဆိုတာကို ငါသိခဲ့ပြီပေါ့...ဒါပေမယ့် မင်းကလူသားတွေအတွက် အလှဆင်ခဲ့ပေမယ့် နေမင်းကြီးရဲ့ မနာလိုမှု့ကြောင့် မင်းဟာ နေမင်းကြီးရဲ့ အောက်မှာ အရည်ပျော်ဝင်ပြီးတော့ လူသားတွေကို နုတ်ဆက်သွားခဲ့ရတယ်လေ...အဲဒီ့အတွက် ငါ စိတ်မကောင်းပါဘူးကွာ....ဒီ့အတွက် မင်းကို လူသားတွေအစား မင်းကို စကားလေးတစ်ခွန်းပြောပါရစေ...ငါတို့ရဲ့ နှလုံးသားထဲမှာ မင်းကို "မမေ့နိုင်တဲ့ ကျေးဇူးတွေနဲ့ကျေးဇူးကမ္ဘာပါပဲ"ဆိုတဲ့စကားလုံးလေးဟာ အမြဲတမ်းကိန်းဝပ်နူးညံ့နေမယ်ဆိုတာပါပဲ..သက်မဲ့ တစ်ခုဖြစ်တဲ့ နှင်းခဲလေးတွေတောင် လူတွေရဲ့ စိတ်ကို ပျော်ရွှုင်နိုင်အောင် ဖန်တီးနိုင်ခဲ့တာပဲ...ငါတို့လူသားတွေအတွက် ပျော်ရွှင်မှု့တွေကို ဖန်တီးပေးတဲ့ လူသားတွေရော မရှိဘူးလားဆိုပြီး ဆက်လက်ပြီးတော့ အတွေးနယ်ချဲ့နေခဲ့မိတယ်...ဆိုးဝါးလှတဲ့ လူသားကမ္ဘာမှာ အတ္တမာန်မာနတွေနဲ့ ပြည့်နှက်နေပြီးတော့ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြတဲ့ တစ်ချိန်က ပ/ဒုတိယ ကမ္ဘာစစ်ကြီးထဲမှာ ဆူညံပေါက်ကွဲသံတွေ လူတွေရဲ့ ညည်းညူသံတွေနဲ့ အင်မတန်မှာ စိတ်ပျက်စရာကောင်းခဲ့တဲ့ နေ့ရက်လေးတွေပေါ့...လူတွေဟာ မိမိတို့ လွတ်လပ်စွာ နဲ့ အေးချမ်းစွာ နေဖို့အတွက် ရုန်းကန်လှုပ်ရှားနေခဲ့ကြရတယ်...ခွန်အားသေးတဲ့ လူတွေကို ခွန်အားကြီးတဲ့ လူတွေက ထိန်းချုပ်ကွပ်ကဲပြီးတော့ ချုပ်နှောင်မှု့တွေအပြည့်နဲ့ ကျေးကျွန်သဖွယ် လုပ်ခဲ့ကြတယ်...လူသားတွေဟာ အသိဥာဏ်ရှိတဲ့သူတွေဖြစ်တာကြောင့် မိမိတို့မှာ ခွန်အားဘယ်လောက်ပဲသေးငယ်နေပါစေ တစ်ချိန်ကြရင် ဒီခွန်အားကြီးတဲ့ လူတွေကို ပြန်လည် တွန်းလှန်မယ်ဆိုတဲ့ မျိုးချစ်စိတ်အပြည့်ရှိစွာနဲ့ ကြိုးစားခဲ့ကြသောကြောင့် မိမိတိုင်းပြည် မိမိလူမျိုးဆိုပြီး လွတ်လပ်ပျော်ရွှင်စွာနဲ့ နေထိုင်နိုင်ခဲ့ကြတယ်လေ...အဲဒီလိုကြိုးစားမှု့တွေထဲမှာ ထူးချွန်ထက်မြတ်စွာနဲ့ မိမိတိုင်းပြည် မိမိလူမျိုးတွေကို လွတ်မြောက်အောင် ကြိုးစားဖန်တီးပေးခဲ့ကြတဲ့ သူရဲကောင်းတွေလည်း နိုင်ငံတိုင်းမှာ ပေါ်ထွန်းလာခဲ့ကြတာပဲမဟုတ်လားဗျာ...ထို့အတူပဲ ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်ကြီးကိုလည်း အင်အားကြီးသော လူတွေရဲ့ လက်အောက်မှ ဆွဲထုတ်ခေါ်ယူနိုင်ခဲ့တဲ့ သူရဲကောင်းကြီးရှိခဲ့ကြတယ်မို့လား...ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အပျော်ရွှင်ဆုံး အချိန်ကိုပြပါဆိုရင် ကျွန်တော်တို့ရဲ့ မဟာသူရဲကောင်းကြီးရဲ့ ကြိုးပမ်းဖော်ဆောင်ခဲ့မှု့ဖြင့် ပေါ်ပေါက်ရရှိလာသော လွတ်လပ်ရေးနေ့ ကိုပြောကြမည်မှာ မလွှဲဧကန်ပါပဲ...ထိုသူရဲကောင်ကြီးမှာ အခြားသူမဟုတ်ပါ...မြန်မာလူမျိုးတိုင်းသိတဲ့ "ဗိုလ်ချုပ်အောင်ဆန်း "ပဲ မဟုတ်လားဗျာ...သူဟာ နှင်းခဲလေးတွေလိုပဲ လူသားတွေရဲ့ ရင်ထဲမှာ အမြဲတမ်း ကိန်းအောင်နေတဲ့ သူတစ်ယောက်မဟုတ်လား...သူဟာ နှင်းခဲ လေးတွေလိုပဲ လူတွေရဲ့ စိတ်တွေပျော်ရွှင်မှု့တွေ လွတ်လပ်မှု့တွေကို ဖော်ဆောင်ပေးခဲ့တယ်မို့လား...ဒါပေမယ့် သူလည်း နှင်းခဲလေးတွေရဲ့ အဖြစ်မျိုးနဲ့ ထွက်ခွာသွားခဲ့ရတာပဲမဟုတ်လား... ကျွန်တော်တို့ရဲ့ မဟာသူရဲကောင်းကြီးရဲ့ မြန်မာပြည်သူပြည်သားတွေအပေါ်မှာ စေတနာ မေတ္တာအပြည့်နဲ့ ကြိုးစားလုပ်ဆောင်မှု့တွေ လူတွေရဲ့ ချစ်ခင်နှစ်သက်မှု့တွေ ပြုံးပျော်နေတဲ့ ပြည်သူပြည်သားတွေရဲ့ အပြုံးမျက်နှာလေးတွေကို မကြည့်ခြင်တဲ့ မနာလိုရှုစိတ်အပြည့်ရှိတဲ့ လူတစ်စုက လုပ်ကြံခဲ့မှု့ကြောင့် ကျွန်တော်တို့ရဲ့ မဟာသူရဲကောင်းကြီးဟာ မြန်မာပြည်သူပြည်သားတွေနဲ့ ဝေးကွာနေတဲ့ ကမ္ဘာတစ်ဖက်ကို သွားရောက်ခဲ့တာ ရက်လများစွာ ကြာညောင်းလာခဲ့ပေါ့....သူ့ကြောင့် မြန်မာပြည်သူပြည်သားတွေ ပျော်ရွှင်မှု့တွေရခဲ့သလို သူ့ကြောင့် နှမြောတသစွာနဲ့ကြေကွဲစွာနဲ့ စီးဆင်းလာခဲ့တဲ့ မြန်မာပြည်သူ ပြည်သားတွေရဲ့ ၀မ်းနည်းခြင်း မျက်ရည်တွေဟာလည်း ကမ္ဘာကို ဖုံးလွှမ်းခဲ့ပြီပေါ့...လူတွေဟာ မိမိတို့နှစ်သက်တဲ့အရာလေးတွေကိုဖော်ကျူးပြီးတော့ ကဗျာလေးတွေ ရေးစပ်ကြသလို့ ကျွန်တော်တို့ မြန်မာတွေဟာလည်း ဗိုလ်ချုပ်အတွက် "အောင်ဆန်းဇာနည်" ဆိုပြီးတော့ ရေးစပ်ခဲ့ကြတာပဲမဟုတ်လား...နုတ်မဆက်ပဲ ရွက်လွှင်သွားခဲ့တာကြာညောင်းလှခဲ့ပေမယ့်ယနေ့တွင် ကျရောက်သော ဗိုလ်ချုပ်ရဲ့ ၉၄ နှစ်မြောက် မွေးနေ့မှာ မြန်မာလူမျိုးတိုင်းရဲ့ ရင်ထဲမှာ အမှတ်တရ ရေးစပ်နေကြတဲ့ ဗိုလ်ချုပ်ဆောင်ဆန်းရဲ့ မွေးနေ့တိုင်းမှာရေးစပ်ဖွဲ့ဆို ဂုဏ်ပြုနေတာကို လူသားတွေနဲ့ မိုင်ပေါင်းများစွာ ဝေးကွာနေတဲ့ ဗိုလ်ချုပ်တစ်ယောက် ကြားသိနိုင်ပါ့မလား....။

အပြည့်အစုံသို့...

ဆင်ခြင်သိနှင့် ဂုဏ်ရှိပါစေ

* မီဒီယာခေတ်တွင်လ
ဆိုးညစ်စွာ ဒေ၀ဒတ်ဥာဏ်နှင့်
ဘက်စုံသဏ္ဍာန်ဆင်ကာနွှဲ
ငစဉ်းလဲပရိယာယ်
တို့လူငယ် မြင်အောင်ရှု
တုမှားနှင့်ကွယ်။
* မိဘနှင့် မြတ်ဆရာ
ပီတိဖြာမေ့ပါနှင့်
ရှေ့နောက်မီ ပီစွာမို့
ကိုယ့်ဘာသာ ယဉ်ကျေးမှု
ဂုဏ်ပြုဖို့ သွန်သင်ကွယ်။
* ခေတ်အလိုက်
ခေတ်စရိုက်တွေက
နှစ်ခြိုက်စရာ တကယ်လားရယ်လို့
ဆင်ခြင်ဥာဏ်ပွား။
* ခေတ်မီတာကြိုသော်လည်း
ခေတ်ဆန်လျှင် ညိုမှာမို့
တို့နိုင်ငံ ပြိုမပျက်အောင်
တက်လူငယ် ဆင်ခြင်သိနှင့်
ဂုဏ်ရှိစေသား။
LIEUTENANT COLONEL AUNG THAN

အပြည့်အစုံသို့...

ဟာသ အပိုင်းအစလေးများ

(၁)"အေးဆေးပါ"
ကွန်ပျူတာ သင်တန်း(ဒုတိယနှစ်)သားအရာရှိတစ်ယောက် ခွင့်ပြန်ချိန်/ရန်ကုန်မြို့ ဘက်စ်ကားဂိတ် တစ်နေရာတွင် ရန်ကုန်မှ သူငယ်ချင်းတစ်ဦးနှင့် တွေ့ဆုံသည်။
ရန်ကုန်သား။ သူငယ်ချင်း မင်းတို့ပြင်ဦးလွင်မှာ တို့ရန်ကုန်ကလို လိုင်းကားတိုးမစီးရဘူးမဟုတ်လား...။

သင်တန်းသားအရာရှိ။ အေးဆေးပါ...။

ရန်ကုန်သား။ ရန်ကုန်က ဘက်စ်ကားကြပ်တယ်နော်...မင်းစီးလို့ဖြစ်ပါ့မလား။

သင်တန်းသားအရာရှိ။ အေးအေးဆေးဆေးပါကွာ...ငါတို့က ဟိုမှာ မနက်စာစားရင် တိုးနေကြပါ...။

ဗိုလ်ကြီး လွမ်းဝေ


(၂)"မိန်းမဆိုတာ"
ကွန်ပျူတာ စာသင်ခန်းအတွင်းတွင် အိမ်ထောင်သည် အရာရှိသင်တန်းသားနှင့် လူပျိုအရာရှိသင်တန်းသား နှစ်ဦးတို့ စကားပြောနေကြသည်။
လူပျို။ အိမ်ထောင်သည် ဖြစ်ပြီဆိုရင် မိန်းမက ကြောက်စရာ ဖြစ်လာတယ်ဆိုကွ...။
အိမ်ထောင်သည်။ ဟေ့ သူငယ်ချင်း...အဲလို မပြောနဲ့ကွ မိန်းမဆိုတာ ကြောက်စရာ မဟုတ်ဘူးကွ...။
လူပျို။ ကြောက်စရာမဟုတ်ရင် ဘာလဲကွ...။
အိမ်ထောင်သည်။ မိန်းမဆိုတာ သူခိုင်းတာလုပ်လိုက်ရင် ပြီးတာပါပဲကွ...။
ဗိုလ်ကြီး ရဲထွေး

(၃)"လက်တွေ့နှင့် သီအိုရီ"
သင်တန်းပိတ်ရက်တစ်ရက်တွင် ကျောင်းသားနှစ်ယောက် လက်တွေ့နှင့် သီအိုရီအကြောင်း ငြင်းခုံ နေကြသည်။
လက်တွေ့။
လက်တွေ့နဲ့ပတ်သတ်လို့ အနီးစပ်ဆုံးပြောရရင် ကားပြင်ဆရာနဲ့ B.E ဘွဲ့ရကြီးလိုပေါ့ကွာ။ကျွမ်းကျင်ပုံချင်းဘာမှမဆိုင်ဘူး။လက်တွေ့ကသာတယ်။
သီအိုရီ။
သီအိုရီမရှိရင် ကားမဖြစ်နိုင်သလို မင်းကားပြင်ဆရာဆိုတာ ရှိလာမှာမဟုတ်ဘူး။ဒါကြောင့် သီအိုရီအပေါ် မှီခိုနေတယ်။
လက်တွေ့။
ဒါဆို ငါမေးမယ်။ မင်းလူသားဖြစ်လာတာ လက်တွေ့လား သီအိုရီလား။
သီအိုရီ။
သီအိုရီအပေါ် မှာပဲ အခြေခံတယ်ထင်တာပဲ။
လက်တွေ့။
မင်းက ဘုရားပေးတဲ့သားလား။
သီအိုရီ။
မဟုတ်ပါဘူးကွာ။
လက်တွေ့။
မင်း လူသားဖြစ်ဖို့တောင် လက်တွေ့အပေါ်မှာ မှီခိုနေရတာပဲမဟုတ်လား။
သီအိုရီ။
အန်....ဖေဖေ/မေမေတို့ကို မေးလိုက်ဦးမယ်...။
ဗိုလ်ကြီး ခင်မောင်သက်



အပြည့်အစုံသို့...

Subscribe to: Posts (Atom)