NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

ဆင်ခြင်သိနှင့် ဂုဏ်ရှိပါစေ

* မီဒီယာခေတ်တွင်လ
ဆိုးညစ်စွာ ဒေ၀ဒတ်ဥာဏ်နှင့်
ဘက်စုံသဏ္ဍာန်ဆင်ကာနွှဲ
ငစဉ်းလဲပရိယာယ်
တို့လူငယ် မြင်အောင်ရှု
တုမှားနှင့်ကွယ်။
* မိဘနှင့် မြတ်ဆရာ
ပီတိဖြာမေ့ပါနှင့်
ရှေ့နောက်မီ ပီစွာမို့
ကိုယ့်ဘာသာ ယဉ်ကျေးမှု
ဂုဏ်ပြုဖို့ သွန်သင်ကွယ်။
* ခေတ်အလိုက်
ခေတ်စရိုက်တွေက
နှစ်ခြိုက်စရာ တကယ်လားရယ်လို့
ဆင်ခြင်ဥာဏ်ပွား။
* ခေတ်မီတာကြိုသော်လည်း
ခေတ်ဆန်လျှင် ညိုမှာမို့
တို့နိုင်ငံ ပြိုမပျက်အောင်
တက်လူငယ် ဆင်ခြင်သိနှင့်
ဂုဏ်ရှိစေသား။
LIEUTENANT COLONEL AUNG THAN

0 comments:

Subscribe to: Post Comments (Atom)