NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

Optimist and Extremist (2)

နံပါတ်(၂) နိုင်ငံကြီးအချို့ရဲ့ လိုချင်တဲ့ပုံစံ puppet government မဖြစ်လာနိုင်တဲ့လမ်းကြောင်းကိုရောက်နေတဲ့အတွက် ဝေဖန်နေကြတာပါ...သာဓက အနေနဲ့ ၁၉၈၈ အရေးခင်းကာလမှာ ပြည်တွင်းမငြိမ်မသက်ဖြစ်နေချိန်မှာ အမေရိကန်ဆိုတဲ့သူတော်ကောင်းကြီးက မြန်မာ့ရေပိုင်နက်ထဲကိုဝင်ပြီးတော့ လေယာဉ်တင်သဘောင်္ကြီးတစ်စီး နိုင်ငံကျူးကျော်တဲ့စစ်သဘောင်္ ၇ စီးနဲ့ မြန်မာ့ရေပိုင်နက်ထဲကနေ ခြိမ်းလားခြောက်လားနဲ့ အာဏာကို အခုချက်ချင်းလွဲပြောင်းပေးပါဆိုပြီးတော့ လုပ်လာလေသတဲ့ဗျာ...

ဒီလို မိုင်ပေါင်းများစွာဝေးနေတဲ့ ကိုယ်နဲ့ဘာမှမဆိုင်တဲ့ နိုင်ငံကြီးက ဒီလိုအာကောင်းလျှာသွက်နဲ့ နုတ်သီးကောင်းနေတာကို ဘေးက ကြည့်လို့မရတဲ့ တရုတ်နဲ့အိန္ဒိယ ကနုတ်သီးဖျက်ရိုက်လိုက်မယ်လို့ငေါက်ငှမ်းလိုက်တော့မှ အရှက်မရှိ ပြန်သွားလေရဲ့...အကျွန်ုပ်တို့ မြန်မာ့နေရာကို အခြေချပြီး အင်အားကြီးနိုင်ငံတွေကို ဗိုလ်ကျစိုးမိုးဖို့အတွက် အကျွနုပ်တို့နိုင်ငံဟာ သူတို့အတွက်မရှိမဖြစ် သြဇာခံမယ့် puppet government လိုနေလို့ အခွင့်သာတိုင်း စောင့်ဆိုင်းနေခဲ့တာ ရာစုနှစ်တွေပင်ကျော်ခဲ့ပါပြီ...ဒေါ်စုကြည်ဟာ UN မှာ စာရေးမလုပ်ခဲ့တာတွေကတစ်ကြောင်းနဲ့နိုင်ငံခြားမှာပဲ အိမ်ထောင်ကျပြီး သူတို့တွေနဲ့ရင်းနီးနေတော့ သူတို့လိုချင်တဲ့ puppet government ဖြစ်အောင် မြေတောင်မြှောက်ပြီးတော့ တင်စားလာခဲ့တာပါ...အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်အစိုးရသမ္မတပဲတက်တက် သူ့ရဲ့ puppet government မဟုတ်ရင် အမြင်မကြည်လင်တဲ့ နိုင်ငံစာရင်းထဲကနေရှိနေဦးမှာပါပဲ....။/ နံပါတ်(၃)မိမိတို့အာဏာရရေးတွက်ဝေဖန် ရခြင်းမှာ အဓိကအားဖြင့် politicains သမားတွေပဲဖြစ်ပါတယ်...လက်ရှိ မြန်မာနိုင်ငံရဲ့ 2008 constitution က သူတို့တွေနဲ့မကိုက်ညီဘူးလေ...ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြပြီး အမျိုးမျိုးဝေဖန်နေကြတာပါ... နံပါတ် ၁ မှာပြောသလိုပါပဲ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ဖို့ခင်လို့ ဝေဖန်တာတွေကနည်းနည်း မိမိတို့ကိုယ်ကျိုးကများများကြောင့် အော်နေကြတာပါ...တစ်နည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည် မှာလည်း ပြည်သူတွေလိုပါပဲ ကြားထဲကနေ မြေစာပင်လေး တစ်ခုရောက်ရမှန်းမသိ ရောက်နေရတာပါ...သူ့ရဲ့နာမည်ကို အကြောင်းပြပြီး မိမိကိုယ်ကျိုးအတွက် အမျိုးမျိုး နိုင်ငံရေးတိုက်ကွက် မှောက်ကွက် ထိုးကွက် စားကွက်တွေက အများသားပါပဲ..."မျိုးဆက်သွေး" "ABSDF"ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ်နာမည်တပ်ပြီးတော့ ပြည်သူကိုယ်စား(ဖွဲ့ထားတာက ၂ယောက်ရှိရင် ၂ဖွဲ့ခွဲမယ်)ဆိုပြီးတော့ ပြည်သူတွက် ပြည်သူတွက် ပြည်သူ့တွက်...infinities.. ဆိုပြီးတော့ ကြိုးစားလုပ်ဆောင်ပေးပါတယ်...ဘာတွေလည်းဆိုတော့ ကားမှတ်တိုင်မှာ ဗုံးခွဲရေး ပန်းခြံမှာ ဗုံးခွဲရေး တို့ အစိုးရပိုင် ဌာန နေရာတွေကို ဖောက်ခွဲဖျက်ဆီးရေး...အဲဒါ ပြည်သူ့အတွက် အကျိုးပြုလုပ်ငန်းတွေဖြစ်ပါတယ် :D...ဒါတွေကို စာရေးသူက သူတို့ကို ဝေဖန်တာလည်းမဟုတ်ဘူး အပြစ်မြင်နေတာလည်းမဟုတ်ပါဘူး...လက်ရှိဖြစ်ပျက်နေတာတွေကို ချပြနေတာပါ :) ...အာဏာရရေးပုဂ္ဂိုလ်များကတော့ ကိုယ်တိုင်မလုပ်နိုင်တော့ ပြည်သူတွေကို ရှေ့တန်းတင်ပြီးတော့ လမ်းပေါ်ထွက်ခိုင်း အော်ခိုင်း သေခိုင်းမယ်..နိင်ငံမငြိမ်မသက်ဖြစ်ရင် သူတို့တွက် ၀မ်းသာစရာအားတတ်စရာတစ်ခုပါပဲ...အစိုးရ ယန္တရားတွေပျက်သွားရင် စစ်တပ်ကနောက်ဆုံးမနိုင်တော့ရင် အာဏာကိုဖြတ်လမ်းကယူပြီး ဘာအတွက်မှ နိုင်ငံတွက်မလုပ်ရပဲနဲ့ သေကြေထိခိုက်တော့ပြည်သူ ကုလားထိုင်ကိုရှေ့ဆုံးကပြေးယူမှာက သူတို့...ဒါတွေကို နှောကြေနေတဲ့ပြည်သူတွေကတော့ ၁၉၈၈ နဲ့ ၂၀၀၇ တုန်းကလို အဖြစ်မခံနိုင်ကျတော့ဘူးဆိုတာ နားလည်သဘောပေါက်ကျကုန်ပါပြီ...ငြိမ်းချမ်းစွာနဲ့ လျှောက်လှမ်းပြီးမှ ရရှိမယ့် ပန်းတိုင်ကိုပဲ ဆုပ်ကိုင်နေကြပါပြီ...။/ နောက်ဆုံးအချက်(၄)ကတော့ ငြိမ်းချမ်းမှုကို ဦးစားပေးတယ် နှစ်ဦးနှစ်ဖက်လုံးကို သင့်မြတ်စေချင်ကြတယ်... နှစ်ဦးနှစ်ဖက်သင့်မြတ်ပြီး ၂၀၁၀ မှာအားလုံးပါဝင်နိုင်ပြီးယှဉ်ပြိုင်စေချင်ကြတယ်...နှစ်ဦးနှစ်ဖက် သင့်မြတ်ဖို့ဆိုတာဟာလည်း အပြောလွယ်ပေမယ့် လက်တွေ့မှာ မလွယ်ကူတဲ့ အကြောင်းအရာလေးတွေရှိနေလိမ့်မယ်လို့ မြင်မိပါတယ်...ဒီလိုမတူညီတဲ့အရာတွေကို တူညီအောင် အတတ်နိုင်ဆုံးညီမျှအောင် နှစ်ဦးနှစ်ဖက်လုံးဟာ လျှော့သင့်သလို လျှော့ပြီး လိုက်လျော့သင့်သလို လိုက်လျောမှ သာလျှင် လိုချင်တဲ့ပုံစံကို ရရှိသွားမှာပါ...မည်သို့ပင်ဆိုစေကာမှု ဒီလိုတစ်ယောက်နဲ့တစ်ယောက် အငြင်းပွားဒေါသူပုန်ထနေလို့ မြန်မာနိုင်ငံရေးက ပြီးဆုံးမသွားနိုင်ပါဘူး...သူတို့ နှစ်ယောက်ရဲ့ရိုက်ခတ်မှုကြောင့် အကျွန်ုပ်တို့ပြည်သူတွေလည်း ကြားထဲကနေပြီးတော့ မြေစာပင်ဘ၀ကနေ လုံးပါးပါးရတော့မယ့် အခြေနေဆိုက်နေလေရဲ့....လူပေါင်း သန်း ၅၀ ကျော်အရေးကိုကြည့်ကြမလား လူပုဂ္ဂိုလ် အဖွဲ့စည်းကိုပဲကြည့်ကြမလားဆိုတာကတော့ စာဖတ်သူတွေပဲ ဆုံးဖြတ်ကြပေတော့….ပြသာနာတစ်ရပ် လူတစ်ယောက်အပေါ်ကို အစွန်းရောက်ဒီနဲ့ဝေဖန်ကြည့်တတ်ပြောဆိုတတ်သလား ဒါမှမဟုတ် အကောင်းမြင်ဝါဒီနဲ့ပဲဝေဖန်ပြောဆိုတတ်သလား…ထိုနှစ်ချက်တွင် ဘယ်အရာကို မိမိတို့ကျင့်သုံးသင့်သလဲ……။

အပြည့်အစုံသို့...

Optimist and Extremist (1)

နိုင်ငံရေးလုပ်မှ နိုင်ငံရေးစကားပြောလို့ရတာမဟုတ်ပါဘူး...ဘာဖြစ်လို့လည်းဆိုတော့ လူတိုင်းလူတိုင်းမှာ နိုင်ငံရေးနဲ့မကင်းကြဘူးမဟုတ်လား...နိုင်ငံရေးဆိုတာ တစ်နည်းအားဖြင့် မိမိတို့ရဲ့နေ့စဉ်ဖြစ်ပျက်နေတာတွေဟာ နိုင်ငံရေး တစ်ခုမဟုတ်ပေဘူးလား...နိုင်ငံရေးအကြောင်းကို လူတိုင်းကောင်းစွာနားလည်နေဖို့ထိ မလိုပေမယ့် မိမိနိုင်ငံတွင်းမှာ ဖြစ်ပျက်နေတာလေးတွေကတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ သိသင့်သိထိုက်တာလေးတွေကို သိနေမှတော်ရာကျပေမည်...

စာရေးသူလည်း နိုင်ငံရေးအကြောင်းကိုနားမလည်ပါဘူး...သို့ပေမယ့်လည်း မိမိနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတာလေးတွေကိုတော့ မိမိအမြင်လေးတစ်ခုလောက်ကိုတော့ အဖြစ်ပျက်လေးတွေကိုမြင်တိုင်း ပြောချင်မိတာ ပြည်သူတိုင်းဖြစ်ပါလိမ့်မယ်...ဘာကြောင့် မိမိအမြင်ပဲပြောရသလည်းဆိုရင် ကိုယ့်မှာ အခြားသူကို ဝေဖန်နိုင်လောက်တဲ့ အရည်အချင်းမရှိလို့ပါပဲ...စာရေးသူအမြင်ကတော့ အခြားသူတစ်ယောက်ကို သွားပြီးတော့ဝေဖန်ပြစ်တင်တာထက်စာရင် ကိုယ့်ရဲ့မတူညီတဲ့အမြင်လေးကိုပဲပြောပြမယ်ဆိုရင် ပိုမကောင်းဘူးလား...အခြားသူကို ဝေဖန်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်အရင်ဆုံးပြန်စမ်းစစ်ဖို့လိုလိမ့်မယ်...ကိုယ့်မှာ အခြားသူတစ်ယောက်ကို ဝေဖန်နိုင်တဲ့အရည်အချင်းရှိလားပေါ့...အခြားလူ တစ်ယောက်က သူလုပ်တတ်သလို သူလုပ်နိုင်သလို လုပ်နေတာကို ကိုယ်က၀င်ပြီးတော့ ဆရာကြီးအထာနဲ့သွားပြီးဝေဖန်ကဲ့ရဲ့ပြစ်တင်မှုမျိုးလုပ်မှာလား ကိုယ်ကတတ်နိုင်သလောက် မိမိရဲ့အမြင်လေးကိုပြောဆိုမလား...ကိုယ်က တတ်သိနားလည်နေရင်တော့ အမြင် ဆိုတဲ့စကားလုံးအစား ဒီထက်မြင့်တဲ့ အကောင်းမြင်ဝါဒီနဲ့ဆိုရင်တော့ အကြံပေးတယ် ဆိုတဲ့စကားကို သုံးနိုင်ပါတယ်...ကိုယ်ကသိတော့သိပါတယ် ဒါပေမယ့် အဆိုးမြင်ဝါဒီနဲ့ သွားပြီးဝေဖန်နေရင် ကောင်းပါ့မလား...စကားတစ်ခွန်းဟာ ပြောရတာလွယ်ပေမယ့် တကယ်တမ်းပြန်စမ်းစစ်ကြည့်ရင် မလွယ်ပါဘူး...ဘာကြောင့် နိုင်ငံတော် သမ္မတတွေ အကြီးကဲတွေဟာ စကားကို မှိုလိုပေါက်အောင် များစွာ မပြောကြလဲဆိုတာ ဒါတွေလည်းပါတယ်...စကားကို နည်းနည်းနဲ့ကျစ်လျစ်ပြီးတန်ဖိုးရှိတဲ့စကားကို ပြောနိုင်လေ မိမိအတွက်အလုံခြုံဆုံးနဲ့ အကောင်းဆုံးလို့ပြောချင်ပါတယ်...သမ္မတတစ်ယောက်ဟာ စကားတွေကို အများကြီးပြောလာရတဲ့အခါမှာ သူလည်း သာမာန်လူသားတစ်ယောက်ဖြစ်တဲ့တွက် အမှားပါနိုင်မှာပဲ...နိုင်ငံတော်အကြီးအကဲတစ်ယောက်က စကားတစ်ခွန်း အမှားပါသွားလိုက်ရင် အကြီးအကျယ် ဒုက္ခရောက်သွားနိုင်ပါတယ်...ဒါကြောင့် နိုင်ငံတာဝန်ကို ထမ်းဆောင်နေကြသော ထိပ်တန်းပုဂ္ဂိုလ်အများစုဟာ စကားကို များများပြောတာထက် ကျစ်လျစ်ခိုင်မာပြီး မိမိလိုချင်တဲ့အရာကိုပဲအဓိကထားပြီးပြောကြတာများပါတယ်...ဒါပေမယ့် ဒါဟာ လူတိုင်းလူကြီးတိုင်းတော့ မဟုတ်ပါဘူး...ဒီလို ကျင့်သုံးတဲ့ သူတွေ အများစုရှိကြတယ်ဆိုတာကို ထောက်ပြတာပါ...စကား စကား ပြောပါများ စကားထဲက ဇာတိပြဆိုသလိုမျိုးနဲ့ စကားတစ်ခွန်းကြောင့် ကမ္ဘာပျက်နိုင်တယ်ဆိုတဲ့ စကားပုံမျိုးတွေကလည်း ဒါတွေကိုထောက်ပြခဲ့တယ်ထင်ပါရဲ့...အခုတလောမှာ စာရေးသူတို့ အမိနိုင်ငံမှရော ကမ္ဘာ့နိုင်ငံအချို့ကပါ ရေပန်းစာနေတဲ့သတင်းတစ်ပုဒ်ကတော့ အားလုံးသိတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကိစ္စပါပဲ...ဒီကိစ္စနဲ့ပတ်သတ်ပြီး တပ်မတော်စစ်အစိုးရကနေပြီးတော့ တစ်ဖက်သတ်လုပ်ကြံစွပ်စွဲတာတွေ မတရားအမှုဆင်ထောင်ဖမ်းလုပ်ကြံတာတွေနဲ့ စသော သို့လော သို့လော စကားတွေနဲ့ အမျိုးမျိုးဝေဖန်ကြတာတွေကို နားနဲ့မဆန့်အောင် ကြားနေရကြတယ်မဟုတ်လား...ဒီလိုပြစ်တင်ဝေဖန်တဲ့နေရာမှာ စာရေးသူအနေနဲ့ အပိုင်း(၄)ပိုင်းအနေနဲ့မြင်မိပါတယ်...နံပါတ်(၁)လူပုဂ္ဂိုလ်ကြောင့် ဝေဖန်ရခြင်း (၂)နိုင်ငံကြီးအချို့ရဲ့ လိုချင်တဲ့ပုံစံ(Puppet Government)ဖြစ်မလာခြင်း (၃)မိမိတို့ အာဏာရရေးအတွက် ဝေဖန်ရခြင်း(၄)တကယ့်စေတနာအရင်းနဲ့ reconciliation ဖြစ်မြောက်စေခြင်း စတဲ့ အချက်တွေနဲ့ ဝေဖန်ပေးနေကြတာတွေကို တွေ့ရပါတယ်...ဒီအချက်လေးချက်မှာ စာရေးသူကိုယ်တိုင်လည်း ဖြစ်စေချင်တဲ့အချက်ကတော့ နံပါတ်လေး reconciliation ပါပဲ...ဒါဟာ အများစုဖြစ်စေချင်တဲ့အကြောင်းအရာပါပဲ....ဒီအချက်(၄)ချက်နဲ့ပတ်သတ်ပြီး စာရေးသူရဲ့ အမြင်တွေကို ပြောရမယ်ဆိုရင် နံပါတ်(၁)လူပုဂ္ဂိုလ်ကြောင့် ဝေဖန်ရခြင်း ဆိုရာမှာ ဒီလူမှ ဒီလူဆိုတဲ့ အစွန်းရောက်ဝါဒီ(extremist)တွေကြောင့်လို့ပဲမြင်မိပါတယ်...စာရေးသူတို့ နိုင်ငံကြီးမှာ ဒေါ်အောင်ဆန်းစုကြည် မရှိရင်အသက်ရှင်လို့မရတော့ဘူးလား...နိုင်ငံကို တိုးတက်အောင် လုပ်နိုင်တဲ့သူမရှိတော့ဘူးလား...အခြားခြားသော ပညာရှင် ပုဂ္ဂိုလ်တွေမရှိတော့ဘူးလား...သူမရှိရင် မြန်မာနိုင်ငံအတွက် အားကိုးစရာမရှိတော့ဘူးလား...စာရေးသူတို့ ဗုဒ္ဒဘာသာမှာ မိမိကိုယ်သာ ကိုးကွယ်ရာလို့ ဘုရားရှင်က မိန့်ကြားခဲ့တယ်...ဘာကြောင့် အခြားသော ပြည်သူ သန်းပေါင်း ၅၀ ကျော်က မိမိတို့ရဲ့အစွမ်းစတွေနဲ့ရှေ့ဆက်မလှမ်းနိုင်ကြမှာလဲ...ဒါမှမဟုတ် လွတ်လပ်ရေးဖခင်ရဲ့သမီးမိုလို့ အားကိုးကြတာလား...ဒီလိုမေးခွန်းတွေမေးလိုက်ရင် အဖြေမျိုးစုံထွက်လာကြပါလိမ့်မယ်...ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့အတွက် ဂရုဏာရှင်တို့မေတ္တာရှင်လို့ ပြောနေကြတဲ့သူများအတွက် မေးရမလိုဖြစ်နေပါပြီ...ဒေါ်စုကြည်ရဲ့ မေတ္တာ ဂရုနာ အကြင်နာတွေကြောင့် အကျွန်ုပ်တို့ပြည်သူတွေလည်း သူမရဲ့စီးပွားရေးပိတ်ခိုင်းမှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေလည်း အလုပ်ကိုင်မရှိ ဆင်းရဲသထက်ဆင်းရဲနွံ့ထဲ တ၀ဲလည်လည်နဲ့ပေါ့..."ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်နေလည်းလို့မေးရင် ပြည်သူတွေဘာလုပ်နေလည်းဆိုပြီးတော့ မေးခွန်းပြန်ထုတ်လိုက်ပါတယ်တဲ"့...အကြင်နာကြီးမားလှပါပေတယ်...Neutral Policy မှာပြောခဲ့တုန်းကလိုပါပဲ အကျွန်ုပ်တို့ မြန်မာနိုင်ငံဟာ တပ်မတော်အစိုးရ နဲ့ဒေါ်အောင်ဆန်းစုကြည်ပဲ ပိုင်ဆိုင်နေတဲ့နိုင်ငံမဟုတ်ဘူးလို့ပြောခဲ့တယ်...သူတို့ ၂ခုရဲ့ကြားမှ မြေစာပင်အဖြစ်နဲ့အလူးလဲခံနေရတာကတော့ အကျွန်ုပ်တို့ အပြစ်မဲ့ပြည်သူတွေပါပဲမဟုတ်လား...ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သတ်လို့ အမှုစီရင်ချက်ချရာမှာ မတရားစွပ်စွဲထောင်ချတာပဲလို့ အတင်းကုန်းအော်နေတဲ့သူတွေအနေနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ ဘယ်လောက်ထိလေ့လာခွဲခြမ်းခဲ့ပြီးမှ ဒီလိုပြောတာပါလိမ့်...အထက်မှာပြောခဲ့သလိုပါပဲ အခြားသူကိုဝေဖန်ချင်ရင် မိမိကိုယ်ကို ပြန်စမ်းစစ်လို့ပြောခဲ့တယ်...မတရားဘူးဆိုပြီးတော့ စွပ်ပြီးကုန်းအော်မနေနဲ့ ...ပြသာနာတစ်ရပ်ဖြစ်ပြီဆိုရင် ဝေဖန်မှုကအရင်လာကြတယ်...ပြသာနာရဲ့အရင်းအမြစ်ကို လိုက်ရှာဖို့နဲ့တွေးတောဆင်ခြင်ဆုံးဖြတ်ပြီး Yes or No ကိုလုပ်ရမှာကို မေ့နေတတ်ကြတယ်...ဒီအမှုကိစ္စနဲ့ပတ်သတ်ပြီး မိမိအနေနဲ့ဘယ်လောက်ထိ ဥပဒေအကြောင်းကို နားလည်သလဲ...ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး သင့်မှာအစအဆုံးသဘောပေါက်နားလည်ပါသလား...နိုင်ငံရေးအကြောင်းကို ဘယ်လောက်ထိနားလည်သဘောပေါက်လဲ...ဖြစ်စဉ်ကို မိမိဘက်ကိုပဲမတွေးပဲ ၂ဘက်လုံးဘက်ကနေပြီးတော့ Assessment လုပ်ရပါမယ်...ဒါတွေကို အကြမ်းဖျင်းနားလည်သဘောပေါက်နေမှသာလျှင် ဖြစ်စဉ်တစ်ခုကို မိမိအနေနဲ့ ဝေဖန်သင့်ပါတယ်...ဖြစ်စဉ်ကိုလည်းအတိကျမသိပဲ လူပုဂ္ဂိုလ်တစ်ဦးကြောင့် ဘာမဆိုအပြစ်တင်လိုက်ချည်ရဲ့ စိတ်တိုဒေါသထွက်ရချည်ရဲ့ လုပ်နေလို့မရဘူး...နောက်တစ်ခုက တစ်ချို့သော သူများက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်မြတ်နိုးလို့မဟုတ်ပါဘူး...သူတို့တွေရဲ့ မိဘ ဆွေမျိုး အသိုင်းဝန်း တစ်စုံတစ်ယောက်က နိုင်ငံရေးထဲကို မယောင်မလည်နဲ့ဝင်လို့သော်၎င်း မိမိဘာသာ အပြစ်တစ်ခုကျူးလွန်မိလို့ ဥပဒေနဲ့ညိစွန်းလို့ အစိုးရကအရေးယူထားတာတွေကို မတရားဘူးဆိုပြီးတော့ အစိုးရပေါ်အမြင်မကြည်လို့သော်၎င်း စတဲ့ပုဂ္ဂိုလ်များဟာလည်း အစိုးရပေါ်မှာဝေဖန်ချင်တာတွေကို တပ်မတော်အစိုးရအနဲ့ဆန့်ကျင်နေတဲ့ ဒေါ်စုကြည်ကိုအကြောင်းပြုပြီး ၀ိုင်းအော်နေကြတာပါ...အထူးသဖြင့် ပြည်ပမှာက အဖြစ်များပါတယ်...ဒေါ်စုကြည်ကြောင့်မဟုတ်ပဲ ကိုယ်နဲ့ပတ်သတ်တဲ့အသိုင်းဝန်းက တစ်ခုခုအစိုးရနဲ့တစ်ခုခုဖြစ်နေတာကြောင့် မကျေနပ်ချက်တွေနဲ့ပေါင်းပြီး ဒေါ်စုကြည် ရဲ့အမှုကိစ္စဟာ မတရားဘူးဆိုပြီးတော့ သူများအော်လို့ အမောင် တောင်မှန်းမြောက်မှန်းမသိပဲ မျက်စိမှိတ်ပြီး ရမ်းအော်နေကြတဲ့သူတွေက ရှိပါသေးတယ်...မည်သို့ပင်ဆိုစေကာမှု အကျွန်ုပ်တို့သည် ပုဂ္ဂိုလ်စွဲမထားပဲ ကိုယ်တိုင်လည်းမလုပ်နိုင် သူများလုပ်တာကိုပဲဝေဖန်ပြီး ဘ၀ကိုအချိန်ကုန်လွန်နေတာထက်စာရင် ကိုယ်တိုင်ဘယ်လောက်အတိုင်းတာထိလုပ်ဆောင်နိုင်ကြသလဲ မိမိ မိသားစု /ရပ်ရွာ /မြို့နယ/် တိုင်း/ နိုင်ငံ အဆင့်ဆင့်ဘယ်လောက်လုပ်ပေးနိုင်သလဲဆိုတာကိုပဲ စဉ်းစားလုပ်ဆောင်ကြရမှာပါ...။/

အပြည့်အစုံသို့...

Neutral Policy(2)

စာရေးသူ၏အမြင်များ
ဒီမိုကရေစီကိုလိုလားသူများသည် ပြည်သူများသာလျှင်မဟုတ်ပဲ အကျွနုပ်တို့ တပ်မတော်သားများအားလုံးကပင်လိုလားလျှက်ရှိပါသည်...ယခုတပ်မတော်ကဦးစီးကျင်းပပြုလုပ်ပေးတဲ့ဖွဲ့စည်းပုံဟာ ပြည်ပနိုင်ငံရေးသများပြောသလို တပ်မတော်ကတစ်ခုတည်းပဲ တစ်ဖက်သက်ရေးဆွဲထားတာမဟုတ်ပဲ တိုင်းရင်းသားကိုယ်စာလှယ်မျိုးစုံနဲ့ အမျိုးသားညီလာခံကြီးကို ညောင်နှစ်ပင်မှာ အချိန်ကြာမြင့်စွာနဲ့ ကျင်းပပေးခဲ့တာ အားလုံးအသိပဲမဟုတ်လား...

ဒီမိုကရေစီစနစ်မှာ အများစုကထောက်ခံတာကို အနည်းစုကလိုက်လျောရတဲ့စနစ်မဟုတ်လား...လူတိုင်းလူတိုင်းရဲ့အကြိုက်ဆန္ဒကိုတော့ ဘယ်သူမှလိုက်လျောနိုင်မှာမဟုတ်ပါဘူး...ဒီလိုအချိန်ကြာမြင့်စွာနဲ့ တပ်မတော်နဲ့တိုင်းရင်းသားကိုယ်စာလှယ်တွေရဲ့ကြားမှာ မိမိတို့ဖြစ်ချင်တာတွေကို တစ်ယောက်နဲ့တစ်ယောက်ဆွေးနွေးညှိနှိုင်းရင်းလုပ်ဆောင်ခဲ့ကြတယ်...ဒီလိုအများစုကထောက်ခံထားတဲ့အရာတွေနဲ့အခြေခံပြီးတော့ ဖွဲ့စည်းထားတဲ့ဖွဲ့စည်းပုံကို တစ်ဖက်သက်ရေးဆွဲထားတာဟုတ်မဟုတ်ဆိုတာကတော့ စာဖတ်သူတိုင်းမြင်မိကြမယ်ထင်ပါတယ်...ဒီလိုဖွဲ့စည်းပုံကိုရေးဆွဲပြီး ထုတ်ပြန်လိုက်တဲ့အချိန်မှာတော့ NLDနဲ့ပြည်ပကအဖွဲ့များအတွက်တော့ ဆွေ့ဆွေ့ခုန်သွားစေခဲ့ပါတယ်...ဘာကြောင့်လည်းဆိုတော့ ဒီဖွဲ့စည်းပုံမှာပါတဲ့ သမ္မတတစ်ယောက်ရဲ့အရည်ချင်းများနဲ့ပတ်သတ်ပြီးတော့ အခန်း(၃)အခြေခံဥပဒေပုဒ်မ ၅၉ အပိုဒ်(င)နဲ့(စ)ဟာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့မကိုက်ညီတဲ့အတွက် ဆန့်ကျင်တာဖြစ်သလို အခြားသော သတ်မှတ်ချက်တွေကို မကြိုက်လို့(မိမိတို့နဲ့မကိုက်ညီလို)ကန့်ကွက်တယ်လို့မြင်မိပါတယ်...ဒါကြောင့် ဒီအခြေခံဥပဒေဟာ တရားမျှတမှုမရှိပဲ တစ်ဖက်သက်ရေးထားတာလို့ပြောကြတာပါ...မြန်မာနိုင်ငံဟာ တပ်မတော်အစိုးရ နဲ့ဒေါ်အောင်ဆန်းစုကြည်ပဲ ပိုင်ဆိုင်အရေးပါတဲ့နိုင်ငံမဟုတ်ပါဘူး...မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးနဲ့သက်ဆိုင်ပါတယ်...ဒါကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းရာမှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကြောင့် နှောင့်နှေးသွားတာမျိုးမလိုချင်ကြပါဘူး...ပန်းတိုင်ရောက်ခါနီးမှ ခလုတ်တိုက်ပြီးလဲပြိုကြသွားတာမျိုးလည်းမဖြစ်စေချင်ပါဘူး...ဒီအခြေခံဥပဒေနဲ့ပတ်သတ်ပြီးတော့ တပ်မတော်အစိုးရဘက်ကရော နိုင်ငံရေးသမားတွေဘက်ကရော ဘယ်ဘက်ကမှမကြည့်ပဲ မြန်မာပြည်သူပြည်သားတစ်ယောက်အနေနဲ့ကိုယ်တိုင်ပြန်လည်ဖတ်ရှုပြီးတော့ ဝေဖန်သုံးသပ်နိုင်ကြပါတယ်...ဒီအခြေခံဥပဒေကို ပြည်သူအများစုကထောက်ခံခဲ့လို့ ၂၀၁၀ဆိုတဲ့ရွေးကောက်ပွဲကိုတတ်လှမ်းမှာဖြစ်ပါတယ်...ဒီရွေးကောက်ပွဲအဆင့်မှာလည်း မိမိတို့နှစ်သက်သော သူများကို မဲပေးနိုင်ကြမှာဖြစ်ပါတယ်...ဒီအခြေခံဥပဒေနဲ့ပတ်သတ်ပြီးကိုယ်နဲ့မကိုက်ညီလို့မထောက်ခံတဲ့နိုင်ငံရေးသမားအနည်းစုတွေကတော့ ၂၀၁၀ကိုဆန့်ကျင်ဖို့အတွက် ကိုယ်တိုင်လည်းမလုပ်ဆောင်နိုင်တော့ ပြည်သူလူထုကိုပဲအားကိုးပြီးသွေးထိုးလှုံဆော်မှုတွေလုပ်လာမှာပါ...လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြမယ် ဆူပူကြမယ် အကြမ်းဖက်ကြမယ်ဆိုရင် ပထမဦးဆုံး ပြည်သူများကသာ ထိခိုက်သေကြေကြရမှာဖြစ်ပါတယ်...ဒီလိုဆူပူအကြမ်းဖက်လို့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းလဲဖြစ်သွားလားဆိုတာကို ၁၉၈၈ နဲ့ ၂၀၀၇ခုနှစ်တွေရဲ့ဖြစ်စဉ်တွေကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်....အကျွန်ုပ်တို့အပြစ်မဲ့ပြည်သူတွေသာလျှင် ထိခိုက်သေကြေကြရပြီး နောက်ဆုံးရလဒ်ကတော့ နိုင်ငံရေးမပြောင်းလဲပဲထိခိုက်နစ်နာတာပဲရှိပါတယ်...ဒါကြောင့် ဒီဖြစ်စဉ်တွေကိုကြည့်ခြင်းအားဖြင့် အကျွန်ုပ်တို့ပြည်သူတွေအနေနဲ့က ဒါတွေကို သင်ခန်းစာယူပြီးတော့ ငြိမ်းချမ်းစွာနဲ့ဒီမိုကရေစီအသွင်ကူးပြောင်းဖို့အတွက်ပထမဆုံးခြေလှမ်းဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကြိုဆိုသင့်တယ်လို့မြင်မိပါတယ်...ဒီမိုကရေစီအရေးပြောင်းလဲလာမယ့်သေချာသော ၂၀၁၀နည်းလမ်းကိုကြိုဆိုမလား ပြည်တွင်းပြည်ပ့ နိုင်ငံရေးသမားအနည်းစုရဲ့သွေးထိုးမှုအတိုင်း လမ်းပေါ်ထွက်ပြီး အသေခံ အထိခိုက်ခံပြီးတော့ ဆန္ဒပြကြမလားဆိုတာတွေကတော့ အကျွန်ုပ်တို့ပြည်သူတွေပဲ စဉ်းစားဆုံးဖြတ်ကြရမှာဖြစ်ပါတယ်...မသေချာသောနည်းလမ်းဖြစ်တဲ့ ဆူပူမှုလုပ်ရပ်ကို အားပေးမိရင် အမှားလုပ်ရပ်တွေကို ထပ်လုပ်မိသလိုဖြစ်ပြီး ဘာမှထူးခြားလာမှာမဟုတ်ပါဘူး...စာရေးသူသည် တပ်မတော်သားဖြစ်လို့ တပ်မတော်ဘက်ကလိုက်ပြီးပြောနေတာမဟုတ်ပါဘူး...၁၉၈၈ နဲ့ ၂၀၀၇ စသောအရေးခင်းများရဲ့နောက်ဆုံး ရလဒ်တွေကိုကြည့်ခြင်းအားဖြင့် နိုင်ငံရေးမပြောင်းလဲနိုင်ဘူးဆိုတာ ထင်ပေါ်နေပါတယ်...ဒါကြောင့် အကျွန်ုပ်တို့ပြည်သူတွေဟာ ပြောင်းလဲနိုင်မယ့်နည်းလမ်းကိုပဲ စဉ်းစားရမှာပါ...စာရေးသူကိုယ်တိုင် နိုင်ငံကို စစ်တပ်အုပ်ချုပ်တာ မနှစ်သက်ပါဘူး...အကျွန်ုပ်တို့နိုင်ငံဟာ စစ်တပ်အုပ်ချုပ်မှုဟာ အလွန်ကြာမြင့်လာပြီဖြစ်သောကြောင့် ဒီမိုကရေစီစနစ်ကိုကူးပြောင်းဖို့လည်းအချိန်ရောက်နေပါပြီ...ဒီအတွက်လည်း တပ်မတော်ကနေဦးစီးလုပိကိုင်ခဲ့တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ၂၀၁၀ ကို ငြိမ်းချမ်းစွာနဲ့ချီတက်ကြမလား မရေရာမသေချာတဲ့ လမ်းပေါ်ထွက်ပြီးအသေခံပြီး မိုက်ရှူးရဲဆန်တဲ့လုပ်ရပ်တွေကိုပဲ ၁၉၈၈ နဲ့ ၂၀၀၇ ကလိုထပ်လုပ်ကြမလားဆိုတာကိုပဲဆုံးဖြတ်ကြရလိမ့်မယ်...နိဂုံးအချုပ်အနေနဲ့ပြောရရင် ကိုယ့်လုပ်ရပ်ဟာ မှန်နေတယ်ဆိုပြီးတော့ဆက်လုပ်နေမယ် ဆက်သွားနေမယ်ဆိုရင် မှားနေတယ်လို့အပြစ်မပြောလိုပါဘူး ဒါပေမယ့် တစ်ခုတော့ရှိတယ် အဲဒီ့ကိုယ့်ရဲ့လုပ်ရပ်ဟာ ဘယ်လောက်အတိုင်းတာတစ်ခုထိ အကျိုးရလဒ်ပေါ်ထွန်းခဲ့သလဲဆိုတာကို ပြန်လည်စမ်းစစ်ဖို့လိုပါတယ်...ကိုယ့်အကျိုးအတွက်မပါလို့ ဆိုပြီးတော့ အများဆန္ဒရဲ့သဘောကို ဆက်လက်ဆန့်ကျင်နေမယ်ဆိုရင် ဒီမိုကရေစီဆိုတဲ့ ပန်းတိုင်ဟာ နီးနီးလေးနဲ့ဝေးနေရအုံးမှာပါ....။
(အထက်ပါ အပိုင်း(၃)ပိုင်းနေရာမှာ စာရေးသူအမြင်တိုင်းရေးထားတဲ့အတွက် အမြင်မတူသလိုဝေဖန်ရေးသားနိုင်ပါတယ်... :D)

အပြည့်အစုံသို့...

Neutral Policy(1)

ကိစ္စတစ်ခု ပြဿနာတစ်ရပ်ပေါ်လာပြီဆိုရင် အမှန်တရားတစ်ခုအတွက် လူတွေက ဒီဖြစ်ရပ်ပေါ်မှာမူတည်ပြီးတော့ မိမိတို့ရဲ့အယူအဆတွေနဲ့ကိုက်ညီတဲ့နည်းလမ်းများဘက်ကနေပြီးတော့ ရပ်တည်ဆုံးဖြတ်ကြတယ်...ထို့အတူပဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာ တစ်နည်းအားဖြင့် ဒီမိုကရေစီရရှိရေးအတွက်ဖြစ်ပါတယ်...

ဒါတွေနဲ့ပတ်သတ်ပြီးတော့ နိင်ငံရေးသမားမို့ တပ်မတော်သားဖြစ်လို့ ဆိုပြီးတော့ မိမိတို့ဘက်ကိုပဲရပ်တည်ပြောနေတာထက်စာရင် neutral policy ဖြစ်တဲ့ကြားနေရေးဝါဒ ကိုသာကျင့်သုံးတာ အကောင်းဆုံးလို့ထင်ပါတယ်...ကျွန်တော်ကတော့ တပ်မတော်သားတစ်ယောက်ဖြစ်တဲ့အတွက် တပ်မတော်ဘက်ကိုပဲ အမြဲရပ်တည်မျက်စိမှိတ်ပြီးထောက်ခံနေမှာမဟုတ်သလို ဒီမိုကရေစီအရေးလို့ပြောနေကြတဲ့နိုင်ငံရေးသမားတွေရဲ့ပြောသမျှကိုလည်း မျက်စိမှိတ်ပြီးနားယောင်ထောက်ခံနေမှာမဟုတ်ပါဘူး...ဘာတွေကို ထောက်ခံအားပေးမှာလည်းဆိုတော့ သာမာန်ပြည်သူတစ်ယောက်အနေနဲ့ပဲစဉ်းစားပြီး ဒီ တပ်မတော်အစိုးရချပြထားတဲ့လမ်းကြောင်းနဲ့နိုင်ငံရေးသမားတွေရဲ့လမ်းကြောင်းတွေကိုကြည့်ပြီးတော့ ဖြစ်နိုင်ချေနဲ့ ဒီမိုကရေစီပြောင်းလဲရေးကို ငြိမ်းချမ်းစွာနဲ့ နိုင်ငံရေးပြောင်းလဲလာမယ့်အရာတွေကို အားပေးထောက်ခံသွားမှာပါ...ဒီထဲမှာ အပိုင်း(၃)ပိုင်းရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကိုပြောရမယ်ဆိုရင်-နံပါတ်(၁)ပြည်သူ-အကျွန်ုပ်တို့ ပြည်သူတွေဟာ လွတ်လပ်ရေးရပြီးကတည်းက တိုင်းပြည်ရဲ့မငြိမ်သက်မှုနဲ့ပြည်တွင်းစစ်မီးတွေကြားမှာပဲ ကျီးလန့်တစ်စာစာဘ၀နဲ့နေခဲ့ရတာတစ်ကြောင်း ဒီလိုဖြစ်ပေါ်မှုတွေကြောင့် တပ်မတော်ကနေပြီးတော့ တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ကိုပါယူလာရတဲ့အချိန်မှာ ကျီးလန့်တစ်စာစာဘ၀ကနေပြီး လွတ်မြောက်ခဲ့ပြီး ငြိမ်းချမ်းတဲ့ဘ၀လေးတွေကိုရရှိခဲ့တယ်...ငြိမ်းချမ်းလာတဲ့အတွက်ကြောင့်မို့ တိုးတက်သင့်သလောက်တိုးတတ်လာပါတယ်...သို့ပေမယ့် ယခုမျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံကြီးများမှာ ဒီမိုကရေစီလို့ခေါ်တဲ့ မိမိနိုင်ငံကို ဒီမိုကရေစီဆိုတဲ့ policyနဲ့ကျင့်သုံးနေကြတာတွေကိုကြည့်ပြီးတော့ ဒီမိုကရေစီရဲ့အနှစ်သာရကို အကျွန်ုပ်တို့ပြည်သူတွေကောင်းစွာနားလည်သိရှိခံစားလာကြပါတယ်...စစ်တပ်အုပ်ချုပ်နေတဲ့နိုင်ငံဟာဒီမိုကရေစီနိုင်ငံတွေလို ရာနှုံးပြည့်လွတ်လပ်မှုမရှိဘူးဆိုတာတော့ နားလည်သဘောပေါက်မိပါတယ်...စစ်တပ်အုပ်ချုပ်နေတဲ့နိုင်ငံဟာ တားဆီးမိန့်တွေ ကန့်သန့်မိန့်တွေ တားမြစ်ချက်တွေ နဲ့စည်းကမ်းတွေဟာ ဒီမိုကရေစီနိုင်ငံတွေထက် ပိုပြီးတော့ တင်းကျပ်လာတာတွေ့ရပါတယ်...ဒါကြောင့် အကျွန်ုပ်တို့ ပြည်သူတွေဟာ လွတ်လပ်ရေးရပြီးကတည်းက မွန်းကျပ်မှုတွေအနည်းနဲ့အများရှိလာကြပါတယ်...ဒါကြောင့် Human Right ဆိုတဲ့လူ့အခွင့်ရေးကို ရာနှုံးပြည့်အသုံးပြုခွင့်ရအောင် ဒီမိုကရေစီနိုင်ငံဖြစ်မြောက်လာမယ့်နေ့ကို ကြိုဆိုနေကြပါတယ်...နံပါတ်(၂)တပ်မတော်-မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက ဒီမိုကရေစီကျင့်သုံးလာခြင်းမရှိနိုင်ပဲ ပြည်တွင်းရောင်စုံသောင်းကျန်းသူတွေနဲ့ ရှုပ်ထွေးနေတဲ့နိုင်ငံရေးတွေကြောင့် အကျွန်ုပ်တို့ တိုင်းပြည်လေဟာ လေဟာနယ်ထဲမှာ ဟိုယိမ်းဒီယိမ်းနဲ့ လွှင့်မျောနေချိန်မှာ ကမ္ဘာ့မြေပုံပေါ်မှာ မြန်မာ့မြေပုံလေး မပျောက်ပျက်ရအောင်နဲ့ ကမ္ဘာမှာတွင်ရစ်ထင်ကျန်ရစ်ခဲ့အောင် တပ်မတော်က ပဲရှေ့ဆုံးက၀င်ရောက်ဖြေရှင်းပေးခဲ့ရပါတယ်...မည်သို့သော အချိန်မှာပဲဖြစ်ဖြစ် တိုင်းပြည်အပေါ်ကျရောက်လာမယ့် ဘေးအန္တရာယ်ကို ကာကွယ်ပေးရမှာက တပ်မတော်ရဲ့အမျိုးသားရေးတာဝန်တစ်ရပ်ပဲမဟုတ်လား...၁၉၈၈ နောက်ပိုင်းမှာ လက်ရှိတပ်မတော်စစ်အစိုးရကနေပြီးတော့ တာဝန်ယူလာရတဲ့အချိန်မှာ တိုင်းပြည်ရဲ့ မင်းမဲ့စရိုက်မျိုးနဲ့သောင်းကျန်းမှုမျိုးကိုအလေးနက်ထားကာကွယ်ပြီးတော့ ငြိမ်းချမ်းမှုကိုဦးစားပေးလုပ်ဆောင်ခဲ့လို့ အတိုင်းတာတစ်ခုထိ ငြိမ်းချမ်းဖွံ့ဖြိုးလာတာတွေလည်းတွေ့ရပါတယ်...သို့ပေမယ့်လည်း တပ်မတော်ရဲ့မူလတာဝန်ကြီးဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးကိုပဲပြန်လည်လုပ်ဆောင်ရမှာဖြစ်ပါတယ်...ဒီမိုကရေစီနိုင်ငံကို အသွင်ကူးပြောင်းဖို့အတွက်ဟာ မိမိနိုင်ငံအတွင်းမှာ ငြိမ်းချမ်းနေမှသာလျှင် ကူးပြောင်းဖို့လွယ်ကူပေလိမ့်မည်...ထို့ကြောင့်လက်ရှိတပ်မတော်အစိုးရသည် ဒီမိုကရေစီနိုင်ငံကိုအသွင်မပြောင်းခင်မှာ ပြည်တွင်းငြိမ်းချမ်းမှုကိုအရင်တည်ဆောက်ပြီးတော့ ဒီမိုကရေစီနိုင်ငံအသွင်ပြောင်းရာတွင် လိုအပ်သော အခြေခံများကိုတည်ဆောက်နေတယ်လို့မြင်မိပါတယ်...ဘာကြောင့် ဒီ နှစ်၂၀နီးပါးအတွင်းမှာ ဒီမိုကရေစီမပြောင်းလဲနိုင်သေးတာလည်းဆိုတာကို ကြည့်မယ်ဆိုရင် ပြည်တွင်းမငြိမ်သက်မှုတွေကတစ်ကြောင်း တပ်မတော်စစ်အစိုးရနဲ့ဒီမိုကရေစီခေါင်းဆောင်များရဲ့ ကြားမှာ coordinate မရတာကတစ်ကြောင်း ဒါတွေကြောင့် အချိန်တွေကြာမြင့်နေတယ်လို့မြင်ပါတယ်...ဒါကြောင့်တပ်မတော်ကနေပြီးတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်မြောက်လာအောင်အတွက် 2010 election ကို အဆင့် (၇)ဆင့်ဖြင့်ဖော်ဆောင်သွားမယ်ဆိုတာကို ကမ္ဘာကိုတရားဝင်အသိပေးပြီးတစ်ဆင့်ခြင်းလုပ်ဆောင်နေတာဖြစ်ပါတယ်...နံပါတ်(၃)နိုင်ငံရေးသမားများ-နိုင်ငံရေးလုပ်တယ်ဆိုတာ မွန်မြတ်တဲ့အလုပ်လို့ဆိုကြတယ်...ဘာကြောင့်လည်းဆိုတော့ သူဟာလည်း ပြည်သူအတွက်ကိုပဲဦးစားပေးပြီးလုပ်ဆောင်တာကိုး...ဒီအထဲမှာ မွန်မြတ်တဲ့နိုင်ငံရေး ကိုအသုံးချပြီးတော့လုပ်စားနေတာတွေလည်းရှိပါတယ်...ဒါဟာ ရုပ်ဆိုးအကြီးတန်လွန်းပါတယ်...ပြည်သူကိုအကြောင်းပြပြီးတော့ ကိုယ်ကောင်းစားရေးအတွက်လုပ်နေတာတွေလည်းရှိနေတော့ တကယ့်နိုင်ငံရေးသမားပီသသူများနဲ့ဝါရင့်နိုင်ငံရေးပုဂ္ဂိုလ်သမားတွေအတွက် အင်မတန်ထိခိုက်ပါတယ်...မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရကတည်းက ဒီမိုကရေစီဆိုတာကိုဘာမှမသိနားမလည်ခဲ့တဲ့ပြည်သူတွေဟာ အများကြီးပါ...ဒီလိုနားမလည်ခဲ့တဲ့ပြည်သူတွေကို ဒီမိုကရေစီဆိုတာ ဘာလည်း ဆိုတာကို သိအောင်မြင်တတ်အောင် လမ်းဖောက်ပေးခဲ့တာ ဒီမိုကရေစီခေါင်းဆောင်များဆိုရင်မှားမယ်မထင်ပါဘူး...သူတို့တွေရဲ့ဖော်ဆောင်ပေးမှုကြောင့် ဒီမိုကရေစီကို ပြည်သူတွေက လိုလားတောင့်တနေကြပါတယ်...စစ်မှန်တဲ့နိုင်ငံရေးသမားတွေဆိုတာဟာလည်း တပ်မတော်လိုပါပဲ နိုင်ငံအတွက် တိုးတတ်ရာတိုးတတ်ကြောင်းအတွက် ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်တွေပါပဲ...တပ်မတော်လို အသက်ပေးကာကွယ်ပြီးတိုင်းပြည်တာဝန်ကိုထမ်းဆောင်စရာမလိုပေမယ့် တိုင်းပြည်တိုးတက်ရေးတွက် အမြဲကြိုးပမ်းနေကြရတယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး...ဒါကြောင့် ဒီမိုကရေစီမရသေးတဲ့ အကျွန်ုပ်တို့နိုင်ငံကို ဒီမိုကရေစီရရှိအောင် လုပ်ဆောင်နေကြတာတွေ့ရပါတယ်.../
အထက်ပါ အပိုင်း(၃)ပိုင်းရဲ့ဖြစ်စေချင်သောဆန္ဒများ-နံပါတ်(၁)ပြည်သူ့အပိုင်း-အခြားနိုင်ငံတွေမှာ ဖြစ်နေသလို ခံစားနေရသလို မိမိတို့လည်း ခံစားချင်ကြ၏...အခြားနိုင်ငံတွေမှာ လွတ်လပ်စွာလုပ်ကိုင်ခွင့်ရသလိုမိမိတို့လည်းရချင်၏...လွတ်လပ်ငြိမ်းချမ်းစွာနဲ့ဒီမိုကရေစီကိုလိုချင်ကြ၏...နံပါတ်(၂)တပ်မတော်အပိုင်း-ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ သတ်မှတ်ထားသော လမ်းပြမြေပုံအဆင့်(၇)ဆင့်အတိုင်း ငြိမ်းချမ်းစွာနဲ့လျှောက်လှမ်းချင်၏...ထိုသို့လျှောက်လှမ်းချိန်မှာ ပြည်တွင်းဆူပူမှု အကြမ်းဖက်မှုများကိုမလိုလား...ဘယ်လိုအခက်ခဲတွေဖြစ်ပေါ်ပါစေ ရည်မှန်းချက်ပန်းတိုင်သို့ဆက်လက်လျှောက်လှမ်းမည်...နံပါတ်(၃)နိုင်ငံရေးသမားများ-လက်ရှိတပ်မတော်ဖွဲ့စည်းပုံကို မနှစ်သက်ပေ...ဖွဲ့စည်းပုံကို တပ်မတော်က တစ်ဖက်သက်ရေးဆွဲထားခြင်းဖြစ်သောကြောင့် လက်မခံနိုင်ဟုဆိုပြီးပြောလေ့ရှိ၏...နိုင်ငံရေးသမားများဆိုရာဝယ် NLD ပါတီတစ်ခုတည်းကိုဆိုလိုချင်းမဟုတ်ပါဘူး အခြားခြားသော နိုင်ငံရေးပါတီအဖွဲ့များစွာလည်းရှိပါတယ်...လက်ရှိဖွဲ့စည်းပုံကို လက်မခံဘူးလို့ပြောနေသူများသည် NLD ကအဖွဲ့များသာဖြစ်ပါတယ်...ယခုချိန်ထိ ဒီဖွဲ့စည်းပုံကိုကန့်ကွက်ပြီးတော့ လူထူအုံကြွဆူပူမှုများဖြင့် အာဏာသိမ်းရန်သာ ဆန္ဒပြင်းပြလျှက်ရှိပါတယ်.../

အပြည့်အစုံသို့...

Subscribe to: Posts (Atom)