NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

Optimist and Extremist (1)

နိုင်ငံရေးလုပ်မှ နိုင်ငံရေးစကားပြောလို့ရတာမဟုတ်ပါဘူး...ဘာဖြစ်လို့လည်းဆိုတော့ လူတိုင်းလူတိုင်းမှာ နိုင်ငံရေးနဲ့မကင်းကြဘူးမဟုတ်လား...နိုင်ငံရေးဆိုတာ တစ်နည်းအားဖြင့် မိမိတို့ရဲ့နေ့စဉ်ဖြစ်ပျက်နေတာတွေဟာ နိုင်ငံရေး တစ်ခုမဟုတ်ပေဘူးလား...နိုင်ငံရေးအကြောင်းကို လူတိုင်းကောင်းစွာနားလည်နေဖို့ထိ မလိုပေမယ့် မိမိနိုင်ငံတွင်းမှာ ဖြစ်ပျက်နေတာလေးတွေကတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ သိသင့်သိထိုက်တာလေးတွေကို သိနေမှတော်ရာကျပေမည်...

စာရေးသူလည်း နိုင်ငံရေးအကြောင်းကိုနားမလည်ပါဘူး...သို့ပေမယ့်လည်း မိမိနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတာလေးတွေကိုတော့ မိမိအမြင်လေးတစ်ခုလောက်ကိုတော့ အဖြစ်ပျက်လေးတွေကိုမြင်တိုင်း ပြောချင်မိတာ ပြည်သူတိုင်းဖြစ်ပါလိမ့်မယ်...ဘာကြောင့် မိမိအမြင်ပဲပြောရသလည်းဆိုရင် ကိုယ့်မှာ အခြားသူကို ဝေဖန်နိုင်လောက်တဲ့ အရည်အချင်းမရှိလို့ပါပဲ...စာရေးသူအမြင်ကတော့ အခြားသူတစ်ယောက်ကို သွားပြီးတော့ဝေဖန်ပြစ်တင်တာထက်စာရင် ကိုယ့်ရဲ့မတူညီတဲ့အမြင်လေးကိုပဲပြောပြမယ်ဆိုရင် ပိုမကောင်းဘူးလား...အခြားသူကို ဝေဖန်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်အရင်ဆုံးပြန်စမ်းစစ်ဖို့လိုလိမ့်မယ်...ကိုယ့်မှာ အခြားသူတစ်ယောက်ကို ဝေဖန်နိုင်တဲ့အရည်အချင်းရှိလားပေါ့...အခြားလူ တစ်ယောက်က သူလုပ်တတ်သလို သူလုပ်နိုင်သလို လုပ်နေတာကို ကိုယ်က၀င်ပြီးတော့ ဆရာကြီးအထာနဲ့သွားပြီးဝေဖန်ကဲ့ရဲ့ပြစ်တင်မှုမျိုးလုပ်မှာလား ကိုယ်ကတတ်နိုင်သလောက် မိမိရဲ့အမြင်လေးကိုပြောဆိုမလား...ကိုယ်က တတ်သိနားလည်နေရင်တော့ အမြင် ဆိုတဲ့စကားလုံးအစား ဒီထက်မြင့်တဲ့ အကောင်းမြင်ဝါဒီနဲ့ဆိုရင်တော့ အကြံပေးတယ် ဆိုတဲ့စကားကို သုံးနိုင်ပါတယ်...ကိုယ်ကသိတော့သိပါတယ် ဒါပေမယ့် အဆိုးမြင်ဝါဒီနဲ့ သွားပြီးဝေဖန်နေရင် ကောင်းပါ့မလား...စကားတစ်ခွန်းဟာ ပြောရတာလွယ်ပေမယ့် တကယ်တမ်းပြန်စမ်းစစ်ကြည့်ရင် မလွယ်ပါဘူး...ဘာကြောင့် နိုင်ငံတော် သမ္မတတွေ အကြီးကဲတွေဟာ စကားကို မှိုလိုပေါက်အောင် များစွာ မပြောကြလဲဆိုတာ ဒါတွေလည်းပါတယ်...စကားကို နည်းနည်းနဲ့ကျစ်လျစ်ပြီးတန်ဖိုးရှိတဲ့စကားကို ပြောနိုင်လေ မိမိအတွက်အလုံခြုံဆုံးနဲ့ အကောင်းဆုံးလို့ပြောချင်ပါတယ်...သမ္မတတစ်ယောက်ဟာ စကားတွေကို အများကြီးပြောလာရတဲ့အခါမှာ သူလည်း သာမာန်လူသားတစ်ယောက်ဖြစ်တဲ့တွက် အမှားပါနိုင်မှာပဲ...နိုင်ငံတော်အကြီးအကဲတစ်ယောက်က စကားတစ်ခွန်း အမှားပါသွားလိုက်ရင် အကြီးအကျယ် ဒုက္ခရောက်သွားနိုင်ပါတယ်...ဒါကြောင့် နိုင်ငံတာဝန်ကို ထမ်းဆောင်နေကြသော ထိပ်တန်းပုဂ္ဂိုလ်အများစုဟာ စကားကို များများပြောတာထက် ကျစ်လျစ်ခိုင်မာပြီး မိမိလိုချင်တဲ့အရာကိုပဲအဓိကထားပြီးပြောကြတာများပါတယ်...ဒါပေမယ့် ဒါဟာ လူတိုင်းလူကြီးတိုင်းတော့ မဟုတ်ပါဘူး...ဒီလို ကျင့်သုံးတဲ့ သူတွေ အများစုရှိကြတယ်ဆိုတာကို ထောက်ပြတာပါ...စကား စကား ပြောပါများ စကားထဲက ဇာတိပြဆိုသလိုမျိုးနဲ့ စကားတစ်ခွန်းကြောင့် ကမ္ဘာပျက်နိုင်တယ်ဆိုတဲ့ စကားပုံမျိုးတွေကလည်း ဒါတွေကိုထောက်ပြခဲ့တယ်ထင်ပါရဲ့...အခုတလောမှာ စာရေးသူတို့ အမိနိုင်ငံမှရော ကမ္ဘာ့နိုင်ငံအချို့ကပါ ရေပန်းစာနေတဲ့သတင်းတစ်ပုဒ်ကတော့ အားလုံးသိတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကိစ္စပါပဲ...ဒီကိစ္စနဲ့ပတ်သတ်ပြီး တပ်မတော်စစ်အစိုးရကနေပြီးတော့ တစ်ဖက်သတ်လုပ်ကြံစွပ်စွဲတာတွေ မတရားအမှုဆင်ထောင်ဖမ်းလုပ်ကြံတာတွေနဲ့ စသော သို့လော သို့လော စကားတွေနဲ့ အမျိုးမျိုးဝေဖန်ကြတာတွေကို နားနဲ့မဆန့်အောင် ကြားနေရကြတယ်မဟုတ်လား...ဒီလိုပြစ်တင်ဝေဖန်တဲ့နေရာမှာ စာရေးသူအနေနဲ့ အပိုင်း(၄)ပိုင်းအနေနဲ့မြင်မိပါတယ်...နံပါတ်(၁)လူပုဂ္ဂိုလ်ကြောင့် ဝေဖန်ရခြင်း (၂)နိုင်ငံကြီးအချို့ရဲ့ လိုချင်တဲ့ပုံစံ(Puppet Government)ဖြစ်မလာခြင်း (၃)မိမိတို့ အာဏာရရေးအတွက် ဝေဖန်ရခြင်း(၄)တကယ့်စေတနာအရင်းနဲ့ reconciliation ဖြစ်မြောက်စေခြင်း စတဲ့ အချက်တွေနဲ့ ဝေဖန်ပေးနေကြတာတွေကို တွေ့ရပါတယ်...ဒီအချက်လေးချက်မှာ စာရေးသူကိုယ်တိုင်လည်း ဖြစ်စေချင်တဲ့အချက်ကတော့ နံပါတ်လေး reconciliation ပါပဲ...ဒါဟာ အများစုဖြစ်စေချင်တဲ့အကြောင်းအရာပါပဲ....ဒီအချက်(၄)ချက်နဲ့ပတ်သတ်ပြီး စာရေးသူရဲ့ အမြင်တွေကို ပြောရမယ်ဆိုရင် နံပါတ်(၁)လူပုဂ္ဂိုလ်ကြောင့် ဝေဖန်ရခြင်း ဆိုရာမှာ ဒီလူမှ ဒီလူဆိုတဲ့ အစွန်းရောက်ဝါဒီ(extremist)တွေကြောင့်လို့ပဲမြင်မိပါတယ်...စာရေးသူတို့ နိုင်ငံကြီးမှာ ဒေါ်အောင်ဆန်းစုကြည် မရှိရင်အသက်ရှင်လို့မရတော့ဘူးလား...နိုင်ငံကို တိုးတက်အောင် လုပ်နိုင်တဲ့သူမရှိတော့ဘူးလား...အခြားခြားသော ပညာရှင် ပုဂ္ဂိုလ်တွေမရှိတော့ဘူးလား...သူမရှိရင် မြန်မာနိုင်ငံအတွက် အားကိုးစရာမရှိတော့ဘူးလား...စာရေးသူတို့ ဗုဒ္ဒဘာသာမှာ မိမိကိုယ်သာ ကိုးကွယ်ရာလို့ ဘုရားရှင်က မိန့်ကြားခဲ့တယ်...ဘာကြောင့် အခြားသော ပြည်သူ သန်းပေါင်း ၅၀ ကျော်က မိမိတို့ရဲ့အစွမ်းစတွေနဲ့ရှေ့ဆက်မလှမ်းနိုင်ကြမှာလဲ...ဒါမှမဟုတ် လွတ်လပ်ရေးဖခင်ရဲ့သမီးမိုလို့ အားကိုးကြတာလား...ဒီလိုမေးခွန်းတွေမေးလိုက်ရင် အဖြေမျိုးစုံထွက်လာကြပါလိမ့်မယ်...ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့အတွက် ဂရုဏာရှင်တို့မေတ္တာရှင်လို့ ပြောနေကြတဲ့သူများအတွက် မေးရမလိုဖြစ်နေပါပြီ...ဒေါ်စုကြည်ရဲ့ မေတ္တာ ဂရုနာ အကြင်နာတွေကြောင့် အကျွန်ုပ်တို့ပြည်သူတွေလည်း သူမရဲ့စီးပွားရေးပိတ်ခိုင်းမှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေလည်း အလုပ်ကိုင်မရှိ ဆင်းရဲသထက်ဆင်းရဲနွံ့ထဲ တ၀ဲလည်လည်နဲ့ပေါ့..."ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်နေလည်းလို့မေးရင် ပြည်သူတွေဘာလုပ်နေလည်းဆိုပြီးတော့ မေးခွန်းပြန်ထုတ်လိုက်ပါတယ်တဲ"့...အကြင်နာကြီးမားလှပါပေတယ်...Neutral Policy မှာပြောခဲ့တုန်းကလိုပါပဲ အကျွန်ုပ်တို့ မြန်မာနိုင်ငံဟာ တပ်မတော်အစိုးရ နဲ့ဒေါ်အောင်ဆန်းစုကြည်ပဲ ပိုင်ဆိုင်နေတဲ့နိုင်ငံမဟုတ်ဘူးလို့ပြောခဲ့တယ်...သူတို့ ၂ခုရဲ့ကြားမှ မြေစာပင်အဖြစ်နဲ့အလူးလဲခံနေရတာကတော့ အကျွန်ုပ်တို့ အပြစ်မဲ့ပြည်သူတွေပါပဲမဟုတ်လား...ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သတ်လို့ အမှုစီရင်ချက်ချရာမှာ မတရားစွပ်စွဲထောင်ချတာပဲလို့ အတင်းကုန်းအော်နေတဲ့သူတွေအနေနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ ဘယ်လောက်ထိလေ့လာခွဲခြမ်းခဲ့ပြီးမှ ဒီလိုပြောတာပါလိမ့်...အထက်မှာပြောခဲ့သလိုပါပဲ အခြားသူကိုဝေဖန်ချင်ရင် မိမိကိုယ်ကို ပြန်စမ်းစစ်လို့ပြောခဲ့တယ်...မတရားဘူးဆိုပြီးတော့ စွပ်ပြီးကုန်းအော်မနေနဲ့ ...ပြသာနာတစ်ရပ်ဖြစ်ပြီဆိုရင် ဝေဖန်မှုကအရင်လာကြတယ်...ပြသာနာရဲ့အရင်းအမြစ်ကို လိုက်ရှာဖို့နဲ့တွေးတောဆင်ခြင်ဆုံးဖြတ်ပြီး Yes or No ကိုလုပ်ရမှာကို မေ့နေတတ်ကြတယ်...ဒီအမှုကိစ္စနဲ့ပတ်သတ်ပြီး မိမိအနေနဲ့ဘယ်လောက်ထိ ဥပဒေအကြောင်းကို နားလည်သလဲ...ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး သင့်မှာအစအဆုံးသဘောပေါက်နားလည်ပါသလား...နိုင်ငံရေးအကြောင်းကို ဘယ်လောက်ထိနားလည်သဘောပေါက်လဲ...ဖြစ်စဉ်ကို မိမိဘက်ကိုပဲမတွေးပဲ ၂ဘက်လုံးဘက်ကနေပြီးတော့ Assessment လုပ်ရပါမယ်...ဒါတွေကို အကြမ်းဖျင်းနားလည်သဘောပေါက်နေမှသာလျှင် ဖြစ်စဉ်တစ်ခုကို မိမိအနေနဲ့ ဝေဖန်သင့်ပါတယ်...ဖြစ်စဉ်ကိုလည်းအတိကျမသိပဲ လူပုဂ္ဂိုလ်တစ်ဦးကြောင့် ဘာမဆိုအပြစ်တင်လိုက်ချည်ရဲ့ စိတ်တိုဒေါသထွက်ရချည်ရဲ့ လုပ်နေလို့မရဘူး...နောက်တစ်ခုက တစ်ချို့သော သူများက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်မြတ်နိုးလို့မဟုတ်ပါဘူး...သူတို့တွေရဲ့ မိဘ ဆွေမျိုး အသိုင်းဝန်း တစ်စုံတစ်ယောက်က နိုင်ငံရေးထဲကို မယောင်မလည်နဲ့ဝင်လို့သော်၎င်း မိမိဘာသာ အပြစ်တစ်ခုကျူးလွန်မိလို့ ဥပဒေနဲ့ညိစွန်းလို့ အစိုးရကအရေးယူထားတာတွေကို မတရားဘူးဆိုပြီးတော့ အစိုးရပေါ်အမြင်မကြည်လို့သော်၎င်း စတဲ့ပုဂ္ဂိုလ်များဟာလည်း အစိုးရပေါ်မှာဝေဖန်ချင်တာတွေကို တပ်မတော်အစိုးရအနဲ့ဆန့်ကျင်နေတဲ့ ဒေါ်စုကြည်ကိုအကြောင်းပြုပြီး ၀ိုင်းအော်နေကြတာပါ...အထူးသဖြင့် ပြည်ပမှာက အဖြစ်များပါတယ်...ဒေါ်စုကြည်ကြောင့်မဟုတ်ပဲ ကိုယ်နဲ့ပတ်သတ်တဲ့အသိုင်းဝန်းက တစ်ခုခုအစိုးရနဲ့တစ်ခုခုဖြစ်နေတာကြောင့် မကျေနပ်ချက်တွေနဲ့ပေါင်းပြီး ဒေါ်စုကြည် ရဲ့အမှုကိစ္စဟာ မတရားဘူးဆိုပြီးတော့ သူများအော်လို့ အမောင် တောင်မှန်းမြောက်မှန်းမသိပဲ မျက်စိမှိတ်ပြီး ရမ်းအော်နေကြတဲ့သူတွေက ရှိပါသေးတယ်...မည်သို့ပင်ဆိုစေကာမှု အကျွန်ုပ်တို့သည် ပုဂ္ဂိုလ်စွဲမထားပဲ ကိုယ်တိုင်လည်းမလုပ်နိုင် သူများလုပ်တာကိုပဲဝေဖန်ပြီး ဘ၀ကိုအချိန်ကုန်လွန်နေတာထက်စာရင် ကိုယ်တိုင်ဘယ်လောက်အတိုင်းတာထိလုပ်ဆောင်နိုင်ကြသလဲ မိမိ မိသားစု /ရပ်ရွာ /မြို့နယ/် တိုင်း/ နိုင်ငံ အဆင့်ဆင့်ဘယ်လောက်လုပ်ပေးနိုင်သလဲဆိုတာကိုပဲ စဉ်းစားလုပ်ဆောင်ကြရမှာပါ...။/

2 comments:

လရောင် said...

မင်းကိုတိုင်ကရော ဘာသိလဲ မင်းကရော ဘာလဲ မင်း က စစ်သားမဟုတ်လား ( စစ်သားဆိုတာထက် စစ်ဗိုလ် မဟုတ်လား ) မင်းလဲ ကိုယ်ဘက်ကိုရပ်တဲ့ပေါက်တူးပဲကိုး
အေးပေါ့....မင်းကဒါတွေပဲပြောမှာပေါ့ မင်းကိုတိုင် က
ဒီလိုလူဆိုတော့..ဘယ်သူတွေတရားတယ် မတရားဘူးဆိုတာ ဘုရားသိပါတယ် ဘယ်သူတွေဒုက္ခရောက်နေတယ် ဘယ်သူတွေသုခခံစားနေရတယ်ဆိုတာ မင်းသိပါတယ်
ခံစားချက်မရှီပဲ နဲ့ဘယ်သူမှ ရင်မဖွင့်ဘူးသူငယ်ချင်း မင်းလဲ မင်းတို့ကိုထိလို့မင်းလဲပေါက်ကွဲလာတာ မဟုတ်လား
အဲဒီလိုတွေးလေ သူတို့လဲ မင်းလိုနေမှာလေ ပေါက်ကွဲချင်မှာပေါ့ လက်ရှိနဲ့လက်မယ့် ဘယ်သူမှားမှား ဘယ်သူမှန်မှန် လက်မဲ့ပဲ..မှားတယ်လေ

Anonymous said...

အဖြေက ခဏခဏထွက်နေရဲ့သားနဲ့ နားမလည်တာ ဘာကြောင့်လဲ။ ဒေါ်အောင်ဆန်းစုကြည်က မကောင်းတာဘာတခုမှမလုပ်ခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကပြောလို့ စီးပွားရေးပိတ်ဆို့လို့ ပြည်သူတွေဒုက္ခရောက်တာမဟုတ်ပါဘူး။ သေချာလေ့လာလိုက်ပါဦး။ စီးပွားရေးဘယ်လောက်ပိတ်ဆို့ပိတ်ဆို့ ခုလက်ရှိ အာဏာရနေသူတွေနဲ့ သူတို့နားမှာရှိနေတဲ့ စီးပွားရေးသမားတွေဘာတွေထိခိုက်နစ်နာခဲ့လို့လဲ။ ဘာမှမယိုင်မလဲရှိနေခဲ့တာပါ။ အနောက်နိုင်ငံနဲ့စီးပွားရေးမလုပ်ရလဲ လုပ်မဲ့သူတွေအများကြီးပါ။ ပြန်လေ့လာကြည့်လိုက်ပါဦး။ မြန်မာပြည်ရဲ့စီးပွားဖော်စီးပွားဖက်က တရုတ်၊ အိန္ဒိယ၊ရုရှပါ။ အဲဒီ၃နိုင်ငံက စီးပွားရေးမပိတ်ဆို့ထားပါဘူး။အနောက်နိုင်ငံနဲ့လုပ်နေတဲ့စီးပွားရေးက အနည်းအကျဉ်းပါ။ အထက်ကလူတွေက ဒီလို ဇိမ်ရှိရှိနေနိုင်နေရဲ့သားနဲ့ ပြည်သူတွေကျမှဘာလို့ စီးပွားရေးထိခိုက်ရလဲ။ တကယ်စီးပွားရေးပိတ်ဆို့ခံထားရတာ ပြည်တွင်းမှာပါ။ ကုန်ဈေးနှုန်းကျအောင် အာဏာရှိတဲ့သူတွေက ဘာလိုမထိမ်းနိုင်ခဲ့လဲ။ စီးပွားရေး သေးသေးလေးလုပ်စားနေတဲ့သူတွေမှာ အနောက်နိုင်ငံတွေနဲ့ စီးပွားကူးသန်းနေတာမဟုတ်ပါဘူး။ကိုယ့်နိုင်ငံတွင်းမှာပဲ ကူးသန်းနေရတာပါ။ အဲဒီမှာ မဖြစ်သင့်တဲ့ ကုန်ဈေးနှုန်းတွေဖြစ်လဲ ဘာမှထိန်းမပေးနိုင်ဘူး။ under table money၊ လာဘ်စားနေတဲ့ အကျင့်ပျက်ဝန်ထမ်းတွေကိုထိန်းသိမ်းဖို့နေနေသာသာ ကိုယ်တိုင်တွေက စည်းစိမ်ပေါ်ယစ်မူးနေမှတော့ ဘယ်မှာလာစီးပွားဖြစ်မှာလဲ။ အကျယ်ချုပ်ကို အခါခါကျနေတဲ့ သူတယောက်ကို သူ့ကြောင့်ပါလို့ ဘာလို့ လွတ်လွတ်လပ်လပ် ကိုယ်လုပ်ချင်သလိုတွေလုပ်နေကြတဲ့သူတွေက ပြောနေကြတာလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့လက်ခုတ်ထဲက ရေလိုလုပ်နေကြတာတောင် ဘာကို မကျေနပ်စကား၊အပြစ်တင်စကားပြောကြဦးမှာလဲ။ ပြည်သူတွေရင်ထဲအသည်းထဲကလာတဲ့ သူ့ကိုကြည့်ညိုတဲ့စိတ်ကိုရိုက်ချိုးချင်တာနဲ့ပဲ အတင်းကာရော မျက်လုံးစုံမှိတ်ပြီး မကောင်းဘူးတွင်တွင်ငြင်းနေကြတာ တရားသလားကိုယ်ဖာသာဆင်ခြင်ကြည့်ကြပါ။ခုတော့အဖြေက ရှင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုလူလည်းဆိုတာ အမှန်ကိုမြင်တတ်တဲ့ မြန်မာလူမျိုးတိုင်းသိသလို ကမ္ဘာကလည်းသိတယ်။ တခြားနိုင်ငံတနိုင်ငံမှာတောင် စာလာသင်ခွင့်ရနေတာ အဲဒီနေရာကနေ ကိုယ့်တိုင်းပြည်ကိုပြန်ကြည့်ကြည့်ပါဦး။ ဘာတွေဖြစ်နေလဲဆိုတာ။ ပညာတတ်တွေမပြောနဲ့ သာမန်လူတွေတောင်နားလည်နိုင်တာ ဘာလို့ မျက်လုံးစုံမှိတ်ပြီးအော်နေကြတာလဲ။

Subscribe to: Post Comments (Atom)