NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

Optimist and Extremist (2)

နံပါတ်(၂) နိုင်ငံကြီးအချို့ရဲ့ လိုချင်တဲ့ပုံစံ puppet government မဖြစ်လာနိုင်တဲ့လမ်းကြောင်းကိုရောက်နေတဲ့အတွက် ဝေဖန်နေကြတာပါ...သာဓက အနေနဲ့ ၁၉၈၈ အရေးခင်းကာလမှာ ပြည်တွင်းမငြိမ်မသက်ဖြစ်နေချိန်မှာ အမေရိကန်ဆိုတဲ့သူတော်ကောင်းကြီးက မြန်မာ့ရေပိုင်နက်ထဲကိုဝင်ပြီးတော့ လေယာဉ်တင်သဘောင်္ကြီးတစ်စီး နိုင်ငံကျူးကျော်တဲ့စစ်သဘောင်္ ၇ စီးနဲ့ မြန်မာ့ရေပိုင်နက်ထဲကနေ ခြိမ်းလားခြောက်လားနဲ့ အာဏာကို အခုချက်ချင်းလွဲပြောင်းပေးပါဆိုပြီးတော့ လုပ်လာလေသတဲ့ဗျာ...

ဒီလို မိုင်ပေါင်းများစွာဝေးနေတဲ့ ကိုယ်နဲ့ဘာမှမဆိုင်တဲ့ နိုင်ငံကြီးက ဒီလိုအာကောင်းလျှာသွက်နဲ့ နုတ်သီးကောင်းနေတာကို ဘေးက ကြည့်လို့မရတဲ့ တရုတ်နဲ့အိန္ဒိယ ကနုတ်သီးဖျက်ရိုက်လိုက်မယ်လို့ငေါက်ငှမ်းလိုက်တော့မှ အရှက်မရှိ ပြန်သွားလေရဲ့...အကျွန်ုပ်တို့ မြန်မာ့နေရာကို အခြေချပြီး အင်အားကြီးနိုင်ငံတွေကို ဗိုလ်ကျစိုးမိုးဖို့အတွက် အကျွနုပ်တို့နိုင်ငံဟာ သူတို့အတွက်မရှိမဖြစ် သြဇာခံမယ့် puppet government လိုနေလို့ အခွင့်သာတိုင်း စောင့်ဆိုင်းနေခဲ့တာ ရာစုနှစ်တွေပင်ကျော်ခဲ့ပါပြီ...ဒေါ်စုကြည်ဟာ UN မှာ စာရေးမလုပ်ခဲ့တာတွေကတစ်ကြောင်းနဲ့နိုင်ငံခြားမှာပဲ အိမ်ထောင်ကျပြီး သူတို့တွေနဲ့ရင်းနီးနေတော့ သူတို့လိုချင်တဲ့ puppet government ဖြစ်အောင် မြေတောင်မြှောက်ပြီးတော့ တင်စားလာခဲ့တာပါ...အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်အစိုးရသမ္မတပဲတက်တက် သူ့ရဲ့ puppet government မဟုတ်ရင် အမြင်မကြည်လင်တဲ့ နိုင်ငံစာရင်းထဲကနေရှိနေဦးမှာပါပဲ....။/ နံပါတ်(၃)မိမိတို့အာဏာရရေးတွက်ဝေဖန် ရခြင်းမှာ အဓိကအားဖြင့် politicains သမားတွေပဲဖြစ်ပါတယ်...လက်ရှိ မြန်မာနိုင်ငံရဲ့ 2008 constitution က သူတို့တွေနဲ့မကိုက်ညီဘူးလေ...ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြပြီး အမျိုးမျိုးဝေဖန်နေကြတာပါ... နံပါတ် ၁ မှာပြောသလိုပါပဲ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ဖို့ခင်လို့ ဝေဖန်တာတွေကနည်းနည်း မိမိတို့ကိုယ်ကျိုးကများများကြောင့် အော်နေကြတာပါ...တစ်နည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည် မှာလည်း ပြည်သူတွေလိုပါပဲ ကြားထဲကနေ မြေစာပင်လေး တစ်ခုရောက်ရမှန်းမသိ ရောက်နေရတာပါ...သူ့ရဲ့နာမည်ကို အကြောင်းပြပြီး မိမိကိုယ်ကျိုးအတွက် အမျိုးမျိုး နိုင်ငံရေးတိုက်ကွက် မှောက်ကွက် ထိုးကွက် စားကွက်တွေက အများသားပါပဲ..."မျိုးဆက်သွေး" "ABSDF"ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ်နာမည်တပ်ပြီးတော့ ပြည်သူကိုယ်စား(ဖွဲ့ထားတာက ၂ယောက်ရှိရင် ၂ဖွဲ့ခွဲမယ်)ဆိုပြီးတော့ ပြည်သူတွက် ပြည်သူတွက် ပြည်သူ့တွက်...infinities.. ဆိုပြီးတော့ ကြိုးစားလုပ်ဆောင်ပေးပါတယ်...ဘာတွေလည်းဆိုတော့ ကားမှတ်တိုင်မှာ ဗုံးခွဲရေး ပန်းခြံမှာ ဗုံးခွဲရေး တို့ အစိုးရပိုင် ဌာန နေရာတွေကို ဖောက်ခွဲဖျက်ဆီးရေး...အဲဒါ ပြည်သူ့အတွက် အကျိုးပြုလုပ်ငန်းတွေဖြစ်ပါတယ် :D...ဒါတွေကို စာရေးသူက သူတို့ကို ဝေဖန်တာလည်းမဟုတ်ဘူး အပြစ်မြင်နေတာလည်းမဟုတ်ပါဘူး...လက်ရှိဖြစ်ပျက်နေတာတွေကို ချပြနေတာပါ :) ...အာဏာရရေးပုဂ္ဂိုလ်များကတော့ ကိုယ်တိုင်မလုပ်နိုင်တော့ ပြည်သူတွေကို ရှေ့တန်းတင်ပြီးတော့ လမ်းပေါ်ထွက်ခိုင်း အော်ခိုင်း သေခိုင်းမယ်..နိင်ငံမငြိမ်မသက်ဖြစ်ရင် သူတို့တွက် ၀မ်းသာစရာအားတတ်စရာတစ်ခုပါပဲ...အစိုးရ ယန္တရားတွေပျက်သွားရင် စစ်တပ်ကနောက်ဆုံးမနိုင်တော့ရင် အာဏာကိုဖြတ်လမ်းကယူပြီး ဘာအတွက်မှ နိုင်ငံတွက်မလုပ်ရပဲနဲ့ သေကြေထိခိုက်တော့ပြည်သူ ကုလားထိုင်ကိုရှေ့ဆုံးကပြေးယူမှာက သူတို့...ဒါတွေကို နှောကြေနေတဲ့ပြည်သူတွေကတော့ ၁၉၈၈ နဲ့ ၂၀၀၇ တုန်းကလို အဖြစ်မခံနိုင်ကျတော့ဘူးဆိုတာ နားလည်သဘောပေါက်ကျကုန်ပါပြီ...ငြိမ်းချမ်းစွာနဲ့ လျှောက်လှမ်းပြီးမှ ရရှိမယ့် ပန်းတိုင်ကိုပဲ ဆုပ်ကိုင်နေကြပါပြီ...။/ နောက်ဆုံးအချက်(၄)ကတော့ ငြိမ်းချမ်းမှုကို ဦးစားပေးတယ် နှစ်ဦးနှစ်ဖက်လုံးကို သင့်မြတ်စေချင်ကြတယ်... နှစ်ဦးနှစ်ဖက်သင့်မြတ်ပြီး ၂၀၁၀ မှာအားလုံးပါဝင်နိုင်ပြီးယှဉ်ပြိုင်စေချင်ကြတယ်...နှစ်ဦးနှစ်ဖက် သင့်မြတ်ဖို့ဆိုတာဟာလည်း အပြောလွယ်ပေမယ့် လက်တွေ့မှာ မလွယ်ကူတဲ့ အကြောင်းအရာလေးတွေရှိနေလိမ့်မယ်လို့ မြင်မိပါတယ်...ဒီလိုမတူညီတဲ့အရာတွေကို တူညီအောင် အတတ်နိုင်ဆုံးညီမျှအောင် နှစ်ဦးနှစ်ဖက်လုံးဟာ လျှော့သင့်သလို လျှော့ပြီး လိုက်လျော့သင့်သလို လိုက်လျောမှ သာလျှင် လိုချင်တဲ့ပုံစံကို ရရှိသွားမှာပါ...မည်သို့ပင်ဆိုစေကာမှု ဒီလိုတစ်ယောက်နဲ့တစ်ယောက် အငြင်းပွားဒေါသူပုန်ထနေလို့ မြန်မာနိုင်ငံရေးက ပြီးဆုံးမသွားနိုင်ပါဘူး...သူတို့ နှစ်ယောက်ရဲ့ရိုက်ခတ်မှုကြောင့် အကျွန်ုပ်တို့ပြည်သူတွေလည်း ကြားထဲကနေပြီးတော့ မြေစာပင်ဘ၀ကနေ လုံးပါးပါးရတော့မယ့် အခြေနေဆိုက်နေလေရဲ့....လူပေါင်း သန်း ၅၀ ကျော်အရေးကိုကြည့်ကြမလား လူပုဂ္ဂိုလ် အဖွဲ့စည်းကိုပဲကြည့်ကြမလားဆိုတာကတော့ စာဖတ်သူတွေပဲ ဆုံးဖြတ်ကြပေတော့….ပြသာနာတစ်ရပ် လူတစ်ယောက်အပေါ်ကို အစွန်းရောက်ဒီနဲ့ဝေဖန်ကြည့်တတ်ပြောဆိုတတ်သလား ဒါမှမဟုတ် အကောင်းမြင်ဝါဒီနဲ့ပဲဝေဖန်ပြောဆိုတတ်သလား…ထိုနှစ်ချက်တွင် ဘယ်အရာကို မိမိတို့ကျင့်သုံးသင့်သလဲ……။

1 comments:

Anonymous said...

ဘယ်သူတွေ ဘာတွေပဲပြောပြော ပြည်သူဘာလိုအပ်နေလဲက အဓိကပါ။ နိုင်ငံနဲ့ ပြည်သူမှာ လိုအပ်နေတဲ့ အခြေခံလိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ပဲနဲ့ ကိုယ့်မိသားစုတွေ ကောင်းစားဖို့လုပ်နေတဲ့လုပ်ရပ်တွေကို ကိုယ်ကိုယ်တိုင်လည်းမြင်နေ၊ကြားနေ၊ကိုယ်တိုင်ခို်င်းခံနေရပါရက်နဲ့ ဇွတ်ကြီး ကောင်းကြောင်းပြောပြီး ကျန်တဲ့သူကို တဖက်သတ်စွတ်စွဲချင်တာကတော့ တရားသလားဆိုတာ ကိုယ့်ဘာသာစဉ်းစားကြည့်ပါ။ ဗိုလ်သင်တန်းဆင်းပွဲမှာ ဘာမဟုတ်တဲ့ သားသမီးမြေးတွေကို လည်းအလေးပြုနေရတာပဲမဟုတ်ဖူးလား။ အဲဒီလိုမျိုးရှိသင့်သလား ကိုယ့်ဖာသာကိုယ်စဉ်းစားကြည့်ပါ။ဘယ်သူ့ကိုမှ မမုန်းပါဘူး။ ဒါပေမဲ့ ဘာလို့ အမှန်နဲ့ အမှားကိုခွဲခြားမသိနိုင်ပဲနဲ့ မျက်စိမှိတ်စုံကန်ငြင်းနေကြတာလဲ။ လောလောဆယ်တော့ တခြားနိုင်ငံကလာအုပ်ချုပ်မှာထက် ကိုယ့်နိုင်ငံက အုပ်ချုပ်သူတွေလက်အောက်မှာ ပြည်သူတွေက မပြောရဲ မဆိုရဲ ကျီးလန်းစာစားနေရတဲ့ဘ၀တွေပါ။ ကိုယ့်တိုင်းပြည်က အာဏာရနေသူကိုယ်တိုင်က သတ်ခဲ့ကြလို့ သေခဲ့ကြတဲ့ ပြည်သူတွေ ဒုနဲ့ဒေးပါ။ မကျေနပ်လို့ ပြောမိတော့ နိုင်ငံရေးလုပ်ပါတယ်ဆိုပြီး ဖမ်းဆီးထောင်ချ ဘ၀ပျက်အောင်အလုပ်ခံထားရတဲ့ လူငယ်တွေ၊မိသားစုတွေ အများကြီးပါ။ Buddha ဘာသာနိုင်ငံကြီးမှာ ဒီလိုလူလူချင်းမစာနာနိုင်မှုတွေဖြစ်နေတာ ရှက်ဖို့အလွန်ကောင်းတာပါ။ ဘုရားတည်ကျောင်းဆောက် အလှုလုပ်တာကိုပဲ ဘာသာရေးကိုင်းရှိုင်းတယ်လို့ မခေါ်ပါဘူး။ တကယ့် အနှစ်သာရက ပျောက်နေပါတယ်။ လူတယောက်နာကျင်နေတာကို ကိုယ်တိုင်နာကျင်တယ်လို့ခံစားပေးနိုင်မှ သူများကိုကိုယ်ချင်းစာတတ်မှာပါ။ သူတပါးကို နာကျင်အောင်လုပ်ပြီးမှ ထမင်းစားကောင်းမယ်ဆိုရင် ပြည်သူမျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ထမင်းစားဝင်ကြမယ်ဆိုရင်တော့ Buddha ရဲ့ဟောကြားခဲ့တဲ့ တကယ့်အနှစ်သာလေးကိုပြန်ပြီး လေ့လာသင့်ပါတယ်။ ဒါက မတရားပြုကျင့်နေတဲ့ သူတွေကိုပဲဆိုလိုပါတယ်။ စိတ်ထားမြင့်မြတ်ပြီး ကိုယ်ချင်းစာတတ်တဲ့သူတွေကိုမဆိုလိုပါ။

Subscribe to: Post Comments (Atom)