လူမျိုးတိုင်းဟာ မိမိတိုင်းပြည် နဲ့ မိမိတို့ရဲ့ သမိုင်းကို အတတ်နိုင်ဆုံးသိထားသင့်ပေသည်...ထို့အတူ အခြားသော ယဉ်ကျေးမှုများ ရိုးရာဓလေ့များကိုလည်း စာအုပ်ထဲတွင်ပဲလေ့လာဖတ်ရှုမှုမျိုးမဟုတ်ပဲ အပြင်လောကမှာပါ လေ့လာသင့်ပေသည်...ကျွန်တော်တို့ မူလတန်း မှ အထက်တန်းကျောင်းထိ စာသင်စဉ်မှာ ကျောင်းနဲ့ အိမ်က လွဲပြီး အခြားသော ပြင်ပ နေရာများကို သွားရောက်မှု နည်းပါးခဲ့လေသည်...ကျောင်းမှာ စာစီစာကုံးရေးတဲ့အခါမှာ အကြောင်းအရာတစ်ခုကို မိမိတို့ဖတ်ရှုခဲ့သော စာအုပ်များနဲ့ ကြားဖူးနားဝရှိသော အကြောင်းအရာများနဲ့ပေါင်းစပ်ပြီး ရေးခဲ့သောစာများက အရေတွက်များခဲ့တယ်...မိမိကိုယ်တိုင် တွေ့ကြုံခဲသော ဖြစ်ရပ်များနဲ့ ဖတ်ရှုခဲ့သော စာအုပ်များထဲက ဖတ်မှတ်ခဲ့သော အကြောင်းအရာများနဲ့ဟာ ကွာခြားပြီး စိတ်ဝင်စားမှုတွေဟာလည်းမတူပေ...စာစီစာကုံး တစ်ခုကိုဖတ်လိုက်တဲ့အခါမှာ စာအုပ်ထဲကအကြောင်းအရာတွေလား သို့မဟုတ် မိမိကိုယ်တိုင်လေ့လာလို့ရခဲ့တဲ့အတွေ့အကြုံတွေလားဆိုတာ စာစစ်တဲ့ဆရာများက ခွဲခြားသိကြပေသည်...ထိုနှစ်ခုကို ခွဲခြားပြီး အမှတ်ပေးမှုတွေဟာလည်း ကွာခြားသွားလိမ့်မယ်လို့ထင်ပါတယ်...မိမိကိုယ်တိုင်လေ့လာလို့ရတဲ့ရရှိလာတဲ့အတွေ့အကြုံများနဲ့ရေးသားသော စာများကိုပိုပြီးတော့ နှစ်သက်မယ်ထင်ပါတယ်...မြန်မာစာစီစာကုံး ဆုရကျောင်းသားများရဲ့ စာတွေကိုဖတ်ကြည့်ရင် အများစုဟာ မိမိတို့ရဲ့ကိုယ်ပိုင်အတွေ့ကြုံလေးများနဲ့ စာဖတ်သူစိတ်ဝင်စားဖွယ်ကောင်းအောင် ရေးစပ်သီကုံးထားနိုင်သောကြောင့် ဆုရရှိတယ်လို့ယူဆပါတယ်...အင်္ဂလိပ်စာမှာလည်း Essay လိုမျိုးတွေလည်း မြန်မာစာစီစာကုံးလိုပဲ မိမိတို့ရဲ့ အတွေ့ကြုံလေးများနဲ့ရေးသားရင် ပိုကောင်းမှာပါ...ဒီလိုတွေအတွေ့ကြုံရဖို့ဆိုတာကိုလည်း မိဘတွေအနေနဲ့ကလည်း မိမိတို့ရဲသားသမီးများကို သင့်တင့်လျှောက်ပတ်တဲ့ လွတ်လပ်မှုနဲ့လေ့လာခွင့်တွေကိုပေးသင့်လုပ်ဆောင်ခိုင်းသင့်ပါတယ်...ကျွန်တော်တို့တုန်းကရော ယခုချိန်ထိ ရှိနေ ကျင့်သုံးမယ်ထင်ပါတယ် ဘာလည်းဆိုတော့ အင်္ဂလိပ် Essay လိုမျိုးကို ကျက်ပြီးဖြေတဲ့ကျောင်းသားတွေလည်း ရှိနေအုံးမှာပဲ...အဓိက ကတော့ အင်္ဂလိပ်စာ အားနည်းတဲ့ ကျောင်းသားများသာ ထိုသို့ကျက်မှတ်လုပ်ဆောင်တာကို တွေ့ရပါတယ်...ကျွန်တော်ကိုယ်တိုင်လည်း အလယ်တန်းကျောင်းထိ အဲဒီလိုလုပ်ခဲ့ပါတယ်...ကျူရှင်လည်းမတတ်ခဲ့ ကျောင်းမှာကလည်း ရေးပုံရေးနည်းအသေးစိတ်ကို သင်ပြမှုမရှိခဲ့ပေ...ကျွန်တော်တို့ကို သင်တဲ့ အင်္ဂလိပ်ဆရာမတစ်ယောက်ဆိုရင် ကျောင်းမှာသင်တဲ့ပုံစံမျိုးနဲ့ ကျူရှင်မှာသင်တဲ့ပုံစံတွေကကွာဟလွန်းပါတယ်...ကျောင်းမှာဆိုရင် တာဝန်အရပုံစံမျိုးနဲ့သာ သင်ပေးပြီး ကျူရှင်မှာဆိုရင် အသေးစိတ်သေချာရှင်းလင်းပြသတာကိုတွေ့ရပါတယ်...နောက်ပြီး ကျူရှင်တတ်တဲ့ကျောင်းသားများကိုလည်း ပိုပြီးတော့ အလေးပေးတာလည်းတွေ့ရပါတယ်...ကျွန်တော်က ကျူရှင်မတတ်ပါဘူး...ကျောင်းသင်ခန်းစာချိန်ရောက်ရင် ဆရာမဟာ ကျွန်တော်တို့ ကျောင်းသားချင်းအတူတူဖြစ်ပေမယ့် သူ့ရဲ့ကျူရှင်မှာတတ်တဲ့ ကျောင်းသားများကို ပိုပြီးတော့ ပွဲထုတ်ကြွားဝါတာလေးတွေလည်းတွေ့ရပါတယ်...ကျူရှင်မှာသင်တဲ့စာများကို အတန်းထဲတွင်မေးလေ့ရှိပါတယ်...အဲဒီလိုမေးတဲ့အခါမှာ ကျူရှင်မတတ်တဲ့ကျောင်းသားက မသိရင် သူ့ရဲ့ကျူရှင်ကျောင်းသားများကို ခေါ်ယူကြွားဝါးပြီးဖြေခိုင်းလေ့ရှိပါတယ်...ကျူရှင်တတ်တဲ့ကျောင်းသားများက အဲဒီသင်ခန်းစာတွေကို ကြိုပြီးတော့သိနေပြီသားလေ အဲဒီတော့ သိတာပေါ့...ဘာကြောင့် ဆရာမက ကျူရှင်မှာသင်တဲ့စာတွေမျိုးလို ကျောင်းစာသင်ခန်းမှာ မသင်ပေးနိုင်တာလည်းဆိုတာတော့ မတွေးတတ်တော့ပါဘူး...အတူတူသင်ခဲ့တဲ့ကျောင်းသားချင်းတူပေမယ့် တတ်မြောက်မှုကြတော့ မတူပါဘူး..နောက်ဆုံးအတွေးအခေါ်အကအစ တစ်နည်းပြောရရင် ဖြတ်လမ်းနည်းများကိုလည်း ကျူရှင်တတ်သူနဲ့ မတတ်သူက ကွာခြားပါတယ်...သင်ခန်းစာအပြင်ပမှာလည်း ကျူရှင်ကျောင်းသားကျောင်းသူများနဲ့ပဲရင်းနှီးစွာဆက်ဆံသွားလာနေပြီး ကျူရှင်မတတ်တဲ့ကျောင်းသားများနဲ့တော့ တစ်စိမ်းတစ်ရံလိုပဲနေတာတွေတွေ့ရတယ်...ကျွန်တော်သိခဲ့တဲ့ ဆရာ ဆိုတာ ကျောသားရင်သားမခွဲခြားပဲ နာသုံးနာ နာလေးနာနဲ့သင်ပေးတဲ့သူတွေလို့ပဲကြားဖူးခဲ့တာပါ...အခုလို မြင်တွေ့ကြုံတွေ့ရတော့ စိတ်မကောင်းမိပါဘူး...ဒါပေမယ့် ကျွန်တော်က မိမိကိုယ်သင်ပေးခဲ့တဲ့ ဆရာ/မ များကို ဘယ်တုန်းကမှမပြစ်မှားမိခဲ့ပါဘူး...ဘာကြောင့် ဒီလိုခွဲခြားဆက်ဆံတာလည်းဆိုတာပဲ တွေးနေမိတယ်...ဒီလိုဆရာမျိုးနဲ့တွေ့ဆုံပြီးလို့ အထက်တန်းမှာလည်း အခြားသောကျောင်းတစ်ကျောင်းမှာလည်း ဒီလိုမျိုးဆရာမတစ်ယောက်ကိုတွေ့ဖူးပါတယ်...အဲဒီဆရာမကလည်း ကျွန်တော် ပထမဆုံးတွေ့ခဲ့တဲ့ အလယ်တန်းကျောင်းက ဆရာမလိုပါပဲ...သူကတော့ Bio သင်တဲ့သူပါ...ကျူရှင်မှာသင်တဲ့ ကျောင်းသားနဲ့ ကျူရှင်မတတ်တဲ့ ကျောင်းသားများကို သင်ကြားဆက်ဆံမှုက မတူပါဘူး...၁၀ တန်းနှစ်လယ်လောက်မှာ ကျွန်တော် သူ့ဆီကို ကျူရှင်တတ်ဖူးပါတယ်...ကျူရှင်မှာသင်တဲ့ပုံစံနဲ့ ကျောင်းစာသင်ခန်းမှာ သင်တဲ့ပုံစံက အတော်ကွာလွန်းတာတွေလည်းတွေ့ရပါတယ်...အထက်မှာပြောခဲ့သလိုပဲ ဘာကြောင့် ဆရာတွေက ကျူရှင်မှာလို ကျောင်းမှာမသင်ပြနိုင်တာလည်းဆိုတာကို အမြဲစဉ်းစားနေမိတယ်... ကျောင်းမှာက စာအုပ်ကြီးထဲကသင်ခန်းစာတွေကိုပဲသင်ပြီး စာမေးပွဲမှာ မေးတဲ့ပုံစံမျိုးနဲ့ ဘယ်လိုလေ့လာမှုမျိုးလုပ်ရမယ်ဆိုတာတွေကို အသေးစိတ်မပြောပြပါဘူး...လူများလို့မသင်နိုင်တာလည်းမဖြစ်နိုင်ပါဘူး...စာမေးပွဲမှာ ဘယ်လိုလုပ်ရမယ့်ပုံစံတွေ လေ့ကျင့်မှုမျိုးကို ကျူရှင်တွင်သာလေ့ကျင်ပေးနေတာပဲတွေ့နေရတယ်...ဒါကြောင့် နောက်ဆုံးမှာ ကျောင်းသားများဟာ ကျူရှင်နဲ့ ကျောင်းနဲ့ကွာဟလာတာကိုသိပြီး မဖြစ်မနေ ကျူရှင်တတ်ကြရပါတော့တယ်...သို့ပေမယ့်လည်း ကျူရှင်စာရိတ်တွေက အရမ်းများပါတယ်...ကျူရှင်မတတ်နိုင်တဲ့ ကျောင်းသားများဟာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် အထူးထုတ်လိုမျိုးကိုသာအားကိုးပြီး ဖြေခဲ့တာများပါတယ်...ယခုအချိန်ဟာ ကျူရှင်သင်မှ ခေတ်မှီမယ့်သဘောဖြစ်နေတယ်...ကျူရှင်သင်မှ စာတတ်မယ် သိမယ် နားလည်မယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေကြတယ်...မပြေလည် မတတ်နိုင်တဲ့ ကျောင်းသားများအတွက်တော့ ကျူရှင်ဆိုတာကြီးက ခေါင်းခဲစရာကြီးပါပဲ...ဒါ့အပြင် ဆရာ/မ တွေရဲ့ ကျောင်းသားတွေအပေါ်မှာ ဆက်ဆံမှုတွေဟာလည်းခွဲခြားဆက်ဆံမှုတွေဟာလည်းရှိနေတော့ကျူရှင်မသင်နိုင်သော ကျောင်းသားကျောင်းသူများအတွက်စိတ်မကောင်းမိပါဘူး...ကျွန်တော့်သူငယ်ချင်းအချို့မှာလည်းသူတို့ကလေး
ဘ၀ကျောင်းသားဘ၀လေးတွေမှာဆရာမတွေရဲ့ ခွဲခြားဆက်ဆံအရေးပေးမှုများနဲ့ကျူရှင်မတတ်လို့အငြိုငြင်လေးတွေကိုခံရပုံများနဲ့ သူတို့ကြုံတွေ့ခဲ့တာတွေကိုလည်းအခုချိန်ထိမှတ်မိသတိရနေတဲ့အဖြစ်ပျက်လေးတွေက
လည်း အများအပြားကြားနေရပါတယ်...ဆရာအားလုံးကိုပြောဆိုတာမဟုတ်ပါဘူးကျွန်တော်တွေ့ကြုံခဲ့တဲ့ ဆရာအချို့အပေါ်မှာကြည့်ပြီးရေးတာပါ...မည်သို့ပင်ဆိုစေကာမှုကျွန်တော်ဖြစ်စေချင်တဲ့ ကျူရှင်တတ်မှ ကျူရှင်မတတ်လို့ဆိုပြီးတော့ ခွဲခြားမှုမျိုးမဖြစ်အောင်နဲ့ ကျောသားရင်သားမခွဲခြားပဲ စာပေပညာများကို တပြေးညီမထိန်ချန်ပဲ စေတနာအရင်းခံနဲ့ သင်ကြားပေးတဲ့ ပုံစံမျိုးလေးတွေ ဖြစ်ပါစေလို့ပဲ ဆုတောင်းနေမိပါတယ်....
ဘ၀ကျောင်းသားဘ၀လေးတွေမှာဆရာမတွေရဲ့ ခွဲခြားဆက်ဆံအရေးပေးမှုများနဲ့ကျူရှင်မတတ်လို့အငြိုငြင်လေးတွေကိုခံရပုံများနဲ့ သူတို့ကြုံတွေ့ခဲ့တာတွေကိုလည်းအခုချိန်ထိမှတ်မိသတိရနေတဲ့အဖြစ်ပျက်လေးတွေက
လည်း အများအပြားကြားနေရပါတယ်...ဆရာအားလုံးကိုပြောဆိုတာမဟုတ်ပါဘူးကျွန်တော်တွေ့ကြုံခဲ့တဲ့ ဆရာအချို့အပေါ်မှာကြည့်ပြီးရေးတာပါ...မည်သို့ပင်ဆိုစေကာမှုကျွန်တော်ဖြစ်စေချင်တဲ့ ကျူရှင်တတ်မှ ကျူရှင်မတတ်လို့ဆိုပြီးတော့ ခွဲခြားမှုမျိုးမဖြစ်အောင်နဲ့ ကျောသားရင်သားမခွဲခြားပဲ စာပေပညာများကို တပြေးညီမထိန်ချန်ပဲ စေတနာအရင်းခံနဲ့ သင်ကြားပေးတဲ့ ပုံစံမျိုးလေးတွေ ဖြစ်ပါစေလို့ပဲ ဆုတောင်းနေမိပါတယ်....