NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

အမှတ်တရ တစ်ခုလေးပါ

အပြည့်အစုံသို့...

မြန်မာ့ရိုးရာဓလေ့ သီချင်း




ခေတ်တွေပြောင်းလာတော့ ရိုးရာဓလေ့တွေပါ ပြောင်းလဲလာကြတာတွေ့ရတယ်...အမှန်ကတော့ ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း မပြောင်းပဲအဟောင်းလေးတိုင်း ရှိနေရမှာက ရိုးရာဓလေ့လေးတွေကိုပါ...
မြန်မာ့ဓလေ့ ထုံးတမ်းတစ်ခုဖြစ်တဲ့ ရှင်ပြုအလှူတော် မင်္ဂလာပွဲဟာလည်း ရိုးရာအစဉ်လာတစ်ခုပါပဲ...
ယနေ့ခေတ်မှာ ရှင်ပြုအလှူတော်တွေမှာ ကျင်းပနေတဲ့ပုံစံတွေဟာ အထူးသဖြင့် မြို့ပြတွေပေါ်မှာ ကျင်းပနေတဲ့ ပုံစံတွေဟာ ရှေးအစဉ်အလာ ပုံစံတွေနဲ့ ကွဲပြားသွားကြတာတွေ့ရတယ်...

အရင်တုန်းကတော့ ဆင်တွေ မြင်းတွေနဲ့ သာသနာ့ဘောင်သို့ သွတ်သွင်းကြမယ့် ရှင်လောင်းလေးတွေကို တင်ပြီး စီတန်းသွားကြတယ် ဒိုးပတ်သတ်ညံညံနဲ့ အကခုန်လေးတွေနဲ့ ဆူဆူညံညံလေးတွေပေါ့ဗျာ...ကျုပ်တို့ တောဘက်တွေမှာတော့ ဒီလိုပုံစံလေးတွေ ရိုးရာမပျက်ရှိနေတာလေးကိုပဲ ကျေးဇူးတင်မိတယ်...မြို့ပြတွေမှာတော့ ကားတွေနဲ့စီတန်းလှည့်လည်ပြီး ဘုန်းကြီးကျောင်းကို ခဏတွင်းနဲ့ရောက်ရှိသွားကြတယ်...ဒါကြောင့် သိပ်ပြီးတော့လည်း လေးနက်မှုမရှိသလို အစဉ်လာတွေနဲ့ အနည်းငယ် ကွာဟလာသလိုဖြစ်နေတယ်...

မြို့ပြတွေမှာမို့ နားလည်ပေးနိုင်ပေမယ့် ရိုးရာဓလေ့ အစစ်မှန်လေးတွေကိုတော့ မပျောက်ပျက်စေချင်သလို ဓလေ့သဘာဝလေးတွေရဲ့ အစစ်မှန်ကိုလည်း နောင်လာနောင်သား အစဉ်အဆက်ဆက်မှာ သိရှိနားလည်ထားကြဖို့လည်း လိုသေးတယ်...ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ရိုးရာဓလေ့ထုံးတမ်းလေးတွေကို ချစ်ခင်မြတ်နိုးပြီး တန်ဖိုးထားကြပါ... ယနေ့လူငယ်တွေအနေနဲ့က ခေတ်ရေစီးကြောင်းရဲ့ နောက်ကိုပဲ တဟုန်ထိုးလိုက်နေတော့ မိမိနိုင်ငံ မိမိလူမျိုး ရိုးရာယဉ်ကျေးမှုတွေကို သတိထားဖို့ ကင်းလွတ်သွားတတ်ကြတယ်...ဒါကြောင့် ဒါတွေကို သတိထားတတ်လာအောင် ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်လာအောင်လည်း မိမိတို့အနေနဲ့ကလည်း ပြောဆို ဆုံးမပေးရမယ့် တာဝန်တစ်ခုရှိနေတယ်ဆိုတာ မမေ့ဖို့လိုတယ်...

အပြည့်အစုံသို့...

Subscribe to: Posts (Atom)