NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

HONOURING THE 64TH ANNIVERSARY ARMED FORCES DAY

ယနေ့တွင် ကျရောက်သော ၆၄ နှစ်မြောက်မြန်မာ့တပ်မတော်နေ့တွင် တပ်မတော်သားအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေလို့ နုတ်ခွန်းဆက်ပါရစေ...

နိုင်ငံတစ်နိုင်ငံတွင် မရှိမဖြစ်လိုအပ်သော အရာများစွာထဲတွင် တပ်မတော်အခန်းကဏ္ဍသည်လည်း တစ်ခုအပါဝင်ဖြစ်လေသည်...နိုင်ငံတစ်ခုရဲ့ အချုပ်ခြာအာဏာနဲ့ နယ်မြေပိုင်နက်ကို တိုင်းတစ်ပါးရဲ့ ကျူးကျော်မှုကို မခံရလေအောင် ကာကွယ်စောင့်ရှောက်ပေးရမည့်တာဝန်သည်လည်း တပ်မတော်ပင် ဖြစ်လေသည်...တပ်မတော်ရဲ့ အဓိကတာဝန်ကြီး(၃)ရပ်ဖြစ်တဲ့ ၁)ကာကွယ်ရေး ၂)လေ့ကျင့်ရေး နဲ့ ၃) ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်တို့ဖြစ်ပါတယ်...ကာကွယ်ရေးဆိုသည်မှာ မိမိနိုင်ငံတော်ရဲ့ အချုပ်ခြာအာဏာ နှင့် နယ်မြေပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်တယ်...လေ့ကျင့်ရေးသည် တပ်မတော်သားတစ်ဦးချင်းလိုက် ရှိသင့်တတ်ထားရမယ့် အရာတွေကို တတ်ကျွမ်းနားလည်ထားပြီးတော့ တိုက်ပွဲအတွက် အမြဲတမ်းအဆင့်သင့်ဖြစ်အောင် အစဉ်အမြဲလေ့ကျင့်နေရမှာဖြစ်တယ်...ပြည်သူ့အကျိုးပြုလုပ်ငန်းဆိုတာကတော့ မိမိတာဝန်ကျရာနယ်မြေဒေသတွေမှာ မိဘပြည်သူတွေကို မိမိတို့တတ်စွမ်းသမျှ အားသွန်ခွန်စိုက်နဲ့ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ရမှာဖြစ်ပါတယ်....စစ်တိုက်ရန် မရှိက လေ့ကျင့်ရန် စစ်တိုက်ရန် နဲ့လေ့ကျင့်ရန် မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန် ဆိုတဲ့အတိုင်း လုပ်ဆောင်ရမယ့်တာဝန်သည် တပ်မတော်သားအားလုံး၏တာဝန်ပင်ဖြစ်လေသည်...တပ်မတော်သားများသည် ပြည်သူများမှပေါက်ဖွားလာတာဖြစ်တဲ့အတွက်ကြောင့်မို့ ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးရမယ့်တာဝန်ဟာ တပ်မတော်သားအားလုံးရဲ့တာဝန်ပဲဖြစ်တယ်...တပ်နဲ့ပြည်သူမြဲကြည်ဖြူ ဆိုတဲ့အတိုင်း တပ်မတော်သားများနဲ့ ပြည်သူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်လေးစားပြီးတော့ ပြည်သူချစ်တဲ့ တပ်မတော် မျိုးချစ်တပ်မတော် ဖြစ်ရပါမယ်...အချိန်နဲ့အမျှ တိုးတက်နေတဲ့ခေတ်ကြီးမှာ ကျွန်တော်တို့ တပ်မတော်သားများအားလုံး အနေနဲ့လည်း တိုးတက်နေတဲ့ ခေတ်ကြီးနောက်မှာ နောက်ကျမကျန်ရစ်ခဲ့အောင် အစဉ်အမြဲကြိုးစားနေဖို့လည်းလိုပါတယ်...အင်အားတောင့်တင်းပြီး ခေတ်မှီ စွမ်းရည်ထက်မြတ်တဲ့ မြန်မာ့တပ်မတော်ဖြစ်အောင် အစဉ်အမြဲ ကျွန်တော် တို့တွေအားလုံးကြိုးစားသွားရမှာဖြစ်ပါတယ်...

မိမိတို့တာဝန်ကျရာ တပ်မတော်(ကြည်း/ရေ/လေ) တွင် "တုံးတိုက်တိုက် ကျားကိုက်ကိုက် "ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ပြည်သူတွေကို အစဉ်အမြဲကာကွယ်စောင့်ရှောက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်....။

6 comments:

Anonymous said...

၆၄နှစ်မြောက် တပ်မတော်နေ့ ကို .............အလေးပြုး)

mgnge said...

ဒါပေါ့သူငယ်ချင်းရာ.........ကျရာတာဝန်ကို ထမ်းဆောင်ရင်း အသက်သွေးချွေးရင်း နှီး သွားကျတဲ့ ဒို့ ရဲ့နောင်တော့်နောင်တော် တွေ ကို ဒီနေ ရာ ကပဲ ဂုဏ်ပြုလိုက်ပါတယ်...။
ပြည်သူချစ်တဲ့ပြည်ချစ်စစ်သားကြီးတွေ ဖြစ်နိုင်ကြပါစေ ကွာ !

Sein Lyan Tun said...

ဂုဏ်ပြု..အလေးလာပြုပါတယ်..

khin oo may said...

ငယ်ငယ်က ဦးဝိစာရလမ်းတစ်လျောက် ပန်းကုံးစွပ်ခဲ့ကြတာတွေ သတိရတယ။် ကြိတ်ကြီတ်တိုးပေါ့။

Dream said...

လေးစားပါတယ်.. ဘဲကြော်... ပဲကြော်... အဲ. ဟုတ်ပါဘူး .. ဟီးး.. ရဲဘော်...
အလေးပြု... :P
အမိမြန်မာနိုင်ငံတော်ကို ဒီထက်မက ကာကွယ် နိုင်ပါစေလို့ မက်မက်လည်းဆု တောင်းပေးပါတယ်... :)

Dream said...

လေးစားပါတယ်.. ဘဲကြော်... ပဲကြော်... အဲ. ဟုတ်ပါဘူး .. ဟီးး.. ရဲဘော်...
အလေးပြု... :P
အမိမြန်မာနိုင်ငံတော်ကို ဒီထက်မက ကာကွယ် နိုင်ပါစေလို့ မက်မက်လည်းဆု တောင်းပေးပါတယ်... :)

Subscribe to: Post Comments (Atom)