NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

'ထာဝရ' ရုပ်ရှင်ဇာတ်လမ်း


၆၄ နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နာဂစ်ဒေသတွင် တပ်မတော် နဲ့ပြည်သူလက်တွဲပြီးပူပေါင်း ကူညီဆောင်ရွက်ခဲ့ပုံများနဲ့ ကြေကွဲလွမ်းဆွတ်ဖွယ်ရာဖြစ်အောင် ရိုက်ထူးထားသော 'ထာဝရ'ရုပ်ရှင်ဇာတ်လမ်းလေးကို ဒါရိုက်တာ မီးပွားနှင့် တွဲဖက်ဒါရိုက်တာ ဗိုလ်ကြီးတင်အောင်စိုး တို့မှရိုက်ကူးတင်ဆက်ခဲ့ပါတယ်...တပ်မတော်သားတွေရဲ့ ဘ၀ကို ပီပြင်အောင် သရုပ်ဆောင်ထားတဲ့ တပ်မတော်(လေ)မှ ရဟတ်ယာဉ်မှူး ဗိုလ်မှူး ထက်ဦးယံအဖြစ် နေတိုး|တပ်မတော်(ကြည်း)မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးခိုင်ခန့်အဖြစ် မင်းမော်ကွန်း|တပ်မတော်(ရေ)မှ စစ်ရေယာဉ်မှူး ဗိုလ်မှူးလှိုင်းအောင်အဖြစ် နိုင်းနိုင်း|တပ်မတော်(ကြည်း)ခြေလျင်တပ်ရင်းမှ ဒုတပ်ကြပ်ချစ်ထွေးအဖြစ် မြင့်မြတ်|မင်းမော်ကွန်း၏ ချစ်သူ ဒေါက်တာ ခင်ဝင်းလက်အဖြစ် အိန္ဒြာကျော်ဇင်|နိုင်းနိုင်း၏ ချစ်သူ မူလတန်းကျောင်းဆရာမအဖြစ် သဇင်|နေတိုး၏ ချစ်သူ ဆောက်လုပ်ရေးလုပ်ငန်းရှင် ညိုလဲ့ရည် အဖြစ် မိုးဟေကို|မြင့်မြတ်၏ ချစ်သူ သူနာပြုဆရာမအဖြစ် မေသက်ခိုင် တို့ပါဝင်သရုပ်ဆောင်ထားသည်...။
'ထာဝရ'ရုပ်မြင်သံကြားဇာတ်လမ်းကို မြန်မာ့ရုပ်ရှင် တီဗွီတွေမှာ အပိုင်းလိုက် ထုတ်လွှင့်ပြသပေးနေပါတယ်...ကျွန်တော်တို့ အပြင်မှာရှိနေတဲ့ သူများတွက် ဒီက ဆိုဒ်လေးမှာ ဒေါင်းလော့ချပြီးတော့ ကြည့်ရှူနိုင်ပါကြောင်း...:)

7 comments:

မီးမီးငယ် ရဲ့  ထည်ဝါချို said...

အကုန်တော့မကြည့်ရသေးဘူး။ မြ၀တီလျှပ်တစ်ပြက်ရိုက်ချက်မှာတော့ နည်းနည်းကြည့်လိုက်ရတယ်။
း)

mgnge said...

နာကြည့်ပြီးပြီခုလေးတင်ပဲ..။တိုက်ဆိုင်သွားလို့ မန့် လိုက်တယ်..။

မသက်ဇင် said...

ကြည့်ပြီးပြီ--ကျေးဇူးပါ--

နှင်းပွင့်ဖြူလေး said...

တပ်မတော်သားတွေလည်း နေတိုး... မင်းမော်ကွန်း.. နိုင်းနိုင်းတို့လို့ ချောချောခန့်ခန့်တွေကြီးပဲလားဟင် .....
အဟိ....... အဲ့သလိုဆိုလို့ကတော့ :D

Naingko said...

နှင်းပွင့်မဲ ကကြောက်စရာကြီးပါလား ကိုက်စားမယ့်ပုံပဲ :D :)

ဝါ၀ါမောင် said...

ကောင်းမယ့်ပုံပဲ.. နောက်မှလာကြည့်တော့မယ်.. အားသေးဘူး.. စာရေးလိုက်ဦးမယ်.း)
သြော်..ဘာလိုလို တပ်မတော်နေ့တောင်ရောက်ပြန်ပြီပဲ...
သတိရသွားတယ်.. ငယ်သူငယ်ချင်းကို.... :P
Naing Ko ကို Link ထားတယ်နော်.

Anonymous said...

ကြည့်လဲမရဘူးဖြစ်နေတယ်...ကြည့်ချင်လို့ရှာနေတာကြာပီ..တွေ့ပြီးကြည့်မရဘူးဖြစ်နေတယ်...ကူညီကြပါဦး...:(

Subscribe to: Post Comments (Atom)