NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

စစ်ရေးပြ


နိုင်ငံတိုင်း တပ်မတော်တိုင်းမှာ စစ်ရေးပြဆိုတာ ရှိကြတယ်...ဘာကြောင့် စစ်ရေးပြကြသလဲ..စစ်ရေးပြဆိုတာ ဘာလဲ...အကြမ်းဖျင်းပြောရရင်တော့ စစ်ရေးပြဆိုတာဟာ စစ်သားတစ်ယောက်ရဲ့ အမိန့်နာခံမှု စည်းကမ်းသေသပ်မှု ဘယ်လောက်ရှိလဲဆိုတာကို ပြသခြင်းဖြစ်တယ်...

ဒါကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ တပ်မတော် ဟာ ဘယ်လောက်ထိ စစ်စည်းကမ်းရှိတယ် အမိန့်နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာတွေကို သူတို့တွေရဲ့ စစ်ရေးပြ ကိုကြည့်ခြင်းအားဖြင့် ယေဘုယျအားဖြင့် ခန့်မှန်း သိရှိနိုင်ပါတယ်...စစ်ရေးပြဟာ သာမန်ကြည့်မယ်ဆိုရင် ဘာမှမခက်ခဲဘူးလို့ ထင်ပေမယ့် အင်မတန်မှ ခက်ခဲတဲ့ အရာပါ...မတူညီတဲ့ လူတွေ နဲ့ မတူညီတဲ့ စိတ်ဓာတ်တွေနဲ့ တူညီသောစစ်ရေးပြကို ရအောင် လေ့ကျင့်ယူရတာဟာ အင်မတန်မှ ခက်ခဲလှပါတယ်...စစ်ရေးပြ တစ်ခုကို သာမန်အနေနဲ့ ကြည့်မယ်ဆိုရင် ညီညာမှု ရှိတဲ့အတွက် ကြည့်ကောင်းယုံကလွဲပြီး ဘာမှအထွေထူး မရှိဘူးလို့ ယူဆနိုင်ပါတယ်...သို့ပေမယ့်လည်း စစ်ရေးရေးပြထဲမှာ
Meaning တွေ အများကြီးပါ ပါတယ်...ဥပမာ ပြောရရင် Squad တစ်ခုမှာ အတန်းတစ်ခု ညီညာစွာ လျှောက်လှမ်းဖို့ဆိုတာ အချိန်တိုတွင်းနဲ့ မရပါဘူး...စောစောက ပြောသလိုပဲ မတူညီတဲ့လူတွေနဲ့ ပေါင်းစပ်ထားတာကြောင့် တူညီအောင်လုပ်ဖို့တွက် လိုအပ်လာပြီ...ဘာတွေလိုအပ်လည်းဆိုရင် တစ်ယောက်နဲ့တစ်ယောက် မှားနေရင် ဘေးကသူက ပြုပြင်ပေးရတယ် စိတ်ဓာတ်တွေကျနေရင် စိတ်ဓာတ်တွေ မြှင့်တင်ပေးရတယ်...သင်ပေးတဲ့ ဆရာရဲ့ အမိန့်ကိုလည်း သေချာနားထောင် လိုက်လုပ်ရတယ်...ဒီလို သင်ဆရာ နဲ့ မိမိရဲဘော်အချင်းချင်း ဖေးမကူညီမှုကြောင့် အခုနက လျှောက်ခဲ့တဲ့ အတန်း ၁ခုကို ညီညာစွာနဲ့ လျှောက်လှမ်းနိုင်ခဲ့ပြီ...အတန်း ၁ ခုကနေ Squad ထိ တစ်ဦးနဲ့ တစ်ဦးဖေးမ ကူညီပြီးတော့ ရဲဘော်ရဲဘက်စိတ်နဲ့ ကြိုးစားလျှောက်လှမ်းလာတာကြောင့် စစ်ရေးပြကြီးဟာ ညီညာလာပါတော့တယ်...ဒီလို စစ်ရေးပြလုပ်ချင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် သည်းခံခွင့်လွှတ်ခြင်း ရိုင်းပင်းကူညီတတ်ခြင်း စတဲ့ အခြေခံကောင်းမွန်တဲ့ စိတ်ဓာတ်လေးတွေကို စစ်သားတစ်ယောက်အနေနဲ့ စတင်ရရှိခြင်းဖြစ်ပါတယ်...ရှေးကနေပြီးတော့ Squad တစ်ခုကို Command ပေးဖို့အတွက် ခေါင်းဆောင် လိုအပ်လာပြီ...ခေါင်းဆောင် ရဲ့ အမိန့်အတိုင်း Squad ထဲမှာရှိတဲ့ ရဲဘော်တွေဟာ လိုက်ပါလုပ်ဆောင်ရပါတယ်...၁ ယောက်မှားနေရင် ဒါဟာ အမိန့်နာခံမှု မကောင်းသေးဘူးလို့ပြောလို့ရတယ်...ရဲဘော်တစ်ယောက်ရဲ့ အာရုံစူးစိုက်မှုဟာ အဲဒီအချိန်မှာ ခေါင်းဆောင်ရဲ့နုတ်ကပေးမယ့် Command ပဲနားထောင် အာရုံစိုက်ရမှာပါ...ခေါင်းဆောင်က Command ပေးလိုက်တိုင်းမှာ ညီညာဖျက်လက်စွာနဲ့ အားကြိုးမာန်တက်လုပ်နိုင်ရင် အမိန့်နာခံမှုကောင်းတယ်လို့ ပြောလို့ရတယ်...စည်းကမ်းသေသပ်မှုကို ကြည့်မယ်ဆိုရင်လည်း အကြမ်းဖျင်းအားဖြင့် စစ်သည်တစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်...ယူနီဖောင်းကို သေသပ်စွာ ၀တ်ဆင်မထားဘူး သတ်မှတ်ထားတဲ့ အဆောင်ယောင်တွေ မပါရှိမတပ်ဆင်ထားဘူးဆိုရင် ဒီရဲဘော်ဟာ စည်းကမ်းသေသပ်မှု အားနည်းသေးတယ်လို့ ပြောလို့ရတယ်...ဒါကြောင့် စစ်ရေးပြတစ်ခုမှာ အမိန့်နာခံတတ်မှု နဲ့ စည်းကမ်းသေ၀ပ်မှု ဘယ်လောက်ရှိတယ်ဆိုတာကို တပ်မတော်စစ်ရေးပြတွေမှာ ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်...လူတစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှုဟာ အရေးကြီးပါတယ်...စစ်သားမှမဟုတ်ပါဘူး သာမန်အရပ်သားတွေမှာလည်း လိုအပ်ပါတယ်...လူတစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှုကိုကြည့်ခြင်းအားဖြင့် သူ့ရဲ့အခြေနေကို အကြမ်းဖျင်းခန့်မှန်းလို့ရပါတယ်...

နိဂုံးချုပ်အနေနဲ့ ပြောရရင် စစ်ရေးပြရဲ့ရည်ရွယ်ချက်ထဲမှာ တပ်မတော်သားတစ်ယောက်အနေနဲ့ စစ်စည်းကမ်းလိုက်နာမှုနဲ့ အမိန့်နာခံမှုဘယ်လောက်ကောင်းလဲဆိုတာပြသခြင်း နဲ့ မကြာမှီအချိန်တွင်းမှာ ရောက်ရှိလာတော့မယ် ၆၄ နှစ်မြောက် မြန်မာ့တပ်မတော်နေ့မှာ စစ်ရေးပြသကြမည့် မြန်မာ့တပ်မတော်သားများရဲ့ စည်းကမ်းသေ၀ပ်မှုနဲ့ အမိန့်နာခံမှု ဘယ်လောက်ရှိလဲဆိုတာကို တပ်မတော်နေ့ စစ်ရေးပြကနေပြီးတော့ သက်သေပြပါတော့မည် ဆိုတဲ့အကြောင်း ရေးသားတင်ပြလိုက်ရပါသည်...။

3 comments:

mgnge said...

စစ်ရေးပြဆို မှသွား သတိရတယ် ဘို အာရ...။ တို့ ဗိုလ်လောင်းပထမ နှစ် ဖြေအပြီး ခွင့် ပြန်တော့လေ .. မန္တလေး ဘူတာ ကြီးမှာ လမ်းသလား နေတုန်း ရွှေ မန္တ လာသူတွေ တို့ ကို ဘယ်ညာ လိုက်အော်နေတာ...လေ။။။ အဲ့တုန်း ကခြေ လှမ်းတောင် မှားချင်သွားတယ် :D
ခုတော့လာထား လို့ သွာပြောလိုက်ချင်ပ့ါ နော့်..။

Anonymous said...

မှတ်သားသွားပါတယ်။ ဘာကြောင့်စစ်ရေးပြလုပ်တယ်ဆိုတာ။

ကျုပ်သိတာက ပန်းကုံးမရတဲ့ရဲဘော်တွေဆို သနားတယ်။ ပန်းကုံးအများကြီးရတဲ့ ရှေ့ က ဓါးကိုင် အရာရှိဆီက နည်းနည်း သွားတောင်းပေးချင်တာ
း)

ချီတတ်တဲ့နေရာကသိပ်မထူးခြားပါဘူး။ ဒါမယ့် လမ်းအကွေ့ ကွေ့ ရင် သိပ်သဘောကျတယ်။ ညီနေတာဘဲ ခြေထောက်လေးတွေ။
း)

ဘာပရောဂမှမပါဘူးနော်
ထပ်ပြောတယ်
း)

Anonymous said...

အင်းဟုတ်တယ် အန်တီမီးမီးငယ် :)...ရဲဘော်တိုင်း ပန်းကုံးရရင်တော့ကောင်းတာပေါ့...အတွင်းထဲဝင်လို့ကလည်း မရဘူးလေ အတွင်းထဲထိ ၀င်ပြီးတော့ ပန်းကုံးစွပ်ရင်လည်း အချိန်တွေကြာသွားမယ်..ချီတက်နေတဲ့ Squad ကြီးကလည်း ဖရိုဖရဲဖြစ်သွားနိုင်တယ်...အခုဘေးကေသူတွေကိုပဲ ပန်းကုံးစွပ်တာတောင် မနည်းထိန်းလျှောက်ထားရတယ်...နောက်ပြီးတော့ စစ်ရေးပြ ချီတက်ရမယ့် အချိန်ဟာလည်း ကြန့်ကြာသွားနိုင်တယ်လေ...လူအင်အားက အများကြီးလေ...အဲဒါကြောင့် Squad ရဲ့ဘေးမှာရှိတဲ့ ရဲဘော်တွေနဲ့ ရှေ့က အရာရှိတွေလောက်ပဲ ပန်းကုံးစွပ်ကြတာပါ...:)

Subscribe to: Post Comments (Atom)