NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

မော်စကိုမှာ သာတဲ့လ

နေရာတိုင်းမှာ နှင်းခဲတွေနဲ့ပဲ ဖုံးလွှမ်း မြင်နေရတဲ့ မော်စကိုဆောင်းရာသီမှာ ကောင်းကင် တစ်ခုလုံးဟာလည်း မြူမှုန်တွေနဲ့ပဲ ပြည့်နှက်နေလို့ 'နေ' ဆိုတာ ရှိလို့လားလို့တောင် မေးရတယ်...အမိနိုင်ငံမှာတော့ ပူလောင်လွန်းတဲ့ နေ ကိုအလိုမကျဖြစ်နေမိတယ်...ဒီမှာကြတော့လည်း ပူလောင်တဲ့ နေ လေးကို သတိရမိသား...အပူများတော့ အအေးကို တောင်းတမိ အအေးများတော့ အပူကို တောင်းတမိတယ်...ဘယ်အရာမှ ပြီးပြည့်စုံတာ မရှိပါလား...ဆောင်းရာသီဖြစ်တဲ့အတွက်မို့ လွှတ်ပေးနေတဲ့ အခန်းထဲက Heater ကလည်း တော်တော်ပူနေတယ်...ပူအိုက်လို့ ပြတင်းပေါက်ကို ဖွင့်လို့ အမှတ်မထင် ကောင်းကင်ကို ကြည့်လိုက်တဲ့ အချိန်မှာ ပြုံးမိသွားတယ်...ဘာဖြစ်လို့လည်းဆိုတော့ မြင်ရခဲတဲ့ မော်စကိုမှာ သာတဲ့လ လေးကို တွေ့လိုက်ရလို့ပါ...လသာတာနဲ့ ဘာမှမဆိုင်ပဲ မြန်မာနိုင်ငံကို ပြေးပြီးတော့ သတိရနေတယ်...အကြောင်းတော့ ရှိမှာပေါ့နော်...မြန်မာနိုင်ငံမှာ ကလေးဘ၀တည်းက လသာရင် ကစားကြတယ်လေ...ကြီးလာတော့လည်း လပြည့်နေတွေဆိုပြီးတော့ ဘုရားဖူးသွားကြနဲ့ အမှတ်ရစရာလေးတွေပါ...အခုခေတ်မှာကတော့ ဘုရားဖူးက အပျော်သဘောမျိုးဖြစ်နေကြတယ်...သာယာလှပအေးချမ်းတဲ့ လမင်းကြီးကို မုန်းတီးမယ့်သူ ရှိမယ်မထင်ပါဘူးနော်...သူက နေမင်းကြီးလို မပူလောင်ပဲ ကမ္ဘာကြီးကို အေးချမ်းစွာနဲ့ အလင်းရောင်တွေပေးနေတော့ သူ့ကို ချစ်ကြတာ ဓမ္မတာပါပဲ...နေမင်းကြီးနဲ့ လမင်းကြီးဟာ လူသားတွေကို အတူတူပဲ အကျိုးပြုနေကြတာ...ဒါပေမယ့်လည်း နေမင်းကြီးဟာ စေတနာရှိရှိနဲ့ အလင်းတွေပေးနေပေမယ့်လည်း သူတစ်ပါးကို ပူလောင်စေခဲ့တယ်လေ...မိမိရဲ့ စေတနာဟာ တစ်ပါးသူကို အနည်းငယ်ထိခိုက်မိတော့ မိမိရဲ့စေတနာဟာ အပြည့်ဝ အကျိုးမရှိဖြစ်သွားတယ်လေ...လမင်းကြီးကတော့ မှောင်မိုက်တဲ့ ညအချိန်မှာ လူသားတွေကို အေးမြစွာနဲ့ အလင်းရောင်တွေပေးလေ့ရှိတယ်...ဒါပေမယ့် သူက တခါတရံပဲ ပေးတယ်...အဲဒီ တခါတရံ သူပေးတဲ့ အနည်းငယ်သော အလင်းရောင် စေတနာဟာ လူသားတွေအတွက် ရာနှုန်းပြည့် အကျိုးရှိပြီးတော့ တစ်ပါးသူကို မထိခိုက် မနာကျင်စေတော့ လူသားတွေက လမင်းကြီးကိုပဲ ပိုပြီးတော့ ခုံမင်တက်မက်မောကြတယ်...နူးညံ့စွာနဲ့ နှလုံးသား ကဗျာတွေနဲ့ လမင်းကြီးကို ရေးစပ်လေ့ရှိတယ်...ကျွန်တော်လည်း ဒီလို လှပပြီးတော့ အေးမြလှတဲ့ လမင်းကြီးကို အခွင့်ကြုံကြိုက်တုန်း စကားလေးတစ်ခွန်းပြောပါရစေ...လမင်းကြီးရေ ကျွန်တော်တို့ မော်စကိုမှာ ရှိတဲ့ ညီအကိုတွေရဲ့ အပြုံးတွေ အလွမ်းတွေ အချစ်တွေကို လမင်းကြီးကနေတစ်ဆင့် မိုင်ပေါင်းများစွာဝေးကွာနေတဲ့ သူတို့ရဲ့ ချစ်သူလေးတွေဆီကို သယ်ဆောင်သွားပေးပါလို့....:D

အပြည့်အစုံသို့...

တောင်သူလယ်သမားနေ့

လူတွေအများစုက ဘာဖြစ်လို့ ကျေးလက်တောသူတောင်သားတွေ ဆင်းရဲသားတွေကို အထင်သေးစိတ်နဲ့ အဆင့်တန်းခွဲခြားစိတ်တွေထားခြင်နေကြတာလည်းမသိဘူးနော်...နိုင်ငံတိုင်းမှာ ဆင်းရဲသားတွေ နဲ့ တောင်သူလယ်သမားတွေဆိုတာ ရှိစမြဲပါပဲ...ဆင်းရဲသားတွေ မရှိရင် ချမ်းသာတဲ့သူတွေလည်း ရှိမှာမဟုတ်ပါဘူး...အားလုံးဟာ ချမ်းသာနေရင် အောက်ခြေအလုပ်တွေကို ဘယ်သူမှ လုပ်ခြင်ကြမှာမဟုတ်ဘူး...ဒီလို ပင်ပန်းဆင်းရဲစွာနဲ့ လူသားတွေအသက်ရှင်ဖို့အတွက် စားသောက်ကုန်တွေကို ပင်ပန်းဆင်းရဲစွာနဲ့ ရွှံ့ဗွက်တွေထဲမှာ တစ်နေ့ကုန် ရုန်းကန်ကြိုးစားနေရတဲ့ တောင်သူလယ်သမားတွေရဲ့ ကျေးဇူးဟာလည်း လူသားတွေအပေါ်မှာ အင်မတန်မှာ ကျေးဇူးကြီးလှပါပေတယ်....ပိုက်ဆံရှိတဲ့ ကိုကို မမ များက ငွေရှိရင် အရာရာပြီးပြည့်စုံတယ်လို့ဆိုကြပေမယ့် ဒီတောင်သူဦးကြီးတွေသာ မရှိရင် ငွေဟာအလကားပါပဲ...မိုက်မဲတဲ့သူများကတော့ သူတို့ ပညာမတတ်လို့ ရှေးဘ၀က မကောင်းတာလုပ်လို့ ဒီလိုဆင်းရဲနေတာပဲ ဘာဖြစ်လို့ သနားရမှာလဲ ကျေးဇူးတင်ရမှာလဲလို့ ပြောကြမှာပဲ...ဒါပေမယ့် ဘယ်လိုအကြောင်းကြောင်းကြောင့် လူ့ဘ၀ကိုရောက်ရှိလာပါစေ လူသားဟာ လူသားပါပဲ....မိမိစားနေတဲ့ ဆန်စပါးများကို ပိုက်ဆံပေးပြီးတော့ ၀ယ်စားရကြပေမယ့်လည်း တောင်သူဦးကြီးတွေသာ မရှိရင် လူသားတွေအတွက် စားဝတ်နေရေးဟာ အင်မတန်ခက်ခဲလှပါပေတယ်....ဒီလိုလူသားတွေအတွက် အသက်ရှင်သန်ဖို့အတွက် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေရတဲ့ တောင်သူဦးကြီးများရဲ့ကျေးဇူးကို အမြဲအောက်မေ့ သတိရသင့်ပါတယ်...တောင်သူဦးကြီးများဟာ မိမိဝမ်းစာအတွက် ဒီ လယ်သမားအလုပ်ကို လုပ်ကိုင်ကြရတာ မှန်ပေမယ့် မိမိတို့ ထုတ်လုပ်စိုက်ပျိုးလိုက်တဲ့ သီးနှံစားပင်များကို လူသားတွေအပေါ်မှာ အစစအရာရာ ဘေးအန္တရာယ်ကင်းအောင် စေတနာနဲ့ စိုက်ပျိုးပေးကြပါတယ်...မိမိ ပိုက်ဆံရရင် ပြီးရောဆိုပြီးတော့ အန္တရာယ်ရှိတဲ့ဆေးများကို သုံးစွဲပြီးတော့ သီးနှံများကို မစိုက်ပျိုးကြပါဘူး...တောင်သူဦးကြီးများရဲ့ ကျေးဇူးဟာ ကြီးမားလှတဲ့အတွက် ကျွန်တော်တို့ ငယ်စဉ်ကလေးတည်းက တောင်သူဦးကြီးများ အကြောင်းကို သင်ကြားခဲ့ရပေတယ်...ကျွန်တော်တို့ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မိုလို့ ပိုပြီးတော့ တောင်သူဦးကြီးများကို အလေးနက်ထားပြီးတော့ ပြုလုပ်ပေးရပါတယ်...တောင်သူဦးကြီးများရဲ့ လိုအပ်ချက်များကိုလည်း မိမိတို့ တတ်နိုင်သလောက် ကူညီရပါတယ်....ကူလည်း ကူညီသင့်ပါတယ်...ယခုမျက်မှောက်ခေတ်ကာလမှာ တောင်သူဦးကြီးများဟာ မိမိတို့ရဲ့ ၀င်ငွေပေါ် မူတည်ပြီးတော့ မိမိတတ်နိုင်ရင် တတ်နိုင်သလောက် လယ်များတွင် ထွန်ယက်ဖို့အတွက် ခိုင်းနွားများအစား လယ်ထွန်စက်တွေကို အသုံးပြုလာကြတာကိုတွေ့ရပါတယ်...မိမိတို့နိုင်ငံမှာ စိုက်ပျိုးရေးကိုသာ အဓိကထားရတဲ့အတွက်မို့ ဖြစ်နိုင်ရင် တောင်သူလယ်သမားအားလုံးဟာ လယ်ထွန်စက်တွေနဲ့ပဲ ထွန်ယက်နေရရင် အရမ်းကောင်းမှာပါ...ပင်ပန်းမှုတွေ ကျဆင်းသွားမယ့်အပြင် လုပ်ငန်းများဟာလည်း ပိုမိုတွင်ကျယ်လာမှာဖြစ်တဲ့အတွက် အချိန်အတောတွင်းမှာပဲ တောင်သူဦးကြီးတွေရဲ့ တစ်ယောက်ခြင်းစီရဲ့ ၀င်ငွေဟာလည်းပိုပြီးတော့ မြန်ဆန်လာကြမှာပါ...ပင်ပန်းဆင်းရဲစွာလုပ်ကိုင်နေတဲ့တောင်သူဦးကြီးတွေရဲ့ စားဝတ်နေရေးအဆင်ပြေ ကျန်းမာကြံ့ခိုင်မှသာလျှင် ကျန်သော နိုင်ငံသူနိုင်ငံသားအားလုံးဟာလည်း စားဝတ်နေရေးပြေလည်ရမှာပါ....ဒီ လူသားတွေရဲ့ သံသရာစက်ဝန်းကြီးမှာ တောင်သူဦးကြီးတွေရဲ့ စက်ဝန်းကြီးဟာ အင်မတန်မှ အရေးကြီးပါတယ်...သူတို့ရဲ့ စက်ဝန်းကြီးသာ ပျက်စီးသွားခဲ့ရင် ကျန်သော စက်ဝန်းကြီးများဟာ လည်ပတ်ဖို့ရာခဲယဉ်းသွားပေလိမ့်မည်...မြန်မာနိုင်ငံရဲ့ ဆန်အိုံးကြီးကို ဖြည့်တင်းပေးနေရတာ တောင်သူဦးကြီးတွေပါ....ဒါကြောင့် ဒီလို ကျေးဇူးကြီးမားလှတဲ့ အရာတွေထဲမှာ တောင်သူဦးကြီးများဟာလည်း တစ်ခုအပါဝင် မဟုတ်ဘူးလားဗျာ...ရှေးရှေးကတည်းက အစဉ်အလာကြီးမားခဲ့တဲ့ တောင်သူဦးကြီးတွေကို လူတွေက မေ့နေတတ်ကြပါတယ်...ဒီလိုကြီးမားမှုကြောင့် မြန်မာ့သမိုင်းမှာ တောင်သူလယ်သမားနေ့ဆိုပြီးတော့ ပေါ်ပေါက်လာရတာပဲမဟုတ်လား....၂၀၀၉ ခုနှစ် မတ်လ ၂ ရက်တွင် ကျရောက်သော တောင်သူဦးကြီးများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနဲ့ ကျန်းမာ ချမ်းသာ ကြပါစေလို့ ဒီနေရာကနေ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်....

အပြည့်အစုံသို့...

ကချင်ပြည်နယ် အမှတ်တရ (၂)

ဟေ့ ဟေ့ .. ခေါ်သံကြားလို့ နောက်ကို လှည့်ကြည့်လိုက်တယ်...ပြုံးစိစိနဲ့ ကောင်မလေးတစ်စု ...၆ ယောက်လောက်တော့ရှိမယ်...ကိုယ်နဲ့လည်းမသိပါဘူးလို့...နည်းနည်းတောင်ကြောင်သွားတယ်...ကျွန်တော်တို့အဖွဲ့က ရှေ့ရောက်နေပြီ...ကျွန်တော်က ဟိုငေး ဒီငေး နဲ့ စိတ်ဝင်စားစရာလေးတွေကို ဈေးတန်းထဲမှာ လျှောက်ကြည့်နေတယ်...နောက်တော့မှ သိလိုက်ပါတယ် ကောင်မလေးတွေက ကျွန်တော့်ကို လိုက်စနေတာကိုး...တစ်ယောက်တည်းဆိုရင် ဒီလိုပါပဲ ကောင်မလေးတွေက မနိုင်ဘူး :)...တစ်ယောက်တည်းဆိုတော့ သူတို့ကိုလည်း ပြန်မစရဲဘူး ဆိုတော့ မြန်မြန်အလစ်သုတ်လာရတယ်...သူတို့နဲ့ ဝေးသွားမှပဲ စိတ်အေးရတယ်... ဒီရောက်မှပဲ ပြောင်းပြန်ဖြစ်နေပြီ...ကိုယ့်ကောင်တွေကို မနည်းလိုက်ရှာရတယ် ဈေးတန်းထဲမှာက လူတွေက အများကြီးပဲ...ရှာရင်းရှာရင်းနဲ့ ကိုယ့်ကောင်တွေကို မတွေ့ဘူး စောစောက ကောင်မလေးတွေနဲ့ ပြန်တိုးနေတယ်...ဒုက္ခတော့ ရောက်ပြီထင်တယ်..:)...မဖြစ်သေးပါဘူး ထွက်ပေါက်ရှာအုံးမှဆိုပြီးတော့ လူတွေကြားထဲကို အတင်းတိုးထွက်လာရတယ်....အခုမှပဲ ကိုယ့်ကောင်တွေကို ပြန်တွေ့တော့တယ်...ဒီကောင်တွေက ကလေးကလား နဲ့ချားစီးနေတယ်လေ တိုးဝှေ့ပြီးတော့....မထူးပါဘူးဆိုပြီးတော့ ကိုယ်ပါ လိုက်စီးလိုက်တယ်.:)..ပြီးသွားတာနဲ့ ဈေးတန်းထဲကနေထွက်လာပြီးတော့ ဇာတ်ရုံတွေရှိတဲ့ဘက်ကို သွားကြည့်ကြတယ်...ပြဇာတ်ကိုမကြည့်ခင်မှာ ဇာတ်ရုံအ၀င်ဝမှာပဲပထမဆုံး ခင်းကျင်းပြသထားတဲ့ ကချင်ရိုးရာ အသုံးဆောင် ပစ္စည်းတွေ နဲ့ နိုင်ငံတော်က ခင်းကျင်းပြသတဲ့ ပြကွက်လေးတွေကို လျှောက်ကြည့်ကြတယ်...စိတ်ဝင်စားစရာလေးတွေကြည့်ပါပဲ...ကချင်ရိုးရာ အသုံးဆောင် ပစ္စည်းတွေကိုတော့ မမြင်ဘူးတော့ ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတယ်...အဲဒီမှာ ရောင်းတဲ့ မနောတိုင်ပုံလေးတွေနဲ့ စွပ်ကျယ်လေးတောင် အမှတ်တရတောင် ၀ယ်ခဲ့သေးတယ်...မီးပုံကြီးမှာ ၀ိုင်းဖွဲပြီးတော့ က တဲ့နေရာကိုတောင် ၀င်ကလိုက်သေးတယ်...မိုက်တယ်...ဇာတ်ခုံကလည်း ၂ ခုဆိုတော့ ဟိုဟာပြေးကြည့်လိုက် ဒီဟာကြည့်လိုက်နဲ့ ပျော်စရာတော့ကောင်းတယ်....အရင်တုန်းက ဒီလို တိုင်းရင်းသားအကတွေကို ရုပ်ရှင်တီဗွီ ထဲမှာပဲမြင်ဘူးတာ...အခုတော့ ကိုယ်တိုင် မျက်စိနဲ့တွေ့လိုက်ရတော့ ပျော်စရာကောင်းနေတယ်...ဒါမျိုးလေးတွေက ကြုံရခဲတယ်လေ...မြန်မာ ရိုးရာပွဲတော်တွေက အမြဲတမ်းမြင်တွေ့ ရောက်ရှိနေတာဆိုတော့ ရိုးနေပေမယ့် ဒီလို တိုင်းရင်းသားပွဲတော်လေးတွေကို ကြည့်ရတာက မျက်စိထဲမှာ ထူးဆန်းနေပြီးတော့ မရိုးနိုင်အောင်ပါပဲ...ဇာတ်ခုံပေါ်က သီချင်းသံတွေ လူငယ်တွေရဲ့ ပျော်ရွှင်မှု့ အသံတွေနဲ့ အလှမီးဖွားလေးတွေရဲ့ ပစ်ဖောက်သံတွေဟာလည်း မြစ်ကြီးနားမြို့ကြီး တစ်ခုလုံးကို ထိန်လင်းပြီးတော့ အသံတွေ ဖုန်းလွမ်းနေတော့တယ်....မိမိ တာဝန်ကျရာ တပ်ကို သတင်းပို့ရမယ့်နေ့ကိုတောင် မေ့နေတယ်..:)...နောက်နေ့ တစ်ရက်မှာ တပ်ကို မသွားခင်မှာ မြစ်ကြီးနားမြို့မှာရှိတဲ့ ဗလမင်းထင်တံတားကြီးကိုလည်း သွားကြည့်လိုက်သေးတယ်...ဧရာဝတီ မြစ်ရဲ့အလှကို ဗလမင်းထင် တံတားပေါ်ကနေကြည့်ပြီးတော့ သဘာဝ ရှုခင်းလေးတွေကို ကြည့်ရတာလည်း တစ်မျိုးလေးပါပဲ...နောက်ပိုင်း တပ်မှာတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ မြစ်ကြီးနားမှာရှိတဲ့ မေခ နဲ့ မေလိခ ပေါင်းစုံတဲ့နေရာလေးကိုလည်း သွားလည်ဖူးခဲ့တယ်...အရင်က ကြားဘူးပေမယ့် အခုတော့ ကိုယ်တိုင်မြင်ရလို့ ကျေနပ်မိနေတယ်...ကချင်ပြည်နယ်လေးဟာ အင်မတန်မှ အေးချမ်းလှတဲ့ နေရာလေးတစ်ခုပါ...တောတောင်တွေ ထူထပ်ပြီးတော့ သဘာဝရှုခင်းများဟာလည်း ရှုမောဖွယ်ကောင်းလှပါပေတယ်...ကံမကုန်သေးလို့ ပြန်ဆုံခွင့် ရှိခဲ့မယ်ဆိုရင် အလှတရားတွေနဲ့ ပြည့်စုံနေတဲ့ ကချင်ပြည်နယ်လေးကို ပြေးလို့လာပါအုံးမည်....ရိုးရာဝတ်စုံလေးတွေနဲ့ ရှုမငြီးနိုင်တဲ့ ကချင်တိုင်းရင်းသူလေးတွေနဲ့ သာယာအေးချမ်းလှပတဲ့ ကချင်ပြည်နယ်ကြီးကို အမှတ်တရ လွမ်းနေဆဲပါလို့...:D

အပြည့်အစုံသို့...

ကချင်ပြည်နယ် အမှတ်တရ(၁)

နားထဲကို စူးနစ်ဝင်လာတဲ့ ရထားဥသြဆွဲသံနှင့်အတူ မန္တလေးမြို့ ဘူတာကြီးမှ ထွက်ခွာလာသော အမြန်ရထားကြီး သည် အေးချမ်းသာယာလှပတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကို ခုတ်မောင်းလာနေသည်...လမ်းဘေးဝဲယာက စိမ်းလန်းစိုပြည်နေတဲ့ လယ်ကွင်းတွေ တောတောင်တန်းတွေကို ကြည့်ရင်းနဲ့ အတွေးတွေလွင့်မျောလျှက်ပေါ့...၀မ်းနည်းခြင်း ၀မ်းသာခြင်းတွေနဲ့ ပြည့်နှက်နေတာတွေရယ်နဲ့ စိတ်လှုပ်ရှားခဲ့ရသော နေ့ရက်လေးတွေပါ...၀မ်းနည်းခြင်း ဆိုသည်မှာ ၃ နှစ်တာကာလပတ်လုံး သင်ကြားခဲ့တဲ့ အမိ စစ်တက္ကသိုလ်ကြီးမှ ခွဲခွာလာရတာရယ် အေးချမ်းလှတဲ့ တချိန်ကခေါ်ဆိုခဲ့တဲ့ ပန်းမြို့တော် တောင်လှေကားမြို့တော် နှင်းမြို့တော် နဲ့ ယခုခေါ်ဆိုသော ပြင်ဦးလွင် မြို့လေးကို ရုတ်တရက် ခွဲခွာနှုတ်ဆက်ခဲ့ရလို့ပါ...၀မ်းသာခြင်း ဆိုတာကတော့ အမိ စစ်တက္ကသိုလ်မှ ကျောင်းဆင်းပြီးတဲ့ အချိန်မှာ လက်တွေ့နယ်ပယ်ဖြစ်သော မိမိတာဝန်ထမ်းဆောင်ရမယ့် တပ် ကိုသွားရတော့မှာဖြစ်တဲ့အတွက်ကြောင့်ပါ..ဘာကြောင့် စိတ်လှုပ်ရှားရတာလည်းဆိုတာကတော့ လက်တွေ့နယ်ပယ်မှာ မိမိထမ်းဆောင်ရမယ့် တပ် ကိုသွားရောက် သတင်းပို့ရမှာရယ်နဲ့ ကချင်ပြည်နယ်ကို ရောက်လိမ့်မယ်လို့လည်းမထင်ခဲ့ပဲ အမှတ်မထင် ရောက်ရှိခဲ့အတွက်ကြောင့်မို့ အနည်းငယ် စိတ်လှုပ်ရှားမိပါတယ်...တပ်ကို မရောက်ခင်မှာပဲ မြစ်ကြီးနားမြို့ကြီးက ကံကောင်းခြင်းလက်ဆောင်တွေနဲ့ ဆီကြိုးနေတာကိုတွေ့ရပါတယ်...ကချင် မနောပွဲဆိုတဲ့ ပွဲတော်ကြီးက ကျွန်တော်တို့ လာတဲ့အချိန်မှာပဲ ကျင်းပနေတာကို တွေ့လိုက်ရတယ်...ကချင်ပြည်နယ်ကို ရောက်ခါစ ပျော်ရွှင်မှုတွေက အဲဒီ့ ပွဲတော်က စမယ်ဆိုရင် မမှားမပါဘူး...အင်မတန်မှ စည်ကားသိုက်မြိုက်လှတဲ့ ပွဲတော်ကြီး တစ်ခုပါ...မန္တလေးမြို့မှ ရထားနှင့် ထွက်ခွာလာတဲ့အချိန်မှာ ရထားပေါ်မှာ ကချင်တိုင်းရင်းသူ တိုင်းရင်းသားတွေ အများပြားတွေ့ရတယ်....ဘကြောင့်လည်းဆိုတော့ သူတို့ရဲ့ အလေးနက်ထားတဲ့ ဒီပွဲတော်ကြီးကို အရောက်လာအားပေးကြမှာလေ...ဒီပွဲတော်ကြီးကို ကျင်းပတဲ့အချိန်မှာ မြန်မာနိုင်ငံ မှာ ရှိတဲ့ ကချင်တွေ အားလုံးဟာ အတတ်နိုင်ဆုံး လာရောက်အားပေးကြတာကိုတွေ့ရပါတယ်...ရထားပေါ်မှာ အတူစီးရင်း ၁ ခုံတည်းမှာ ထိုင်ခဲ့တဲ့ ကချင်မလေးဆိုရင် ကျိုင်းတုံ ဘက်ကနေပြီးတော့ လာတာပါတဲ့...မနောပွဲရှိတဲ့အတွက်မို့ ဝေးနေသော်လည်း လာရောက်အားပေးကြတယ်လေ...မြစ်ကြီးနားကို ရောက်လို့ မိမိတာဝန်ကျရာ တပ်တွေကို သတင်းမပို့ခင်မှာ ကချင်မနောပွဲလေးကို အပြေးသွားကြည့်လိုက်တယ် နေ့တိုင်းပဲ...ဇာတ်ခုံ ၂ ခုဆောက်ထားတာ တွေ့ရတယ်...ဘယ်ဘက်ကဇာတ်ခုံမှာ ကချင်တိုင်းရင်းသားပေါင်းစုံအက နဲ့ ကချင်အဆိုတော်တွေ လာဆိုကြတယ်..ရေဗက္ကာ တို့ L-ဆိုင်းဇီ တို့ လာဆိုကြတယ်...ညာဘက် ဇာတ်ခုံမှာတော့ ကြော်ငြာမော်ဒယ်တွေနဲ့ ကပြတဲ့ နေရာပေါ့...ပွဲခင်းထဲမှာ ဟိုဘက်ပြေးကြည့် ဒီဘက်ပြေးကြည့်နဲ့ တော်တော်ကြည့်လို့ကောင်းတယ်...နောက်ပြီးတော့ ပွဲခင်းပတ်လည်မှာ ကချင်တိုင်းရင်းသားတွေရဲ့ ရိုးရာအသုံးဆောင် ပစ္စည်းတွေ နဲ့ နိုင်ငံတော်က ခင်းကျင်းပြသတဲ့ ပြကွက်များစွာတွေဟာလည်း ပွဲကြည့် ပရိတ်သတ်များကို ဆွဲဆောင်လျှက်ရှိတယ်...ပွဲဈေးတန်းက ကချင်ကောင်မလေးတွေ အကြောင်းကို မနက်ဖြန်မှာ ဆက်လက် တင်ပြပေးပါမည်။ :D

အပြည့်အစုံသို့...

ခေါင်းဆောင်(LEADER)

*ခေါင်းဆောင်*

"ခေါင်းဆောင်ဆိုသည်မှာ တာဝန်သိတတ်စွာဖြင့် မိမိအဖွဲ့စည်း အကျိုးစီးပွားအတွက် အသက်စွန့်သည်ထိ စွမ်းစွမ်းတမံတာဝန် ကျေပွန်အောင် ဆောင်ရွက်တတ်သူကို ခေါင်းဆောင်လို့ "ခေါ်တယ်...ခေါင်းဆောင် ဆိုတာနဲ့ အမြဲတမ်းမှန်ကန်ရမယ်လို့ မဆိုလိုပါဘူး...အမှားဆိုတာ

ရှိစမြဲပါပဲ...ဒါပေမယ့် အမှားနည်းအောင်တော့ လုပ်ဖို့လိုအပ်တာပေါ့...ခေါင်းဆောင် လုပ်သူက မိမိလက်အောက်ငယ်သားများကို "ငါခိုင်းသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့" လို့ပြောနေကြတဲ့ ခေါင်းဆောင်တွေ ရှိကြတယ်...ဒါဟာ မှားယွင်းတဲ့ လမ်းပြမှုတစ်ခု

ဖြစ်တယ်...မိမိကိုယ်တိုင်က မဟုတ်မမှန်တဲ့ အလုပ်လုပ်နေရင် လက်အောက်ငယ်သားတွေက မိမိကို ဘယ်လိုမှု့ လေးစားမှု့ ရှိလာမှာမဟုတ်ပါဘူး...အဲဒီလိုဖြစ်လာတဲ့ အချိန်မှာ အုပ်ချုပ်မှု့ ပိုင်းဆိုင်ရာမှာ ခက်ခဲမှုတွေနဲ့ ကြုံတွေလာကြလိမ့်မယ်...မိမိကိုယ်တိုင်က

မှန်ကန်သင့်တော်တဲ့ ရှေ့ဆောင်လမ်းပြလုပ်မှသာလျှင် လက်အောက်ငယ်သားများကလည်း မိမိနှင့်အတူလိုက်လုပ်ပြီး မိမိကို ယုံကြည်အားကိုးလာလိမ့်မယ်...အဲဒီအခါမှာ မိမိလက်အောက်ငယ်သားများကို အုပ်ချုပ်မှုလွယ်ကူလာလိမ့်မယ်...ခေါင်းဆောင်မှုဆိုတဲ့

ရပ်ဝန်းကြီးဟာ ကျယ်ပြန့်လှပါတယ်...ဒါကြောင့် ခေါင်းဆောင်ငယ်များအနေနဲ့ ခေါင်းဆောင်ဘာသာရပ်တွေကို အမြဲတစေလေ့လာ လိုက်စားဖို့ လိုအပ်ပါလိမ့်မယ်...ရာထူး ရှိတိုင်းလည်း ခေါင်းဆောင်မဖြစ်နိုင်ပါဘူး...အပေါ်ယံခေါင်းဆောင်တော့ ဖြစ်ခြင်ဖြစ်မှာပါ...မှန်ကန်တဲ့

ခေါင်းဆောင်မှုကို မပေးနိုင်ရင် ခေါင်းဆောင်မဖြစ်သလို မိမိလက်အောက်ငယ်သားများတွေကလည်း ခေါင်းဆောင်လို့ မသတ်မှတ်ရင် ခေါင်းဆောင်လို့ ခေါ်ဆိုလို့မရနိုင်ပါဘူး...မိမိလက်အောက်ငယ်သားများရဲ့ ယုံကြည်အားကိုးမှုတွေ ရရှိပြီးတော့ ခေါင်းဆောင်လို့ သတ်မှတ်မှသာ

ခေါင်းဆောင်မည်၏...ဒါကြောင့် ကျွန်တော်တို့ ခေါင်းဆောင်ငယ်များအနေနဲ့ ငါဟာ လက်အောင်ငယ်သားတွေရဲ့ ယုံကြည်အားကိုးချစ်ခင်ရတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ပြီးလား ဆိုတာတွေကို ပြန်လည်စမ်းသပ်မှုတွေလိုအပ်ပေလိမ့်မည်...

အပြည့်အစုံသို့...

စစ်သူကြီးအလွမ်း

♥မိုးစက်တွေကြွေ
မြေမှာခပေမယ့်
ခြေရာမပြနိုင်တာက
ရင်ထဲက ဒဏ်ရာတွေလေ...
♥တိမ်ရောင်တွေပြို
လျှပ်ရောင်တွေစိုလို့
ထစ်ချုန်း မစဲအောင်ရွာချပေမယ့်
တမ်းတသူ အပူလွမ်းကို
ရင်အေးအောင် မစွမ်းနိုင်တာ
သိစေချင်တယ်လေ...
♥လေအဝှေ့မှာ
သင်းပျံ့တဲ့ ပန်းရနံ့တွေ
ဘ၀င်တွေ့အောင်
ရှူရှိုက်ရပေမယ့်
ယစ်မှူးစွာ တပ်မက်ခဲ့တဲ့
ချစ်သူရနံ့လေးကို မမီ...
လေရယ်...
မင်းသယ်ဆောင်လာတဲ့
စပယ်ရနံ့လေးလည်း
ငါ့ကိုမဖြားယောင်းနိုင်ဘူးလေ...
♥အိုကွယ်...
မခံစားရအောင်
မိုးတွေရယ်မရွာ
လေပြည်မှာ ရနံ့မသင်းစေဖို့
တောင်းဆုချွေ စိတ်ဆန္ဒ
လိုမှမလိုအပ်တော့တာ
ချစ်သူက....သတိတရ ရှိရင်ပေါ့လေ။

LIEUTENANT KYAW THU AUNG

အပြည့်အစုံသို့...

MINISTRY OF FOREIGN AFFAIRS CALENDAR

မြန်မာနိုင်ငံရဲ့ နေ့ထူးနေမြတ်လေးတွေကို ငယ်စဉ်တည်းက သိထားပေမယ့်လည်း တစ်ခါတစ်ရံမှာ မေ့နေတတ်ကြပါတယ်....မိမိနိုင်ငံရဲ့ နေ့ထူးနေမြတ်လေးတွေကို မမှတ်မိခဲ့ရင် ကိုယ်ပိုင် NOTEBOOKလေးတွေမှာ မှတ်သားထားသင့်ပါတယ်....ကျွန်တော်တို့ ဒီမှာဆိုရင် ဆရာ/မ တွေက မေးတဲ့အခါမှာ အကုန်လုံးအလွတ်မရဘူးဖြစ်နေတယ်...ရက်စွဲတွေကို မေ့နေတတ်ကြပါတယ်....ဒါကြောင့် ခရစ်နှစ် ၂၀၀၉ခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၀-၇၁ ခုနှစ် အတွက် နေ့ထူးနေ့မြတ်(အားလပ်ရက်) နေ့လေးတွေကို ဖော်ပြပေးလိုက်ပါတယ်.... :D....
MYANMAR HOLIDAYS LIST FOR 2009

1)Independence Day ( 4-1-2009 )

2)Union Day (12-2-2009 )

3)Peasant's Day ( 2-3-2009)

4)Full Moon Day of Tabaung (10-3-2009 )

5)Armed Forces Day (27-3-2009 )

6)Thingyan Festival (12-4-2009 to 21-4-2009 )

7)Myanmar New Year Day (17-4-2009 )

8)May Day (1-5-2009 )

9)Full Moon Day of Kasone (8-5-2009 )

10)Full Moon Day of Waso (6-7-2009 )

11)Martyr's Day (19-7-2009)

12)Full Moon Day of Thadingyut (3-10-2009 )

13)Full Moon Day of Tasaungmone (1-11-2009 )

14)National Day (11-11-2009 )

15)Kayin New Year Day ( 16-12-2009 )

16)Christmas Day ( 25-12-2009 )

အပြည့်အစုံသို့...

နှင်းမှုန်ကြားထဲကအမေ

*ဆွေးမြည့်သောအကြည့်
နွေးထွေးသောရင်ခွင်
လှိုက်လှဲသောအပြုံးများနှင့် အမေ့ကို
သားနှုတ်ဆက်ခဲ့ပြီ...။
*ပန်းပုဆရာအလား အမေပုံသွင်းခဲ့တဲ့
အမေရဲ့သားတွေဟာ
နောင်တစ်ခေတ်ရည်မျှော်တဲ့
အောင်စစ်သည်တော်တွေပါ....အမေ။
*နှင်းမှုန်ကြားထဲ အေးစက်သောအပြုံးကို
မျက်နှာပေါ် ဆင်မြန်းပြီး
အမေ့သားရဲ့ခွဲခွာမှုကို
ဂုဏ်ယူလိုက်ပါ....အမေ။
*အမေထုဆစ်ခဲ့တဲ့ အမေရဲ့ သားတွေဟာ
အတောင်စုံလို့ အမေ့ကို
ခွဲခွာခဲ့ကြတာဟာ
သားကောင်းဇာနည်ပီသစွာ
နိုင်ငံတော်ကို
အလုပ်အကျွေးပြုဖို့အတွက်ပါ....အမေ။
*ဒီလိုပဲ
သားတွေဟာ
အမေ့ရင်ခွင်က ခွဲခွာပေမယ့်
မကုန်ခန်းနိုင်တဲ့
အမေ့ရဲ့ သားတွေဟာ
အမေ့ရဲ့ပညာရည်နို့ကို သောက်သုံးဖို့
အမေ့ရင်ခွင်ထဲကို
ရောက်လာကြဦးမယ်....အမေ။
*ဒီလိုရောက်လာမယ့်သားတွေကို
နွေးထွေးစွာကြိုဆိုမယ့်
အမေရဲ့
တည်ငြိမ်ရင့်ကျက်တဲ့ ရုပ်သဏ္ဍန်ကို
အဝေးတစ်နေရာကပဲ
သားဦးညွတ်လိုက်ပါတယ်....အမေ။
(အမေ=စစ်တက္ကသိုလ်)

CAPTAIN SEIN MYINT

အပြည့်အစုံသို့...

Subscribe to: Posts (Atom)