NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

မော်စကိုမှာ သာတဲ့လ

နေရာတိုင်းမှာ နှင်းခဲတွေနဲ့ပဲ ဖုံးလွှမ်း မြင်နေရတဲ့ မော်စကိုဆောင်းရာသီမှာ ကောင်းကင် တစ်ခုလုံးဟာလည်း မြူမှုန်တွေနဲ့ပဲ ပြည့်နှက်နေလို့ 'နေ' ဆိုတာ ရှိလို့လားလို့တောင် မေးရတယ်...အမိနိုင်ငံမှာတော့ ပူလောင်လွန်းတဲ့ နေ ကိုအလိုမကျဖြစ်နေမိတယ်...ဒီမှာကြတော့လည်း ပူလောင်တဲ့ နေ လေးကို သတိရမိသား...အပူများတော့ အအေးကို တောင်းတမိ အအေးများတော့ အပူကို တောင်းတမိတယ်...ဘယ်အရာမှ ပြီးပြည့်စုံတာ မရှိပါလား...ဆောင်းရာသီဖြစ်တဲ့အတွက်မို့ လွှတ်ပေးနေတဲ့ အခန်းထဲက Heater ကလည်း တော်တော်ပူနေတယ်...ပူအိုက်လို့ ပြတင်းပေါက်ကို ဖွင့်လို့ အမှတ်မထင် ကောင်းကင်ကို ကြည့်လိုက်တဲ့ အချိန်မှာ ပြုံးမိသွားတယ်...ဘာဖြစ်လို့လည်းဆိုတော့ မြင်ရခဲတဲ့ မော်စကိုမှာ သာတဲ့လ လေးကို တွေ့လိုက်ရလို့ပါ...လသာတာနဲ့ ဘာမှမဆိုင်ပဲ မြန်မာနိုင်ငံကို ပြေးပြီးတော့ သတိရနေတယ်...အကြောင်းတော့ ရှိမှာပေါ့နော်...မြန်မာနိုင်ငံမှာ ကလေးဘ၀တည်းက လသာရင် ကစားကြတယ်လေ...ကြီးလာတော့လည်း လပြည့်နေတွေဆိုပြီးတော့ ဘုရားဖူးသွားကြနဲ့ အမှတ်ရစရာလေးတွေပါ...အခုခေတ်မှာကတော့ ဘုရားဖူးက အပျော်သဘောမျိုးဖြစ်နေကြတယ်...သာယာလှပအေးချမ်းတဲ့ လမင်းကြီးကို မုန်းတီးမယ့်သူ ရှိမယ်မထင်ပါဘူးနော်...သူက နေမင်းကြီးလို မပူလောင်ပဲ ကမ္ဘာကြီးကို အေးချမ်းစွာနဲ့ အလင်းရောင်တွေပေးနေတော့ သူ့ကို ချစ်ကြတာ ဓမ္မတာပါပဲ...နေမင်းကြီးနဲ့ လမင်းကြီးဟာ လူသားတွေကို အတူတူပဲ အကျိုးပြုနေကြတာ...ဒါပေမယ့်လည်း နေမင်းကြီးဟာ စေတနာရှိရှိနဲ့ အလင်းတွေပေးနေပေမယ့်လည်း သူတစ်ပါးကို ပူလောင်စေခဲ့တယ်လေ...မိမိရဲ့ စေတနာဟာ တစ်ပါးသူကို အနည်းငယ်ထိခိုက်မိတော့ မိမိရဲ့စေတနာဟာ အပြည့်ဝ အကျိုးမရှိဖြစ်သွားတယ်လေ...လမင်းကြီးကတော့ မှောင်မိုက်တဲ့ ညအချိန်မှာ လူသားတွေကို အေးမြစွာနဲ့ အလင်းရောင်တွေပေးလေ့ရှိတယ်...ဒါပေမယ့် သူက တခါတရံပဲ ပေးတယ်...အဲဒီ တခါတရံ သူပေးတဲ့ အနည်းငယ်သော အလင်းရောင် စေတနာဟာ လူသားတွေအတွက် ရာနှုန်းပြည့် အကျိုးရှိပြီးတော့ တစ်ပါးသူကို မထိခိုက် မနာကျင်စေတော့ လူသားတွေက လမင်းကြီးကိုပဲ ပိုပြီးတော့ ခုံမင်တက်မက်မောကြတယ်...နူးညံ့စွာနဲ့ နှလုံးသား ကဗျာတွေနဲ့ လမင်းကြီးကို ရေးစပ်လေ့ရှိတယ်...ကျွန်တော်လည်း ဒီလို လှပပြီးတော့ အေးမြလှတဲ့ လမင်းကြီးကို အခွင့်ကြုံကြိုက်တုန်း စကားလေးတစ်ခွန်းပြောပါရစေ...လမင်းကြီးရေ ကျွန်တော်တို့ မော်စကိုမှာ ရှိတဲ့ ညီအကိုတွေရဲ့ အပြုံးတွေ အလွမ်းတွေ အချစ်တွေကို လမင်းကြီးကနေတစ်ဆင့် မိုင်ပေါင်းများစွာဝေးကွာနေတဲ့ သူတို့ရဲ့ ချစ်သူလေးတွေဆီကို သယ်ဆောင်သွားပေးပါလို့....:D

8 comments:

My Diary said...

အင်း
ဒါတော့မှန်တယ် (အဲလိုပြောလို့ ဘယ်သူက မှန်တယ်မှားတယ်ပြောခိုငးလို့လည်း) မပြောနဲ့နော်
ကိုယ်ချင်းစာမိတယ်။ အင်း ဟုတ်တယ် လမင်းကြီးကတဆင့် သူ့တို့ချစ်သူတွေဆီ သယ်ဆောင်သွားပေးပါလို့ ထပ်တူ ဆုတောင်းပေးခဲ့တယ်။
လသာတုန်း ဘိုင်းငင်လိုက်ဦးမယ် သားရယ်

mgnge said...

ညီ့ အတွက်ပါ ထည့်ပြောခိုင်းလိုက်နော်အကို ...။
အဲ့ဒါမှမရရင်အကို ပြန် ရင်လူကြုံ ပါးလိုက်မယ်
ဟိဟိ............။

နှင်းပွင့်ဖြူ said...

တစ်ဆင့်ပါးလိုက်လေ သယ်ပေးသွားမယ်........
service fee ကတော့ DHL / Fedex တို့ထက်တော့ဈေးကြီးမယ်နော် .. ဥရောပနဲ့ အာရှမို့......... ဟတ်ဟတ်း)

Anonymous said...

>မောင်ငယ် အေး ထည့်လိုက် မောင်ငယ်..Free တော့ မရဘူးနော် :D
>နှင်းပွင့်ဖြူ ရပါတယ်ဗျာ..အချစ်တွက် ဆိုရင် ကုန်ပါစေ. ပိုက်ဆံက အချစ်လောက် တန်ဖိုးမရှိပါဘူး ....ထည့်ပေးလိုက်မယ် :D

မီးမီးငယ် said...

လသာတဲ့ညတိုင်းသာ ဒီလိုလုပ်ပေးနေရရင် လမင်းနားချိန်ရှိပါ့မလား
း)

My Diary said...

မီးမီးငယ်ရေ ဟုတ်ပါ့နော် အားအားယား2
ဒါပေမယ့် လမင်းကတော့ ထောပီ လ နေ့တိုင်းပြည့်ပါစေ
ဒါမှ လမင်းကြီးချမ်းသာမှ ပိုက်2 သွားချေးလို့ရမှာ

မသက်ဇင် said...

လမင်းကြီးရေ ကျွန်တော်တို့ မော်စကိုမှာ ရှိတဲ့ ညီအကိုတွေရဲ့ အပြုံးတွေ အလွမ်းတွေ အချစ်တွေကို လမင်းကြီးကနေတစ်ဆင့် မိုင်ပေါင်းများစွာဝေးကွာနေတဲ့ သူတို့ရဲ့ ချစ်သူလေးတွေဆီကို သယ်ဆောင်သွားပေးပါလို့....:

အဲဒီ အပုဒ်လေး ကောင်းတယ်---

ကိုရဲ said...

ကောင်းသောညပါ လပြည့်ဝန်းကြီးခင်ဗျာ ။ အိပ်မက်လှလှမက်ပါရစေ ။

(ကိုရဲ)

Subscribe to: Post Comments (Atom)