NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

ကချင်ပြည်နယ် အမှတ်တရ (၂)

ဟေ့ ဟေ့ .. ခေါ်သံကြားလို့ နောက်ကို လှည့်ကြည့်လိုက်တယ်...ပြုံးစိစိနဲ့ ကောင်မလေးတစ်စု ...၆ ယောက်လောက်တော့ရှိမယ်...ကိုယ်နဲ့လည်းမသိပါဘူးလို့...နည်းနည်းတောင်ကြောင်သွားတယ်...ကျွန်တော်တို့အဖွဲ့က ရှေ့ရောက်နေပြီ...ကျွန်တော်က ဟိုငေး ဒီငေး နဲ့ စိတ်ဝင်စားစရာလေးတွေကို ဈေးတန်းထဲမှာ လျှောက်ကြည့်နေတယ်...နောက်တော့မှ သိလိုက်ပါတယ် ကောင်မလေးတွေက ကျွန်တော့်ကို လိုက်စနေတာကိုး...တစ်ယောက်တည်းဆိုရင် ဒီလိုပါပဲ ကောင်မလေးတွေက မနိုင်ဘူး :)...တစ်ယောက်တည်းဆိုတော့ သူတို့ကိုလည်း ပြန်မစရဲဘူး ဆိုတော့ မြန်မြန်အလစ်သုတ်လာရတယ်...သူတို့နဲ့ ဝေးသွားမှပဲ စိတ်အေးရတယ်... ဒီရောက်မှပဲ ပြောင်းပြန်ဖြစ်နေပြီ...ကိုယ့်ကောင်တွေကို မနည်းလိုက်ရှာရတယ် ဈေးတန်းထဲမှာက လူတွေက အများကြီးပဲ...ရှာရင်းရှာရင်းနဲ့ ကိုယ့်ကောင်တွေကို မတွေ့ဘူး စောစောက ကောင်မလေးတွေနဲ့ ပြန်တိုးနေတယ်...ဒုက္ခတော့ ရောက်ပြီထင်တယ်..:)...မဖြစ်သေးပါဘူး ထွက်ပေါက်ရှာအုံးမှဆိုပြီးတော့ လူတွေကြားထဲကို အတင်းတိုးထွက်လာရတယ်....အခုမှပဲ ကိုယ့်ကောင်တွေကို ပြန်တွေ့တော့တယ်...ဒီကောင်တွေက ကလေးကလား နဲ့ချားစီးနေတယ်လေ တိုးဝှေ့ပြီးတော့....မထူးပါဘူးဆိုပြီးတော့ ကိုယ်ပါ လိုက်စီးလိုက်တယ်.:)..ပြီးသွားတာနဲ့ ဈေးတန်းထဲကနေထွက်လာပြီးတော့ ဇာတ်ရုံတွေရှိတဲ့ဘက်ကို သွားကြည့်ကြတယ်...ပြဇာတ်ကိုမကြည့်ခင်မှာ ဇာတ်ရုံအ၀င်ဝမှာပဲပထမဆုံး ခင်းကျင်းပြသထားတဲ့ ကချင်ရိုးရာ အသုံးဆောင် ပစ္စည်းတွေ နဲ့ နိုင်ငံတော်က ခင်းကျင်းပြသတဲ့ ပြကွက်လေးတွေကို လျှောက်ကြည့်ကြတယ်...စိတ်ဝင်စားစရာလေးတွေကြည့်ပါပဲ...ကချင်ရိုးရာ အသုံးဆောင် ပစ္စည်းတွေကိုတော့ မမြင်ဘူးတော့ ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတယ်...အဲဒီမှာ ရောင်းတဲ့ မနောတိုင်ပုံလေးတွေနဲ့ စွပ်ကျယ်လေးတောင် အမှတ်တရတောင် ၀ယ်ခဲ့သေးတယ်...မီးပုံကြီးမှာ ၀ိုင်းဖွဲပြီးတော့ က တဲ့နေရာကိုတောင် ၀င်ကလိုက်သေးတယ်...မိုက်တယ်...ဇာတ်ခုံကလည်း ၂ ခုဆိုတော့ ဟိုဟာပြေးကြည့်လိုက် ဒီဟာကြည့်လိုက်နဲ့ ပျော်စရာတော့ကောင်းတယ်....အရင်တုန်းက ဒီလို တိုင်းရင်းသားအကတွေကို ရုပ်ရှင်တီဗွီ ထဲမှာပဲမြင်ဘူးတာ...အခုတော့ ကိုယ်တိုင် မျက်စိနဲ့တွေ့လိုက်ရတော့ ပျော်စရာကောင်းနေတယ်...ဒါမျိုးလေးတွေက ကြုံရခဲတယ်လေ...မြန်မာ ရိုးရာပွဲတော်တွေက အမြဲတမ်းမြင်တွေ့ ရောက်ရှိနေတာဆိုတော့ ရိုးနေပေမယ့် ဒီလို တိုင်းရင်းသားပွဲတော်လေးတွေကို ကြည့်ရတာက မျက်စိထဲမှာ ထူးဆန်းနေပြီးတော့ မရိုးနိုင်အောင်ပါပဲ...ဇာတ်ခုံပေါ်က သီချင်းသံတွေ လူငယ်တွေရဲ့ ပျော်ရွှင်မှု့ အသံတွေနဲ့ အလှမီးဖွားလေးတွေရဲ့ ပစ်ဖောက်သံတွေဟာလည်း မြစ်ကြီးနားမြို့ကြီး တစ်ခုလုံးကို ထိန်လင်းပြီးတော့ အသံတွေ ဖုန်းလွမ်းနေတော့တယ်....မိမိ တာဝန်ကျရာ တပ်ကို သတင်းပို့ရမယ့်နေ့ကိုတောင် မေ့နေတယ်..:)...နောက်နေ့ တစ်ရက်မှာ တပ်ကို မသွားခင်မှာ မြစ်ကြီးနားမြို့မှာရှိတဲ့ ဗလမင်းထင်တံတားကြီးကိုလည်း သွားကြည့်လိုက်သေးတယ်...ဧရာဝတီ မြစ်ရဲ့အလှကို ဗလမင်းထင် တံတားပေါ်ကနေကြည့်ပြီးတော့ သဘာဝ ရှုခင်းလေးတွေကို ကြည့်ရတာလည်း တစ်မျိုးလေးပါပဲ...နောက်ပိုင်း တပ်မှာတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ မြစ်ကြီးနားမှာရှိတဲ့ မေခ နဲ့ မေလိခ ပေါင်းစုံတဲ့နေရာလေးကိုလည်း သွားလည်ဖူးခဲ့တယ်...အရင်က ကြားဘူးပေမယ့် အခုတော့ ကိုယ်တိုင်မြင်ရလို့ ကျေနပ်မိနေတယ်...ကချင်ပြည်နယ်လေးဟာ အင်မတန်မှ အေးချမ်းလှတဲ့ နေရာလေးတစ်ခုပါ...တောတောင်တွေ ထူထပ်ပြီးတော့ သဘာဝရှုခင်းများဟာလည်း ရှုမောဖွယ်ကောင်းလှပါပေတယ်...ကံမကုန်သေးလို့ ပြန်ဆုံခွင့် ရှိခဲ့မယ်ဆိုရင် အလှတရားတွေနဲ့ ပြည့်စုံနေတဲ့ ကချင်ပြည်နယ်လေးကို ပြေးလို့လာပါအုံးမည်....ရိုးရာဝတ်စုံလေးတွေနဲ့ ရှုမငြီးနိုင်တဲ့ ကချင်တိုင်းရင်းသူလေးတွေနဲ့ သာယာအေးချမ်းလှပတဲ့ ကချင်ပြည်နယ်ကြီးကို အမှတ်တရ လွမ်းနေဆဲပါလို့...:D

7 comments:

နှင်းပွင့်ဖြူ said...

ကိုအာမီ..
ချားစီးတာ တော်တော်မှပျော်ရဲ.လား :)

Anonymous said...

ပျော်ဘူး :)

WWKM said...

အဲဒါမှ တို့ရဲ့ ကချင်ပြည်နယ်ကွ။ :D
ခေါပုတ်တို့ ၊ ပိန်းပေါင်းတို့ ၊ ဟင်းပေါင်းတို့ စားဖူးခဲ့ရဲ့လား ။း)

Anonymous said...

မနောတိုင်တွေကြားမှာ ပျော်နေပြီပေါ့
း)

Anonymous said...

မ ၀ါရေ ခေါပုတ် ပိန်းပေါင်း ဟင်းပေါင်း တို့ကတော့ တော်တော်ပေါတယ်...ကချင်ပြည်နယ်ထဲကို စရောက်တာနဲ့ ရထားဘူတာတွေမှာ စတွေ့ဘူးတာ အဲဒါတွေ...အထူးဆန်းလေးတွေဆိုပြီးတော့ ၀ယ်ကြိတ်ခဲ့တယ် :D..ဂွတ် တယ်...

WWKM said...

မြစ်ကြီးနားမှာ ဘယ်နှစ်ခုနှစ်ကတာဝန်ကျတာလဲ.. ၂၀၀၀ ခုနှစ်လောက်ဆိုရင် အစ်မသူငယ်ချင်းကို သိမလားမသိဘူး။ကြားဖူးမလားမသိဘူး.. ဗိုလ်ကြီးကျော်မျိုးနိုင်လေ..
ကားဗရိတ်မမိလို့ ဂျမ်းတုန်းဝင်ခုရင်း ကားကပြန်ကြိတ်မိပြီး ဆုံးသွား
ခဲ့တာလေ။ ဒီမှာပဲ ပြန်ဖြေပေးထားနော်.. အစ်မ လာဖတ်ပါမယ်။ ကျေးဇူး။
မြစ်ကြီးနားဘက်မှာပဲ ဖြစ်တာ..

Anonymous said...

ကျွန်တော်က ၂၀၀၂ မှ ၁၀ တန်းစာမေးပွဲအောင်တာ :D မကြာသေးဘူး မြစ်ကြီးနားကို ရောက်တာ....အဲဒီ ဗိုလ်ကြီးက ကျွန်တော်တို့ထက် ၅ နှစ်လောက်ကြီးမယ် ထင်တယ် မ ....

Subscribe to: Post Comments (Atom)