NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

ကချင်ပြည်နယ် အမှတ်တရ(၁)

နားထဲကို စူးနစ်ဝင်လာတဲ့ ရထားဥသြဆွဲသံနှင့်အတူ မန္တလေးမြို့ ဘူတာကြီးမှ ထွက်ခွာလာသော အမြန်ရထားကြီး သည် အေးချမ်းသာယာလှပတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကို ခုတ်မောင်းလာနေသည်...လမ်းဘေးဝဲယာက စိမ်းလန်းစိုပြည်နေတဲ့ လယ်ကွင်းတွေ တောတောင်တန်းတွေကို ကြည့်ရင်းနဲ့ အတွေးတွေလွင့်မျောလျှက်ပေါ့...၀မ်းနည်းခြင်း ၀မ်းသာခြင်းတွေနဲ့ ပြည့်နှက်နေတာတွေရယ်နဲ့ စိတ်လှုပ်ရှားခဲ့ရသော နေ့ရက်လေးတွေပါ...၀မ်းနည်းခြင်း ဆိုသည်မှာ ၃ နှစ်တာကာလပတ်လုံး သင်ကြားခဲ့တဲ့ အမိ စစ်တက္ကသိုလ်ကြီးမှ ခွဲခွာလာရတာရယ် အေးချမ်းလှတဲ့ တချိန်ကခေါ်ဆိုခဲ့တဲ့ ပန်းမြို့တော် တောင်လှေကားမြို့တော် နှင်းမြို့တော် နဲ့ ယခုခေါ်ဆိုသော ပြင်ဦးလွင် မြို့လေးကို ရုတ်တရက် ခွဲခွာနှုတ်ဆက်ခဲ့ရလို့ပါ...၀မ်းသာခြင်း ဆိုတာကတော့ အမိ စစ်တက္ကသိုလ်မှ ကျောင်းဆင်းပြီးတဲ့ အချိန်မှာ လက်တွေ့နယ်ပယ်ဖြစ်သော မိမိတာဝန်ထမ်းဆောင်ရမယ့် တပ် ကိုသွားရတော့မှာဖြစ်တဲ့အတွက်ကြောင့်ပါ..ဘာကြောင့် စိတ်လှုပ်ရှားရတာလည်းဆိုတာကတော့ လက်တွေ့နယ်ပယ်မှာ မိမိထမ်းဆောင်ရမယ့် တပ် ကိုသွားရောက် သတင်းပို့ရမှာရယ်နဲ့ ကချင်ပြည်နယ်ကို ရောက်လိမ့်မယ်လို့လည်းမထင်ခဲ့ပဲ အမှတ်မထင် ရောက်ရှိခဲ့အတွက်ကြောင့်မို့ အနည်းငယ် စိတ်လှုပ်ရှားမိပါတယ်...တပ်ကို မရောက်ခင်မှာပဲ မြစ်ကြီးနားမြို့ကြီးက ကံကောင်းခြင်းလက်ဆောင်တွေနဲ့ ဆီကြိုးနေတာကိုတွေ့ရပါတယ်...ကချင် မနောပွဲဆိုတဲ့ ပွဲတော်ကြီးက ကျွန်တော်တို့ လာတဲ့အချိန်မှာပဲ ကျင်းပနေတာကို တွေ့လိုက်ရတယ်...ကချင်ပြည်နယ်ကို ရောက်ခါစ ပျော်ရွှင်မှုတွေက အဲဒီ့ ပွဲတော်က စမယ်ဆိုရင် မမှားမပါဘူး...အင်မတန်မှ စည်ကားသိုက်မြိုက်လှတဲ့ ပွဲတော်ကြီး တစ်ခုပါ...မန္တလေးမြို့မှ ရထားနှင့် ထွက်ခွာလာတဲ့အချိန်မှာ ရထားပေါ်မှာ ကချင်တိုင်းရင်းသူ တိုင်းရင်းသားတွေ အများပြားတွေ့ရတယ်....ဘကြောင့်လည်းဆိုတော့ သူတို့ရဲ့ အလေးနက်ထားတဲ့ ဒီပွဲတော်ကြီးကို အရောက်လာအားပေးကြမှာလေ...ဒီပွဲတော်ကြီးကို ကျင်းပတဲ့အချိန်မှာ မြန်မာနိုင်ငံ မှာ ရှိတဲ့ ကချင်တွေ အားလုံးဟာ အတတ်နိုင်ဆုံး လာရောက်အားပေးကြတာကိုတွေ့ရပါတယ်...ရထားပေါ်မှာ အတူစီးရင်း ၁ ခုံတည်းမှာ ထိုင်ခဲ့တဲ့ ကချင်မလေးဆိုရင် ကျိုင်းတုံ ဘက်ကနေပြီးတော့ လာတာပါတဲ့...မနောပွဲရှိတဲ့အတွက်မို့ ဝေးနေသော်လည်း လာရောက်အားပေးကြတယ်လေ...မြစ်ကြီးနားကို ရောက်လို့ မိမိတာဝန်ကျရာ တပ်တွေကို သတင်းမပို့ခင်မှာ ကချင်မနောပွဲလေးကို အပြေးသွားကြည့်လိုက်တယ် နေ့တိုင်းပဲ...ဇာတ်ခုံ ၂ ခုဆောက်ထားတာ တွေ့ရတယ်...ဘယ်ဘက်ကဇာတ်ခုံမှာ ကချင်တိုင်းရင်းသားပေါင်းစုံအက နဲ့ ကချင်အဆိုတော်တွေ လာဆိုကြတယ်..ရေဗက္ကာ တို့ L-ဆိုင်းဇီ တို့ လာဆိုကြတယ်...ညာဘက် ဇာတ်ခုံမှာတော့ ကြော်ငြာမော်ဒယ်တွေနဲ့ ကပြတဲ့ နေရာပေါ့...ပွဲခင်းထဲမှာ ဟိုဘက်ပြေးကြည့် ဒီဘက်ပြေးကြည့်နဲ့ တော်တော်ကြည့်လို့ကောင်းတယ်...နောက်ပြီးတော့ ပွဲခင်းပတ်လည်မှာ ကချင်တိုင်းရင်းသားတွေရဲ့ ရိုးရာအသုံးဆောင် ပစ္စည်းတွေ နဲ့ နိုင်ငံတော်က ခင်းကျင်းပြသတဲ့ ပြကွက်များစွာတွေဟာလည်း ပွဲကြည့် ပရိတ်သတ်များကို ဆွဲဆောင်လျှက်ရှိတယ်...ပွဲဈေးတန်းက ကချင်ကောင်မလေးတွေ အကြောင်းကို မနက်ဖြန်မှာ ဆက်လက် တင်ပြပေးပါမည်။ :D

7 comments:

khin oo may said...

ဒီနေ့ဘဲသတိရနေတယ် အသစ်မတက်တာကြာပြီလိုဘဲ။

khin oo may said...

ရထားလမ်းဘေး က အင်ကြင်းပင်ကြီးတွေ သိတ်လှတ်ယ အင်ကြင်ပန်းတွေလဲလှတ်ယ ဖက်ရွက်ကြီးတွေ လည်းအကြီးကြီးဘဲ။

မသက်ဇင် said...

ကချင်ပြည်နယ် မနောပွဲတော်အကြောင်းဖတ်ရတော့-
လွမ်းလိုက်တာ---
ကျမက ကချင်ပြည်နယ်က ရှမ်းနီ ၇၅ရာခိုင်နှုန်းလေ
ဗမာက ၂၅--မိုးညှင်း မိုးကောင်းသူလေ--
နှစ်ဘက်အဘိုးအဘွားက နှစ်မြို့လုံးမှာနေကြလို့--
မနောပွဲရောက်တိုင်းသွားလည်တယ်---
အဆက်ကိုမျှော်နေပါ့မယ်---

WWKM said...

ကချင်ပြည်နယ်အကြောင်း အလွမ်းပြေဖတ်သွားပါတယ်။
ကချင်မနောပွဲလေးကတော့ ပျော်စရာအချိန်လေးတွေပေါ့နော်.
အပေါ်က အစ်မနှစ်ယောက်စလုံးကလည်း ကချင်ပြည်နယ်မှာနေဘူးကြတဲ့
သူတွေလေ။ ဆက်ရေးပါ.. အားပေးပါတယ်။

ဒေါင်းမင်း said...

ကချင်ပြည်နယ်မရောက်ဘူးတော့ရောက်ဘူးချင်တယ်ဗျာ
အဆက်မျှော်နေတယ်ဟီးကချင်သူလေးတွေကို...ဟီး

mgnge said...

ကချင်ပြည်နယ်တော့ မရောက်ဖူးဘူး ရခိုင်နဲ့ ကရင်ဆိုရင်တော့ရောက်ဖူးတယ်..

မရောက်ဖူးပေမယ့် ဗဟုသု တ အဖြစ်ဖတ်သွားတယ်ဗျာ...။

နှင်းပွင့်ဖြူ said...

ကချင်ပြည်ကိုမရောက်ဘူးဝူး.......
ဂျူးဝတ္တုဖတ်ပြီးတော့ ကချင်ပြည်ကိုတစ်ခေါက်လောက် ရောက်ဖူးချင်နေတာ။
တစ်ချိန်ကျရင်တော့ ရောက်ဖြစ်အောင်ကြိုးစားလိုက်ဦးမယ်

Subscribe to: Post Comments (Atom)