NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

Satires လေးတွေပါ

နိုင်ငံတိုင်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင် အုပ်ချုပ်နေတဲ့သူတွေကို satires လုပ်တတ်ကြတယ်....တစ်ခါတစ်လေတော့လည်း ဒီလို နိုင်ငံခေါင်းဆောင် အုပ်ချုပ်သူတွေအတွက်မဟုတ်ပဲ opposition တွေအတွက် satires လေးတွေ ဖတ်ရတာလည်း တစ်မျိုးလေးပေါ့ :D...အခြားသူကို criticism လုပ်တာလွယ်ပေမယ့် ကိုယ့်ကို criticism လုပ်ရင်ရော ဘယ်လောက်ထိ endurance ရှိလည်းဆိုတာ check လုပ်ကြည့်ကြမယ်...အထူးသဖြင့် opposition အတွက်ပါ :)...


1.
မိမိဟာ ပညာမတက်သူတစ်ယောက် ဖြစ်ချင်ဖြစ်နေပစေ၊ ၈ တန်းအောင် တစ်ယောက်ဖြစ်ချင် ဖြစ်နေပါစေ၊ ဆရာဝန် တစ်ယောက် ဖြစ်ချင်ဖြစ်နေပါစေ၊ ကိုယ့်နိုင်ငံထဲမှာ အဆင်မပြေလို့ နိုင်ငံခြားကို ခိုလုံ သက်သာမှု ရှာသူ ဖြစ်နေကောင်း ဖြစ်နေပေမယ့် ပြည်တွင်းက ဆရာဝန်တစ်ယောက် မှားယွင်းစွာ ကုသမှုတွေဆိုရင် အရင်ဆုံး ထောက်ပြ ပြောဆိုရမယ်။ မိမိဟာ ထိုဆရာဝန်ကဲ့သို့ နိုင်ငံတွင်းမှာ ဆေးမကုနိုင်လို့ နိုင်ငံခြားမှာ နိုင်ငံခြားသားကို ကုသနေသူ ဖြစ်နေပစေ ပြည်သူတွေကို ကုသနေသူကိုတော့ ဦးအောင် အပြစ်တင်ရမယ်။ မိမိဟာ ပညာမတက်လို့ နိုင်ငံခြားမှာ အလုပ်ရှာဖို့ ထွက်လာရင်း တစ်ခုမှ အဆင်မပြေလို့ နိုင်ငံရေး ဝင်လုပ်နေရသူဖြစ်ပစေ၊ ပြည်သူ့အကျိုးပြုမပြောနဲ့ ကိုယ့်အကျိုးပြု ကိုတောင် ကောင်းကောင်းမလုပ်နိုင်သူ ဖြစ်ပစေ၊ နိုင်ငံခြားရောက် ၈ တန်းအောင် တစ်ယောက်က ပြည်တွင်းက ပြည်သူတွေကို ကုသနေတဲ့ ပါရဂူ တစ်ယောက်ကို ဝေဖန်သုံးသပ်မှုတွေ လုပ်ပေးရမယ်။

2.
တဖက်က လမ်းပေါ်မှာဆန္ဒပြနေတဲ့ သံဃာတွေကို အစိုးရက ရိုက်နှက်နှိမ်နင်းလို့ သာသနာဖျက်အစိုးရဆိုပြီး ပြင်းပြင်းထန်ထန်စွပ်စွဲ ပုတ်ခတ်နေတဲ့အချိန်မှာ၊ အခြားတစ်ဖက်ကလည်း ၀ိနည်းညီသံဃာတွေ၊ မိမိတို့ သံဃာအလုပ်ကို လုပ်ပီး ခရီးသွားလာနေတဲ့ သံဃာတွေကို သမိုင်းတစ်လျောက် အကြောင်းမဲ့ သတ်ဖြတ်မှုပေါင်း အတောမသတ်နိုင်အောင် လုပ်ခဲ့တဲ့ ကေအန်ယူသောင်းကျန်းသူတွေနဲ့ လက်တွဲ ဆောင်ရွက်တာတွေ၊ ကျဆုံးသွားတဲ့ ကေအန်ယူခေါင်းဆောင် တစ်ယောက်ကိုဆို အာဇာနည်လို့ ညွှန်းဖွဲ့ကြတာ တွေကို ပြုလုပ်ရမယ်။

3.
စစ်တပ်မှာရှိတဲ့ တစ်ခါတစ်လေတွေ့လိုက်ရတဲ့ လူငယ်ရုပ်စစ်သားလေးတွေတွေ့ရင် အတင်းဓါတ်ပုံတွေရိုက်ပီး ကလေးစစ်သားလို့ ကမ္ဘာကို ဓါတ်ပုံလေးပြပြ ပြောနေတဲ့အချိန်မှာ (ကလေးစစ်သားပုံက ဒီပုံတွေချည်း ထပ်နေရင် ထပ်နေပစေ) တဖက်ကလည်း သောင်းကျန်းသူတွေရဲ့ အမည်ပေါင်းစုံနဲ့တပ်တွေမှာရှိတဲ့ ကလေး စစ်သားပေါင်း များစွာတွေကိုတော့ မမြင်ချင်ယောင် ဆောင်နေရမယ်။

4.
စစ်တပ်အနေနဲ့ ရှေ့တန်းစစ်မျက်နှာ စစ်ဆင်ရေးတွေမှာ ရွာတွေထဲမှာ အယောင်ဖျောက်နေတဲ့ သောင်းကျန်သူတွေနဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားတာမျိုး ရှိတဲ့အခါမျိုးမှာ ရွာသားတွေကို သတ်ဖြတ်နေပါပြီလို့ အော်ရမယ်။ တဖက်ကလည်း သောင်းကျန်းသူတွေရဲ့ ရွာလုံးကျွတ်သတ်ဖြတ်တာတို့၊ အလင်းဝင်ရွာတွေကို မီးရှို့တာတို့ ကို မပြောရဘူး။ ကိုယ်နဲ့မဆိုင်ဘူး။

5.
မြန်မာအစိုးရက ပိုက်လိုင်းချတာတို့၊ စီမံကိန်းတို့ကြောင့် သင့်တော်ရာနေရာတွေကို ပြောင်းရွှေ့လုပ်ကိုင်ဖို့ စီမံပေးတာကို ရွာတွေကို အတင်းအကျပ် ရွှေ့ပြောင်းနေပါတယ်လို့ ရေးသားရမယ်။ တဖက်ကလည်း ရှေ့တန်းမှာ လက်နက်ချမှာစိုးရိမ်တာကြောင့် အကြပ်ကိုင်ဖို့ ရည်ရွယ်တာရော၊ နိုင်ငံရေးအမြတ်ထုတ်လို့ရအောင်ပါ.. သူတို့ သောင်းကျန်းသူ စစ်သားဆွေမျိုးသားချင်းတွေ.. ရွာသားတွေကို ဒုက္ခသည်စခန်းတွေဆီ အတင်းအကျပ်ရွှေ့ပြောင်းစေမှုတွေကိုတော့ မသိချင် ဟန်ဆောင်ရမယ်။ ပူးပေါင်းစီမံကိန်းချ ဆောင်ရွက်သူတွေ လို့ရေးသားရမယ်။

6.
အစိုးရရဲ့ ပိတ်ဆို့မှုများစွာကြားက စီးပွားရေးလုပ်လို့ရတဲ့ တရုတ်၊ ရုရှား၊ အာဆီယံ နိုင်ငံများနဲ့ ပုံမှန်နိုင်ငံတွေရှိရမဲ့ ဆက်ဆံမှုကို လက်ညှိုးထိုးစွပ်စွဲ ပြီး အမျိုးမျိုး အပြစ်တင်ရမယ်။ တဖက်မှာလည်း အတိုက်အခံတွေရဲ့ ပုံမှန်ထက် အများကြီးပိုတဲ့ စည်းတစ်ခုတောင် မထားတော့တဲ့ ခြေရှုပ်မှုတွေ၊ သတင်းဖလှယ်တာတွေ၊ လက်ဝါးရိုက်တာတွေကိုတော့ လက်ညှိုးကိုက်ပီး ကြည့်နေရမယ်။

7.
အစိုးရဟာ ပြည်သူတွေကို မကြည့်ဘူး၊ ရက်စက်တယ်လို့ အော်ချိန်မှာပဲ တဖက်ကလည်း တနိုင်ငံလုံး ပြည်သူတွေကို ထိခိုက်စေမဲယ့် စီးပွားရေးပိတ်ဆို့မှုကို ဘာမှမကြည့်ပဲကို အားရ၀မ်းသာ ထောက်ခံကြိုဆိုမှုတွေ၊ တိုက်တွန်းမှုတွေကို ရက်ရက်စက်စက် လုပ်ကောင်း လုပ်ရမှာပဲ။

8.
အဂတိလိုက်စားမှုတွေ အလွန်များပြားလို့ အစိုးရကို အပြစ်တင်ရမယ်။ တချိန်ထဲမှာပဲ ဒုက္ခသည်ခံချင်ရင် ဘယ်လောက်ဆိုတဲ့ သူတို့ရဲ့ နာမည်ပေါင်းစုံနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တွေထဲမှာ ဈေးကွက်နဲ့ကို ပေါ်ပေါက်နေတဲ့ အရာတစ်ခုကိုတော့ မမြင်ချင်ယောင် ဆောင်နေရမယ် (မမြင်တာတွေ လည်း ရှိကောင်းရှိမယ်)။

9.
တဖက်မှာ အစိုးရဟာ ဥပဒေမဲ့လုပ်ရပ်တွေကို လုပ်ပါတယ်လို့ စွပ်စွဲရေးသားရမယ်။ တခြားတစ်ဖက်ကလည်း နိုင်ငံရေးနဲ့ ဘာမှမဆိုင်ပဲကို တကယ်အပြစ်လုပ်လို့ ပြစ်ဒဏ်ခံရတဲ့ ကိစ္စတွေကိုတောင် မတ၇ားဖမ်းဆီးပါတယ် ပြောလိုပြောရမယ်။ အဲလိုပြစ်မှုတွေနဲ့ ပြည်ပကို ထွက်ပြေးလာသူတွေကိုလည်း ဆီးကြိုနေရာပေးခြင်းများကို ပြုလုပ်ရမယ်။

10.
မုန်တိုင်းအတွက် နိုင်ငံတကာက လှူဒါန်းပစ္စည်းတွေ ဈေးကွက်ထဲ ရောက်နေတဲ့အချိန်မှာ ဘယ်လိုရောက်လဲတောင် မစုံစမ်းတော့ပဲ အစိုးရက ဖြတ်ခုတ်နေပါပြီလို့ အားရ၀မ်းသာ ကြေငြာအပြစ်တင်ချိန်မှာ တဖက်ကလည်း ဆယ်စုနှစ်နဲ့ချီပြီး နိုင်ငံတကာမှာ ဒုက္ခသည်တွေဗန်းပြ လှူဒါန်းငွေတွေကို အဖွဲ့အဆင့်ဆင့်က ဘယ်ရောက်လို့ ရောက်မှန်းမသိအောင် လုပ်ခဲ့တာကိုတော့ လစ်လျူရှုနိုင်ရမယ်။

11.
မြန်မာ့ပြည်တွင်းသတင်းဌာနကို သတင်းလွတ်လပ်ခွင့်မရှိလို့ စွပ်စွဲချိန်မှာ ရိုင်းစိုင်းမှုမပါတဲ့ ပုံမှန်ဆွေးနွေးတဲ့ ဆန့်ကျင်ဖက်အမြင်တွေကိုတောင် လွတ်လပ်မှုကို အသက်တမျှ မြတ်နိုးတယ်လို့ တကြော်ကြော် အော်နေပေမယ့် မကြိုက်တဲ့ ဘလော့တွေ ဆိုလဲ ဘန်းပစ်တာတွေ၊ သတင်းဌာနတွေဆိုလည်း မဖော်ပြတာတွေ၊ ကော်မန့်တွေ ဖျက်ပစ်တာတွေကို အံ့သြောဖွယ် အစဉ်တစိုက် လုပ်ဆောင်ရမယ်။

12.
အစိုးရကို ရိုးသားမှုမရှိပါဘူးလို့ ပြောနေချိန်မှာ တဖက်ကလည်း မမှန်မှန်းသိတဲ့ သတင်းတွေကိုတင်ရမယ်။ အဲဒါတွေကိုးကားပီး ဝေဖန်တာတွေ၊ လုပ်ကြံအင်တာဗျူးတွေ လွှင့်ရမယ်။

13.
ကယ်ဆယ်ရေးကို အပြင်းအထန်ကြီး လုပ်နေတဲ့ အစိုးရကို ဒုက္ခသည်ပြည်သူတွေကို အာရုံမစိုက်ဘူး၊ နိုင်ငံရေးလုံခြုံရေးကိုပဲ ကြည့်နေတယ်၊ ဒုက္ခသည်တွေကြားမှာ အသေအပျောက်တွေ များလာမှာစိုးတယ်လို့ တဖက်က အသေအကြေ စွပ်စွဲချိန်မှာ တဖက်ကလည်း အမေရိကန် အစရှိတဲ့ သင်္ဘောတွေ၊ အဆင်ပြေပြေမဟုတ်ပဲကို စစ်ရေးအရ၀င်အောင် နိုင်ငံရေးတိုက်ကွက်ဆင် လှုံဆော်ပြီး ဒုက္ခသည်တွေ အားလုံးအပြင် တနိုင်ငံလုံး ပြည်သူတွေကိုပါ စစ်ဒုက္ခထဲဆွဲသွင်းဖို့ စိတ်ပါလက်ပါ အားပေးအားမြောက် ပြုရမယ်။

14.
နောက်ဆုံးအဓိကဖြစ်တဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ လွတ်လပ်စွာသဘောထား ကွဲလွဲခွင့်ကို လစ်လျှူရှုကောင်း ရှုထားပြီး ငါပြောသလိုမပြောရင် ငါ့ရန်သူပဲမြင်ကောင်း မြင်ရမယ်။ သတ်မယ်ဖြတ်မယ် ကျိန်းဝါးတဲ့အထိ အာဏာရှင် ဆန် ကောင်းဆန်ရမယ်။


15.
လက်တလော ပက်စပို့ သည် အရေးအကြီးဆုံးဖြစ်ပြီး။ လက်တလော စားဝတ်နေရးသည် ဒုတိယ အရေး အကြီးဆုံးဖြစ်၏။ ဒေါ်လာရဖို့ အတွက်ဆိုရင် ကိုယ့်နိုင်ငံအကြောင်း မကောင်းတာ အကုန် ပြောနေရပေအုံးမယ်။ အားလုံးက နားလည်ပေးစေချင်ပါတယ်။
(source- Click here )

အပြည့်အစုံသို့...

ဟုတ်မှလည်း လုပ်ပါ မိတုတ်ရာ

မပြောမပြီး မတီးမမြည်ဆိုတော့လည်း ပြောဖို့အချိန်က ရောက်လာပြန်ပေါ့ဗျာ :)...အခုတလော ရေပန်းစားနေတဲ့ ဗုဒ္ဓကိုစော်ကားရေးသားနေတဲ့ ဘလော့တစ်ခုအကြောင်းပေါ့...ဒီဘလော့ကို ဘယ်သူရေးနေတယ်ဆိုတာ သေချာမသိပဲ ပြောချင်ရာတွေ ထင်ရာစိုင်းပြောကြပြီး နောက်ဆုံးတော့ ဒီရုရှားဘူတာကြီးကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါလေရောဗျာ:)...

အဲ မသိတဲ့ နောင်တော် ညီတော် အစ်မတော် ညီမတော်တွေကတော့ ဒါဟာ ရုရှားဘူတာကြီးလို့ ထင်နေကြမှာပဲ...ထင်ရတဲ့အကြောင်းအရင်းက ဒီဆိုက်က ဒီလိုဆိုထားတော့ ဟုတ်လားမသိဘူးဆိုပြီး ထင်ကြတာ မဆန်းပါဘူးဗျာ...အဲဒီဆိုက်ကို သူငယ်ချင်းတစ်ယောက်ကပေးဖတ်လို့ ဖတ်ကြည့်ပြီးမှ ဟုတ်ပါ့မလား မောင်ကာလုရယ်လို့ မေးရမလိုဖြစ်နေတယ်...ဒီထက်တောင် ပိုသေးတယ်လို့ ဖြေချင်ဖြေနေအုံးမှာ :)...ဘာသာမဲ့ကောင်ရေးနေတဲ့ ငနာက မြန်မာတွေကို ဒေါသထွက်အောင် တမင်ဖန်တီးနေတယ်ဆိုတာပေါ်လွင်နေတယ်...

ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာတွေက မိမိတို့သိသလောက် သွားပြီးရှင်းပြထားကြတယ်..ဒါပေမယ့် အဲဒီ ငနာကိုသွားရှင်ပြနေလည်း နွားပလာတာ ကျွေးသလို ဘာမှသိမှာမဟုတ်ဘူး...မှန်လည်း မှားတယ်လို့ပြောမှာပဲ သူ့ဘလော့ရေးခြင်းရဲ့ရည်ရွယ်ချက်ကို က ဗုဒ္ဓကိုစော်ကားဖို့ပဲ မြန်မာဗုဒ္ဓဘာသာတွေ စိတ်တိုအောင်စွဖို့ရည်ရွယ်တာပဲ...ဒါကြောင့် အဲဒီဆိုက်ကိုသွားပြီး ပြောပြရှင်းပြနေတာဟာ သူ့အတွက် အဆိပ်ပင်ရေလောင်းသလိုဖြစ်နေတယ်...ဘယ်သူမှမသွားရင် မြန်မာစာနဲ့ရေးထားတဲ့သူ့ဘလော့ကို ဘယ်နိုင်ငံသားလူမျိုးမှလာဖတ်မှာမဟုတ်ဘူး...မြန်မာလိုရေးတည်းက မြန်မာတွေအတွက်ပဲဖြစ်တယ်...ဒါကြောင့် ကျွန်တော်တို့ မြန်မာဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သွားပြီး ရှင်းပြမနေပါနဲ့...လျစ်လျူရှူထားလိုက်ပါ...မြန်မာတွေမလာရင် သူ့ဘလော့ဟာ အချိန်တန်ရင် မောပြီး ရပ်သွားလိမ့်မယ်...ဘယ်လိုပဲဖြစ်နေပါစေ ဒီဘလော့ က ဘယ်သူရေးတယ် ဘယ်နိုင်ငံက ရေးနေတယ်ဆိုတာ အလွယ်ဆုံးနဲ့ ကြည့်ကြရအောင်...

ပထမဆုံးအနေနဲ့ အဲဒီဘလော့ကို သွားလိုက်ပါ...ရောက်တာနဲ့ စီဘောက်မှာ စာဝင်ရေးလိုက်ပါ...မိမိရေးလိုက်တဲ့စာကြောင်းရဲ့ဘေးမှာ time and date တွေပါပါတယ်...အဲဒီ time အချိန်ကို ကြည့်လိုက်ပါ...ဘယ်ချိန်ရှိနေပြီလဲဆိုတာ...ကိုယ်ရေးနေလိုက်တဲ့အချိန်ဟာ ဘယ်ချိန်လဲဆိုတာ ကမ္ဘာ့စံတော်ချိန် ဒီနေရာမှာ တိုက်ကြည့်နိုင်ပါတယ် ဘယ်နိုင်ငံက အချိန်နဲ့ကိုက်ညီနေလဲဆိုတာပေါ့..
ကမ္ဘာ့နိုင်ငံတွေက အများသားဆိုတော့ အဖြေတစ်ခါတည်းပေးလိုက်ပါ့မယ်...အမေရိကန်နိုင်ငံမှာရှိတဲ့ San Francisco အချိန်နဲ့ကိုက်ညီနေတာ တွေ့ရလိမ့်မယ်...
အခုတော့ အဲဒီဘာသာမဲ့ဘလော့ပိုင်ရှင်ပြောတာကတော့ သူဟာ ကယ်လီဖိုးနီးယား ကလို့ပြောထားတယ်...ဒါဆိုရင် အဲဒီဗုဒ္ဓဘာသာကို စော်ကားပြီးရေးနေတဲ့ ဘာသာမဲ့ဘလော့ဂါတစ်ယောက်ဟာ ဘယ်ကလည်းဆိုတာ ရှင်းလောက်ပါပြီ...

မဆီမဆိုင် အစိုးရက $50ပေးပြီး ရုရှားကမောင်တွေကို ကိုယ့်ဘာသာမကောင်းကြောင်းရေးခိုင်းလောက်အောင် အဲဒီလောက်ထိ မိုက်မဲရှုးသွပ်လောက်အောင် ဘယ်သူမှမလုပ်ပါဘူး...ကျွန်တော်တွေ့ဖူးတာကတော့ ရုရှားက နောင်တော် ညီတော်တွေရေးနေကြတဲ့ ဘာသာေ၇းဝက်ဆိုက်တွေမှာ ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားဒေသနာတော်တွေ ရဟန်းသံဃာတွေရဲ့ ဟောကြားချက်တွေနဲ့ မိမိတို့လေ့လာသိ၇ှိသလောက် ပြန်လည်မျှဝေပြီးရေးတဲ့ဆိုက်နဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲတဲ့အရပ်ဒေသတွေမှာ လစဉ်မိမိတို့တတ်နိုင်သလောက် စုပေါင်း လှူဒါန်းကြပြီး ကုသိုလ်ရှင်များနဲ့စာဖတ်သူတွေ ကြည်နူးမှုတစ်စိတ်တစ်ဒေသ ခံစားမှုလေးတွေရရှိအောင် လှူဒါန်းမှုစုံလင်စွာကို ဓာတ်ပုံတွေနဲ့တကွဖော်ပြကြပြီး မိမိတို့သိသလောက် ဘာသာရေးအကြောင်းလေးတွေရေးထားတဲ့ ဘလော့ဂ်ဆိုက်တွေပဲ တွေ့ဖူးပါတယ်...

တစ်ဆက်တည်း ပြောချင်တာကတော့ နိုင်ငံတစ်ခုမှာအုပ်ချုပ်နေတဲ့အစိုးရကို အတိုက်ခံဝေဖန်တဲ့သူကတော့ ရှိစမြဲပါပဲ...ဒီလိုပါပဲ မြန်မာနိုင်ငံမှာလည်း လက်ရှိအစိုးရကို အတိုက်ခံဝေဖန်လေကန် နေကြတဲ့သူတွေလည်းရှိလေတယ်...ထိုထိုသော critics များကလည်း ကုလားမနိုင် ရခိုင်မဲတော့ မလုပ်ကြပါနဲ့...အစိုးရကို ဝေဖန်ပြစ်တင်တာ လက်ခံပေမယ့် မဟုတ်မမှန်ပဲနဲ့ မဆီမဆိုင် ရုရှားမှာ အေးအေးဆေးဆေးနေနေတဲ့မောင်တွေကို အမြင်မှားအောင် မလုပ်မိဖို့ ပြောချင်ပါတယ်...ဒီလောက်ပါပဲ ...။

အပြည့်အစုံသို့...

မိမိတို့ရဲ့ personal case တွေကြောင့် တစ်ပါးသူတွေမထိခိုက်စေခြင်

မိမိရဲ့ မူရင်းဝက်ဆိုဒ်(သို့) အီးမေးလ် လိပ်စာလေးတောင် ဖော်မပြရဲပဲ မေးလ်ဖျောက်ပြီး ကိုယ့်ရဲ့ personal ကိစ္စတွေကို အများသူတွေအတွက် ဘာမှ အသုံးဝင်အကျိုးရှိတာလည်းမဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက် အမုန်းပွားပြီး သံသယမျက်လုံးတွေဝင်မယ့် စာတွေကို forward mail တွေပေးပို့တာ ဘာကြောင့်ပါလဲ?...အထူးသဖြင့် စစ်သားတွေအကြောင်းဆိုရင် တစ်ခုခုလေးဖြစ်လိုက်ရင် အသဲသန် ကိုးကားပြီး ချဲ့ထွင်ပြီး ပုတ်ခတ်တတ်ကြတယ်...ဒီလိုနေရာမျိုးဆိုရင် အမြဲတမ်းအကွက်ချောင်းနေကြတဲ့ ချောလဲရောထိုင် လုပ်တတ်ကြတဲ့ ငပွကြီးတွေကတော့ ထပ်တလဲလဲ မိမိတို့ရဲ့ဆိုဒ်တွေမှာ တင်လိုက် forward တွေပို့လိုက်နဲ့ တော်တော်ပျော်နေပုံရပါတယ်...

သူများကို ပုတ်ခတ်နှိမ့်ချရမယ်ဆိုရင် ၂ယောက်မရှိပါဘူး...forward mail က အမေများနေ့တည်းက သိတာပါ...ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင်ပေမယ့် အဖွဲ့စည်းတစ်ခုလုံးကို ခြုံပြီးပြောတဲ့အတွက် တစ်နည်းအားဖြင့် သက်ဆိုင်တဲ့အတွက် စာမေးပွဲပြီးမှပဲ မိမိရဲ့အမြင်လေးကို ရေးမယ်လို့ပဲ ဆုံးဖြတ်ထားတာပါ...ဒါပေမယ့် ကျန်ရှိသေးတဲ့ ၁ ဘာသာကလည်း ဖြေဖို့ အချိန်နည်းနည်းလေးကွာသေးတာကြောင့် အချိန်ရလို့ ရေးလိုက်တာပါ...

အကြောင်းအရင်းကတော့ အများစု သိထားကြတဲ့ "ရုရှားရောက်ပြည်ချစ်သားများ၏အချစ်ဇာတ်လမ်းများ"ဆိုပြီး ခေါင်းစဉ်နဲ့ ပေါက်တတ်ကရ ကိုယ့်ရဲ့ personal ကိစ္စမကျေနပ်ချက်တွေကို အများသူငှာတွေကိုသိအောင်ဖော်ပြတာဟာ စေတနာနဲ့လား ဒါမှမဟုတ် တမင်ရည်ရွယ်ချက်နဲ့အဖွဲ့စည်းတစ်ခုလုံးကို နှိမ့်ချတိုက်ခိုက်ခြင်လို့ပဲလားဆိုတာ ပေါ်လွင်နေပါတယ်...ဒီနေရာမှာ အခြားသော အပြင်အရပ်သားတွေထဲကဆိုရင်ရော ဒီလိုပဲ စေတနာ ဗလပွတွေနဲ့ forward တွေပို့ပေးနေအုံးမလားမသိဘူး...probability အရတွက်ကြည့်ရင်တောင်မှ စစ်သားနဲ့အရပ်သားတွေရဲ့ ဒါမျိုးဖြစ်စဉ်တွေကို compare လုပ်ကြည့်ရင် ဘယ်သူကပိုများလည်းဆိုတာ ပေါ်လွင်မှာပါ...ဒါကို စစ်သားဆိုရင် အရေးကြီးခွင်ကျယ်လုပ်ပြီးပြောနေတာမလုပ်သင့်ပါဘူး...ဒါမျိုးဖြစ်စဉ်တွေက စစ်သားမှမဟုတ် နေရာတိုင်းမှာ ဖြစ်နေကြတာပဲလေ...ဒီတော့ ခေါင်းသုံးပြီးတော့ စဉ်းစားချင့်ချိန် ယုံကြည်ကြပေါ့...ဖြစ်လာရင်လည်း ဘယ်သူ့ဘယ်သူ့ကိုမှ အပြစ်တင်မနေပါနဲ့...ကိုယ်အသုံးမကျလို့သာ မှတ်ထားလိုက်ပါ... ကိုယ့်ရဲ့စာကြောင့် အခြားသူတွေအတွက်အကျိုးမရှိဘူးဆိုရင်တောင် မထိခိုက်စေဖို့လိုတယ်ဆိုတာ စာရေးတဲ့ "နွေး" ဆိုတဲ့သူ graduated ဖြစ်တယ်ဆိုရင် နားလည်မှာပါ...ဒီခေါင်းစဉ်မှာပါတဲ့ အဖြစ်ပျက်ကတော့ ရုရှားရောက် စစ်ဆရာဝန်ဆိုသူတစ်ယောက်နဲ့ စင်္ကာပူကကောင်မလေးတို့နှစ်ယောက်ဇာတ်လမ်းပါ...ကျွန်တော်ပြောချင်တာက သူတို့ဇာတ်လမ်းတွေကို ပြောစရာအကြောင်းမရှိပါဘူး...ဒါက သူတို့တွေရဲ့ကိစ္စပါ ကိုယ်နဲ့မဆိုင်ပါဘူး...သူတို့နှစ်ယောက်က ချစ်ကြိုက်ကြပြီး ကောင်လေးက ဘာလို့မယူတာလည်း စတာတွေဟာ ဘာကြောင့်ဆိုတဲ့ အကြောင်းအရင်းတွေကို ဘယ်သူမှအတိကျမသိလို့ ကြားထဲကနေဝေဖန်ပြောဆိုဖို့လည်းမလိုပါဘူး...

''စစ်သားဆိုတာ civilian law and military law ဆိုတဲ့ အရပ်ဘက်ဥပဒေနဲစစ်ဘက်ဥပဒေ နှစ်ခုလုံးကို လိုက်နာရတယ်ဆိုတာ တပ်မတော်သားတိုင်းနားလည်ထားကြတယ်...ဒါကြောင့်ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာ သိထားတဲ့အတွက် ဒါကိုသိလျက်နဲ့ဘ၀အပျက်ခံပြီး ဘာကြောင့်လုပ်တယ်ဆိုတာ သူတို့တွေသာသိကြလိမ့်မယ်ထင်ပါတယ်...ဒါကြောင့်သူတို့ဇာတ်လမ်းကိစ္စကိုမဆွေးနွေးလိုဘူး..''.ကျွန်တော်ပြောချင်တဲ့ အဓိကအကြောင်းရင်းက ကြားထဲက မသက်ဆိုင်တဲ့သူတွေကို ထိခိုက်ပြောဆိုမှုကို ရှောင်ရှားဖို့ပြောချင်တာပါ...( ပြည်သူ့ဘဏ်ဏ္ဍာနဲ့ စာသင်ဖို့ လွှတ်ထားတယ်ဆိုတာကိုလည်း သတိထားစေချင်ပါတယ်။ နိုင်ငံ့ဝန်ထမ်း တစ်ယောက်အနေနဲ့ ဘယ်လို နေရမယ် ထိုင်ရမယ်ဆိုတာကိုလည်း နားလည်စေချင်ပါတယ်။ )ဒီစာသားကိုကြည့်မယ်ဆိုရင် နိုင်ငံဘဏ္ဍာဆိုတာကို ကောင်းကောင်းနားမလည်ဘူးဆိုတာပါပဲ...နိုင်ငံဘဏ်ဏ္ဍာဆိုတာ ငါတို့ ပိုက်ဆံတွေဆိုပြီး ပြောချင်တဲ့ပုံစံပေါ်ပါတယ်...ငါတို့ ငွေတွေလို့ ပြောလို့မရပါဘူး အဲဒီငွေတွေဟာ နိုင်ငံတော်ကို အခွန်ငွေအဖြစ် ပေးပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတော်ရဲ့ဘဏ္ဍာဖြစ်သွားလို့ပဲ...ဘယ်သူ့ဘယ်သူငွေတွေမှမဟုတ်ပါဘူး...၄င်းငွေတွေနဲ့ တိုင်းပြည်ရဲ့လိုအပ်ချက်တွေမှာ ဖြည့်ဆည်းမယ် နောက်ပြီး နိုင်ငံတော်ရဲ့တာဝန်တွေကို ထမ်းဆောင်နေကြတဲ့ သူတွေကို ထိုက်သင့်တဲ့ လစာတွေနဲ့ ချီးမြှင့် ထောက်ပံ့ပေးတာပါ...

ဒါဟာ မြန်မာနိုင်ငံတစ်ခုတည်းမဟုတ်ပါဘူး နိုင်ငံတကာမှာလည်း ဒီလိုပါပဲ...ဒီငွေတွေကို လိုချင်ရင်တော့ နိုင်ငံဝန်ထမ်းလုပ်နိုင်ရင် လုပ်ပေါ့...ပြည်သူတွေရဲ့ငွေ ငါတို့ငွေ တွေနဲ့ သုံးနေကြတယ်ဆိုပြီးပြောနေကြတာ အင်မတန်မှ အမြင်ကျဉ်းမြောင်းရာလည်းကျသလို နားလည်မှုမရှိဘူးဆိုတာလည်း ပေါ်လွင်နေတယ်...ရပိုင်ခွင့် ခံစားပိုင်ခွင့်(entitlement)ဆိုတာ ရှိတယ်လေ...နိုင်ငံ့တာဝန်ထမ်းဆောင်လို့ ထိုက်သင့်တဲ့ ခံစားခွင့် ရပိုင်ခွင့်တွေကို ရရှိကြတယ်...နိုင်ငံ့တာဝန်မှမဟုတ်ပါဘူး အပြင် လုပ်ငန်းခွင်တွေမှာလည်း ကိုယ့်ရဲ့လုပ်အားအတွက် ရပိုင်ခွင့်တွေကို အလုပ်ရှင်တွေက ပေးရတာပဲမဟုတ်လား...ဒီလောက်ဆိုရင် စာရေးသူ မနွေးဆိုသူတစ်ယောက် ပြည်သူ့ဘဏ္ဍာနဲ့စာသင်ဖို့လွှတ်ထားတာ တစ်နည်းအားဖြင့် ငါတို့ပိုက်ဆံနဲ့လွှတ်ထားတာဆိုပြီး ပြောချင်တာကို နားလည်မယ်ထင်ပါတယ်...ပြည်သူ့ဘဏ္ဍာဆိုတာဘာလည်းဆိုတာ ရိပ်မိလောက်ပါပြီ...နောက်တစ်ချက်က (ရုရှားမှ ကိုကိုတွေ မောင်မောင်တွေ အနေနဲ့ကလည်း စာသင်တဲ့ ကာလက နဲနဲရယ်၊ အချိန်ပြည့် အွန်လိုင်းမှာ အချိန်ဖြုန်းနေကြသလိုပါပဲ။ အတူနေတဲ့ ညီမလေးတွေ ပြောသမျှ အွန်လိုင်းမှာ (၁၀) ယောက်မှာ (၉) ယောက်က ရုရှားက စစ်ဗိုလ်တွေပါတဲ့လေ။ အော် ...... တော်တော်ဆိုးတာပဲနော်။ တနေ့မှာ တိုင်းပြည်ကို ဘယ်လိုများ ထိန်းသိမ်း စောင့်ရှောက်ကြပါ့မလဲ...။ ) ဒီလိုရေးထားလေတယ်...

ဒီစာသားကို ဖတ်လိုက်ရင်ပဲ တစ်ဖက်လူတွေရဲ့ တကယ့်ဖြစ်ရပ်မှန် တစ်နည်းအားဖြင့် လက်ရှိ situation တွေကို နားမလည်ပဲ ရေးထားတာတွေ့ရတယ်...ရေးချင်ရင်လည်း တကယ်ဟုတ်မဟုတ် အရင်သိအောင်လုပ်ပြီးမှရေးတာကောင်းပါတယ်...ရုရှားမှာစာသင်တာ high school ကျောင်းသားတွေများ ထင်နေတာလားမသိဘူးနော် ;)...Uni တွေမှာ တစ်နေ့ကုန် ကျောင်းတတ်ရတာရှိလို့လား...ကိုယ့် subject တွေလိုက်သင်ကြတော့ တစ်ယောက်နဲ့တစ်ယောက် Time Table ကလည်း ဘယ်တူပါ့မလဲ...နောက်ပြီး ရုရှားမှာလာတဲ့သူတွေက အလုပ်လုပ်ရင်း ကျောင်းတတ်နေတာမဟုတ်သလို အလုပ်သမားတွေလည်းမဟုတ်ဘူးဗျ...အခြားနိုင်ငံတွေမှာရှိတဲ့ ရွှေမြန်မာအချို့တွေနဲ့ သွားပြီး နှိုင်းယှဉ်ကြည့်လို့မရဘူးလေဗျာ...သူတို့တွေက အလုပ်လုပ်ပြီး ကျောင်းတတ်ရတဲ့သူတွေလည်းရှိမယ် အလုပ်ပဲသတ်သတ်လုပ်နေကြရဲ့သူတွေလည်းရှိမယ်...ဒီတော့ online မှာ သူတို့တွေက ရုရှားကမောင်တွေထက်ပိုပြီး တတ်တာနည်းတာပေါ့...ကျွန်တော်တို့တွေက online မှာရှိတယ်ဆိုတာက လူရှိချင်မှလည်းရှိမယ်...

gmail တွေဖွင့်ထားတယ်ဆိုတာက ဒါက ဆက်သွယ်မှုတစ်ခုလေ...တစ်ယောက်နဲ့တစ်ယောက် ပြောစရာရှိရင် ဒီမေးလ်လေးနဲ့ပဲ ပြောရတာပဲမဟုတ်လား...အထူးသဖြင့် မေးလ်ဖွင့်ထားတာ ကိုယ့်အချင်းချင်း contact လုပ်ဖို့ပါ...ဒါက ရုရှားမှာပဲမဟုတ်ပါဘူး overseas မှာရှိကြတဲ့သူတွေတိုင်း အဓိကအားထားရတဲ့ ဆက်သွယ်ရေး ကိရိယာလေးမဟုတ်လား...ဒါကို ဘာကြောင့် အပြစ်မြင်ချင်ရတာလဲ...ကွန်ပျူတာ မေဂျာသမားတွေဆိုရင် ကျောင်းမှာစာသင်ရင်းလည်း ဖွင့်ထားကြတာပဲလေ...gmail ဖွင့်ထားတိုင်း ချက်တင် တတ်နေတယ် ဖွန်ကြောင်နေတယ်လို့များထင်နေတာလား မသိဘူး :D... ဒီလောက်ဆိုရင် အွန်လိုင်းမှာ ဘာကြောင့် အချိန်တော်တော်များများ ရှိနေကြလည်းဆိုတာ သိလောက်ပါပြီ...အဲဒီလို gmail တွေဖွင့်ထားလို့လည်း တိုင်းပြည်ကို ဘယ်လိုကာကွယ်စောင့်ထိန်းမလည်းဆိုတာနဲ့ ဘယ်လိုမှဆက်စပ်လို့လည်းမရဘူး...ဆက်စပ်မှုလည်းမရှိပါဘူး...နိုင်ငံတော်က ပေးအပ်ထားတဲ့အဓိကတာဝန်က အောင်မြင်စွာနဲ့ကျောင်းပြီးဖို့ ပညာသင်ကြားဖို့ပဲလေ....ဒါတွေကို မထိခိုက်နေရင် စစ်သားဆိုတဲ့ဂုဏ်ဒြပ်ကို ခဏထားလိုက်ပါ သူလည်း လူငယ်ယောင်္ကျားလေးတွေပဲ လွတ်လွတ်လပ်လပ်နေကြပါစေပေါ့...ဘယ်သူ့ဘယ်သူ့မှ မထိခိုက်ဘူးမဟုတ်လား...

စာရေးသူ မနွေး ဆိုသူနဲ့ ခင်ဗျားရဲ့ သူငယ်ချင်းတွေလည်း မထိခိုက်ဘူးမဟုတ်လား....အဲဒီတော့ ကိုယ့်လည်းမထိခိုက် တိုင်းပြည်တွက်လည်း နစ်နာထိခိုက်တဲ့ လုပ်ရပ် အပြုအမှုတွေမဟုတ်ပါပဲ ဘာကြောင့် နှိမ့်ချပြောဆိုချင်တာလည်းမသိဘူး...ပြောချင်ရင်လည်း လူပုဂ္ဂိုလ်သီးသန့်ကိုပဲ ရည်ညွှန်းပြီးပြောပါ...သူ့နောက်မှာပါလာမယ့် အဖွဲ့စည်းတွေကို မထိခိုက်စေပါနဲ့...နိဂုံးချုပ်အနေနဲ့ ပြောချင်တာက ကျွန်တော်တို့တွေက တစ်ယောက်နဲ့တစ်ယောက် မြန်မာတွေအချင်းချင်း ပုတ်ခတ်ပြောဆိုရမယ့် အချိန်တွေလည်းမဟုတ်ပါဘူး...နားလည် ခွင့်လွှတ်မှုတွေနဲ့ စည်းလုံးညီညွတ်ကြတဲ့ နိုင်ငံ့သားကောင်း သမီးကောင်းလေးတွေဖြစ်စေချင်တယ်...ဒီလို ဘာမှအကျိုးမရှိပဲ အများသူငှာ သံသယစိတ်တွေဝင်သွားမယ့်စာတွေကို မရေးမိဖို့လည်း အကြံပြုချင်ပါတယ်...စာရေးသူ မနွေးရေးတဲ့စာကို ဖတ်ပြီး တကယ်ယုံကြည်မိပြီးအမုန်းပွားမယ့်သူတွေရှိသလို နားလည်ပေးပြီး မှန်ကန်စွာနဲ့ ရပ်တည်ပေးမယ့်သူတွေလည်းရှိလာမယ်ဆိုတာ သိဖို့လိုမယ်...ဒီ ဘာမှမဟုတ်တဲ့ ကိစ္စကြောင့် ကျန်တဲ့ ကျွန်တော်တို့တွေနဲ့အတူ အွန်လိုင်းကနေတစ်ဆင့် ပူးပေါင်းပြီး မိမိတို့တတ်နိုင်သလောက် နိုင်ငံအကျိုးပြည်သူအကျိုးပြု(ပညာရေး ဘာသာရေး လူမူရေး..etc)ပါဝင်လုပ်နေကြတဲ့ နိုင်ငံရပ်ခြားအမျိုးမျိုးမှသူတွေရဲ့ ကြားမှာ သံသယမျက်လုံးစိတ်တွေနဲ့ဝင်သွားမယ်ဆိုရင် မနွေးရဲ့ personal စာသားလေးဟာ ဘယ်လောက်ထိ အခြားလူတွေကို ထိခိုက်နိုင်တယ်ဆိုတာ စာတစ်လုံးရေးတိုင်း စာတစ်ကြောင်းရေးတိုင်း စဉ်းစားဖို့လိုတယ်...အင်တာနက်စာမျက်နှာမှာ လွတ်လပ်စွာ ရေးခွင့်ရှိသော်လည်း အများသူငှာမထိခိုက်အောင် ရေးဖို့လည်းလိုတယ်...personal စိတ်ခံစားချက်တွေနဲ့ပုတ်ခတ်ပြောဆိုအမုန်းပွါးစေမယ့်အစား ကျွန်တော်တို့နိုင်ငံတော်ကြီးကို ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် ဆင်းရဲနေတဲ့ပြည်သူတွေ အားကိုးရာမဲ့နေတဲ့ကလေးတွေကို မိမိတို့တတ်စွမ်းသရွေ့ (ပညာရေး ကျန်းမာရေး စားဝတ်နေရေး ...etc)တစ်ဖက်တစ်လှမ်းကနေ ကူညီပံ့ပိုး ဒါနပြုကြမယ်ဆိုရင် နိုင်ငံအတွက်အကျိုးရှိပြီး ပြည်သူပြည်သားတွေနဲ့အတူ မိမိမှာလည်း အတိုင်းမသိဝမ်းသာနေမယ်ဆိုတာ မုချမလွဲပေ....။

အပြည့်အစုံသို့...

လူမျိုးနဲ့ဘာသာကို စောင့်ထိန်းကြပါ

နိုင်ငံတိုင်း လူမျိုးတိုင်းမှာ မိမိလူမျိုးနဲ့ဘာသာ သာသနာ ကိုကာကွယ်ထိန်းသိမ်းရမယ့်တာဝန်ရှိသလို အသိစိတ်ဓာတ်လေးတစ်ခုအနေနဲ့ စောင့်ထိန်းသွားရမယ်ဆိုလည်း မမှားပါဘူး...ခေတ်ကိုပြောင်းပြန်လှန်တယ်ပဲပြောပြော နောက်ပြန်ဆွဲတယ်ပဲပြောပြော လူတစ်ယောက်ရဲ့ အခွင့်ရေးကို ပိတ်တယ်ပဲဆိုဆို ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော်ရဲ့ အမြင်လေးကို ပြောပြချင်လို့ပါ...အထူးသဖြင့် မြင်တွေ့နေရနေတဲ့အထဲမှာ အများစုက ဘာသာရေးကိုတော့ ရှေးအစဉ်အလာရ ကိုးကွယ်လာကြလို့ စောင့်ထိန်းကိုးကွယ် ယုံကြည်ကြပါတယ်...ဒါပေမယ့် အထက်မှာ ပြောခဲ့တဲ့ လူမျိုးနဲ့ ဘာသာ ဆိုရာမှာ လူမျိုးကိုစောင့်ထိန်းဖို့မှာကြတော့ အယူဆအမျိုးမျိုး ဒါဟာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အခွင့်ရေး လွတ်လပ်မှုဆိုတဲ့အကြောင်းပြပြီး တိုင်းတစ်ပါးသားကို လက်ထပ်သွားကြတာ အများအားဖြင့် မိန်းကလေးတွေများတယ်...ဘာကြောင့်လည်းဆိုတာ မစဉ်းစားတတ်ဘူး...တကယ်ပဲ ချစ်ကြိုက်လို့လား ဒါမှမဟုတ် နိုင်ငံခြားသားယူမှ ဂုဏ်ရှိတယ် ငွေရှိတယ်လို့များ ထင်နေတာလား?...

အဲဒီလို တိုင်းတစ်ပါးသားကိုမှ နှစ်သက်ကြတဲ့ မိန်းကလေးတွေထဲမှာ ကျွန်တော့်အစ်မ၀မ်းကွဲ တစ်ယောက်လည်း အပါဝင်ပေါ့....အဲဒီလို တိုင်းတစ်ပါးသားကို ယူချင်းအားဖြင့် လူမျိုးကိုစောင့်ထိန်းရမယ့်တာဝန် ၀တ္တရားကြီးကို ပျက်ကွက်သွားတာပါပဲ...တစ်ချို့ကရှိသေးတယ် အခွန်ဆောင်ရမှာစိုးလို့ အခွန်ကြေးသက်သာအောင်လို့ဆိုပြီး တိုင်းတစ်ပါးသားနဲ့ ဟန်ဆောင်လက်ထပ်ပြပြီး အတူနေထိုင်ကြပြီး ကိုယ့်နိုင်ငံပြန်လာမှပဲ ကိုယ့်နိုင်ငံသားအဖြစ် ပြန်ပြောင်းကြမယ်ဆိုပြီး အခွန်ဆိုတဲ့အရာနဲ့ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို လဲလှယ်နိုင်တာ အံ့သြဖို့လည်းကောင်းပါတယ်....ဒီလိုမျိုး ဟန်ဆောင်လက်ထပ်နေကြပြီး တိုင်းတစ်ပါးသားနဲ့အတူနေထိုင်တာကိုလည်း သိရဲ့နဲ့ ပြုံးပြုံးကြီး ကြည့်နေတဲ့ မိဘတွေကလည်း ရှိသေးတယ်လား...လူမျိုးတွေ ဂုဏ်သိက္ခာတွေက အဓိကမဟုတ် ကိုယ့်စီးပွားရေးအဆင်ပြေဖို့က အဓိကလို့ ယူဆနေရင်တော့ တစ်မျိုးပေါ့....

ခေတ်တွေဘယ်လိုပဲပြောင်းပြောင်း တိုးတက်နေပါစေ ကမ္ဘာကြီးတည်တံ့နေသရွေ့တော့ လူမျိုးနဲ့ဘာသာကို မစောင့်ထိန်း မကာကွယ်နိုင်ရင်တော့ တစ်နေ့ကြရင် လူမျိုးနဲ့ဘာသာ မပျောက်သွားနိုင်ဘူးလို့ပြောလို့မရဘူး...တိုင်းတစ်ပါးသားကို မယူရ မချစ်ရဆိုတာ ကမ္ဘာ့နိုင်ငံအများစုမှာ မရှိကြပေမယ့် ကိုယ့်အသိစိတ်ဓာတ် လူမျိုးချစ်စိတ် ဘာသာချစ်စိတ် မြတ်နိုးစိတ်လေးတွေနဲ့ မိမိဘာသာ စောင့်ထိန်းနိုင်သွားရင်တော့ ကောင်းတာပေါ့...တိုင်းတစ်ပါးသား ယူလိုက်လို့လည်း ၁၀၀ ရာနှုံးစိတ်ချမ်းသာသွားတဲ့သူတွေ နည်းပါတယ်...အခြားနိုင်ငံသား ခံယူလိုက်တဲ့အတွက် ဗုဒ္ဓရဲ့အရိပ်အောက်မှာ အေးချမ်းတဲ့ အမိတိုင်းပြည်ကြီးဆီကိုလည်း လာချင်တိုင်းမလာရ ပြန်ချင်တိုင်းမပြန်ရ တွေ့ချင်တဲ့မိဘဆွေမျိုးညီအကိုမောင်နှမတွေကိုလည်း မတွေ့ရနဲ့ သူတို့ဘ၀တွေ ဘယ်လိုများ ပျော်မွေ့နေကြလည်း မသိဘူးပေါ့...သူတို့တွေရဲ့ ရရှိလာတဲ့ အနာဂတ်မျိုးဆက်သစ်တွေကလည်း ဗမာစကားကိုလည်း ကောင်းကောင်းမသိ အဖေ က ခရစ်ယာန် အမေက ဗုဒ္ဓ သားသမီးက ဟိုမရောက် ဒီမရောက်...ဘာသာဆိုတာက နည်းနည်း နားလည်ပေးလို့ရပါတယ် ကိုယ်ယုံကြည်ရာ ကိုးကွယ်ပေါ့...ဒါပေမယ့် လူမျိုးကြတော့ ကွဲပြားသွားတာ တော်တော်တော့ဆိုးပါတယ်...

အချစ်ဆိုတဲ့ အရာမှာ ဘယ်သူဘယ်ဝါဆိုပြီးခွဲခြားထားတာမရှိသလို အချိန်မရွေး လူမျိုးမရွေး ဘာသာမရွေးမှာ ဖြစ်ပေါ်တတ်ကြတာပါပဲ...နိဂုံးချုပ်အနေနဲ့ ပြောချင်တာက လူတစ်ယောက်ရဲ့ လွတ်လပ်မှု ဆိုတဲ့အရာကို အကြောင်းပြကြနိုင်ပေမယ့် အတတ်နိုင်ဆုံး မျိုးချစ်စိတ်ဓာတ်ရှိကြပါ လူမျိုးနဲ့ဘာသာ သာသနာကို ကာကွယ်စောင့်ထိန်းကြပါလို့ပြောချင်ပါတယ်...ဒါကိုရေးရတာကလည်း ဘယ်သူ့ဘယ်သူကိုမှလည်း ရည်ရွယ်မရေးပေမယ့်လည်း မြန်မာမိန်းကလေးတစ်ယောက်ကို တိုင်းတစ်ပါးသား လက်ထဲရောက်သွားရင် တွန့်တိုတတ်တဲ့ ယောင်္ကျားလေးတွေအထဲမှာတစ်ယောက် အပါဝင်နေသူတစ်ယောက်ဖြစ်ပြီး ကိုယ့်အမျိုးကိုချစ်တတ်တဲ့ သူတစ်ယောက်ဆိုလည်း မမှားဘူးပေါ့ဗျာ :)...တကယ်ပါ တိုင်းပြည်ရဲ့အပြင်ဘက်မှာ ရှိနေကြတဲ့ မြန်မာပြည်သူပြည်သားတွေကို တိုင်းတစ်ပါးသားက အနိုင်ကျင့်စော်ကားပြီး လုပ်ချင်တိုင်းလုပ်နေတာတွေ မြန်မာအမျိုးသမီး အလုပ်သမားတွေကိုဘယ်လိုလုပ်လိုက်တာ ဘာသံညာသံတွေကြားနေရရင် ကိုယ့်ဆွေမျိုးမောင်နှမတွေမပါသောငြားလည်း အင်မတန်မှ ခံပြင်းဒေါသထွက်မိပါတယ်...

ကျွန်တော်တို့ ယောင်္ကျားလေးတွေက ကိုယ့်မြန်မာမိန်းကလေးတွေကို တစ်ခါတစ်လေမှာ ကိုယ့်မောင်နှမအရင်းချာလို ဒေါသ ဂရုဏာဖြစ်မိပေမယ့်လည်း အချို့အချို့သော မိန်းကလေးတွေရဲ့အပြုမှုအပြောဆိုတွေကြောင့်လည်း စိတ်ပျက်မိရပါတယ်...ဥပမာ တစ်ခုပြောရရင် စင်္ကာပူက ကောင်မလေးတစ်ယောက်ဆိုရင် အထက်မှာ ကျွန်တော်ပြောခဲ့တဲ့ အမျိုးစောင့်ထိန်းဖို့ဆိုတာ ဝေလာဝေးပေါ့ဗျာ...အာရှယောင်္ကျားလေးတွေဆိုရင် အထင်မကြီးဘူး...ယောင်္ကျားပုံစံပေါက်တဲ့ အီတလီသားတွေကိုပဲကြိုက်တယ် ပွင့်လင်းတယ်ပေါ့ဗျာ...ဘယ်လိုပွင့်လင်းမှုထိကိုကြိုက်လည်းဆိုတာတော့ သူမပြောတဲ့အတိုင်းသာပြောရင် ရိုင်းနေမှာစိုးလို့ ကိုယ့်ပါသူသာ ဆက်တွေးလိုက်ပေါ့ဗျာ...သူတင်မကပဲ သူ့သူငယ်ချင်းတွေပါ မိတ်ဆက်ပြီး အတင်းကြိုက်ခိုင်းနေတော့ မခက်ပေဘူးလား...ဒီလိုမျိုး မိန်းကလေးတွေကြတော့ အမျိုးကိုချစ်ဖို့ထိန်းဖို့ဆိုတာ သွားပြောရင် နားခါးတယ် ခေတ်မမှီဘူးလို့ စောတကတတ်နေအုံးမှာပဲ...ဘယ်လိုပဲဖြစ်နေပါစေ လူတစ်မျိုးစိတ်တစ်မျိုးနဲ့ အယူအဆအမျိုးမျိုးတွေရှိနေကြတဲ့အထဲမှာ ကိုယ်က အဲဒီလိုအထဲတွေပါမသွားစေဖို့နဲ့ အတတ်နိုင်ဆုံးပါမသွားရင် အကောင်းဆုံးပဲလို့ပဲ မြင်မိပါတယ်....။
(ကိုယ့်အမျိုးကို တွန့်တိုတတ်တဲ့ နိုင်ကို :D )

အပြည့်အစုံသို့...

Красная Площадь




သူလည်းပဲ ပျော်နေရှာတယ်နဲ့တူပါတယ် :)





တရုတ်တွေလည်း ဒီလိုကကြလေတယ်



သူတို့လည်းလေ လောကီသားမို့ပါ...


အပြည့်အစုံသို့...

New Year - A New Chance

(New Year ည 12 နာရီထိုးဖို့ အနည်းငယ်မှာ ရုရှား သမ္မတ ဒမစ်ထရီ မက်ဒဗီဒက် ရဲ့ ရုရှားပြည်သူတွေ နဲ့ သူ့ရဲ့မိတ်ဆွေသူငယ်ချင်းများကို ဆုမွန်ကောင်းတောင်းဆိုမှုကို တတ်ရောက် မိန့်ခွန်းပြောဆိုမှုမှ ကောက်နုတ်ချက်များ.....ဘာကြောင့် ဒါကိုရေးရတာလည်းဆိုရင် သူတို့နိုင်ငံ သူတို့လူမျိုးတွေကို သူတို့ရဲ့နိုင်ငံခေါင်းတစ်ယောက်က မိဘပြည်သူတွေအပေါ် ဘယ်လောက်တန်ဖိုးထားချစ်ခင်မြတ်နိုးလည်းဆိုတာ ပေါ်လွင်နေပြီး နှစ်သက်မိလို့ပါ :)...မကောင်းတာကို အတုမယူသင့် ကောင်းတာလေးတွေကိုပဲ အတုယူသင့်တယ်ဆိုတဲ့စကားအတိုင်း အတုယူသင့်ဖို့အတွက်ပါ....)

လေးစားအပ်တဲ့ ရုရှားပြည်သူတွေနဲ့ ချစ်ခင်လေးစားရပါသော မိတ်ဆွေသူငယ်ချင်းများခင်ဗျာ...ဒီညမှာ မိဘပြည်သူတွေနဲ့ မိတ်ဆွေသူငယ်ချင်းများနဲ့ တွေ့ဆုံရတဲ့အခိုက်တန့်လေးဟာ ကျွန်တော်အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာလေးပါ....ပြီးခဲ့တဲ့ နှစ်တုန်းက ကျွန်တော်တို့ နိုင်ငံရဲ့ဘ၀တွေဟာ မလွယ်ကူခဲ့ပါဘူး...

ဒါပေမယ့် ကျွန်တော်တို့ဟာ အဲဒီ အခက်ခဲတွေအများကြီးကို အတူတကွလက်တွဲပြီး တွန်းလှန်ကျော်လွှားနိုင်ခဲ့တဲ့အတွက် အားလုံးအပေါ်ကို ကျေးဇူးတင်ပါတယ်...နောက်ထပ် ကျွန်တော်တို့တွေ ရှေ့ဆက်မယ့်ခရီးလမ်းတွေကို လျှောက်လှမ်းရလိမ့်အုံးမယ်...ကျွန်တော်တို့ရဲ့ နိုင်ငံကြီးကို ခေတ်မှီဖွံ့ဖြိုးတိုးတတ်တဲ့ နိုင်ငံတော်အကြီးအဖြစ် ဖန်တီးရယူမယ်...မျက်မှောက်ခေတ် စီးပွားရေးတွေကိုလည်း ထိန်းထားနိုင်ရမယ်...ကျွန်တော်တို့ ပြည်သူတွေရဲ့ဘ၀တွေ လုံခြုံစိတ်ချရပြီး ပြီးပြည့်စုံတဲ့ဘ၀တွေပိုင်ဆိုင်နိုင်ဖို့အတွက် အရာအရာအားလုံးကို လုပ်ရလိမ့်မယ်...Great Victory ရဲ့ ၆၅ နှစ်မြောက် နှစ်ပါတ်လည်နေ့ရောက်လာပါပြီ...ကျွန်တော်တို့ ရဲ့ လွတ်လပ်မှုတွေအတွက် တိုက်ခိုက်ရယူပေးခဲ့တဲ့သူတွေကို မြတ်နိုးစွာနဲ့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ဟာ ကျွန်တော်တို့အားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်...အဲဒီအောင်မြင်မှုကို ကျွန်တော်တို့ တန်ဖိုးရှိရှိနဲ့ ထိန်းသိမ်းသွားရမယ်...ကျွန်တော်တို့ အလုပ်တွေ အများကြီးလုပ်ဖို့ရှိသေးတယ်...New Year ဆိုတာ အခွင့်လမ်းသစ်တစ်ခုပါပဲ...ဒါကြောင့်မိုလို့ အဲဒီ့အခွင့်လမ်းသစ်ကို လက်လွတ်မဆုံးရှုံးရအောင် လုပ်ရလိမ့်မယ်...ကျွန်တော်တို့ရဲ့ အောင်မြင်မှုဟာ ကျွန်တော်တို့ဆီမှာပဲ မှီခိုနေတယ်...ကျွန်တော်တို့လူတစ်ဦးချင်းစီ ရဲ့ အပြုအမှု အမှန်တရားဆိုတဲ့အရာတွေဟာ သူ့ရဲ့မိသားစု နဲ့ သူ့ရဲ့နိုင်ငံအတွက် သူ လုပ်ပေးလိမ့်မယ်...New Year ဆိုတာ မိသားစုတစ်စုရဲ့ အနှစ်သက်ဆုံး အားလပ်ရက် တစ်ခုဖြစ်တယ်...ယနေ့အချိန်ခါမှာ ကျွန်တော်တို့တွေနဲ့ အရင်းနီးဆုံးနဲ့ အနွေးထွေးမှုပေးနေတာကတော့ ကျွန်တော်တို့ရဲ့ မိဘ တွေ နဲ့ကလေးတွေပါပဲ...သူတို့ဟာ ကျွန်တော်တို့ အပေါ်မှာ အရာရာကိုကောင်းမွန်ပြီးပြည့်စုံတဲ့သူတွေအဖြစ် မြင်ချင်ကြတဲ့သူတွေကြည့်ပါပဲ...ကျွန်တော်တို့ မိဘပြည်သူတွေရဲ့ ရှေ့ရေးကို ကြည့်ရှုဆောင်ရွက်နေသလို မိဘပြည်သူတွေအားလုံးကို ကျွန်တော်တို့ အရမ်းချစ်ပါတယ်...မိဘပြည်သူတွေအားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ....

ချစ်ခင်လေးစားရပါသော သူငယ်ချင်း မိတ်ဆွေများခင်ဗျာ...New Year တစ်ခုဟာ အလွန်လျှင်မြန်စွာနဲ့ ချည်းကပ်လာခဲ့ပါပြီ...အနည်းငယ်သော အချိန်ကာလလေးပဲ ကျန်ပါတော့တယ်...အဲဒီအချိန်မှာ တို့တွေ ဆုတောင်းကြမယ်...သူငယ်ချင်း မိတ်ဆွေတွေအားလုံးဆီမှာ အလွန်ကောင်းမွန်ပြီး ချစ်ခင်မြတ်နိုးဖွယ်ကောင်းတဲ့ အိမ်မက်လှလှလေးတွေ လာနေပါပြီ...သူငယ်ချင်း မိတ်ဆွေတွေရဲ့ ဘေးနားမှာ မိဘပြည်သူတွေရဲ့ အကောင်းဆုံးသော ချစ်ခင်နွေးထွေးမှုလေးတွေ ရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်...အဲဒါတွေအားလုံးဟာ သူငယ်ချင်း မိတ်ဆွေတွေအတွက် အကောင်းဆုံးသော အိမ်မက်လက်ဆောင်လေးတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်...အားလုံးပဲ ပျော်ရွှင် ချမ်းမြေ့ကြပါစေ...
(သင့်တော်သလိုပဲ translate လုပ်လိုက်တာပါ :) )

အပြည့်အစုံသို့...

လူကြီးသမီးဆိုသူ

အချိန်ကတော့ ဒီကို ရောက်ခါစ ဆိုပါတော့....သိပ်တောင် မမှတ်မိတော့ပါဘူး သူ(လူကြီးသမီးဆိုတဲ့သူ)ဘာတွေ ပြောသွားခဲ့သလည်းဆိုတာ...ကျွန်တော့် ဂျီမေးလ်နစ်မှာ သူ့နဲ့ပြောချင်တဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်း တစ်ယောက် နစ်ရှိတယ်...ကျွန်တော့်သူငယ်ချင်းနဲ့ သူတို့က သူငယ်ချင်းတွေပဲလား အသိတွေပဲလား ဘာတွေလည်းတော့ မသိဘူးပေါ့...ကျွန်တော့်သူငယ်ချင်းနစ်ကို သူက ဖွင့်ပြီးဝင်လာတယ်..passward ပေးထားတာနေမှာပေါ့....စကားပြောရင်လည်း အထက်စီးက ရင့်မာတယ်ပေါ့...ပြောတဲ့စတိုင်လ်တွေကလည်း သူ့ရဲ့ servant တစ်ယောက်အလား ပုံစံနဲ့

ဒီလိုနဲ့ စကားပြောကြရင်းနဲ့ သူတွေ့ခဲ့တဲ့သူတွေရဲ့ပုံစံနဲ့ မတူတော့ အထစ်အငေါ့လေးတွေရှိလို့ဖြစ်မယ် တစ်ဖြည်းဖြည်း ပိုပြီး ရန်စောင်လာတာတွေ့ရတယ်...ကျွန်တော့်လိုပဲ မိန်းကလေးတွေနဲ့စကားပြောရင် လုံးဝ အပြောမခံတဲ့သူတစ်ယောက်ရှိသေးတယ်...အွန်လိုင်းမှာကိုပြောတာ...အပြင်မှာ အဲလိုမရှိပါဘူး...ဘလိုင်းကြီးလာလာဖြဲတာတွေရှိတယ်လေ...အဲဒီအချိန်မှာ ကျွန်တော့်သူငယ်ချင်းနဲ့တွေ့ရော ပွဲကကြမ်းတော့တာပါပဲ :)...ကျွန်တော်တို့က မိန်းကလေးတွေနဲ့တုပြီး ရန်ဖြစ်နေတာမဟုတ်ပါဘူး...သူတို့တွေကိုလည်း အေးအေးဆေးဆေးပါပဲ...ဒါပေမယ့် အချို့အချို့တွေက ဘာရန်ငြိုးတွေကြောင့်လည်းမသိဘူး ဒါမှမဟုတ် ယောင်္ကျားလေးတွေအပေါ်မှာ အထက်စီးက ပြောရတာကိုပဲ နှစ်သက်နေတာလားတော့ မသိဘူးပေါ့ဗျာ...ဒီလိုနဲ့ သူနဲ့ကျွန်တော် စကားတွေပြောပြီးကြရင်းနဲ့ နောက်နေ့မှာ မေးလ်လာပို့တယ်...သူက ဘာလည်းဆိုတာပေါ့...လူကြီးသမီးဆိုလားပဲ...ကျွန်တော်ကတော့ ပြုံးမိနေတယ်...ဘာကြောင့်လည်းဆိုတော့ သူဒီလိုပြောချင်းအားဖြင့် ကလေးကလားဆန်လွန်းနေတယ်လို့ ပြီးတော့ မိဘတွေရဲ့ ဂုဏ်အရှိန်ဝါတွေကို ယူပြီး ထုတ်ဖော်ကြွားဝါ တစ်နည်းအားဖြင့် ခြိမ်းခြောက်တာလည်းဖြစ်နိုင်တာပေါ့ :)...အဲဒီလို ပြောလေ ကျွန်တော့်အတွက်တော့ ပိုပြီး အထင်မကြီးလေ ရီစရာတစ်ခုလိုဖြစ်လေပါပဲ...တိုက်ရိုက်မခြိမ်းခြောက်ပေမယ့်လည်း သွယ်ဝိုက်သောအားဖြင့် ငါကဘာကောင်လဲဆိုတာ ပြောချင်းအားဖြင့် လူတစ်ဖက်သားကို သွယ်ဝိုက်ခြိမ်းခြောက်တာပဲမဟုတ်လား...ကျွန်တော်သူ့ကို reply လုပ်ပြီးမေးလ်ပြန်ပို့ပါသေးတယ်...ရေးမိတဲ့အကြောင်းအရာ အချို့မှတ်မိတာလေးတွေကို ပြောပြမယ်...(ဟုတ်ပါပြီ လူကြီးသမီးဆိုတော့ ဘာလူကြီးလဲ ရပ်ကွက်လူကြီးလား :)...မင်းဟာ ကလေးဆန်လွန်းနေတယ်လို့ ပြောချင်တယ်...ဘာကြောင့်လည်းဆိုတော့ ကိုယ်မပိုင်ဆိုင်တဲ့ မိဘရဲ့ ဂုဏ်ပါဝါတွေကို မင်းကယူပြီး ထုတ်ဖော်ပြသနေတယ်...အဲဒီ မင်းရဲ့ မိဘလူကြီးဆိုတဲ့သူတွေဟာ ဘယ်လောက်ထိ သူတို့တွေ ဒီဘ၀ဒီအခြေနေထိရောက်လာအောင် ကြိုးစားခဲ့ရလည်းဆိုတာ မင်းသိလား...မင်းတို့သားသမီးတွေရဲ့ လုပ်ပုံတွေ အချိုးမပြေမှုကြောင့် မိဘရဲ့ ဂုဏ်အရှိန်ဝါတွေကို အလွဲသုံးစားလုပ်မိလို့ ဒီလိုအခြေနေထိရောက်အောင် ကြိုးစားခဲ့ရတဲ့ မိဘတွေခမျာဘ၀တွေပျက်ပြားသွားခဲ့ရတဲ့ဖြစ်စဉ်လေးတွေရှိတယ်ဆိုတာ မင်းမသိဘူးလား...ဒီလိုဖြစ်စဉ်တွေထဲမှာ မင်းရဲ့မိဘတွေမပါအောင် မိဘတွေ မထိခိုက်အောင် မင်းရဲ့အလွဲသုံးစားလုပ်နေတဲ့ လုပ်ရပ်တွေကို ပြုပြင်ဖို့လိုတယ်...မင်းရဲ့မိဘတွေက ဘာကြီးပဲဖြစ်နေဖြစ်နေ ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်နေတဲ့သူပဲဖြစ်ပါစေ ငါရဲ့သမိုင်းမဟုတ်ပါဘူး...စိတ်လည်းမ၀င်စားပါဘူး...ငါကလူကြီးသမီးဆိုပြီး ပေါက်တတ်ကရ မိဘရဲ့ ဂုဏ်ကိုအလွဲသုံးစားလုပ်ပြီး အခြားသူတွေကို ပြောချင်ပြော ခြိမ်းခြောက်ချင်ခြောက် ငါတို့ကိုတော့ အဲဒီလိုလာမလုပ်နဲ့...အဲဒီလို ကိုယ်မပိုင်ဆိုင်ပဲ မိဘတွေရဲ့ဂုဏ်တွေပါဝါတွေကို အလွဲသုံးစားလုပ်ပြီး အခြားလူတွေကို ကျောမယ်ဆိုတဲ့သူတွေကို နှိပ်ကွပ်မယ့်အထဲမှာ ငါလည်းပါတယ်...)ဒါက ပြန်ပြီး reply လုပ်တုန်းက မှတ်မိသလောက်လေးပါ...လူကြီးသမီးဆိုတည်းက တပ်ကပဲဖြစ်မှာပေါ့...တပ်မတော်အတွင်းမှာ ကျွန်တော်ကတော့ ထမ်းဆောင်နေတဲ့ကာလမှာ ကျွန်တော်ရဲ့ခံယူချက် နေထိုင်မှုပုံစံလေး အချို့ကိုပြောပြချင်ပါတယ်...အဲဒီ လူကြီးသမီးဆိုတဲ့သူနဲ့ပါတ်သတ်ပြီးတော့ပေါ့...ကျွန်တော်တို့ တပ်မတော်တွင်းမှာ အထက်အရာရှိတွေကို အလေးပြုကြတာဘာကြောင့်လဲ...လူကိုအလေးပြုတာမဟုတ်ပါဘူး...သူ့ရဲ့ပုခုံးပေါ်က ရာထူးကို အလေးပြုကြတာပါ...သူ ဒီရာထူး ဒီလောက်ထိရောက်အောင် ဘယ်လိုပုံစံမျိုးနဲ့ပဲရောက်လာရောက်လာ ဒီလောက်ထိရောက်အောင် လုပ်နိုင်လာတဲ့အတွက် သူ့ရဲ့ရာထူးကိုလေးစားမှုနဲ့အလေးပြုကြတာပါ...ကျွန်တော် ကျောင်းဆင်းပြီးတပ်မှာလည်း ဖြစ်စဉ်လေးတစ်ခုပေါ့...တပ်မှာ အကြီးဆုံးဖြစ်တဲ့ တပ်ရင်းမှူးရဲ့သား တစ်ယောက်ရှိတယ်...ဆိုင်ကယ်တစ်စီးနဲ့လမ်းသရဲလုပ်နေတာပေါ့...တပ်ရင်းမှူးသားဖြစ်လို့ ရဲဘော်တွေအချို့ကတော့ flatter ဖားယားပြီးတော့ သူ့အကြိုက်လုပ်ပေးနေကြတာ တွေ့ရတယ်...ဒီကောင်ကလည်း သူ့ကိုဘယ်သူမှပြောမယ့်သူမရှိ အိမ်ေ၇ှ့မင်းသားကြီးပေါ့ :)...ထင်ရာစိုင်းနေတော့တာပဲ...မိဘဖြစ်တဲ့သူတွေကလည်း သားသမီးကိုချစ်လို့အလိုလိုက်ထားတာလားတော့မသိဘူးပေါ့...အချိုးက သိပ်မပြေဘူး...ကျွန်တော်တို့နဲ့က ထိပ်တိုက်မတွေ့သေးတော့ ဘာမှမဖြစ်သေးဘူး...ရဲဘော်အချို့က လာလာပြီး ရင်ဖွင့်ကျတယ်...ရဲဘော်စစ်သည်တွေဟာ သူတို့တွေရဲ့အခက်ခဲလေးတွေကို ရင်ဖွင့်ချင်ရင် ကျွန်တော်တို့ ကျောင်းဆင်းအရာရှိငယ်တွေဆီမှာပဲ လာပြီး ရင်ဖွင့်တတ်ကျတယ်...အရာရှိကြီးတွေကြတော့ မပြောရဲလို့နေမှာပေါ့...ဒီလို တပ်ရင်းမှူးရဲ့သားက ဆိုးပေနေပြီး တစ်ခါတစ်ရံ အရပ်သားတွေနဲ့ ရန်ဖြစ်တဲ့သတင်းတွေကလည်း ကြားကြားနေရတယ်...တစ်နေ့တော့ ကျွန်တော်တို့ အရာရှိငယ်တွေနဲ့တွေ့ပြီး အချိုးမပြေလာလုပ်နေတယ်...သူ့အဖေက တပ်ရင်းမှူးဆိုတော့ ကျွန်တော်တို့ကိုလည်း သူဖြဲရင် ကြောက်မှာပဲဆိုတဲ့ အတွေးတွေဝင်နေမှာပေါ့...စကားတွေများနေရင်းနဲ့ အထစ်အငေါ့တွေများလာတော့ စိတ်မထိန်းနိုင်တဲ့ သူငယ်ချင်းတစ်ယောက်ကတော့ ဆွဲထိုးပစ်တယ် :)...နောက်ပြီးကျွန်တော်တို့ ဗိုလ်လောင်းတည်းက သုံးတဲ့စကားတစ်ခုဖြစ်တဲ့ အပြီးချွေတယ်ပေါ့(တစ်ဖက်သားကို စကားတွေအများကြီးပြောပြီး ဓာတ်လေငြီးငွေ့သွားအောင်ပြောတယ်)...သူ့ကိုပြောခဲ့တဲ့စကားတွေကတော့ (မင်းက ငါတို့ရဲ့တပ်ရင်းမှူးသားဆိုတာ ဟုတ်တယ်...ဒါပေမယ့် မင်းက ဘာအဆင့်ရှိလို့ ငါတို့ကို ဒီလိုပြောရတာလဲ...ငါတို့က အရာရှိတွေလေ...မင်းက အခုမှ ကျောင်းသားပဲရှိသေးတယ်...အဖေအားကိုးနဲ့တော့ လာမိုက်နဲ့ မရဘူး...မင်းက ငါတို့ထက် ရာထူးကြီးလေးစားရတဲ့သူတစ်ယောက်ဆိုရင် ငါတို့မှားနေရင် အပြောခံမယ်...အခုက မင်းက ဘာအဆင့်မှလည်းမရှိ ဖအေအားကိုးနဲ့တော့ လာပြီး အထက်စီးမဆန်နဲ့...မရဘူး ဒီလိုလုပ်လို့...မင်းလုပ်နေတဲ့အလုပ်ကိုကြည့်စမ်း...ဖအေက ရှေ့ကနေကောင်းအောင်လုပ် သားကနောက်ကဖျက် ဒီလိုဖြစ်နေတယ်...မင်းကို အရိပ်တစ်ကြည့်ကြည့်နဲ့ မင်းအဖေကမကြည့်နိုင်ဘူး...အရပ်သားတွေနဲ့ရန်ဖြစ်တယ် မောက်မာစွာ ဆက်ဆံတယ်...ဒီတော့ ပြည်သူတွေက မင်းကိုဘာပြောမလဲ...မင်းရဲ့လုပ်ရပ်ကြောင့် မဆိုင်တဲ့ မင်းရဲ့မိဘတွေထိခိုက်လာမယ်...တပ်ပါ နာမည်ပျက်မယ် ထိခိုက်လာမယ်...မင်းတို့တွေရဲ့ သားသမီးတွေရဲ့လုပ်ရပ်ကြောင့် မိဘရော တပ်မတော်ပါ ထိခိုက်နစ်နာတယ်..etc) စသဖြင့် သူ့ကိုအများကြီး အပြီးချွေခဲ့တယ် :)...မြောက်ကြွ မြောက်ကြွဖြစ်နေတဲ့ကောင် နောက်နေ့ကျတော့ ငြိမ်သွားတယ်...တပ်ရင်းမှူးကတောင် သဘောကျနေတယ်...သူကိုယ်တိုင် ကျတော့ မိဘနဲ့သားသမီးဆိုတော့ ပြောမနိုင်ဘူးပေါ့ အလိုလိုက်ပါများတော့ သားသမီးတွေကမကြောက်ကြတော့ဘူး...ရာထူးအသင့်တင့်ရှိကြတဲ့ အချို့ လိမ္မာတဲ့ သားသမီးတွေလည်းအများကြီးပါပဲ...တစ်ချို့ဆိုရင် အပါတ်စဉ်တူ လူကြီးသားသမီးမှန်းတောင်မသိရပါဘူး...အေးအေးဆေးဆေးလေးပဲ နေထိုင်ပြီး ဖော်ရွေကြတာတွေ့ရပါတယ်...အဲဒီလို မောက်မာမှုမရှိပဲ ယဉ်ကျေးစွာ အများနဲ့သဟဇာတဖြစ်အောင်နေချင်းအားဖြင့် မိမိတို့ရဲ့ မိဘဂုဏ်ကိုလည်း စောင့်ထိန်းရာရောက်ပါတယ်...အခြားသော လူကြီးသားသမီးဆိုတဲ့သူတွေလည်း မိဘဂုဏ်ကိုစောင့်ထိန်းသောအားဖြင့် အများလေးစားချစ်ခင်ရအောင် နေတတ်ထိုင်တတ်ဖို့လိုတယ်ဆိုတာ ပြောချင်ပါတယ်...ဂုဏ်တွေ အတ္တတွေ မာန်မာန တွေကို အစွန်းရောက်ကိုင်စွဲထားတဲ့သူတွေဟာ လူငတုံးတွေပဲဖြစ်တယ်...လူတော်လူကောင်းတွေဟာ မိမိမှာ ဂုဏ်တွေ ပါဝါတွေ ရာထူးတွေဘယ်လောက်ရှိနေရှိနေ ထုတ်ဖော်ကြွားဝါးမှုမရှိပေ...သုံးစားမရတဲ့ အတ္တတွေ မန်မာန တွေကို ရှိသင့်တာထက်ပိုပြီး လွန်ကဲစွာ ကိုင်စွဲမထားဖို့ လူ့လောကပါတ်ဝန်းကျင်မှာ လူသားတွေအားလုံးနဲ့ သင့်တင့်စွာ လိုက်လျောညီထွေစွာ နေတတ်ကြဖို့ ဆက်ဆံကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်....။

အပြည့်အစုံသို့...

ကျွန်တော့်ရဲ့အကြောင်းလေးပါ :)

တကယ်တော့ လူတိုင်းမှာ ချစ်တာ လွမ်းတာ ဆွေးတာတွေ သနားအကြင်နာတဲ့ တစ်ခုခုတော့ရှိကြတာပါပဲ...မာနဆိုတဲ့ မမြင်ရတဲ့ ဂုဏ်တံတိုင်းကြီးနဲ့ အဆင့်တန်းဆိုတဲ့ မမြင်ရပဲ လူတွေသတ်မှတ်ကြတဲ့ အရာတွေနဲ့ ဖုံးလွှမ်းနေကြလို့သာ အတ္တတွေဖုံးလွှမ်းနေတာပါ..တကယ်တော့ လူသားတိုင်းမှာ နူးညံ့တတ်တဲ့ စိတ်ခံစားမှုတစ်ခုခုတော့ရှိကြမှာပါ...ကျွန်တော်တောင်မှ ကိုယ့်ကိုယ်ကိုယ် မလွမ်းတတ်ဘူး မချစ်တတ်ဘူးလို့ ထင်နေတာ...တကယ်တော့ လွမ်းတတ်ပါတယ် ချစ်တတ်ပါတယ်..ဘယ်အချိန်မှသိလည်းဆိုတော့ ဘီယာသောက်ပြီး ရီဝေေ၀လေးဖြစ်နေတဲ့အချိန်မှာ လွမ်းတတ် ချစ်တတ်တာ ပါ အရက်တော့ မသောက်ပါဘူး အရင်ကရော အခုရော နောင်ရောပဲ dangerပဲနော် :D...

ယခုချိန်မှာတော့ သူငယ်ချင်းတွေရဲ့သူတို့ရဲ့ ချစ်သူတွေနဲ့ ပလီပလာဘာညာတွေနဲ့ပြောနေတဲ့စကားသံတွေကို ကြားနေရရင် အမြင်ကတ်နေတဲ့သူတစ်ယောက်ပါ :)...အခုချိန်မှာတော့ ပလီပလာ မူယာမာယာတွေနဲ့စကားတွေဟာ ကျွန်တော့်အတွက်တော့ ခါးသက်နေတယ်...ဘာမှမဟုတ်ပဲ အွန်လိုင်းမှာ ဘာတွေပြောနေမှန်းမသိပဲ အချစ်တွေ အသဲတွေ ကလေးတွေ စုံနေတာပဲ သူငယ်ချင်းတွေရဲ့စကားသံတွေကို ကြားရတဲ့အချိန်မှာ စဉ်းစားမိတယ်..ဘာကြောင့်များ ဒီလောက်ထိ အချိန်တွေပေးပြီး ကြိုးစားနေရတာလဲလို့ :)...မိဘဆီကိုတော့ ဒီလောက် သတိရမယ့်ပုံမပေါ်ဘူး ချစ်သူဆီတွေကိုတော့ ever ပဲ...တစ်ခါတစ်လေ ဒီမှာ အိပ်ကောင်းနေတဲ့အချိန်မနက်ခင်းစောစောစီးစီးမှာ ချစ်သူလာလို့ဘာလို့ညာလို့ဆိုပြီး တံခါးလာခေါက်ပြီး အခြားခန်းက လာနှိုးတဲ့ကောင်တွေကရှိသေးတယ်...ပြေးသာ ရိုက်ပစ်လိုက်ချင်တယ်...အဲဒီချစ်သူတွေဆိုတဲ့သူတွေကလည်း ကိုယ့်ရဲ့ချစ်သူတွေဆီမှာ အခုချိန်မှာ ဘယ်ချိန်ရှိနေပြီ ခေါ်သင့်လား မခေါ်သင့်လား မစဉ်းစားဘူး...အရေးကြီးလို့ မိဘတွေဆီက ခေါ်ရင်ထားပါတော့...အခုတော့ ဒီမှာ သူများတွေ အိပ်နေတဲ့အချိန်မှာ အလိုက်ကမသိ...သမုဒယတွေနဲ့လာပြီးညုပြနေလည်း ဘေးကကြားနေရတဲ့ ကျွန်တော့်အတွက်တော့ ထပြီး ပြေးရိုက်ချင်စိတ်ပေါ်လာတယ် :D...အိပ်နေတဲ့အချိန်မှာ အသံတစ်ခုခုကြားနေရင် အိပ်မပျော်တော့ဘူးကျွန်တော်က......ချစ်စရာကောင်းပြီးလှပတဲ့ မိန်းကလေးတွေမြင်ရင် ငေးမောတတ်ကြတာ ကျွန်တော်တို့ ယောင်္ကျားလေးအများစုပါပဲ...ဒါပေမယ့် ဘယ်လောက်ပဲ လှပနေပါစေ ကျော်ကြားထင်ပေါ်နေပါစေ မာနကြီးပြီး ဟိတ်ဟန်များလွန်းနေရင် တစ်ခဏချင်းမှာပဲ အဲဒီလူပေါ်ကို အထင်မကြီးတတ်တော့တာ ကျွန်တော့်ရဲ့သဘာဝပဲ...ကျွန်တော်ကလည်း လူတစ်မျိုးပါပဲ...လူကသာ ပေစုတ်စုတ် ဘာမှမဟုတ်တာ သူများအောက်မှာ အောက်ကျို့ခံပြီးမှ ရတဲ့ရလဒ်ကို သိပ်မကြိုက်နှစ်သက်ဘူး... ကျွန်တော်တို့ ယောင်္ကျားလေးအများစုက မိမိတို့ချစ်ခင်နှစ်သက်ကြတဲ့ ကောင်မလေးတွေကို ချစ်ခွင့်ရအောင် ပြောကြတယ်လေ...အဲဒီလိုပြောတဲ့နေရာမှာ အားလုံးက အောက်ကနေပြီးတော့ ပြောကြရတယ်...ကျွန်တော်ကျတော့ အောက်ကနေပြီးတော့ ပလင်ခံပြီးတော့လည်း မပြောချင်ဘူး အထက်စီးကနေပြီးတော့လည်း မဆက်ဆံဘူး (အချစ်မှာ အထက်စီးကမှမရတာကိုး :D ) level တူပဲ မိန်းကလေးတစ်ယောက်ကို ကိုယ်ကချစ်တယ်ဆိုရင်လည်း ချစ်တဲ့အကြောင်းပြောပြမယ်...သိပ်ပြီး အောက်ကနေပြီးတော့ ရလာမယ့်အချစ်ကိုမလိုချင်ဘူး...ချစ်ရင်ချစ်တယ် မုန်းရင်မုန်းတယ် ဒါပဲသိချင်တယ်...ဒီလိုပြောရတာတွေကလည်း တစ်ချို့မိန်းကလေးတွေက အရမ်းကို မိုးပေါ်တတ်ပြီး မာနကြီးပြလွန်းလို့ပါ...တစ်ခါတစ်လေကျတော့လည်း တော်တော်သံဝေဂရတယ်...အပြင်မှာတော့ မသိဘူးပေါ့ဗျာ...အွန်လိုင်းမှာ တွေ့ကြုံမှုလေးတွေပြောပြချင်ပါတယ်...ရုရှားကို ရောက်ခါစ အခန်းတစ်ခန်းမှာ သူငယ်ချင်း ၄ ယောက်နေတယ်...သူငယ်ချင်းတစ်ယောက်ရဲ့ ချစ်သူစုံတွဲလေးအကြောင်းပါ...သူတို့၂ယောက်က အထက်မှာပြောခဲ့သလို ပလီပလာဘာညာတွေပြောပြီး နုတ်ခွန်းတွေဆက်ပြီးတဲ့အချိန်မှာ အဲဒီကောင်မလေးက မပြန်သေးပဲ နောက်တစ်ယောက်နဲ့ထပ်ပြီးတွေ့နေတယ်...သူ့ချစ်သူက မသိဘူး တကယ်ပဲ သူပြန်သွားပြီထင်နေတာကိုး...ကံဆိုးချင်တော့ သူ့ချစ်သူက ကျွန်တော်တို့အခန်းထဲကပဲ သူငယ်ချင်းတစ်ယောက်နဲ့ ထပ်ပြီး ဘာညာသာဓကာတွေပြောနေပြန်ရော...သူချစ်သူက သိသွားရော တကယ်ပဲ စိတ်လေသွားတယ်...နဂိုကမှ ရည်းစားမရှိတဲ့ ကျွန်တော်က ဒီလို ဖြစ်စဉ်တွေကိုတစ်ခါမဟုတ် ၂ခါမဟုတ် အမြဲတွေ့နေရတော့ ချစ်တတ်ဖို့ ရည်းစားရဖို့ဆိုတာ တော်တော်ကိုဝေးသွားတယ်...စိတ်ပျက်ဖို့ကောင်းသလို ဓာတ်ကျဖို့လည်းကောင်းတာကိုး...အားလုံးမှာ အဆိုးနဲ့အကောင်းဆိုတာ ရှိကြစမြဲပါပဲ..မိန်းကလေးတိုင်းမှာ ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်းရှိကြသလို ယောင်္ကျားလေးတွေမှာလည်း ဒီတိုင်းပါပဲ...ကျွန်တော်ကိုကလည်း လူပျိုကြီးကံဇာတာများပါသလားတော့မသိဘူး ဒီလိုမျိုး လိမ်ညာတတ်တဲ့ ဖြစ်စဉ်တွေနဲ့ပဲတွေ့နေတော့တာပဲ...တစ်ခါတစ်လေကျတော့လည်း နားလည်ပေးပါတယ် မိန်းကလေးတွေအပေါ်ကို...မိန်းကလေးတွေက အသက်ရွယ်ပေါ်မှာမူတည်ပြီး ချစ်သူရည်းစားထားကြရတာကိုး အများစုက..ဟုတ်လားတော့မသိဘူး...ဒီတော့ တစ်ခါတစ်လေလည်း ၂ ယောက် ၃ယောက်ထားချင်လည်းထားမှာပေါ့..တစ်ချို့ယောင်္ကျားလေးတွေကလည်း ချစ်သူထားပြီး ယူချင်မှလည်းယူတာကိုး...အထူးသဖြင့် မာနကြီးတတ်တဲ့ကောင်မလေးတွေကို အထင်မကြီးတတ်ဘူး...အချို့က ဂုဏ်ရှိတယ် ငွေရှိတယ် အောင်မြင်ကျော်ကြားလို့ မာနထားတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ထင်တာပဲ...မာနဆိုတာ ယောင်္ကျားရော မိန်းမရော မရှိရဘူးမဟုတ်ဘူး ရှိသင့်ရှိထိုက်တဲ့နေရာမှာရှိရမယ်...ဘာမဟုတ်တဲ့နေရာမှာ ရှိနေထားနေရင်တော့ လူအမြင်ကတ်တာပဲအဖတ်တင်မယ်...ကျွန်တော်က ဖြစ်နိုင်ရင် သူများခိုင်းတာမလုပ်ချင်ဘူး...ဥပမာ အလုပ်တစ်ခုမှာ အလုပ်သမားမဖြစ်ချင်ဘူး အလုပ်ရှင်ပဲဖြစ်ချင်တယ်...ကျွန်တော် ၁၀တန်းစာမေးပွဲဖြေပြီးတဲ့အချိန်မှာ ကျွန်တော့်အစ်မ၀မ်းကွဲက ရန်ကုန်မှာ သူ့တည်းခိုခန်းမှာ အလုပ်လုပ်ဖို့နေခိုင်းသလို Sedona Hotel မှာ အလုပ်လုပ်မလား နောက်ထပ်အစ်မ၀မ်းကွဲ တစ်ယောက်ကလည်း မေးခဲ့ဖူးတယ်..သူနဲ့ အဲဒီဟော်တယ်နဲ့က အသိရှိလို့ဖြစ်မှာပေါ့...အိမ်နဲ့ကလည်း နီးနီးလေကို....ဒါပေမယ့် ကျွန်တော်က စိတ်မ၀င်စားဖူး အဲဒါတွေကို...ဘာလို့လည်းဆိုတော့ အဲဒီနေရာတွေမှာလုပ်ရင် သူများခိုင်းဖက်ဖြစ်သွားမှာပေါ့...ခိုင်းဖက်ဆိုတာက အလုပ်ရှင်ခိုင်းတာမဟုတ်ပဲ လာသမျှ လူတွေရဲ့ ခိုင်းဖက်လည်း ဖြစ်သွားနိုင်တာပဲလေ...ကျွန်တော်က အဲဒါမျိုး မကြိုက်ဘူးလေ :)...ဒါပေမယ့် အခုလုပ်နေတဲ့အလုပ်ကရော သူများခိုင်းဖက်က မလွတ်ကင်းသေးပါဘူး :)...ကျွန်တော်မကြိုက်တာက အလုပ်ရှင်တစ်ယောက်သောသူရဲ့ ကိုယ့်အပေါ်ခိုင်းတာနဲ့ အများသူငှာက ကိုယ့်အပေါ်ခိုင်းတာကို ပိုမကြိုက်တာ...ကိုယ့်အပေါ်ခိုင်းစေတာက လူတိုင်းက ကင်းမှမကင်းကြတာကိုး...သူများခိုင်းစေတာကို မလုပ်ချင်လို့ ကိုယ်ပိုင်စီးပွားရေးလုပ်လည်း ကိုယ်နဲ့ပါတ်သတ်မှီခိုဆက်နွယ်သူတွေရဲ့ action တစ်ခုခုတော့ ခံရမှာပဲလေ...ဒါက ပြသာနာ သိပ်မရှိဘူး လူတိုင်းမှမကင်းတာကိုး...ဒီလောက်တော့ရှိမှာပေါ့...ကျွန်တော့်ရဲ့ စတိုင်လ်က အေးအေးဆေးဆေးနေတယ်...ဘယ်သူငယ်ချင်း ဘယ်သူကလာပြီး မြှောက်ပြောပြော နှိမ့်ချပြောပြော ၀ုန်းဒိုင်းချဲပြီး ပြန်မပြောတတ်ဘူး...သူတို့ပြောချင်ရာပြော အေးဆေးပဲ...မြှောက်ပြောတိုင်းလည်း မမြှောက်တတ်ဘူး နှိမ့်ချပြီးလာပြောလို့လည်း စိတ်မတိုတတ်ဘူး...တစ်နည်းအားဖြင့် သွေးအေးတယ်...သွေးအေးတဲ့သူတွေက စိတ်တိုရင်လည်း သူများနဲ့မတူကြဘူး..ပိုကြမ်းတယ် :)...စိတ်တို ဒေါသဖြစ်တဲ့အချိန်မှာ စိတ်ကိုပြန်ထိန်းချုပ်ပြီး အတတ်နိုင်ဆုံး ထိန်းသိမ်းပြီးမြိုသိပ်ပြီးနေတာများပါတယ်..တစ်ခါတစ်လေလည်း ခပ်တည်တည်နဲ့နောက်တတ်တယ် ;)...တစ်ပါးသူတွေအပေါ်ကို အများသူငှာလို အချစ် အလွမ်း အကြင်နာ ဂရုနာ အကုန်ထားတတ်တယ်...ကိုယ့်အပေါ်တော့ လာပြီး ကျောလို့မရဘူး :)...ကိုယ်ကလည်း သူများအပေါ်ကို ဘယ်တုန်းကမှမကျောဖူးဘူး...အားလုံးကို ချုံပြီးပြန်ပြောရရင် ကျွန်တော် မကြိုက်ဆုံးက ကိုယ့်အပေါ်ကို ဘလိုင်းကြီး လာကျောတာမကြိုက်ဘူး...မိန်းကလေးနဲ့ပါတ်သတ်ရင် မာနကို မိုးပေါ်ထိထောင်ပြီးတတ်ပြနေတဲ့သူတွေကို ကြည့်မရဘူး( ကြိမ်ဆဲနေတော့မှာပဲ ;) )...အချို့သူငယ်ချင်းတွေဆိုရင် တော်တော် အောက်ကျို့ခံပြီး ပြောနေဆိုနေတာတွေကိုတွေ့ရတယ်...ဘလိုင်းကြီးလာပြီး ရန်မူတဲ့သူတွေကရှိသေးတယ်..ဒါလည်း ချစ်တော့ သည်းခံပြီး ပြောနေကြတယ်ထင်ပါရဲ့...အဲဒီလိုကောင်မလေးတွေ ကျွန်တော်လိုယောင်္ကျားလေးမျိုးနဲ့မတွေ့တာတော်တော်ကံကောင်း...တွေ့ရင်တော့ ကမ္ဘာမီးလောင်ပြီသာမှတ်ပေတော့ :)...စာက အရမ်းရှည်နေပြီ နောက်မှပဲ ငါ့ကလူကြီးသမီးဆိုပြီး ထောင်ထောင်လာပြီး အပေါ်စီးကနေလာပြီးပြောတဲ့ကောင်မလေးနဲ့ ကျွန်တော်နဲ့ တွေ့ပြီး မီးဟုန်းဟုန်းတောက်ခဲ့တဲ့ ဇာတ်လမ်းလေးကို နောက်နေ့မှ ရေးအုံးမယ် :)...သူတွေ့ခဲ့တဲ့ ယောင်္ကျားလေးတွေထဲမှာ ချစ်လို့အောက်ကျို့ခံပြီးပြောတဲ့သူတွေထဲမှာ ကျွန်တော်က ကလန့်ဖြစ်နေတော့ သူ့အတွက်တော့ အသဲယားစရာဖြစ်နေမှာပေါ့ (ထုထောင်းချင်စိတ်ပေါ့)...ဆက်ရန်၂ပေါ့ဗျာ :) (ဘီယာလေးတစ်ဗူးသောက်ပြီး ရီဝေေ၀ဖြစ်နေချိန်မှာ ရေးထားတဲ့ပေါက်ကရစာတွေမို့ sorry နော် အားလုံးပဲ...ကျွန်တော့်ရဲ့ စိတ်ခံစားမှုအချို့လေးတွေကို ဖတ်ရင်းနဲ့ critic လုပ်နိုင်ပါတယ် တစ်နည်းအားဖြင့် ပြုပြင်ပေးနိုင်ပါတယ် ကျွန်တော်ကသာ အခြားသူတွေကို မာနကြီးတာမကြိုက်ပေမယ့် ကိုယ်ကိုယ်တိုင်ကလည်း အဲဒီထဲမှာပါနေလားတော့မသိဘူး :) မာနဆိုတဲ့အရာတော့မဟုတ်ဘူး လူငယ်သဘာဝအတိုင်း မခံချင်စိတ်လေးတွေ ဖြစ်တာနေမှာပါ :))...။

အပြည့်အစုံသို့...

Subscribe to: Posts (Atom)