NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

ကျွန်တော့်ရဲ့အကြောင်းလေးပါ :)

တကယ်တော့ လူတိုင်းမှာ ချစ်တာ လွမ်းတာ ဆွေးတာတွေ သနားအကြင်နာတဲ့ တစ်ခုခုတော့ရှိကြတာပါပဲ...မာနဆိုတဲ့ မမြင်ရတဲ့ ဂုဏ်တံတိုင်းကြီးနဲ့ အဆင့်တန်းဆိုတဲ့ မမြင်ရပဲ လူတွေသတ်မှတ်ကြတဲ့ အရာတွေနဲ့ ဖုံးလွှမ်းနေကြလို့သာ အတ္တတွေဖုံးလွှမ်းနေတာပါ..တကယ်တော့ လူသားတိုင်းမှာ နူးညံ့တတ်တဲ့ စိတ်ခံစားမှုတစ်ခုခုတော့ရှိကြမှာပါ...ကျွန်တော်တောင်မှ ကိုယ့်ကိုယ်ကိုယ် မလွမ်းတတ်ဘူး မချစ်တတ်ဘူးလို့ ထင်နေတာ...တကယ်တော့ လွမ်းတတ်ပါတယ် ချစ်တတ်ပါတယ်..ဘယ်အချိန်မှသိလည်းဆိုတော့ ဘီယာသောက်ပြီး ရီဝေေ၀လေးဖြစ်နေတဲ့အချိန်မှာ လွမ်းတတ် ချစ်တတ်တာ ပါ အရက်တော့ မသောက်ပါဘူး အရင်ကရော အခုရော နောင်ရောပဲ dangerပဲနော် :D...

ယခုချိန်မှာတော့ သူငယ်ချင်းတွေရဲ့သူတို့ရဲ့ ချစ်သူတွေနဲ့ ပလီပလာဘာညာတွေနဲ့ပြောနေတဲ့စကားသံတွေကို ကြားနေရရင် အမြင်ကတ်နေတဲ့သူတစ်ယောက်ပါ :)...အခုချိန်မှာတော့ ပလီပလာ မူယာမာယာတွေနဲ့စကားတွေဟာ ကျွန်တော့်အတွက်တော့ ခါးသက်နေတယ်...ဘာမှမဟုတ်ပဲ အွန်လိုင်းမှာ ဘာတွေပြောနေမှန်းမသိပဲ အချစ်တွေ အသဲတွေ ကလေးတွေ စုံနေတာပဲ သူငယ်ချင်းတွေရဲ့စကားသံတွေကို ကြားရတဲ့အချိန်မှာ စဉ်းစားမိတယ်..ဘာကြောင့်များ ဒီလောက်ထိ အချိန်တွေပေးပြီး ကြိုးစားနေရတာလဲလို့ :)...မိဘဆီကိုတော့ ဒီလောက် သတိရမယ့်ပုံမပေါ်ဘူး ချစ်သူဆီတွေကိုတော့ ever ပဲ...တစ်ခါတစ်လေ ဒီမှာ အိပ်ကောင်းနေတဲ့အချိန်မနက်ခင်းစောစောစီးစီးမှာ ချစ်သူလာလို့ဘာလို့ညာလို့ဆိုပြီး တံခါးလာခေါက်ပြီး အခြားခန်းက လာနှိုးတဲ့ကောင်တွေကရှိသေးတယ်...ပြေးသာ ရိုက်ပစ်လိုက်ချင်တယ်...အဲဒီချစ်သူတွေဆိုတဲ့သူတွေကလည်း ကိုယ့်ရဲ့ချစ်သူတွေဆီမှာ အခုချိန်မှာ ဘယ်ချိန်ရှိနေပြီ ခေါ်သင့်လား မခေါ်သင့်လား မစဉ်းစားဘူး...အရေးကြီးလို့ မိဘတွေဆီက ခေါ်ရင်ထားပါတော့...အခုတော့ ဒီမှာ သူများတွေ အိပ်နေတဲ့အချိန်မှာ အလိုက်ကမသိ...သမုဒယတွေနဲ့လာပြီးညုပြနေလည်း ဘေးကကြားနေရတဲ့ ကျွန်တော့်အတွက်တော့ ထပြီး ပြေးရိုက်ချင်စိတ်ပေါ်လာတယ် :D...အိပ်နေတဲ့အချိန်မှာ အသံတစ်ခုခုကြားနေရင် အိပ်မပျော်တော့ဘူးကျွန်တော်က......ချစ်စရာကောင်းပြီးလှပတဲ့ မိန်းကလေးတွေမြင်ရင် ငေးမောတတ်ကြတာ ကျွန်တော်တို့ ယောင်္ကျားလေးအများစုပါပဲ...ဒါပေမယ့် ဘယ်လောက်ပဲ လှပနေပါစေ ကျော်ကြားထင်ပေါ်နေပါစေ မာနကြီးပြီး ဟိတ်ဟန်များလွန်းနေရင် တစ်ခဏချင်းမှာပဲ အဲဒီလူပေါ်ကို အထင်မကြီးတတ်တော့တာ ကျွန်တော့်ရဲ့သဘာဝပဲ...ကျွန်တော်ကလည်း လူတစ်မျိုးပါပဲ...လူကသာ ပေစုတ်စုတ် ဘာမှမဟုတ်တာ သူများအောက်မှာ အောက်ကျို့ခံပြီးမှ ရတဲ့ရလဒ်ကို သိပ်မကြိုက်နှစ်သက်ဘူး... ကျွန်တော်တို့ ယောင်္ကျားလေးအများစုက မိမိတို့ချစ်ခင်နှစ်သက်ကြတဲ့ ကောင်မလေးတွေကို ချစ်ခွင့်ရအောင် ပြောကြတယ်လေ...အဲဒီလိုပြောတဲ့နေရာမှာ အားလုံးက အောက်ကနေပြီးတော့ ပြောကြရတယ်...ကျွန်တော်ကျတော့ အောက်ကနေပြီးတော့ ပလင်ခံပြီးတော့လည်း မပြောချင်ဘူး အထက်စီးကနေပြီးတော့လည်း မဆက်ဆံဘူး (အချစ်မှာ အထက်စီးကမှမရတာကိုး :D ) level တူပဲ မိန်းကလေးတစ်ယောက်ကို ကိုယ်ကချစ်တယ်ဆိုရင်လည်း ချစ်တဲ့အကြောင်းပြောပြမယ်...သိပ်ပြီး အောက်ကနေပြီးတော့ ရလာမယ့်အချစ်ကိုမလိုချင်ဘူး...ချစ်ရင်ချစ်တယ် မုန်းရင်မုန်းတယ် ဒါပဲသိချင်တယ်...ဒီလိုပြောရတာတွေကလည်း တစ်ချို့မိန်းကလေးတွေက အရမ်းကို မိုးပေါ်တတ်ပြီး မာနကြီးပြလွန်းလို့ပါ...တစ်ခါတစ်လေကျတော့လည်း တော်တော်သံဝေဂရတယ်...အပြင်မှာတော့ မသိဘူးပေါ့ဗျာ...အွန်လိုင်းမှာ တွေ့ကြုံမှုလေးတွေပြောပြချင်ပါတယ်...ရုရှားကို ရောက်ခါစ အခန်းတစ်ခန်းမှာ သူငယ်ချင်း ၄ ယောက်နေတယ်...သူငယ်ချင်းတစ်ယောက်ရဲ့ ချစ်သူစုံတွဲလေးအကြောင်းပါ...သူတို့၂ယောက်က အထက်မှာပြောခဲ့သလို ပလီပလာဘာညာတွေပြောပြီး နုတ်ခွန်းတွေဆက်ပြီးတဲ့အချိန်မှာ အဲဒီကောင်မလေးက မပြန်သေးပဲ နောက်တစ်ယောက်နဲ့ထပ်ပြီးတွေ့နေတယ်...သူ့ချစ်သူက မသိဘူး တကယ်ပဲ သူပြန်သွားပြီထင်နေတာကိုး...ကံဆိုးချင်တော့ သူ့ချစ်သူက ကျွန်တော်တို့အခန်းထဲကပဲ သူငယ်ချင်းတစ်ယောက်နဲ့ ထပ်ပြီး ဘာညာသာဓကာတွေပြောနေပြန်ရော...သူချစ်သူက သိသွားရော တကယ်ပဲ စိတ်လေသွားတယ်...နဂိုကမှ ရည်းစားမရှိတဲ့ ကျွန်တော်က ဒီလို ဖြစ်စဉ်တွေကိုတစ်ခါမဟုတ် ၂ခါမဟုတ် အမြဲတွေ့နေရတော့ ချစ်တတ်ဖို့ ရည်းစားရဖို့ဆိုတာ တော်တော်ကိုဝေးသွားတယ်...စိတ်ပျက်ဖို့ကောင်းသလို ဓာတ်ကျဖို့လည်းကောင်းတာကိုး...အားလုံးမှာ အဆိုးနဲ့အကောင်းဆိုတာ ရှိကြစမြဲပါပဲ..မိန်းကလေးတိုင်းမှာ ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်းရှိကြသလို ယောင်္ကျားလေးတွေမှာလည်း ဒီတိုင်းပါပဲ...ကျွန်တော်ကိုကလည်း လူပျိုကြီးကံဇာတာများပါသလားတော့မသိဘူး ဒီလိုမျိုး လိမ်ညာတတ်တဲ့ ဖြစ်စဉ်တွေနဲ့ပဲတွေ့နေတော့တာပဲ...တစ်ခါတစ်လေကျတော့လည်း နားလည်ပေးပါတယ် မိန်းကလေးတွေအပေါ်ကို...မိန်းကလေးတွေက အသက်ရွယ်ပေါ်မှာမူတည်ပြီး ချစ်သူရည်းစားထားကြရတာကိုး အများစုက..ဟုတ်လားတော့မသိဘူး...ဒီတော့ တစ်ခါတစ်လေလည်း ၂ ယောက် ၃ယောက်ထားချင်လည်းထားမှာပေါ့..တစ်ချို့ယောင်္ကျားလေးတွေကလည်း ချစ်သူထားပြီး ယူချင်မှလည်းယူတာကိုး...အထူးသဖြင့် မာနကြီးတတ်တဲ့ကောင်မလေးတွေကို အထင်မကြီးတတ်ဘူး...အချို့က ဂုဏ်ရှိတယ် ငွေရှိတယ် အောင်မြင်ကျော်ကြားလို့ မာနထားတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ထင်တာပဲ...မာနဆိုတာ ယောင်္ကျားရော မိန်းမရော မရှိရဘူးမဟုတ်ဘူး ရှိသင့်ရှိထိုက်တဲ့နေရာမှာရှိရမယ်...ဘာမဟုတ်တဲ့နေရာမှာ ရှိနေထားနေရင်တော့ လူအမြင်ကတ်တာပဲအဖတ်တင်မယ်...ကျွန်တော်က ဖြစ်နိုင်ရင် သူများခိုင်းတာမလုပ်ချင်ဘူး...ဥပမာ အလုပ်တစ်ခုမှာ အလုပ်သမားမဖြစ်ချင်ဘူး အလုပ်ရှင်ပဲဖြစ်ချင်တယ်...ကျွန်တော် ၁၀တန်းစာမေးပွဲဖြေပြီးတဲ့အချိန်မှာ ကျွန်တော့်အစ်မ၀မ်းကွဲက ရန်ကုန်မှာ သူ့တည်းခိုခန်းမှာ အလုပ်လုပ်ဖို့နေခိုင်းသလို Sedona Hotel မှာ အလုပ်လုပ်မလား နောက်ထပ်အစ်မ၀မ်းကွဲ တစ်ယောက်ကလည်း မေးခဲ့ဖူးတယ်..သူနဲ့ အဲဒီဟော်တယ်နဲ့က အသိရှိလို့ဖြစ်မှာပေါ့...အိမ်နဲ့ကလည်း နီးနီးလေကို....ဒါပေမယ့် ကျွန်တော်က စိတ်မ၀င်စားဖူး အဲဒါတွေကို...ဘာလို့လည်းဆိုတော့ အဲဒီနေရာတွေမှာလုပ်ရင် သူများခိုင်းဖက်ဖြစ်သွားမှာပေါ့...ခိုင်းဖက်ဆိုတာက အလုပ်ရှင်ခိုင်းတာမဟုတ်ပဲ လာသမျှ လူတွေရဲ့ ခိုင်းဖက်လည်း ဖြစ်သွားနိုင်တာပဲလေ...ကျွန်တော်က အဲဒါမျိုး မကြိုက်ဘူးလေ :)...ဒါပေမယ့် အခုလုပ်နေတဲ့အလုပ်ကရော သူများခိုင်းဖက်က မလွတ်ကင်းသေးပါဘူး :)...ကျွန်တော်မကြိုက်တာက အလုပ်ရှင်တစ်ယောက်သောသူရဲ့ ကိုယ့်အပေါ်ခိုင်းတာနဲ့ အများသူငှာက ကိုယ့်အပေါ်ခိုင်းတာကို ပိုမကြိုက်တာ...ကိုယ့်အပေါ်ခိုင်းစေတာက လူတိုင်းက ကင်းမှမကင်းကြတာကိုး...သူများခိုင်းစေတာကို မလုပ်ချင်လို့ ကိုယ်ပိုင်စီးပွားရေးလုပ်လည်း ကိုယ်နဲ့ပါတ်သတ်မှီခိုဆက်နွယ်သူတွေရဲ့ action တစ်ခုခုတော့ ခံရမှာပဲလေ...ဒါက ပြသာနာ သိပ်မရှိဘူး လူတိုင်းမှမကင်းတာကိုး...ဒီလောက်တော့ရှိမှာပေါ့...ကျွန်တော့်ရဲ့ စတိုင်လ်က အေးအေးဆေးဆေးနေတယ်...ဘယ်သူငယ်ချင်း ဘယ်သူကလာပြီး မြှောက်ပြောပြော နှိမ့်ချပြောပြော ၀ုန်းဒိုင်းချဲပြီး ပြန်မပြောတတ်ဘူး...သူတို့ပြောချင်ရာပြော အေးဆေးပဲ...မြှောက်ပြောတိုင်းလည်း မမြှောက်တတ်ဘူး နှိမ့်ချပြီးလာပြောလို့လည်း စိတ်မတိုတတ်ဘူး...တစ်နည်းအားဖြင့် သွေးအေးတယ်...သွေးအေးတဲ့သူတွေက စိတ်တိုရင်လည်း သူများနဲ့မတူကြဘူး..ပိုကြမ်းတယ် :)...စိတ်တို ဒေါသဖြစ်တဲ့အချိန်မှာ စိတ်ကိုပြန်ထိန်းချုပ်ပြီး အတတ်နိုင်ဆုံး ထိန်းသိမ်းပြီးမြိုသိပ်ပြီးနေတာများပါတယ်..တစ်ခါတစ်လေလည်း ခပ်တည်တည်နဲ့နောက်တတ်တယ် ;)...တစ်ပါးသူတွေအပေါ်ကို အများသူငှာလို အချစ် အလွမ်း အကြင်နာ ဂရုနာ အကုန်ထားတတ်တယ်...ကိုယ့်အပေါ်တော့ လာပြီး ကျောလို့မရဘူး :)...ကိုယ်ကလည်း သူများအပေါ်ကို ဘယ်တုန်းကမှမကျောဖူးဘူး...အားလုံးကို ချုံပြီးပြန်ပြောရရင် ကျွန်တော် မကြိုက်ဆုံးက ကိုယ့်အပေါ်ကို ဘလိုင်းကြီး လာကျောတာမကြိုက်ဘူး...မိန်းကလေးနဲ့ပါတ်သတ်ရင် မာနကို မိုးပေါ်ထိထောင်ပြီးတတ်ပြနေတဲ့သူတွေကို ကြည့်မရဘူး( ကြိမ်ဆဲနေတော့မှာပဲ ;) )...အချို့သူငယ်ချင်းတွေဆိုရင် တော်တော် အောက်ကျို့ခံပြီး ပြောနေဆိုနေတာတွေကိုတွေ့ရတယ်...ဘလိုင်းကြီးလာပြီး ရန်မူတဲ့သူတွေကရှိသေးတယ်..ဒါလည်း ချစ်တော့ သည်းခံပြီး ပြောနေကြတယ်ထင်ပါရဲ့...အဲဒီလိုကောင်မလေးတွေ ကျွန်တော်လိုယောင်္ကျားလေးမျိုးနဲ့မတွေ့တာတော်တော်ကံကောင်း...တွေ့ရင်တော့ ကမ္ဘာမီးလောင်ပြီသာမှတ်ပေတော့ :)...စာက အရမ်းရှည်နေပြီ နောက်မှပဲ ငါ့ကလူကြီးသမီးဆိုပြီး ထောင်ထောင်လာပြီး အပေါ်စီးကနေလာပြီးပြောတဲ့ကောင်မလေးနဲ့ ကျွန်တော်နဲ့ တွေ့ပြီး မီးဟုန်းဟုန်းတောက်ခဲ့တဲ့ ဇာတ်လမ်းလေးကို နောက်နေ့မှ ရေးအုံးမယ် :)...သူတွေ့ခဲ့တဲ့ ယောင်္ကျားလေးတွေထဲမှာ ချစ်လို့အောက်ကျို့ခံပြီးပြောတဲ့သူတွေထဲမှာ ကျွန်တော်က ကလန့်ဖြစ်နေတော့ သူ့အတွက်တော့ အသဲယားစရာဖြစ်နေမှာပေါ့ (ထုထောင်းချင်စိတ်ပေါ့)...ဆက်ရန်၂ပေါ့ဗျာ :) (ဘီယာလေးတစ်ဗူးသောက်ပြီး ရီဝေေ၀ဖြစ်နေချိန်မှာ ရေးထားတဲ့ပေါက်ကရစာတွေမို့ sorry နော် အားလုံးပဲ...ကျွန်တော့်ရဲ့ စိတ်ခံစားမှုအချို့လေးတွေကို ဖတ်ရင်းနဲ့ critic လုပ်နိုင်ပါတယ် တစ်နည်းအားဖြင့် ပြုပြင်ပေးနိုင်ပါတယ် ကျွန်တော်ကသာ အခြားသူတွေကို မာနကြီးတာမကြိုက်ပေမယ့် ကိုယ်ကိုယ်တိုင်ကလည်း အဲဒီထဲမှာပါနေလားတော့မသိဘူး :) မာနဆိုတဲ့အရာတော့မဟုတ်ဘူး လူငယ်သဘာဝအတိုင်း မခံချင်စိတ်လေးတွေ ဖြစ်တာနေမှာပါ :))...။

5 comments:

ဝါ၀ါခိုင်မင်း said...

အင်း.. ဖတ်သွားတယ် မောင်နိုင်ကိုရေ.

ကွန်မန့်အရှည်ကြီးရေးပြီးမှ ဆရာကြီးကိုဆရာပြန်မလုပ်ချင်တော့လို့ ဖျက်လိုက်တယ်.

အိုင်ဒီယာတွေကောင်းပါတယ်..မာနဆိုတာ ရှိသင့်တဲ့နေရာမှာတော့ ရှိရမှာပေါ့။အရမ်းမောက်မာရင်တော့ လူမုန်းခံရမှာပေါ့လေ။
အဲဒါကြောင့် သူများတွေ အဆင်ပြေတာမြင်ရင် မနာလို
စိတ်တွေနဲ့ ၀င်ဆွနေတာကိုးးးးးမနာလိုမရှိရဘူးကွဲ့..သူ
များတွေချစ်တတ်ကြတာကို နမူနာယူပြီး ကိုယ့်အလှည့်
ကျရင် ပိုချစ်တတ်အောင်ကြိုးစားရတယ် ကောင်ကလေး.

ကဲ..ဆက်ရေးပါဦး လူဂျီးသမီးနဲ့အကြောင်း..

ဒါနဲ့ နံပါတ်၂ကို နှစ်မကူးခင် မရေးရင် နောက်နှစ်မစွံဘူး
နော်..ဒါပဲ..

မကြီးဝါ

နိုင်ကို said...

အဲလိုမဟုတ်ပါဘူး..သူများတွေချစ်တာကို အားပေးတယ် သဘောကျတယ်...တစ်ခုရှိတာက ကျွန်တော်တို့က ရင်းနှီးတဲ့သူငယ်ချင်းတွေဆိုရင် လိုက်ဖွပြီး စနောက်တတ်တဲ့အကျင့်ရှိတယ်...ဒီမှာလည်း တစ်ခန်းထဲမှာအတူနေတဲ့ သူတွေအချင်းချင်းကိုပဲ အထင်မှားအောင် ဘေးကသူငယ်ချင်းတွေက မဟုတ်တာတွေ လျှောက်ဖွတာလေ...သူငယ်ချင်းတွေဆုံရင် ဒါက ရီစရာဟာသအနေနဲ့စနောက်ကျတာ အစဉ်အလာလို့ဖြစ်နေတယ်...မကြီးဝါတို့ကိုလည်း အဲလိုပါပဲ တစ်နည်းအားဖြင့် ဖွတာပေါ့ :)...စနောက်ဖွတာကို တကယ် မနာလိုစိတ်နဲ့ပြောတယ်လို့လည်း မှတ်ယူမနေနဲ့အုံးနော် :D...ယောင်္ကျားလေးတွေမှာ အဲလို မနာလိုစိတ်ဆိုတာ မရှိပါဘူးဗျာ...ပြောချင်တာက ကျွန်တော်တို့ယောင်္ကျားလေးတွေအပေါ်မှာ ဘလိုင်းကြီးလာပြီးအထက်စီးကလာပြောနေတဲ့ကောင်မ
လေး တွေနဲ့ မာနထောင်လွှားနေတဲ့ ကောင်မလေးတွေ တစ်ဖက်ကယောင်္ကျားလေးမှာလည်း မပွေမရှုပ်ပဲ အပြစ်မရှိပဲ နေနေတဲ့သူတစ်ယောက်ကို ချစ်သူချင်းကို လာပြီး လိမ်ညာတစ်ပါတ်ရိုက်ပြီး နောက်တစ်ယောက်နဲ့ဖြစ်နေတာတွေကို မဟုတ်ဘူးလို့ ငြင်းနေပြီး သက်သေတွေနဲ့ပြောလိုက်တဲ့အခါကျတော့ သူကပဲ ပြန်ပြီး ရန်တောင်မူသွားသေးတယ်.သူ့ကိုယ်ပဲ ဒီဘက်က ပြန်ပြီးတောင်ပန်ရမလိုတောင်ဖြစ်နေပြီ..ဒါက သူငယ်ချင်း တစ်ယောက်ရဲ့အဖြစ်ကိုကြည့်ပြီး ဘေးကနေ သူ့အစား နည်းနည်းလေးဖီးလ်အောက်လို့ပြောတာပါ..မဖြစ်သင့်တာကို ပြောတာပါ..ဒါပေမယ့် အဲဒါတွေနဲ့ပါတ်သတ်ပြီး ကိုယ်က သိပ်မ၀င်စားတော့ ၀င်ရောက်စွပ်ဖက်ပြီးတော့လည်း မပြောပါဘူး..ဖြစ်သင့်မဖြစ်သင့်လေးကိုပဲ အားလုံးက ချပြပေးတာပါ..သူတို့၂ယောက်ရဲ့ဇာတ်လမ်းက ကိုယ်နဲ့မဆိုင်တာ...တကယ်ချစ်ကြရင် အားလုံးကိုနားလည်ပေးကြတာပါပဲ..မှားမှားမှန်မှန်ပေါ့.. ဒါပေမယ့် မိန်းကလေးက ယောင်္ကျားလေးပေါ်ကို ဒီလို လာကျောတာကို မကြိုက်တာ :)...ဒါပါပဲ :)

thawzin said...

ဟကောင်လေး... မင်းလုပ်မှပဲ စိုင်းစိုင်းရဲ့ “မာနကို ခ၀ါချလို ချစ်ရဲ့အောက်မှာ ဒူးတွေထောက်ကြ၊ ပေးဆပ်ရဒီဘ၀ ချစ်စိတ်နဲ့ အရာအားလုံးကို ထိန်းချုပ်ထား၊ ဒီစိတ်နဲ့သွား၊ ဒီစိတ်နဲ့စား၊ ဒီစိတ်နဲ့ပဲ အသက်ဆက်ရှင်နေရတာလား ” ဆိုတဲ့ အချစ်သီချင်းထဲက ရပ်စာသားလေးကို လှောင်နေသလိုပါပဲ။ ချစ်ဖူးရင် သိဖူးမှာပါ။ မင်းမှ မချစ်ဖူးတာကွာ။ နောက်တစ်ခုက “အလုပ်ဟူက ဂုဏ်ရှိစွ” ဆိုတဲ့ အဆိုလေးကို မင်းထပ်လှောင်လိုက်ပြန်သေးတယ်။ မြတ်စွာဘုရားဟောခဲ့တဲ့ လမ်းကြီး (၈) ခုထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ သမ္မာအာဇီဝ (မှန်ကန်သော အသက်မွေးဝမ်းကျောင်းမှု) ဆိုတာက အောက်မကျို့ရဘူးလို့မပါဘူး။ မိမိအဆင့်အတန်း၊ ဘ၀ပေးအခြေအနေရ မိမိဝမ်းစာအတွက် ရတဲ့အလုပ်(သမ္မာအာဇီဝ)ကို လုပ်ရမယ် နယ်သားရ။ မိမိရမယ့် လစာက ဖြူစင်သန့်ရှင်းမှုမရှိပဲ အဂတိလိုက်စားမှုနဲ့ ငွေတွေတထောကြီးနေတဲ့ ငွေ့ထက်စာရင် မိလ္လာဆေး၊ သန်းရှင်းရေး အလုပ်ကရတဲ့ငွေက တန်ဖိုးရှိတယ်။ ပြီးတော့ အကြွေးကင်းတယ်။ မဟုတ်ရင် သံသရာအကြွေးပါသွားနိုင်တယ်။ ဒါပဲကွာ... ဘီယာဆိုတာလဲ မူးယစ်စေတဲ့အတွက် သုရာမေဓရ ထိုက်တယ်နယ်သား။ အဲဒါပါရှောင်နိုင်ရင် ရှောင်ပါကွာ။

နိုင်ကို said...

အင်း မင်းပြောခဲ့တဲ့အရာတွေကလည်း အားလုံးမှန်ပါတယ်...ငါ့ရဲ့စိတ်ခံစားမှုအရ ကြောင်တောင်တောင်ရေးထားတဲ့ အချက်(၃)ချက်ထဲမှာ နံပါတ်၁ အချစ်ရေးကိစ္စတော့ ပြန်မဆွေးနွေးတော့ဘူး...နဲနဲတော့ စာသားရှည်မယ် :D...ကိုယ်ကစိတ်မ၀င်စားသေး
တော့ အမြင်အမျိုးမျိုးအယူဆအမျိုးမျိုးရှိတဲ့အတွက် မပြောတော့ဘူး...နံပါတ်၂)မှာကျတော့ မင်းကအမြင်တစ်မျိုးနဲ့ပြောထားတယ် ငါကကျတော့ အမြင်တစ်မျိုးနဲ့ရေးထားတယ်...ဒါကြောင့်ဆွေးနွေးမှု
လမ်းကြောင်းလေးက နည်းနည်းလေးလွဲနေတယ်လို့မြင်တယ်...ငါက အလုပ်ကို ရွေးချယ်တာတော့မဟုတ်ပါဘူး... ဘ၀ပေးအခြေနေရ ရတဲ့အလုပ် သမ္မာအာဇီဝ အလုပ်တွေဆို ဘယ်လိုဟာမျိုးနေနေလုပ်ရမှာ မှန်ပါတယ်...ဒါပေမယ့် အဲဒီအလုပ်တွေက ကိုယ့်ဘ၀အတွက် တိုးတက်မှုရှိရဲ့လား?စဉ်းစားရအုံးမယ်လေ...ပြောချင်တာ
က သမ္မာအာဇီဝလည်းဖြစ်ရမယ် မြင့်မားတဲ့အတိုင်းတာတစ်ခုရှိတဲ့ နေရာတစ်ခုရောက်နိုင်မယ့် အချက်ပေါ့...သမ္မအာဇီဝတော့ရှိပါတယ် မင်းဥပမာပေးခဲ့တဲ့ သန့်ရှင်းရေး တို့ မိလ္လာဆေးတို့ဟာတွေကလည်း ဘ၀ပေးအရတော့မဖြစ်မနေဆိုရင်တော့လုပ်ရမှာပေါ့...
ဒါပေမယ့် အဲဒီဘ၀ထဲမှာကနေ တစ်သက်လုံးမနေပဲ ရုန်းထွက်နိုင်ဖို့လည်းလိုတယ်...ဒါအရေးကြီးတယ်...
ငါဘ၀ကတော့သန်ရှင်းရေးအလုပ်နဲ့ပဲတန်ပါတယ်ဆိုပြီး
ကံကိုပဲယုံမနေပဲ
ဥာဏ်ကူပြီးအဲဒီသန့်ရှင်းရေးဘ၀ကနေတဖြည်းဖြည်းမြင်
တက်လာနိုင်အောင်
ဥာဏ်နဲ့စဉ်းစားပြီး
ဝရိယပါစိုက်လိုက်မယ်ဆိုရင် လိုချင်တဲ့ resultလေးတစ်ခုခုတော့ရမှာပေါ့...မဖြစ်နိုင်ဘူးဆိုတာမ
ရှိဘူး.. ဒါပဲလုပ်လို့ရတယ်ဆိုတာ မရှိဘူးလေ...ဖြစ်အောင်လုပ်ရင် ဖြစ်ရမှာပေါ့...အဲဒီဘ၀ပေးအခြေနေတွေကြောင့် ပါတ်ဝင်ကျင်လူတွေသားတွေရဲ့အကြောင်းတွေကိုမြင်
တွေ့ထိတွေ့လေ့လာကြုံတွေ့ခဲ့ရတာတွေနဲ့ပေါင်းစပ်ပြီး ကိုယ့်ဘ၀မြင့်မားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သင့်တင့်လျောက်ပါတ်တဲ့ ရည်မှန်းချက်ပန်းတိုင်ထားဖို့ ပထမဆုံးလိုတာပေါ့...တစ်နည်းအားဖြင့် မခံချင်စိတ်လေးတွေပေါ့ကွာ...တိုးတက်အောင်မြင်မ
ှုတစ်ခုရဖို့ဆိုတာ မခံချင်စိတ်လေးတွေလည်းထားတတ်ရမှာပေါ့...ဒီနေရာ
မှာ ဘာသာရေးနဲ့ရောနှောလို့တော့မကောင်းဘူး...ပြန်ပြီးချုံ့ရ
မယ်ဆိုရင်တော့ ငါ့ရဲ့ရည်ရွယ်ချက်က အလုပ်ဟူက ဂုဏ်ရှိစွ ဆိုတာ လက်ခံပေမယ့် ကိုယ့်ရဲ့ဘ၀ကိုတိုးတက်မှုမရှိတဲ့ အလုပ်ကိုပေတေပြီး သမ္မအာဇီဝရှိလို့ဆိုပြီး လုပ်မနေနိုင်ဘူး...ဒီထက်မြင့်တဲ့ သမ္မအာဇီဝ ရှိတဲ့ လမ်းကို တတ်လှမ်းဖို့စဉ်းစားမယ်...ဒါပါပဲ...ဒါကို အလုပ်ရွေးချယ်တယ်လို့ ပြောရင်လည်း တစ်မျိုးပေါ့ဗျာ...နောက်တစ်ခုက အောက်ကျို့ရတာတို့ဆိုတာတွေကလည်း ကိုယ်တိုင် ဘ၀ရဲ့ခါးသက်မှုလေးတွေနဲ့တစ်ခါတစ်ရံကြုံကြိုက်ခဲ့တဲ့
အခါမှာ အမြဲတမ်း သူများအောက်ကနေ အောက်ကျို့မခံရအောင် ဒီသူများအောက်က ရုန်းထွက်ဖို့ ပြောတာပါ...ဒီပို့စ်မှာကလည်း ကိုယ့်ရဲ့စိတ်ခံစားမှုတစ်ခုနဲ့ ကိုယ်လုပ်ချင်ဖြစ်ချင်တဲ့ပုံစံအနည်းငယ်လေးပါ...စာဖတ်
သူတွေနဲ့ ဒီပို့စ်နဲ့ သိပ်တော့မဆိုင်ပါဘူး...anyway ရင်ဖွင့်တဲ့သဘောပါပဲ :)..နံပါတ်၂လေးကတော့ ဒီလောက်ပါပဲ...

နိုင်ကို said...

နောက်ဆုံးနံပါတ်၃)လေးရဲ့အယူဆလေးကိုပြောပြကြည့်
မယ်...လူငယ်တွေလည်းဖြစ် လောကီလူသားတွေလည်းဖြစ်နေတော့ တစ်ခါတစ်ရံတော့ သောက်စားမှုလေးတွေကတော့ ရှိနေမှာပေါ့ကွာ...ကင်းကွာလို့လည်းမရဘူး...တပ်ရင်းမှာ
နေ တဲ့ အချိန်မှာတောင် ကိုယ့်ရဲ့တပ်ရင်းမှူးတွေနဲ့အတူ လူမူရေးကိစ္စတစ်ခုဖြစ်ဖြစ်သွားလာကြရတဲ့အခါမှာ ကိုယ်က မသောက်တတ်မစားတတ်လို့ ငုတ်တုတ်ကြီးထိုင်နေရင်လည်း တစ်ယောက်တည်း ကြောင်ကြောင်တောင်ကြီးဖြစ်နေုအုံးမယ်...အရာရာတိုင်း
မှာ အမှန်ကြီးလည်းလုပ်လို့မရဘူး...အမှန်ကြည့်ပဲပြောလို့မ
ရဘူး.. အဲလိုပြောလို့လုပ်လို့လည်း ချောင်ထဲရောက်သွားတာအများကြီးပဲလေ...အဓိကက
တော့
ကိုယ်လုပ်နေတဲ့အလုပ်နဲ့ပါတ်ဝန်းကျင်နဲ့ဆက်ဆံရာမှာ လူမှုရေးအရ လိုက်ဖက်ညီထွေစွာလိုက်လုပ်ရတာတွေရှိတယ်လေ...
အရာရာတိုင်း ကိုစာအုပ်ကြီးတိုင်းလုပ်လို့မရဘူး...တစ်ခါတစ်ရံမှာ အဆင်ပြေသလို လိုက်လျောစွာလုပ်မှရတာတွေက ရှိသေးတယ်လေ...စာအုပ်ကြီးတိုင်းလုပ်နေရင်တော့ လူတွေအလယ်မှာ ကြောင်တောင်တောင်ကြီးဖြစ်နေသလို အများသူငှာတွေနဲ့ သဟဇာတမဖြစ်ဘူး...လောကီလူသားတွေဖြစ်လို့ အပြစ်တွေလုပ်ဖို့လည်းမလိုသလို မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေအတိုင်း တစ်ခုမကျန်လိုက်နာကျင့်သုံးဖို့ဆိုတာ သံဃာတော်တွေတောင် အကုန်မလိုက်နိုင်သေးဘူးမဟုတ်လား..လောကုတ္တရာ
ဘက်မှာ မကူးပြောင်းနိုင်သေးသရွေ့ လောကီဘ၀မှာ ပတ်ဝန်းကျင်တွေနဲ့သဟဇာတဖြစ်အောင်နေရအုံးမှာပဲ...
ဒီတော့ ငါးပါးသီလလေးကိုပဲ လောကီလူသားတစ်ယောက်အနေနဲ့ စောင့်ထိန်းဖို့ရာ မလွယ်လှပါဘူး...ဒါပေမယ့်ဗုဒ္ဓဘာသာရဲ့ရည်မှန်းချက်
ဖြစ်တဲ့ နိဗ္ဗာန်ကို မရောက်ခင်စက်ကြားမှာ အပါယ်ဘုံဘ၀မှာ ရောက်မသွားဖို့ကပိုအရေးကြီးပါတယ်...သံသရာဘ၀ခ
ရီးကို လွတ်မြောက်ဖို့ဆိုတာ သာမာန်လူသားတွေအနေနဲ့မလွယ်ကူးသေးတဲ့အတွက် အပါယ်မရောက်ဖို့နဲ့ နောင်ဖြစ်လာမယ်ဘုံဘ၀တွေတိုင်းမှာ ကောင်းမွန်စွာနေနိုင်ဖို့အတွက်ပဲ အဓိကထားလုပ်ဆောင်တာက ပိုပြီးတော့ ကောင်းမယ်ထင်တယ်လို့ ငါကတော့ အခုချိန်မှာဒီလိုပဲယူဆထားတယ်...ဒါကြောင့် ငါအနေနဲ့ကတော့ အတတ်နိုင်ဆုံးတော့ အကုသိုလ်များမယ့်အရာတွေကို မလုပ်မိဖို့အမြဲကြိုးစားတယ်...လုံးလုံးကြီးရှောင်ဖို့ကမ
ဖြစ်နိုင်ဘူးလေ...ဒီတော့ နည်းသမျှနည်းအောင်လုပ်ရတာပေါ့...အရက်ဘီယာ
သောက်တယ်ဆိုတာကလည်း တစ်ခါတစ်ရံတော့ရှိမှာပေါ့ကွာ...သုရာမေရယ ကံထိုက်တယ်ဆိုတာသိပေမယ့် မရှောင်ရှားနိုင်တဲ့အခါတွေလည်းရှိတာပေါ့...လူ့ဘ၀ဖြစ်
လာတဲ့ရလာခိုက်တန့်တဲ့ယခုချိန်မှာ မိမိတို့ စိတ်ချမ်းသာသလိုနေနိုင်အောင် နေထိုင်နိုင်ဖို့လိုသလို သံသရာအတွက်လည်း လုပ်သွားနိုင်ရင်တော့ ကောင်းတာပေါ့....ဘုရားဟောထားတဲ့အတိုင်းတော့ အကုန်မလိုက်နိုင်သေးဘူးပေါ့....အားလုံးကို တရားသဘောနဲ့ကြည့်ရင်တော့ သာမန်လူသားတစ်ယောက်မဆိုနဲ့ ဒို့လို စစ်သားတွေဆို ပိုဆိုးပေါ့ ဘယ်လွတ်ကင်းနိုင်ပါ့မလဲ....နေ့စဉ်ဖရုသ၀ါစာစကား
တွေနဲ့ကြုံတွေကြားနေရတယ် အကုသိုလ်တွေပဲများနေတော့ တရားသဘောနဲ့ကြည့်မယ်ဆိုရင် စစ်သားတောင်မှ မလုပ်သင့်ဘူး...ကဲ ဘယ်လိုလုပ်မလဲ...အရက်နဲ့ပါတ်သတ်ပြီး ဗုဒ္ဓဘာသာတစ်ခုတည်းမဟုတ်ပါဘူး ဘာသာအားလုံးက တားမြစ်ခဲ့တာပါပဲ...လက်တလော စိတ်ခံစားမှုအရ အနည်းကျဉ်း ဘီယာလေးတွေသောက်တာတော့ရှိတာပေါ့...နောင်မှာ
တော့ မသောက်နိုင်အောင် ကြိုးစားရမှာပေါ့..ဘာပဲဖြစ်ဖြစ် အမြင်လေးတွေကို ထောက်ပြဆွေးနွေးတာကိုပဲ special thanks ပါ...

Subscribe to: Post Comments (Atom)