NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

About Of Myanmar (2)

အပြည့်အစုံသို့...

About Of Myanmar (1)

အပြည့်အစုံသို့...

ဘာလို့ထင်လဲ။

ရဟန်းတစ်ပါး ကောင်းကင်ပေါ်သို့ ကြွချီနေတယ်လို့ ပြောကြတယ်...Fri တစ်ယောက်က ပေးလို့ တင်လိုက်တာ :)

အပြည့်အစုံသို့...

Cyclone Bijli

သဘာဝ ဘေးအန္တရာယ်ကို ဘယ်သူမှ အတတ်မပြောနိုင်ပါဘူး...ဒါပေမယ့်လို့ အတတ်နိုင်ဆုံး အနီးစပ်ဆုံး ခန့်မှန်း ပြောဆိုနိုင်ကြပါတယ်...မြန်မာနိုင်ငံတွင်လည်း မကြာသေးခင်ကပဲ နာဂစ်မုန်တိုင်း တိုက်ခဲ့ပြီးပြီ အခုလည်း ၀င်လာအုံးမယ် လို့ခန့်မှန်းထားကြတယ်...ဒါပေမယ့်လို့ အရင်နာဂစ်ထက်တော့ အင်အားလျော့နည်းတယ်လို့ ပြောကြတယ်..အင်အားနည်းသည်ဖြစ်စေ များသည်ဖြစ်စေ မိမိအတွက် ကာကွယ်ရန်အတွက် အရေးကြီးဆုံးက မိမိတို့ကိုယ်တိုင်ပဲဖြစ်တယ်...ဖြစ်တာနဲ့ မိမိတို့က အရင်ဆုံးခံစားရမှာဖြစ်တယ်...မြန်မာနိုင်ငံ မိုးလေးဝသ မှထုတ်ပြန်ချက်တွေ အင်တာနက်ဝက်ဆိုဒ်တွေမှ ထုတ်ပြန်ချက်တွေကိုကြည့်ချင်းအားဖြင့် အနည်းငယ်တော့ ဖြစ်နိုင်ဖွယ်ရှိပါတယ်...မုန်တိုင်းလမ်းကြောင်းလွဲသွားရင်တောင်မှ မိုးသည်းထန်စွာ ရွာသွန်းမှု ပင်လယ်ပြင် လှိုင်းကြမ်းထမ်မှုကြောင့် ပင်လယ်လုပ်သားများအတွက် အန္တရာယ်ရှိနိုင်တာတော့ သေချာတယ်...သတင်းဆိုတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အကုန်လုံးကို ရယူထားရမှာဖြစ်ပြီး သက်ဆိုင်သူများက ထိုသတင်း၂ခုလုံးကို စဉ်းစားဆုံးဖြတ်ပြီး လုပ်သင့်တာလုပ်ဖို့လိုအပ်ပါတယ်...ဒီိလိုတွေ သတင်းဆိုးတွေကို ပြောလိုက်ရင် အချို့သောသူများက ကြောက်လန့်ကြပါတယ်...ဒါဟာကြောက်စရာမဟုပါဘူး..ကြိုတင်ကာကွယ် နိုင်စွမ်းရှိအောင် အသိပေးထားတာဖြစ်ပါတယ်...မုန်တိုင်းဝင်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ မိမိတို့အနေနဲ့ လုပ်စရာရှိတာကို ကြိုတင်လုပ်ဆောင်ထားရင် ဘာမှစိုးရိမ်စရာမရှိပါဘူး...မဖြစ်လောက်ပါဘူးဆိုပြီးတော့ ဒီတိုင်းနေနေကြတဲ့သူတွေက များပါတယ်...ပင်လယ်နားနီး ကမ်းရိုးတန်းဒေသတွေဟာ မိုးလေ၀သ ကိုနေ့စဉ်အမြဲတမ်းနားထောင်ပြီးတော့ လုပ်ဆောင်သင့်တယ်...အချိန်နဲ့အမျှထုတ်လွှင့်ပေးနေတဲ့ မိုးလေ၀သအခြေနေတွေကို သက်ဆိုင်သူများကနားထောင်ကြည့်ရှု့ရန်လိုအပ်ပါတယ်... အားလုံးပဲ ထပ်ပြီးတော့ သိရှိအောင် မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ က ထုတ်ပြန်တဲ့စာလေးကို ပြန်တင်ပြပေးလိုက်ပါတယ်...
မုန်တိုင်း သတိပေးချက်
(၁၆-၄-၂၀၀၉ ရက်မြန်မာစံတော်ချိန် ၁၈း၃၀နာရီထုတ်ပြန်ချက်)
ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(ဘစ်ဂ်ျလီ)သည် အိန္ဒိယနိုင်ငံ ဗီဆာပတ္တနမ်မြို့၏အရှေ့ဘက် မိုင်၁၈၀ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး လွန်ခဲ့သော သုံးနာရီအတွင်း မြောက် အရှေ့သို့ရွေ့လျားပြီးနောက် ၄၈နာရီအကြာ ဧပြီလ ၁၈ရက် (စနေနေ့)မွန်းလွဲပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအနီးမှ ကုန်းတွင်းပိုင်းသိုဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။မုန်တိုင်း၏လက်ရှိအင်အားအဆင့်မှာ လိမ္မော်ရောင်ဆင့်ဖြစ်လာပြီး မြန်မာနိုင်ငံကမ်းရိုးတန်းဆီသို့ ဦးတည်ရွေ့လျားလာနေသည်ဟု သတ်မှတ်သည်။မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေသည် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် ၅ပေမှ ၇ပေခန့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတစ်လျှောက်တွင် ၃ ပေမှ ၄ပေခန့်မြင့်တက်လာနိုင်သည်။မုန်တိုင်းဖြတ်ကျော်စဉ်ရေပြင်မြေပြင်လေသည် ၁နာရီမိုင်၆၀မှမိုင်၇၀အထိတိုက်ခတ်နိုင်ပြီး လှိုင်းကြီးနိုင်သည်။ သို့ပါရ်ျ ရခိုင်ကမ်းရိုးတန်းဒေသ မြန်မာ့ပင်လယ်ပြင်ဒေသများရှိ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်နှင့် စက်လှေများ ခရီးသွားရေယာဉ်များအနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်ရှောင်ရှားသင့်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

အပြည့်အစုံသို့...

'BE KIND TO PEOPLE BUT DON'T TRY TO PLEASED THEM'

'BE KIND TO PEOPLE BUT DON'T TRY TO PLEASED THEM' 'လူတွေကို ကြင်နာရမယ် ဒါပေမယ့် သူတို့ကျေနပ်အောင် မလိုက်လျောရ 'တဲ့...ဒီစကားလေးဟာ သာမာန်လူသားတွေထက် အဖွဲ့စည်းတစ်ခုကို အုပ်ချုပ်နေတဲ့ ခေါင်းဆောင်များအတွက် ပိုပြီးတော့ သင့်တော်မယ်ထင်တယ်...ဘာလို့လည်းဆိုတော့ ခေါင်းဆောင်တစ်ယောက်က မိမိလက်အောက်ငယ်သားတွေကို စောင့်ရှောက်မှုတွေ လိုအပ်တာတွေဖြည့်ဆည်းပေးရမယ့်တာဝန်ရှိတယ်...လုပ်လည်းလုပ်ပေးရမယ်...ဒါပေမယ်လို့ သူတို့တစ်ယောက်ချင်းစီရဲ့ ပြောဆိုချက်တွေ တစ်ယောက်ချင်းစီရဲ့ အကြိုက်တွေကိုလိုက်ပြီးတော့ မလုပ်ပေးနိုင်ပါဘူး...ဒီလိုသာ တစ်ယောက်ချင်းစီရဲ့ အကြိုက်တွေကို လိုက်လုပ်ပေးရရင် ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်ရှိမှာမဟုတ်ဘူး....ဒါကြောင့် မိမိတို့ရဲ့ ရည်မှန်းချက်လည်း မပျောက်အောင် အဖွဲ့စည်းတစ်ခုလည်း အောင်မြင်ပေါက်မြောက်အောင် ၁ဦး၁ယောက်ရဲ့လိုအပ်ချက်ထက် အများကိုပိုပြီးတော့ ဦးစားပေးရမယ်...အဲဒီအတွက် လူတိုင်းရဲ့ အကြိုက်ကိုလုပ်မပေးနိုင်တဲ့အတွက် ခေါင်းဆောင်တစ်ယောက်အပေါ်မှာ အမြင်မကြည်မှုတွေကတော့ ရှိနေမှာပဲ...တစ်ခုလိုချင်ရင် တစ်ခုပြန်ပေးဆပ်ရသလိုပါပဲ...လူတွေကို ကြင်နာပေးရမယ် သူတို့ကျေနပ်အောင်လည်း အကုန်လိုက်လျောပေးရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး...ဥပမာ ပြောရရင် ရဲဘော်တစ်ယောက်က သူ့ရဲ့ အရာရှိဆီကို အကူညီတောင်းတယ်...သူ့မှာ စားဝတ်နေရေး အခက်ခဲရှိတယ်ဆိုတဲ့အကြောင်းပြောမယ်ဆိုပါတော့...အဲဒီတင်ပြပြောဆိုချက်ကို အရာရှိကနေပြီးတော့ လူတွေကိုကြင်နာပါ ဆိုတဲ့အတိုင်း ကူညီသင့်တဲ့အရာတွေကို ကူညီရမှာမို့လား...အရာရှိက ဒါကိုကူညီပေးလိုက်ပြီ...နောက်ထပ် ရဲဘော်က ထပ်တောင်းဆိုတယ်....တာဝန်ချိန်တစ်ခုမှာ ကျွန်တော် ဘီယာဆိုင်သွားချင်လို့ ခွင့်ပြုပါလို့ ပြောရင် အရာရှိကနေပြီးတော့ သူကျေနပ်အောင် ထိ လိုက်လျောရမှာလား...စောစောက သူ့ရဲ့အခက်ခဲတွေကို ကြင်နာစွာနဲ့လိုက်လျောပေးပြီးပြီ...အခုသူကျေနပ်ရအောင်ထိ လိုက်လျောလို့မရတော့ဘူး..ဘာလို့လဲဆိုတော့ တာဝန်ချိန်မှာ ဘီယာဆိုင် ကို သွားလို့ရလား။ မရဘူး...အဲဒီ့အတွက်ကြောင့် သူ့ရဲ့စိတ်ကျေနပ်အောင် ထိလိုက်လျောလို့မရတော့ဘူး...အဲဒီလိုသာ လိုက်လျောလိုက်ရင် သူ့ရဲ့တာဝန်ဟာ လစ်ဟင်းသွားသလို အဖွဲ့အစည်းတစ်ခုလုံးဟာလည်း ဖရိုဖရဲဖြစ်သွားနိုင်တယ်...ဒီလိုဖြစ်လာမယ့် ဆိုးကျိုးတွေကို ကြိုတင်မျှော်တွေးပြီးတော့ သူတို့စိတ်ကျေနပ်အောင်ထိမလိုက်လျော်သင့်ပါဘူး...ဒါကြောင့် လူတွေကို ကြင်နာပါ ဒါပေမယ့် သူတို့ကျေနပ်အောင် မလိုက်လျောရလို့ ဖြစ်လာတာပေါ့.....

အပြည့်အစုံသို့...

ငတုံးနဲ့ငရစ်

နွေဦးပေါက်ပေမယ့် အချမ်းဓာတ်က မပျယ်နိုင်တဲ့ မော်စကို...တပတ်ကို (၆)ရက် ကျောင်းတတ်နေရပြီး စနေနေ့ (ယနေ့) ညနေ ၄ နာရီမှာ ကျောင်းကပြန်လာပြီး трамвай ဓာတ်ရထား မှတ်တိုင်မှာ ဓာတ်ရထားကို ကျောင်းသူကျောင်းသားများ/အများပြည်သူများနဲ့အတူစောင့်ဆိုင်းရင် မျက်စိရှေ့မှာ ရောက်လာတဲ့ ဗီယက်နမ် စုံတွဲ ၁တွဲ...ယောင်္ကျားကြီးကတော့ လောင်းကုတ်ရှည်နဲ့ ခပ်သန့်သန့်ပဲ...မိန်းကလေးကလည်း ပုံစံကတော့ ကျောင်းသူပုံစံလေးပဲ...သူတို့လည်း ကျွန်တော်တို့လိုပဲ ရထားစောင့်နေကြတယ်....မကြာခင်မှာပဲ ဓာတ်ရထား ၁စင်း ထွက်လာတယ်...အားလုံးပဲ ဓာတ်ရထားပေါ်သို့ အသီးသီး တန်းစီးပြီးတော့ တက်ကြတယ်...ဒီမှာက အဘိုးကြီးအဖွားကြီးတွေနဲ့ ကလေးတွေကို ဦးစားပေးတယ် ဓာတ်ရထားပေါ်မှာ...သူတို့လာရင် လူငယ်တွေက ထပေးကြတယ်...ဒါကတော့ နိုင်ငံတိုင်းမှာရှိပါတယ်...အကုန်လုံး တန်းစီးတက်သွားကြတာ ကျွန်တော်လည်း ကိုရီးယားကျောင်းသူလေးနဲ့အတူ တန်းစီတက်သွားတယ်...အားပါးပါး လုံးဝ(လုံးဝ)ပဲ :)....ရထားပေါ်ရောက်လို့ ကားကဒ်ထိုးပြီးဝင်တဲ့နေရာမှာလည်း ရောက်ရော ဇာတ်လမ်းကစတာပဲ ..ကိုရီးယားကျောင်းသူနဲ့မဟုတ်ဘူး :)...စောစောက ဗီယက်နမ်က ခပ်သန့်သန့်နဲလူကြီးပေါ့...၀င်သွားတုန်းကတော့ ခပ်တည်တည်ပဲ...လုပ်တော့ စောက်တလွဲ...ကားကဒ်ထိုးမယ့်နေရာလည်းရောက်ရော သူက ကျွန်တော်ရှေ့ဘယ်လိုရောက်လာလည်းမသိဘူး...သူ့ ကားကဒ်လေးကို ထည့်ပြီးဝင်သွားတာ...ကျွန်တော်လည်း သူထည့်တာကိုမကြည့်လိုက်မိဘူး...ကားကဒ်ကို ထည့်ပြီး ပြန်မယူပဲနဲ့ အထဲကိုဝင်သွားတယ်လေ...အဲဒီလို တစ်ခါမှ မတွေ့ဖူးဘူး...ဗီယက်နမ် မှာ ရွာသားလားမသိဘူး..ဟဟဟ...လုံးဝကို မထင်ဘူး ကလေးကအစ ကားကဒ်ထည့်ပြီးရင် ပြန်နုတ်ယူရမယ်ဆိုတာ သိကြတယ်လေ..အခုမှရုရှကိုရောက်တာလဲမဟုတ်ပါဘူး..သူတို့စီမှာလည်း ရှိမှာပါ ဒီလိုရထားတွေ...အဲဒီ လူကြီးလူကောင်း ပုံစံနဲ့ ခပ်တည်တည်နဲ့ ဗီယက်နမ်က မောင်ငတုံးကတော့ ကားကဒ်ကြီးကို ထည့်ပြီးဝင်သွားတော့တာပဲ..ကျွန်တော်က သူ့နောက်ကဆိုတော့ ကျွန်တော်လည်း ကားကဒ်ကို ထုတ်ပြီး ထည့်မယ်လည်းလုပ်ရော စောစောက မောင်ငတုံး ထည့်လိုက်တဲ့ ကားကဒ်ကြီးက ပြန်ထွက်လာပြီးတော့ အပေါ်မှာပေါ်နေတယ်လေ..ကျွန်တော်တောင် အံသြသွားတယ် ငါလည်း ကားကဒ်မထည့်ရသေးပါဘူးလို့ ဒီကားကဒ်က ဘယ်ကနေရောက်လာပါလိမ့်လို့ အံသြစွာနဲ့ကြည့်နေမိတယ်...နောက်မှာလည်း လူတွေကတန်းစီနေတော့ စောစောက ထည့်သွားတဲ့ သူက ဘယ်သူလည်းဆိုတာ သေချာမသိလိုက်ဘူး...ကြည့်ဖို့လည်း အချိန်ကမရှိဘူးလေ နောက်ကလူတွေ အားနာတော့ ထွက်နေတဲ့ ကဒ်ကို ယူပြီးတော့ ကိုယ့်ကားကဒ်ကိုထည့်လိုက်ပြီးတော့ ၂ ခုံးလုံးယူလာခဲ့တယ်...ကိုယ်တောင် ကြောင်တောင်တောင်ဖြစ်သွားတယ်...ကားကဒ်က ၁ လစာအတွက် ၀ယ်ထားတဲ့ ကဒ်ဖြစ်တယ်..အဲဒီကဒ်က အများစု ကျောင်းသားတွေ သုံးတာများတယ်...ကျောင်းသားတွေအတွက် လုပ်ပေးထားတာ...ကဒ် ၂ ခုကြီးဆိုတော့ ယူလာလည်း အပိုဖြစ်နေတာ ပိုင်ရှင်ကိုပြန်ပေးဖို့စိတ်ကူးရင်းနဲ့ အနီးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ စောစောက ဗီယက်နမ် စုံတွဲနဲ့ ရုရှကျောင်းသားတွေကိုတွေ့နေရတယ်..ကားကဒ်က ရုရှကျောင်းသားတော့မဟုတ်လောက်ဘူးထင်ပေမယ့် ကျောင်းသားမဟုတ်တဲ့ အရပ်သားတစ်ယောက်ကိုမေးကြည့်လိုက်တယ်..ဒါ မင်းကားကဒ်လားလို့မေးတော့ သူကလည်း မဟုတ်ဘူးတဲ့....သူ့သူငယ်ချင်းတွေကိုလည်း မေးကြည့်တယ် အားလုံးက အကုန်လုံးရှိကြတယ်...ဒါနဲ့ ဗီယက်နမ်စုံတွေကို မေးရင်ကောင်းမလားလို့စဉ်းစားနေတုန်း မမေးပဲ ဒီတိုင်းလိုက်နေလိုက်တာ ရှေ့က ၁ဘူတာလည်းရောက်ရော မောင်ရစ် တက်လာတယ်...မောင်ရစ်(လက်မှတ်စစ်) က ၁ယောက်ချင်းလိုက်စစ်ရင်း ဗီယက်နမ်စုံတွဲကိုစစ်နေတယ်....ခပ်သန့်သန့်လူကြီးမောင်ငတုံးကို စစ်တော့ ကားကဒ်ပြဆိုတော့ ဗီယက်နမ်က မောင်ငတုံး ကားကဒ် ဟိုမှာဆိုပြီးတော့ လက်ညိုးထိုးပြတယ်...ဟိုမှာဆိုတာက စောစောက ကားကဒ်ထိုးပြီးဝင်တဲ့နေရာကိုပြောတာ...မောင်ရစ်တောင် ကြောင်သွားတယ်...ဒါပေမယ့် မရဘူး မောင်ရစ် သိတယ်မဟုတ်လား..လာထား ရှုဘယ် ၁၀၀ ဒဏ်ငွေ...အဲဒီအချိန်မှာ ကျွန်တော်က မောင်ငတုံးကို ၀င်ပြောလိုက်တယ်...ဒါ မင်းလက်မှတ်မို့လားလို့ မင်း ဟိုမှာ မေ့ကျန်ခဲ့တယ်လို့ပြောတော့ ဟုတ်တယ်လို့ဆိုပြီးပြန်ယူသွားတယ်..လက်မှတ်ရလို့ပြတော့လည်း မရတော့ဘူး မောင်ရစ်တို့က တောင်းပြီးသားကို ဆက်တောင်းတော့တာပဲ...မောင်ငတုံးလည်း ပိုက်ဆံအိပ်လေးထုတ်ပြီး လှူပေးလိုက်ရတာပေါ့..:D...ရုရှကိုရောက်တည်းက ဒီလိုမျိုး တစ်ခါမှမတွေ့ဖူးဘူး...မောင်ငတုံးက လက်မှတ်လေးကြည့်ပြီးတော့ တွန့်ချေမလို့လုပ်တုန်း ၀င်ပြောရသေးတယ်...အဲဒီကဒ်က ၁ကြိမ်တည်းသုံးရတာမဟုတ်ဘူး...၁ လစာအတွက်လုပ်ထားတာ ၁လလုံးသုံးလို့ရတယ်လို့ပြောမှ အိပ်ထဲပြန်ထည့်သွားတယ်...ကျေးဇူးစကားလေးတောင်မပြောဘူး ငတုံးက..များနေပြီ :D..စကားမပြောတတ်တာလည်းပါတယ်ထင်တယ်....ကိုယ်ကစကားပြောမကျွမ်းပေမယ့်လည်း ဒီတစ်ခါ ငတုံးထက်တော့ သာသွားတယ်.:)..ကျွန်တော်က ရုရှဘာသာထက် အင်္ဂလိပ်စာကိုပိုစိတ်ဝင်စားတယ်ဗျ..ဘာလို့လည်းဆိုတော့ နိုင်ငံတကာဘာသာတစ်ခုဆိုတော့ သူ့ပဲစိတ်ဝင်စားတယ်...ဒါကြောင့် ရုရှစာကိုပြောဆိုတတ်ယုံလောက်ပဲကြည့်တယ်...အခုချိန်ထိ ဗျာများနေတုန်းပဲ...ဘယ်ဘာသာကို ပိုကြည့်ရမလဲဆိုတာ..:)..စောစောကငတုံးကြီးက ဘာမှမပြောတတ်ဘူး ကိုယ့်ထက်ဆိုးနေတယ်...မြန်မာတွေထဲမှာ စကားပြောမကျွမ်းဘူးလို့ထင်တဲ့သူတွေတောင် တရုတ် ကိုရီးယား ဗီယက်နမ် ကျောင်းသားတွေထက်တော့ အများကြီးပြောတတ်ကြတယ်....သူတို့တွေထဲမှာလည်း ကောင်းကောင်းပြောနိုင်တဲ့သူတွေရှိပါတယ်..ဒါပေမယ့် နည်းတယ်...ကျွန်တော်တို့နဲ့ဆေးအတူတူလိုက်စစ်တုန်းက ကိုရီးယားကောင်မလေးတော့တော်တော်ပြောတတ်တယ်...အခုနောက်လာတဲ့ ဗရုတ်သုတ်ခမလေးတွေကတော့ သိပ်မပြောတတ်သေးဘူး.:)..အာရှသူတွေလည်း ဒီရောက်မှ ရုရှမတွေရဲ့ ဂျိုင်းအောက်ရောက်သွားတော့တယ်..:)..ကိုရီးယား တရုတ် ကျောင်းသူတွေ တော်တော်ပုတယ် အရပ်လေးတွေက...နောက်မှ ကိုရီးယား တရုတ် ဗီယက်နမ် ကျောင်းသားကျောင်းသူတွေအကြောင်းဆက်ရေးမယ်....မောင်ငတုံးနဲ့ မောင်ရစ် ဇာတ်လမ်းအပိုင်းလေးကို ဒီမှာတင် နိဂုံးချုပ်လိုက်ပါတယ်ဗျာ....:)

အပြည့်အစုံသို့...

သင်္ကြန် နဲ့ တောကလုံမေပျိုလေးများအကြောင်း

သင်္ကြန်ရဲ့ အနှစ်သာရကို ငယ်စဉ်ကသာ ပျော်ရွှင်စွာနဲ့ ကစားခဲ့ပေမယ့်လည်း စစ်တက္ကသိုလ် သို့ စတင်ရောက်ရှိတည်းက သင်္ကြန်ရဲ့ပျော်ရွှင်မှုကို လွတ်လပ်စွာနဲ့ ကောင်းစွာ မပျော်ခဲ့ရပါဘူး...စစ်တက္ကသိုလ်မှာ သင်္ကြန်ဆိုတာ ရှိပေမယ့်လည်း အပြင်မှာလိုတော့ ဘယ်ပျော်စရာကောင်းမလဲပေါ့ ယောင်္ကျားလေးတွေပဲ ရှိတာကိုး :D...စစ်တက္ကသိုလ်ဆိုတာကလည်း အပြင်တက္ကသိုလ်တွေနဲ့မှ မတူတာကိုး...သူများတွေ ပျော်ရွှင်ကြပေမယ့်လည်း ကျွန်တော်ကတော့ သူများတွေပျော်တာကိုပဲ ကြည့်နေခဲ့တာပါ....ဒီလိုနဲ့ပဲ စစ်တက္ကသိုလ် ၃ နှစ်တာ ပြီးဆုံးခဲ့လို့ ကျောင်းဆင်းပြီးသွားလို့ တပ်စုမှူးသင်တန်း တက်တဲ့အချိန်မှာတော့ သင်္ကြန်ရဲ့ အရသာလေးကိုတော့ တော်တော်ခံစားတတ်လာပါတယ်...စစ်တက္ကသိုလ် ဗိုလ်လောင်းဘ၀မှာက ဒီလောက်ပျော်စရာမကောင်းခဲ့ဘူးလေ...အရာရှိဖြစ်လာတော့ လွတ်လပ်မှုဆိုတဲ့အထိုက်သင့်လေးရှိလာတော့ စိတ်ကအလိုလိုနေရင်း ပျော်နေခဲ့ပါတယ်...တပ်စုမှူးသင်တန်း မှာ သင်္ကြန်မဏ္ဍပ်ပေါ်မှာ သီဆိုနေတဲ့ ခေတ်သီချင်းလေးတွေကလည်း စိတ်ကိုမြူးကြွစေတယ်လေ...ဆိုတဲ့သူတွေကလည်း ကိုယ့်သင်တန်းသား အရာရှိငယ်တွေဆိုတော့ ခေတ်သီချင်းတွေပဲ ဆိုကြတယ်...တော်တော်လေးလည်း ကောင်းပါတယ်...အေးဆေးနေတတ်တဲ့ ကျွန်တော်လည်း မနေနိုင်တော့ဘူး...အကုန်လုံးက ၀ိုင်းပြီးတော့ ကနေကြပြီ...ကျွန်တော်ကလည်း တောသားကိုး အကတွေကအမြဲတမ်းတောတွေမှာ မြင်နေရတော့ တောပိုးလေးက ထလာတာပေါ့ :)...ဘယ်ရမလဲ သူများတွေလို ၀င်နွှဲလိုက်တာပေါ့..:D...အဲဒီလို နှစ်သစ်အခါမယလေးမှာ လွတ်လပ်စွာနဲ့ ရာထူးတွေ ဂုဏ်တွေကိုဘေးဖယ်ထားပြီးတော့ ပျော်ပါးရတော့ စိတ်တွေအရမ်းပေါ့ပါးပြီးတော့ လန်းဆန်းဖို့ကောင်းတယ်...အဲဒီလို သင်္ကြန်အခါသမယမှာ ကျွန်တော်တို့ရင် မဟုတ်ပါဘူး အရာရှိကြီးတွေလည်း ပျော်ပါးကြပါတယ်...သူတို့လည်း သင်္ကြန်သီချင်းတွေနဲ့ သီဆိုပြီးတော့ ပျော်နေကြတယ်....ဒါပေမယ့် သင်္ကြန်အချိန်မှာ ကျွန်တော်တို့က သင်တန်းတက်နေလို့ ပျော်ရတာ တပ်မှာဆိုရင်တော့ လုံခြုံရေးကျတဲ့ထဲမှာ ပါရင်တော့ လစ်ပြီပေါ့ဗျာ :D...တပ်စုမှူးသင်တန်းပြီးသွားလို့ တပ်မှာပြန်လည်ရောက်လာလို့ သိပ်မကြာခင်မှာပဲ ရုရှဘာသာစကားသင်တန်းကိုပါလာတော့ ချစ်တဲ့ပြင်ဦးလွင်ကြီးကို ပြန်ရောက်လို့လာပါပြီ...ရုရှဘာသာစကားသင်တန်းတတ်နေတဲ့အချိန်မှာလည်း သင်္ကြန်ဆိုတဲ့ကာလကြီးနဲ့တိုးနေပြန်ရော...ဒီတစ်ခါတော့ တပ်စုမှူးသင်တန်းလိုမဟုတ်ပါဘူး ပိုပြီးတော့ လွတ်လပ်မှုလည်းရှိတယ်...သင်္ကြန်အချိန်မှာ ခွင့်ပေးတဲ့အတွက် မိမိမွေးရပ်ဇာတိမြေအသီးသီးကို ပြန်ကဲကြတာပေါ့ဗျာ...မပြန်ရပဲ တပ်ကိုပြန်သွားရတဲ့သူတွေလည်း ရှိတာပေါ့. :D..ဒီတစ်ခါတော့ ဘယ်ရမလဲ အပျက်ကဲမယ်လို့ကြုံးဝါးထားတယ်...ဗိုလ်လောင်းတုန်းကလည်း ကောင်းကောင်းမကဲခဲ့ရဘူး...အရာရှိဖြစ်လို့ ဒီတစ်ခါပဲ အခွင့်ကကြုံတာကိုး....ဘယ်ရမလဲ အိမ်ရောက်တာနဲ့ အိမ်ကိုမကပ်ပဲ အကိုဝမ်းကွဲတွေ သူငယ်ချင်းတွေနဲ့ ဆိုင်ကယ်တွေနဲ့ တန်းစီထွက်ကြတာပေါ့....ဆိုင်ကယ်စီးလို့ အန္တရာယ်ဖြစ်မှာဆိုးလို့ အိမ်ကလည်း အသွင်သွင်ဆုံးမနေတယ်...တောကလူကြီးတွေက သူများပြောတာတွေကိုယုံပြီးတော့ အစိုးရိမ်အရမ်းလွန်ကြတယ်...အဲဒီမြို့မှာ က ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ကြောက်ပြီးစိုးရိမ်နေကြတယ်...ဒါကအမြင်မကျယ်တဲ့တောကလူတွေက သူများပြောတာကို ပုံသေကြီးမှတ်သားကြတယ်...ကျွန်တော်ကတော့သိပြီးသားလေ ဘာမှမဖြစ်ဘူးဆိုတာ...ဒါပေမယ့်လည်း လူကြီးတွေဆိုတော့ ဘာမှမပြောချင်တော့ ခေါင်းညိတ်ခဲ့ရတာပေါ့ သူတို့ပြောတာကို နားထောင်ပြီးတော့....မြို့ပေါ်မှာ ကဲပြီးလို့ မြို့နဲ့ သိပ်မဝေးတဲ့

ပုပ္ပားတောင်ထိတောင် သွားလိုက်သေးတယ်...
ပုပ္ပားတောင်ပေါ်မှာကလည်း လူတွေကလည်း ပြည့်ညှပ်နေတာပဲ...အဲဒီမှာကတော့ သင်္ကြန်ကဲပြီးလို့ ဘုရားပေါ်တတ်ပြီးတော့ ဘုရားဖူးကြတာပါ...မရောက်ဖူးတာလဲပါလို့...သင်္ကြန်မှာ ကဲလိုက်ရတာ ၂ ရက်ပဲကဲလိုက်ရတယ်....ကျန်တဲ့ ၂ ရက်က အိမ်ပြန်ဖို့အတွက် တာဝန်ကျတဲ့ မြစ်ကြီးနားကို သွားပြီးသတင်းပို့ရတာနဲ့ ကုန်သွားတာ :D...ရတဲ့ ၂ ရက်လေးကို ရန်ကုန်သွားရင်လည်း အချိန်ကမမှီတော့ဘူး...ဒါနဲ့ပဲတောကိုပဲ ပြန်ကဲလိုက်တယ်...ကဲချင်တာကတော့ ရန်ကုန်မှာ ကဲချင်တာဗျ :)..ရန်ကုန်မှာ အစ်မတွေတောင် ပြောထားပြီးပြီ....အချိန်မရှိတော့ တောကိုပဲပြန်လာပြီး ရွာမှာမနေပဲ မြို့ပေါ်တတ်ပြီးတော့ ကဲလိုက်တာ နှစ်ဆန်း ၁ ရက်နေ့ ညနေပိုင်းမှ ရွာပြန်ရောက်လာတယ်...အဲဒီမှာ စပြီးတော့ ပွဲကြမ်းတာပဲ...ရွာက ရွာသူလေးတွေက ကျွန်တော့်ကို ရေပတ်ဖို့ ချောင်းနေကြတာလေ...ခွင့်ပြန်လာတာ သူတို့သိသွားကြတယ်...ဒါပေမယ့် ကျွန်တော်က ရွာမှာမနေပဲ သူငယ်ချင်းတွေ အကိုတွေနဲ့ မြို့ပေါ်တတ်ကဲတော့ ရွာသူလေးတွေ လက်လွတ်သွားတယ်..ကျွန်တော်ကမသိဘူး...ပြန်ရောက်မှ အဲဒီအကြောင်းကိုသိတာ...ကျွန်တော့်ကို ဖွတ်ထားတယ်ဆိုပြီးတော့ အိမ်ထဲမှာ ဗျောင်းဆန်းအောင် ရှာဖွေပါတော့တယ်တဲ့...ရွာသူများကတော့ မလွယ်ဘူးဗျာ...ကြောက်ဖို့တောင် ကောင်းနေပြီ :D...ကျွန်တော်တို့ရွာက အိမ်ခြေ ၁၅၀၀ ကျော်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်...ရွာမှာ မိန်းကလေးတွေက ပိုများသလားတောင်ထင်ရတယ်...ကျွန်တော်ငယ်စဉ်တည်းက အခုချိန်ထိ ရွာကို နှံ့စပ်အောင်မရောက်ဖူးဘူး......ရွာမှာ ရှိရင် ကျွန်တော်တော့ ရေမွန်းပြီးတော့ သေမှာပဲ...:)...ရေမပတ်လိုက်ရလို့ ကြုံဝါးနေကြတယ်ဗျာ နောက်တစ်ခါလာရင်တော့ မလွယ်ဘူးတဲ့ :) ပြန်တောင် မရဲတော့ဘူး ရွာကို...ကျွန်တော်ကလည်း ရွာမှာနေတာက နည်းတယ်လေ ရန်ကုန်မှာရှိတဲ့ အစ်မတွေဆီပဲနေတာများတယ်..အစ်မတွေရှိတာကောင်းတယ် ကိုယ်လိုချင်တာတောင်းလို့ရတယ်...အစ်မတွေက မောင်တွေကို ချစ်တာများတယ် :) .. ရွာမှာ ကျွန်တော့် နာမည်ကိုသာ ကြားဖူးပြီးတော့ လူကိုမမြင်ဖူးတဲ့သူတွေကလည်း အများကြီးပါပဲ...ဒီတစ်ခါ ရုရှကပြန်လာလို့ သင်္ကြန်နဲ့အခွင့်ကြုံတဲ့အခိုက်နဲ့တိုးလို့ ရွာကို သွားခဲ့ရင်တော့ တစ်ရွာလုံးမှာ ရှိတဲ့ လုံမေပျိုများ အပြေးတတ်လာမည်မှာ ဧကန်မလွဲပေ...:D......ကျွန်တော့်ရဲ့ သင်္ကြန်တစ်ခန်းရပ်လေးကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်ဗျာ...သင်္ကြန်ပို့စ်လေးကို တောင်းဆိုတဲ့ အန်တီးမီးငယ် အတွက် ရေးပေးလိုက်ခြင်းဖြစ်ပါတယ်ဗျာ..:D....

အပြည့်အစုံသို့...

HONOURING THE 64TH ANNIVERSARY ARMED FORCES DAY

ယနေ့တွင် ကျရောက်သော ၆၄ နှစ်မြောက်မြန်မာ့တပ်မတော်နေ့တွင် တပ်မတော်သားအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေလို့ နုတ်ခွန်းဆက်ပါရစေ...

နိုင်ငံတစ်နိုင်ငံတွင် မရှိမဖြစ်လိုအပ်သော အရာများစွာထဲတွင် တပ်မတော်အခန်းကဏ္ဍသည်လည်း တစ်ခုအပါဝင်ဖြစ်လေသည်...နိုင်ငံတစ်ခုရဲ့ အချုပ်ခြာအာဏာနဲ့ နယ်မြေပိုင်နက်ကို တိုင်းတစ်ပါးရဲ့ ကျူးကျော်မှုကို မခံရလေအောင် ကာကွယ်စောင့်ရှောက်ပေးရမည့်တာဝန်သည်လည်း တပ်မတော်ပင် ဖြစ်လေသည်...တပ်မတော်ရဲ့ အဓိကတာဝန်ကြီး(၃)ရပ်ဖြစ်တဲ့ ၁)ကာကွယ်ရေး ၂)လေ့ကျင့်ရေး နဲ့ ၃) ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်တို့ဖြစ်ပါတယ်...ကာကွယ်ရေးဆိုသည်မှာ မိမိနိုင်ငံတော်ရဲ့ အချုပ်ခြာအာဏာ နှင့် နယ်မြေပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်တယ်...လေ့ကျင့်ရေးသည် တပ်မတော်သားတစ်ဦးချင်းလိုက် ရှိသင့်တတ်ထားရမယ့် အရာတွေကို တတ်ကျွမ်းနားလည်ထားပြီးတော့ တိုက်ပွဲအတွက် အမြဲတမ်းအဆင့်သင့်ဖြစ်အောင် အစဉ်အမြဲလေ့ကျင့်နေရမှာဖြစ်တယ်...ပြည်သူ့အကျိုးပြုလုပ်ငန်းဆိုတာကတော့ မိမိတာဝန်ကျရာနယ်မြေဒေသတွေမှာ မိဘပြည်သူတွေကို မိမိတို့တတ်စွမ်းသမျှ အားသွန်ခွန်စိုက်နဲ့ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ရမှာဖြစ်ပါတယ်....စစ်တိုက်ရန် မရှိက လေ့ကျင့်ရန် စစ်တိုက်ရန် နဲ့လေ့ကျင့်ရန် မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန် ဆိုတဲ့အတိုင်း လုပ်ဆောင်ရမယ့်တာဝန်သည် တပ်မတော်သားအားလုံး၏တာဝန်ပင်ဖြစ်လေသည်...တပ်မတော်သားများသည် ပြည်သူများမှပေါက်ဖွားလာတာဖြစ်တဲ့အတွက်ကြောင့်မို့ ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးရမယ့်တာဝန်ဟာ တပ်မတော်သားအားလုံးရဲ့တာဝန်ပဲဖြစ်တယ်...တပ်နဲ့ပြည်သူမြဲကြည်ဖြူ ဆိုတဲ့အတိုင်း တပ်မတော်သားများနဲ့ ပြည်သူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်လေးစားပြီးတော့ ပြည်သူချစ်တဲ့ တပ်မတော် မျိုးချစ်တပ်မတော် ဖြစ်ရပါမယ်...အချိန်နဲ့အမျှ တိုးတက်နေတဲ့ခေတ်ကြီးမှာ ကျွန်တော်တို့ တပ်မတော်သားများအားလုံး အနေနဲ့လည်း တိုးတက်နေတဲ့ ခေတ်ကြီးနောက်မှာ နောက်ကျမကျန်ရစ်ခဲ့အောင် အစဉ်အမြဲကြိုးစားနေဖို့လည်းလိုပါတယ်...အင်အားတောင့်တင်းပြီး ခေတ်မှီ စွမ်းရည်ထက်မြတ်တဲ့ မြန်မာ့တပ်မတော်ဖြစ်အောင် အစဉ်အမြဲ ကျွန်တော် တို့တွေအားလုံးကြိုးစားသွားရမှာဖြစ်ပါတယ်...

မိမိတို့တာဝန်ကျရာ တပ်မတော်(ကြည်း/ရေ/လေ) တွင် "တုံးတိုက်တိုက် ကျားကိုက်ကိုက် "ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ပြည်သူတွေကို အစဉ်အမြဲကာကွယ်စောင့်ရှောက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်....။

အပြည့်အစုံသို့...

Subscribe to: Posts (Atom)