NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

'BE KIND TO PEOPLE BUT DON'T TRY TO PLEASED THEM'

'BE KIND TO PEOPLE BUT DON'T TRY TO PLEASED THEM' 'လူတွေကို ကြင်နာရမယ် ဒါပေမယ့် သူတို့ကျေနပ်အောင် မလိုက်လျောရ 'တဲ့...ဒီစကားလေးဟာ သာမာန်လူသားတွေထက် အဖွဲ့စည်းတစ်ခုကို အုပ်ချုပ်နေတဲ့ ခေါင်းဆောင်များအတွက် ပိုပြီးတော့ သင့်တော်မယ်ထင်တယ်...ဘာလို့လည်းဆိုတော့ ခေါင်းဆောင်တစ်ယောက်က မိမိလက်အောက်ငယ်သားတွေကို စောင့်ရှောက်မှုတွေ လိုအပ်တာတွေဖြည့်ဆည်းပေးရမယ့်တာဝန်ရှိတယ်...လုပ်လည်းလုပ်ပေးရမယ်...ဒါပေမယ်လို့ သူတို့တစ်ယောက်ချင်းစီရဲ့ ပြောဆိုချက်တွေ တစ်ယောက်ချင်းစီရဲ့ အကြိုက်တွေကိုလိုက်ပြီးတော့ မလုပ်ပေးနိုင်ပါဘူး...ဒီလိုသာ တစ်ယောက်ချင်းစီရဲ့ အကြိုက်တွေကို လိုက်လုပ်ပေးရရင် ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်ရှိမှာမဟုတ်ဘူး....ဒါကြောင့် မိမိတို့ရဲ့ ရည်မှန်းချက်လည်း မပျောက်အောင် အဖွဲ့စည်းတစ်ခုလည်း အောင်မြင်ပေါက်မြောက်အောင် ၁ဦး၁ယောက်ရဲ့လိုအပ်ချက်ထက် အများကိုပိုပြီးတော့ ဦးစားပေးရမယ်...အဲဒီအတွက် လူတိုင်းရဲ့ အကြိုက်ကိုလုပ်မပေးနိုင်တဲ့အတွက် ခေါင်းဆောင်တစ်ယောက်အပေါ်မှာ အမြင်မကြည်မှုတွေကတော့ ရှိနေမှာပဲ...တစ်ခုလိုချင်ရင် တစ်ခုပြန်ပေးဆပ်ရသလိုပါပဲ...လူတွေကို ကြင်နာပေးရမယ် သူတို့ကျေနပ်အောင်လည်း အကုန်လိုက်လျောပေးရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး...ဥပမာ ပြောရရင် ရဲဘော်တစ်ယောက်က သူ့ရဲ့ အရာရှိဆီကို အကူညီတောင်းတယ်...သူ့မှာ စားဝတ်နေရေး အခက်ခဲရှိတယ်ဆိုတဲ့အကြောင်းပြောမယ်ဆိုပါတော့...အဲဒီတင်ပြပြောဆိုချက်ကို အရာရှိကနေပြီးတော့ လူတွေကိုကြင်နာပါ ဆိုတဲ့အတိုင်း ကူညီသင့်တဲ့အရာတွေကို ကူညီရမှာမို့လား...အရာရှိက ဒါကိုကူညီပေးလိုက်ပြီ...နောက်ထပ် ရဲဘော်က ထပ်တောင်းဆိုတယ်....တာဝန်ချိန်တစ်ခုမှာ ကျွန်တော် ဘီယာဆိုင်သွားချင်လို့ ခွင့်ပြုပါလို့ ပြောရင် အရာရှိကနေပြီးတော့ သူကျေနပ်အောင် ထိ လိုက်လျောရမှာလား...စောစောက သူ့ရဲ့အခက်ခဲတွေကို ကြင်နာစွာနဲ့လိုက်လျောပေးပြီးပြီ...အခုသူကျေနပ်ရအောင်ထိ လိုက်လျောလို့မရတော့ဘူး..ဘာလို့လဲဆိုတော့ တာဝန်ချိန်မှာ ဘီယာဆိုင် ကို သွားလို့ရလား။ မရဘူး...အဲဒီ့အတွက်ကြောင့် သူ့ရဲ့စိတ်ကျေနပ်အောင် ထိလိုက်လျောလို့မရတော့ဘူး...အဲဒီလိုသာ လိုက်လျောလိုက်ရင် သူ့ရဲ့တာဝန်ဟာ လစ်ဟင်းသွားသလို အဖွဲ့အစည်းတစ်ခုလုံးဟာလည်း ဖရိုဖရဲဖြစ်သွားနိုင်တယ်...ဒီလိုဖြစ်လာမယ့် ဆိုးကျိုးတွေကို ကြိုတင်မျှော်တွေးပြီးတော့ သူတို့စိတ်ကျေနပ်အောင်ထိမလိုက်လျော်သင့်ပါဘူး...ဒါကြောင့် လူတွေကို ကြင်နာပါ ဒါပေမယ့် သူတို့ကျေနပ်အောင် မလိုက်လျောရလို့ ဖြစ်လာတာပေါ့.....

9 comments:

မီးမီးငယ် said...

မှတ်သားသွားပါကြောင်း

ဒါကြောင့် လူတွေကို ကြင်နာပါ ဒါပေမယ့် သူတို့ကျေနပ်အောင် မလိုက်လျောရလို့ ဖြစ်လာတာပေါ့.....

လုံးဝမလိုက်လျောဘူး
ဒါဘဲ
း)

နိုင်ကို said...

:)

Sein Lyan Tun said...

ကြင်နာပါ.. ကျေနပ်အောင်မလိုက်လျောပေမယ့် နာကျင်အောင်တော့မလုပ်ပါနဲ့း)

နိုင်ကို said...

နာကျင်အောင်မလုပ်ပါဘူး ဇာတ်ဆရာကလဲ တစ်ခါတစ်လေ အပျင်းပြေလေးတော့ စတာပေါ့ :)

mgnge said...

'BE KIND TO PEOPLE BUT DON'T TRY TO PLEASED THEM' 'လူတွေကို ကြင်နာရမယ် ဒါပေမယ့် သူတို့ကျေနပ်အောင် မလိုက်လျောရ '

ခုက်တယ် အဲ့စကားလေးကို

WWKM said...

'BE KIND TO PEOPLE BUT DON'T TRY TO PLEASED THEM' 'လူတွေကို ကြင်နာရမယ် ဒါပေမယ့် သူတို့ကျေနပ်အောင် မလိုက်လျောရ '

မှတ်သားသွားပါ၏။

မင်းနန္ဒ said...

Let me correct a small error:
"BE KIND TO PEOPLE BUT DON'T TRY TO PLEASE THEM"

မသက်ဇင် said...

သင်္ကြန် ရေလာ လောင်းရင်း ပိုစ့်လေးကို ဖတ်မိတော့--
မန့်ချင်လာမိတယ်--

ဦးဆောင်သူတွေ ---တနည်းအားဖြင့် ခေါင်းဆောင် ကောင်း
ဆိုတာ--
အမှု -၁၀၀ % လုံးကို ကောင်းအောင် လုပ် နိုင်ဘို့ထက်--
အမှု ၁၀၀ မှာ ၁% ( တစ် ရာနှုန်း ) ပိုကောင်းအောင်လုပ်နိုင်ဘို့
အရေးအကြီးဆုံးဖြစ်ပါတယ်---

နိုင်ကို said...
This comment has been removed by the author.
Subscribe to: Post Comments (Atom)