NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

WEST POINT နှင့်DEFENCE SERVICES ACADEMY ကွာခြားချက်

မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်များထဲတွင် ကမ္ဘာမှာ အကောင်းဆုံးစစ်ကြောင်းကြီးများဖြစ်သော WEST POINT ကျောင်းမှာ သင်ယူတတ်မြောက်ခဲ့သူများစွာ ရှိပါသည်...WEST POINT မှာသင်ယူခဲ့သလို ၀တ်စားဆင်ယင်မှု့ကအစ ပုံတူကူးချနေတဲ့ နိုင်ငံတွေများစွာရှိပါတယ်..ဒါပေမယ်လို့ မြန်မာ့ တပ်မတော်ခေါင်းဆောင်များဟာ မိမိနိုင်ငံ မိမိလူမျိုး နှင် မိမိဘာသာ အပေါ်မူတည်ပြီးတော့ မိမိနိုင်ငံနဲ့ လိုက်ဖက်အောင် ကောင်းမွန်သော အရာများကိုသာ ယူဆောင် ကျင့်သုံးလေ့ရှိတယ်...မိမိတို့ သင်ယူခဲ့သော နိုင်ငံများမှ အကောင်းဆုံးနဲ့ အလိုက်ဖက်ဆုံးအရာတွေကို ရွေးချယ်ပြီး မြန်မာ့တပ်မတော်ရဲ့ စစ်ရေးနဲ့ပေါင်းစပ်ပြီး အကောင်းဆုံးသော စစ်ရေးပြတစ်ခုကို ဘယ်သူနဲ့မှမတူအောင် ဖော်ဆောင်ကျင့်သုံးလျှက်ရှိတယ်..ပထမဦးဆုံးအနေနဲ့ WEST POINT ကျောင်းဆင်းပုံကိုကြည့်ပါ...စစ်ရေးပြကွင်းနဲ့ ဗိုလ်လောင်း Hostel နဲ့ကနီးနီးလေးပါ အောက်ကိုဆင်းလိုက်တာနဲ့ စစ်ရေးပြကွင်းကြီးကို ရောက်ရှိသွားတာပါ...DSA မှစစ်ရေးပြကွင်းသည် စစ်ရေးပြ စပြီးချီတတ်မယ့်ဗိုလ်လောင်းတပ်ရင်းနဲ့ အတန်ငယ်ဝေးပါတယ်...အဝေးကြီးကတည်းက စစ်ရေးပြမှု့ကို အမြန်လျှောက်နဲ့စတင် ချီတတ်ရပါတယ်...စစ်ရေးပြနဲ့ပတ်သတ်ပြီး ပြောရရင် WEST POINT စစ်ရေးပြကွင်းမှာထဲမှာ ဗိုလ်လောင်တပ်ရင်းများနဲ့အတူတူချီတတ်မလာပဲနဲ့ စစ်ရေးပြကွင်းထဲကို ကြိုတင်ရောက်ရှိနေတာက သံစုံတီးမှုတ်နေတဲ့ ဘင်ခရာအဖွဲ့ပဲ ဖြစ်ပါတယ်..ဗိုလ်လောင်း အဆောင်နဲ့ စစ်ရေးပြကွင်းဟာ နီးကပ်နေတာကြောင့် ဘင်ခရာရဲ့အသံကို ကောင်းစွာ ဗိုလ်လောင်းတွေ ကြားရပါတယ်..DSA မှာတော့ ဘင်ခရာအဖွဲ့ဟာ စစ်ရေးပြကွင်းထဲကို ကြိုတင်မရောက်ရှိပဲနဲ့ ဗိုလ်လောင်းများနဲ့အတူ ချီတတ်ရပါတယ်...ဘင်ခရာအဖွဲ့ဟာ ဗိုလ်လောင်းတပ်ရင်းတွေရဲ့ အလယ်မှာနေပေးရပါတယ် ဒါမှအားလုံးကိုကြားနိုင်အောင် တီးခတ်ပေးနိုင်မှာဖြစ်တယ်..စစ်ရေးပြတစ်ခုမှာ ဘင်ခရာအဖွဲ့ဟာ အရေးကြီးပါတယ်..သူ့ရဲ့ တီးခတ်မှု့ပေါ်မှုတည်ပြီးတော့ လျှောက်ရတာပါ..WEST POINT ရဲ့ထူးခြားချက်ကတော့ မိမိတို့သက်ဆိုင်တဲ့ အဆောင်ကနေပြီးတော့ ဘင်ခရာတီးတဲ့အချိန်မှာ အလျှိုလျှိုထွက်လာကြတာပါ..DSA မှာတော့ အဲဒီလိုမရှိပါဘူး..တစ်စည်းတစ်လုံးတည်းနဲ့ လှုပ်ရှားရပါတယ်...DSA မှာစစ်ရေးပြ ၂ခုရှိပါတယ် အနှေးလျှောက် နဲ့ အမြန်လျှောက်ပါ..WEST POINT မှာက အမြန်လျှောက်တစ်ခုတည်းပါ..ဒါပေမယ့်လို့ သူတို့ အမြန်လျှောက်တာက ပုံမှန်လျှောက်သလိုပါပဲ..အားမာန်အပြည့်နဲ့ လုပ်ဆောင်တာ မတွေ့ရပါဘူး..DSA မှာလို အမြန်လျှောက်တဲ့အခါမှာ လက်ကို ၉၀ဒီဂရီ လွှဲတာလည်းမရှိပါဘူး..လူတစ်ယောက် ပုံမှန်လမ်းလျှောက်သလိုမျိုးပါပဲ..WEST POINT စစ်ရေးပြကွင်းထဲ ရောက်လို့ ဗိုလ်လောင်း Squad တွေရပ်တဲ့ အချိန်မှာ ချိန်မှတ်ပြီးတော့ ရပ်တာတွေ့ရပါတယ်..DSA မှာတော့ မရှိပါဘူး..DSA မှာဗိုလ်လောင်း Squad တွေရပ်တဲ့အချိန်မှာ ညီညာပြီးတော့ ချေထောက်(စစ်ဖိနပ်)ရိုက်သံတွေကို ကျယ်လောင်စွာကြားရမှာပါ..DSA စစ်ရေးပြမှာ ညီညာပြီးတော့ လှုပ်ရှားမှု့တိုင်းရဲ့ အသံလှိုင်းတွေကို ဦးစားပေးပါတယ်..WEST POINT ဗိုလ်လောင်း Squad တွေမှာရှိတဲ့ အလံကိုင်ဗိုလ်လောင်းတွေကို Squad လိုက် Commander တွေအမိန့်ပေးပြီး အလံတင်ချကိုလုပ်ပါတယ်..DSA မှာတော့ အလံကိုင် အဖွဲ့ဆိုတာသက်သက်ရှိပါတယ်..အဲဒီအလံကိုင်ထဲကိုမှာ အတော်ဆုံး ဗိုလ်လောင်းတစ်ဦးကနေပြီးတော့ ဗိုလ်လောင်းတပ်ရင်းတွေကို သူတစ်ယောက်တည်းနဲ့ အမိန့်ပေးပြီးတော့ လှုပ်ရှားရပါတယ်...စစ်ရေးပြကွင်းထဲကို အကုန်လုံးရောက်ပြီဆိုတာနဲ့ နိုင်ငံတော်အလံကိုအလေးပြုရပါတယ် အဲဒီအချိန်မှာ မိဘပြည်သူများကလည်း မတ်တပ်ရပ်ပြီးငြိမ်ငြိမ်နေပေးရပါတယ်..WEST POINT ဗိုလ်လောင်းတွေ နိုင်ငံတော်ကို အလေးပြုနေတဲ့အချိန်မှာ ပြည်သူတွေဟာ လှုပ်ရွနေတာကို တွေ့ရပါတယ်..မြန်မာပြည်သူမိဘတွေကတော့ အဲဒီလို လှုပ်ရွတာမျိုးမရှိပဲ ငြိမ်သက်စွာနေနေတာကိုတွေ့ရပါတယ်..သူတို့ရဲ့ စစ်ရေးပြဟာ Squad တစ်ခုလိုက် Commander တွေကအမိန့်ပေးပြီး သေနတ်ထမ်း/ချ တာပြုလုပ်နေတဲ့အတွက် ကြည့်လို့မကောင်းပါဘူး..သူတို့ရဲ့သေနတ်သံတွေရဲ့ရိုက်ချက်ဟာ ပျော့ပျောင်းပြီး အနည်းငယ်သောအသံလေးသာထွက်ရှိလာတာတွေ့ရတယ်..DSA မှာဗိုလ်လောင်းတွေဟာ အသံကိုဦးစားပေးတဲ့အတွက် သေနတ်ထမ်း/ချတွေမှာ အားထည့်ပြီးတော့ သေနတ်တွေရဲ့ပြောင်းကာတွေကို အားမာန်အပြည့်နဲ့ရိုက်ရပါတယ်..ဒါကြောင့်မို့လို့ အသံတွေဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် စစ်ရေးပြကွင်းကြီးထဲမှာ 'ဖြောင်း'ဆိုသော အသံဟိန်းကြီးက မြည်ထွက်သွားပြီတော့ အားပေးနေတဲ့ မိဘပြည်သူများရဲ့ရင်ထဲကို အသံဟိန်းကြီးက ရိုက်ခတ်သွားစေခဲ့တယ်...WEST POINT မှာ Squad လိုက် အမိန့်ပေးတာကြောင့် ထိုသို့သော အသံကို ကြားရမည်မဟုတ်..စစ်တက္ကသိုလ်မှာ ဗိုလ်လောင်းတွေ ၆၀၀၀ နီးပါးလောက်သူတွေကို ခေါင်းဆောင်ဗိုလ်လောင်းတစ်ယောက်တည်းကပဲ အမိန့်ပေးပြီး လှုပ်ရှားသွားတာပါ..WEST POINT မှာစစ်ရေးပြလျှောက်တဲ့အခါမှာ Squad ရဲ့ရှေ့မှာရှိတဲ့ ဓားကိုင်ဗိုလ်လောင်းဟာ အလေးပြုစင်နားမှာ အလေးပြုတဲ့အခါမှာ အလေးပြုမယ့်ဓားကိုင်တဲ့လက်က လှုပ်ရှားသွားတာကိုတွေ့ရတယ်..DSA မှာတော့ ဓားကိုင်တဲ့လက်ဟာ ငြိမ်သက်စွာထားပြီးလျှောက်ရပါတယ်..WEST POINT မှာအလံကိုင်တဲ့သူကလည်း အလေးပြုတဲ့အခါမှာ အလံကို ၉၀ ဒီဂရီထိရောက်အောင် အလံကို အောက်ကိုစိုက်ပြီးအလေးပြုကြတယ်..မြန်မာ့တပ်မတော်မှာတော့ အလံကိုဦးစားပေးတဲ့အတွက် အဲဒီလောက်ထိ မြေကြီးနဲ့ မနီးကပ်ရပါဘူး...၄၅ ဒီဂရီလောက်ပဲ အောက်ချပြီးတော့ အလေးပြုပါတယ်..WEST POINT မှာနိုင်ငံတော်အလံကို သိပ်ပြီးဦးစားမပေးဘူးထင်တယ်..နိုင်ငံတော် အလံဟာ သာမန်အလံတစ်ခုမျိုးသာတွေ့ရတယ်..နိုင်ငံတော်အလံဟာ တောက်ပပြီး ဆင်ယင်မွမ်းမံထားတာလည်းမတွေ့ရဘူး..DSA မှာအလံကိုင်အဖွဲ့ကိုဦးစားပေးတယ်..နိုင်ငံတော်အလံတိုင်ဟာ အခြားသောအလံတွေထက် မြင့်နေရမယ်..နိုင်ငံတော်အလံကို လှပပြီးတောက်ပနေတာကို တွေ့ရလိမ့်မယ်...WEST POINTမှာ Squad တိုင်းမှာရှိတဲ့ အလံလေးတွေဟာ သေးငယ်ပြီးတော့ အလံပုံစံနဲ့မတူဘူးဖြစ်နေတယ်..သူတို့ရဲ့အလံတွေ မှေးမှိန်နေပါတယ်..သူတို့ရဲ့အလံကိုင်အဖွဲ့ဟာ ဗိုလ်လောင်းတပ်ရင်းရဲ့ အလယ်ကနေလိုက်တာကိုတွေ့ရတယ်..DSA မှာတော့ အလံကိုင်အဖွဲ့ဟာ အထွတ်ထိပ်ထားရတဲ့အရာမို့ ရှေ့ဆုံးကလျှောက်ရပါတယ်..စစ်ရေးပြနေစဉ်မှာ အလေးပြုစဉ်နားကိုရောက်လို့အလေးပြုတဲ့အခါမှာ နိုင်ငံတော်အလံကို ကိုင်တဲ့သူကအလေးပြုစရာမလိုပါဘူး ကျန်တဲ့အလံကိုင်တဲ့သူတွေကသာအလေးပြုရပါတယ်..WEST POINT မှာဗိုလ်လောင်း Squad တွေဟာ DSA ထက်အများကြီး နည်းပါတယ်..အတန်းတစ်တန်းကို လူ ၈ ယောက်ပဲထားပြီးလျှောက်တယ်..DSA မှာ အတန်းတစ်တန်းကို လူ၂၀ လောက်တန်းပြီးတော့ ညီညာအောင်လျှောက်ရတယ်...လူဦးရေများတဲ့အတွက် အများကြီးကြိုးစားလုပ်ဆောင်ရပါတယ်..WEST POINT ဗိုလ်လောင်း Squad ၂ခုပေါင်းမှ DSA ဗိုလ်လောင်း Squad တစ်ခုစာလောက်ပဲရှိပါတယ်..သူတို့စစ်ရေးပြဟာ အမြန်လျှောက် တစ်ခုတည်းပဲလျှောက်သွားတာပါ...DSA မှာတော့ ၂မျိုးလျှောက်ပြရပါတယ်..ပထမဦးဆုံး အနှေးလျှောက် ရပါတယ်..အနှေးလျှောက်နေရာကနေ ရုတ်တရက် အမြန်လျှောက်ကိုကူးပြောင်းရပါတယ်..အဲဒီအချိန်ဟာ ပရိတ်သတ်အတွက် ရင်ထိတ်စရာဖြစ်ပြီး လှပစွာပြောင်းလဲသွားတဲ့ လှုပ်ရှားမှု့တစ်ခုကိုတွေ့ရမှာ..မြန်မာ့တပ်မတော်နေ့တွေမှာတောင် အဲဒီလိုမရှိပါဘူး..အားလုံးကို ချုံပြီးပြောရရင် WEST POINTဗိုလ်လောင်းတွေရဲ့ စစ်ရေးပြဟာ ရင်ထိတ်စရာကောင်းအောင် တစ်ခုမှမပါပါဘူး...ဘာမှအားထည့်ပြီးလုပ်စရာတွေ မတွေ့ရဘူး...DSA ရဲ့ဗိုလ်လောင်းစစ်ရေးပြကို ကျောင်းဆင်းပွဲတွေမှာ သွားကြည့်နိုင်သလို ဗွီဒီယိုအခွေတွေမှာလည်း ကြည့်နိုင်ပါတယ်..DSA မှာဗိုလ်လောင်းအင်အားများတဲ့အတွက် ညီညာမှု့ရှိအောင် အများကြီးလေ့ကျင့်ယူရပါတယ်..WEST POINTမှာစစ်ရေးပြပြီးတာနဲ့ ထွက်သွားတာတွေ့ရတယ်..DSA မှာ စစ်ရေးပြပြီးတာနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့မိန့်ခွန်းကို မလှုပ်မယှက်နဲ့ မတ်တပ်ရပ်ပြီး နားထောင်ရပါတယ်..အဲဒီလိုမလှုပ်မယှက်နားထောင်နိုင်ဖို့ အတွက် ကျောင်းဆင်းပွဲမတိုင်ခင်တွေမှာ ပူလောင်နေတဲ့ နေပူကွင်းပြင်ကြီးမှာ နာရီဝက်မျှလေ့ကျင့်ရပါတယ်...DSA ရဲ့ဗိုလ်လောင်းဝတ်စုံတွေဟာအဖြူရောင်တွေဖြစ်တာကြောင့် နေထွက်လာတဲ့အခါမှာရောင်ပြန်ဟပ်ပြီး မျက်စိတွေကို စူးစေပါတယ်..ကြာလာရင် ခေါင်းမှုးပြီး လဲကျနိုင်ပါတယ် ဒါကြောင့်မို့လို အဲဒီလိုမဖြစ်အောင် မိမိရဲ့မျက်စိများကို မသိမသာနဲ့ စစ်ရေးပြကွင်းရဲ့အပြင်မှာရှိတဲ့ သစ်ပင်စိမ်းလေးတွေကို ကြည့်ပေးရပါတယ်..WEST POINTဗိုလ်လောင်းတွေ အကြာကြီးကွင်းပြင်မှာရပ်နေတာမတွေ့ရပါဘူး..သူတို့ရဲ့ စစ်ခေါင်းဆောင်တွေ မိန့်ခွန်းပြောတဲ့အခါမှာလည်း အေးဆေးစွာထိုင်ပြီးတော့နားထောင်ရပါတယ်..ဒါတွေဟာ DSA နဲ့ကွားချားချက်တွေပါ..WEST POINTဗိုလ်လောင်းတွေကိုကြည့်ပါ..စစ်ရေးပြနေစဉ်မှာ လမ်းလျှောက်မှု့တွေဟာ အားမာန်အပြည့်မရှိပါဘူး..ဓားကိုင်ဗိုလ်လောင်းတွေဟာလည်း လေးတိလေးကန်တွေနဲ့ ဗိုလ်လောင်းတွေနဲမတူပဲ ဗိုက်ရွှဲနေတဲ့အရာရှိကြီးတွေနဲ့တူနေတယ်..တစ်ချို့နိုင်ငံရေးသမားတွေက ပြောပါတယ်..DSA ဗိုလ်လောင်းလေးတွေက သေးကွေးပြီး အစားစာမစားရလို့ ဒီလိုဖြစ်နေတာလို့ပြောပါတယ်..အမှန်တော့ အစားစာမစားရလို့မဟုတ်ပါဘူး..ကျောင်းဆင်းတာနဲ့ ဗိုလ်လောင်းတစ်ယောက်ရဲ့မျက်နှာဟာ အသားရေတွေမဲပြီး မျက်နှာတွေ ခွက်နေတာကိုကြည့်ခြင်းအားဖြင့် လေ့ကျင့်သား ဘယ်လောက်ရှိတယ်ဆိုတာကို ပြသတာဖြစ်ပါတယ်..ဒါကိုလည်း တပ်မတော်ခေါင်းဆောင်တွေက ကြည့်ပါတယ်..ဒါကိုမသိတဲ့သူများက အစားစာမစားလို့ ပိန်လိန်နေတယ်လို့ပြောကြတယ်...အမှန်ကလေ့ကျင့်သားပြည့်ဝနေတာကိုဖော်ပြနေတာပါ..ဒါတွေ
ကတော့
WEST POINTနဲ့ DSA ရဲ့စစ်ရေးပြကွားခြားချက်လေးတစ်ခုကိုပဲ တင်ပြခြင်းဖြစ်ပါတယ်..စစ်ရေးပြကို
နှိုင်းယှဉ်ပြီးတော့ ကြည့်နိုင်ပါတယ်..

0 comments:

Subscribe to: Post Comments (Atom)