NAING KO
THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR
လူကြီးသမီးဆိုသူ
အချိန်ကတော့ ဒီကို ရောက်ခါစ ဆိုပါတော့....သိပ်တောင် မမှတ်မိတော့ပါဘူး သူ(လူကြီးသမီးဆိုတဲ့သူ)ဘာတွေ ပြောသွားခဲ့သလည်းဆိုတာ...ကျွန်တော့် ဂျီမေးလ်နစ်မှာ သူ့နဲ့ပြောချင်တဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်း တစ်ယောက် နစ်ရှိတယ်...ကျွန်တော့်သူငယ်ချင်းနဲ့ သူတို့က သူငယ်ချင်းတွေပဲလား အသိတွေပဲလား ဘာတွေလည်းတော့ မသိဘူးပေါ့...ကျွန်တော့်သူငယ်ချင်းနစ်ကို သူက ဖွင့်ပြီးဝင်လာတယ်..passward ပေးထားတာနေမှာပေါ့....စကားပြောရင်လည်း အထက်စီးက ရင့်မာတယ်ပေါ့...ပြောတဲ့စတိုင်လ်တွေကလည်း သူ့ရဲ့ servant တစ်ယောက်အလား ပုံစံနဲ့
ဒီလိုနဲ့ စကားပြောကြရင်းနဲ့ သူတွေ့ခဲ့တဲ့သူတွေရဲ့ပုံစံနဲ့ မတူတော့ အထစ်အငေါ့လေးတွေရှိလို့ဖြစ်မယ် တစ်ဖြည်းဖြည်း ပိုပြီး ရန်စောင်လာတာတွေ့ရတယ်...ကျွန်တော့်လိုပဲ မိန်းကလေးတွေနဲ့စကားပြောရင် လုံးဝ အပြောမခံတဲ့သူတစ်ယောက်ရှိသေးတယ်...အွန်လိုင်းမှာကိုပြောတာ...အပြင်မှာ အဲလိုမရှိပါဘူး...ဘလိုင်းကြီးလာလာဖြဲတာတွေရှိတယ်လေ...အဲဒီအချိန်မှာ ကျွန်တော့်သူငယ်ချင်းနဲ့တွေ့ရော ပွဲကကြမ်းတော့တာပါပဲ :)...ကျွန်တော်တို့က မိန်းကလေးတွေနဲ့တုပြီး ရန်ဖြစ်နေတာမဟုတ်ပါဘူး...သူတို့တွေကိုလည်း အေးအေးဆေးဆေးပါပဲ...ဒါပေမယ့် အချို့အချို့တွေက ဘာရန်ငြိုးတွေကြောင့်လည်းမသိဘူး ဒါမှမဟုတ် ယောင်္ကျားလေးတွေအပေါ်မှာ အထက်စီးက ပြောရတာကိုပဲ နှစ်သက်နေတာလားတော့ မသိဘူးပေါ့ဗျာ...ဒီလိုနဲ့ သူနဲ့ကျွန်တော် စကားတွေပြောပြီးကြရင်းနဲ့ နောက်နေ့မှာ မေးလ်လာပို့တယ်...သူက ဘာလည်းဆိုတာပေါ့...လူကြီးသမီးဆိုလားပဲ...ကျွန်တော်ကတော့ ပြုံးမိနေတယ်...ဘာကြောင့်လည်းဆိုတော့ သူဒီလိုပြောချင်းအားဖြင့် ကလေးကလားဆန်လွန်းနေတယ်လို့ ပြီးတော့ မိဘတွေရဲ့ ဂုဏ်အရှိန်ဝါတွေကို ယူပြီး ထုတ်ဖော်ကြွားဝါ တစ်နည်းအားဖြင့် ခြိမ်းခြောက်တာလည်းဖြစ်နိုင်တာပေါ့ :)...အဲဒီလို ပြောလေ ကျွန်တော့်အတွက်တော့ ပိုပြီး အထင်မကြီးလေ ရီစရာတစ်ခုလိုဖြစ်လေပါပဲ...တိုက်ရိုက်မခြိမ်းခြောက်ပေမယ့်လည်း သွယ်ဝိုက်သောအားဖြင့် ငါကဘာကောင်လဲဆိုတာ ပြောချင်းအားဖြင့် လူတစ်ဖက်သားကို သွယ်ဝိုက်ခြိမ်းခြောက်တာပဲမဟုတ်လား...ကျွန်တော်သူ့ကို reply လုပ်ပြီးမေးလ်ပြန်ပို့ပါသေးတယ်...ရေးမိတဲ့အကြောင်းအရာ အချို့မှတ်မိတာလေးတွေကို ပြောပြမယ်...(ဟုတ်ပါပြီ လူကြီးသမီးဆိုတော့ ဘာလူကြီးလဲ ရပ်ကွက်လူကြီးလား :)...မင်းဟာ ကလေးဆန်လွန်းနေတယ်လို့ ပြောချင်တယ်...ဘာကြောင့်လည်းဆိုတော့ ကိုယ်မပိုင်ဆိုင်တဲ့ မိဘရဲ့ ဂုဏ်ပါဝါတွေကို မင်းကယူပြီး ထုတ်ဖော်ပြသနေတယ်...အဲဒီ မင်းရဲ့ မိဘလူကြီးဆိုတဲ့သူတွေဟာ ဘယ်လောက်ထိ သူတို့တွေ ဒီဘ၀ဒီအခြေနေထိရောက်လာအောင် ကြိုးစားခဲ့ရလည်းဆိုတာ မင်းသိလား...မင်းတို့သားသမီးတွေရဲ့ လုပ်ပုံတွေ အချိုးမပြေမှုကြောင့် မိဘရဲ့ ဂုဏ်အရှိန်ဝါတွေကို အလွဲသုံးစားလုပ်မိလို့ ဒီလိုအခြေနေထိရောက်အောင် ကြိုးစားခဲ့ရတဲ့ မိဘတွေခမျာဘ၀တွေပျက်ပြားသွားခဲ့ရတဲ့ဖြစ်စဉ်လေးတွေရှိတယ်ဆိုတာ မင်းမသိဘူးလား...ဒီလိုဖြစ်စဉ်တွေထဲမှာ မင်းရဲ့မိဘတွေမပါအောင် မိဘတွေ မထိခိုက်အောင် မင်းရဲ့အလွဲသုံးစားလုပ်နေတဲ့ လုပ်ရပ်တွေကို ပြုပြင်ဖို့လိုတယ်...မင်းရဲ့မိဘတွေက ဘာကြီးပဲဖြစ်နေဖြစ်နေ ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်နေတဲ့သူပဲဖြစ်ပါစေ ငါရဲ့သမိုင်းမဟုတ်ပါဘူး...စိတ်လည်းမ၀င်စားပါဘူး...ငါကလူကြီးသမီးဆိုပြီး ပေါက်တတ်ကရ မိဘရဲ့ ဂုဏ်ကိုအလွဲသုံးစားလုပ်ပြီး အခြားသူတွေကို ပြောချင်ပြော ခြိမ်းခြောက်ချင်ခြောက် ငါတို့ကိုတော့ အဲဒီလိုလာမလုပ်နဲ့...အဲဒီလို ကိုယ်မပိုင်ဆိုင်ပဲ မိဘတွေရဲ့ဂုဏ်တွေပါဝါတွေကို အလွဲသုံးစားလုပ်ပြီး အခြားလူတွေကို ကျောမယ်ဆိုတဲ့သူတွေကို နှိပ်ကွပ်မယ့်အထဲမှာ ငါလည်းပါတယ်...)ဒါက ပြန်ပြီး reply လုပ်တုန်းက မှတ်မိသလောက်လေးပါ...လူကြီးသမီးဆိုတည်းက တပ်ကပဲဖြစ်မှာပေါ့...တပ်မတော်အတွင်းမှာ ကျွန်တော်ကတော့ ထမ်းဆောင်နေတဲ့ကာလမှာ ကျွန်တော်ရဲ့ခံယူချက် နေထိုင်မှုပုံစံလေး အချို့ကိုပြောပြချင်ပါတယ်...အဲဒီ လူကြီးသမီးဆိုတဲ့သူနဲ့ပါတ်သတ်ပြီးတော့ပေါ့...ကျွန်တော်တို့ တပ်မတော်တွင်းမှာ အထက်အရာရှိတွေကို အလေးပြုကြတာဘာကြောင့်လဲ...လူကိုအလေးပြုတာမဟုတ်ပါဘူး...သူ့ရဲ့ပုခုံးပေါ်က ရာထူးကို အလေးပြုကြတာပါ...သူ ဒီရာထူး ဒီလောက်ထိရောက်အောင် ဘယ်လိုပုံစံမျိုးနဲ့ပဲရောက်လာရောက်လာ ဒီလောက်ထိရောက်အောင် လုပ်နိုင်လာတဲ့အတွက် သူ့ရဲ့ရာထူးကိုလေးစားမှုနဲ့အလေးပြုကြတာပါ...ကျွန်တော် ကျောင်းဆင်းပြီးတပ်မှာလည်း ဖြစ်စဉ်လေးတစ်ခုပေါ့...တပ်မှာ အကြီးဆုံးဖြစ်တဲ့ တပ်ရင်းမှူးရဲ့သား တစ်ယောက်ရှိတယ်...ဆိုင်ကယ်တစ်စီးနဲ့လမ်းသရဲလုပ်နေတာပေါ့...တပ်ရင်းမှူးသားဖြစ်လို့ ရဲဘော်တွေအချို့ကတော့ flatter ဖားယားပြီးတော့ သူ့အကြိုက်လုပ်ပေးနေကြတာ တွေ့ရတယ်...ဒီကောင်ကလည်း သူ့ကိုဘယ်သူမှပြောမယ့်သူမရှိ အိမ်ေ၇ှ့မင်းသားကြီးပေါ့ :)...ထင်ရာစိုင်းနေတော့တာပဲ...မိဘဖြစ်တဲ့သူတွေကလည်း သားသမီးကိုချစ်လို့အလိုလိုက်ထားတာလားတော့မသိဘူးပေါ့...အချိုးက သိပ်မပြေဘူး...ကျွန်တော်တို့နဲ့က ထိပ်တိုက်မတွေ့သေးတော့ ဘာမှမဖြစ်သေးဘူး...ရဲဘော်အချို့က လာလာပြီး ရင်ဖွင့်ကျတယ်...ရဲဘော်စစ်သည်တွေဟာ သူတို့တွေရဲ့အခက်ခဲလေးတွေကို ရင်ဖွင့်ချင်ရင် ကျွန်တော်တို့ ကျောင်းဆင်းအရာရှိငယ်တွေဆီမှာပဲ လာပြီး ရင်ဖွင့်တတ်ကျတယ်...အရာရှိကြီးတွေကြတော့ မပြောရဲလို့နေမှာပေါ့...ဒီလို တပ်ရင်းမှူးရဲ့သားက ဆိုးပေနေပြီး တစ်ခါတစ်ရံ အရပ်သားတွေနဲ့ ရန်ဖြစ်တဲ့သတင်းတွေကလည်း ကြားကြားနေရတယ်...တစ်နေ့တော့ ကျွန်တော်တို့ အရာရှိငယ်တွေနဲ့တွေ့ပြီး အချိုးမပြေလာလုပ်နေတယ်...သူ့အဖေက တပ်ရင်းမှူးဆိုတော့ ကျွန်တော်တို့ကိုလည်း သူဖြဲရင် ကြောက်မှာပဲဆိုတဲ့ အတွေးတွေဝင်နေမှာပေါ့...စကားတွေများနေရင်းနဲ့ အထစ်အငေါ့တွေများလာတော့ စိတ်မထိန်းနိုင်တဲ့ သူငယ်ချင်းတစ်ယောက်ကတော့ ဆွဲထိုးပစ်တယ် :)...နောက်ပြီးကျွန်တော်တို့ ဗိုလ်လောင်းတည်းက သုံးတဲ့စကားတစ်ခုဖြစ်တဲ့ အပြီးချွေတယ်ပေါ့(တစ်ဖက်သားကို စကားတွေအများကြီးပြောပြီး ဓာတ်လေငြီးငွေ့သွားအောင်ပြောတယ်)...သူ့ကိုပြောခဲ့တဲ့စကားတွေကတော့ (မင်းက ငါတို့ရဲ့တပ်ရင်းမှူးသားဆိုတာ ဟုတ်တယ်...ဒါပေမယ့် မင်းက ဘာအဆင့်ရှိလို့ ငါတို့ကို ဒီလိုပြောရတာလဲ...ငါတို့က အရာရှိတွေလေ...မင်းက အခုမှ ကျောင်းသားပဲရှိသေးတယ်...အဖေအားကိုးနဲ့တော့ လာမိုက်နဲ့ မရဘူး...မင်းက ငါတို့ထက် ရာထူးကြီးလေးစားရတဲ့သူတစ်ယောက်ဆိုရင် ငါတို့မှားနေရင် အပြောခံမယ်...အခုက မင်းက ဘာအဆင့်မှလည်းမရှိ ဖအေအားကိုးနဲ့တော့ လာပြီး အထက်စီးမဆန်နဲ့...မရဘူး ဒီလိုလုပ်လို့...မင်းလုပ်နေတဲ့အလုပ်ကိုကြည့်စမ်း...ဖအေက ရှေ့ကနေကောင်းအောင်လုပ် သားကနောက်ကဖျက် ဒီလိုဖြစ်နေတယ်...မင်းကို အရိပ်တစ်ကြည့်ကြည့်နဲ့ မင်းအဖေကမကြည့်နိုင်ဘူး...အရပ်သားတွေနဲ့ရန်ဖြစ်တယ် မောက်မာစွာ ဆက်ဆံတယ်...ဒီတော့ ပြည်သူတွေက မင်းကိုဘာပြောမလဲ...မင်းရဲ့လုပ်ရပ်ကြောင့် မဆိုင်တဲ့ မင်းရဲ့မိဘတွေထိခိုက်လာမယ်...တပ်ပါ နာမည်ပျက်မယ် ထိခိုက်လာမယ်...မင်းတို့တွေရဲ့ သားသမီးတွေရဲ့လုပ်ရပ်ကြောင့် မိဘရော တပ်မတော်ပါ ထိခိုက်နစ်နာတယ်..etc) စသဖြင့် သူ့ကိုအများကြီး အပြီးချွေခဲ့တယ် :)...မြောက်ကြွ မြောက်ကြွဖြစ်နေတဲ့ကောင် နောက်နေ့ကျတော့ ငြိမ်သွားတယ်...တပ်ရင်းမှူးကတောင် သဘောကျနေတယ်...သူကိုယ်တိုင် ကျတော့ မိဘနဲ့သားသမီးဆိုတော့ ပြောမနိုင်ဘူးပေါ့ အလိုလိုက်ပါများတော့ သားသမီးတွေကမကြောက်ကြတော့ဘူး...ရာထူးအသင့်တင့်ရှိကြတဲ့ အချို့ လိမ္မာတဲ့ သားသမီးတွေလည်းအများကြီးပါပဲ...တစ်ချို့ဆိုရင် အပါတ်စဉ်တူ လူကြီးသားသမီးမှန်းတောင်မသိရပါဘူး...အေးအေးဆေးဆေးလေးပဲ နေထိုင်ပြီး ဖော်ရွေကြတာတွေ့ရပါတယ်...အဲဒီလို မောက်မာမှုမရှိပဲ ယဉ်ကျေးစွာ အများနဲ့သဟဇာတဖြစ်အောင်နေချင်းအားဖြင့် မိမိတို့ရဲ့ မိဘဂုဏ်ကိုလည်း စောင့်ထိန်းရာရောက်ပါတယ်...အခြားသော လူကြီးသားသမီးဆိုတဲ့သူတွေလည်း မိဘဂုဏ်ကိုစောင့်ထိန်းသောအားဖြင့် အများလေးစားချစ်ခင်ရအောင် နေတတ်ထိုင်တတ်ဖို့လိုတယ်ဆိုတာ ပြောချင်ပါတယ်...ဂုဏ်တွေ အတ္တတွေ မာန်မာန တွေကို အစွန်းရောက်ကိုင်စွဲထားတဲ့သူတွေဟာ လူငတုံးတွေပဲဖြစ်တယ်...လူတော်လူကောင်းတွေဟာ မိမိမှာ ဂုဏ်တွေ ပါဝါတွေ ရာထူးတွေဘယ်လောက်ရှိနေရှိနေ ထုတ်ဖော်ကြွားဝါးမှုမရှိပေ...သုံးစားမရတဲ့ အတ္တတွေ မန်မာန တွေကို ရှိသင့်တာထက်ပိုပြီး လွန်ကဲစွာ ကိုင်စွဲမထားဖို့ လူ့လောကပါတ်ဝန်းကျင်မှာ လူသားတွေအားလုံးနဲ့ သင့်တင့်စွာ လိုက်လျောညီထွေစွာ နေတတ်ကြဖို့ ဆက်ဆံကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်....။
အပြည့်အစုံသို့...
ကျွန်တော့်ရဲ့အကြောင်းလေးပါ :)
တကယ်တော့ လူတိုင်းမှာ ချစ်တာ လွမ်းတာ ဆွေးတာတွေ သနားအကြင်နာတဲ့ တစ်ခုခုတော့ရှိကြတာပါပဲ...မာနဆိုတဲ့ မမြင်ရတဲ့ ဂုဏ်တံတိုင်းကြီးနဲ့ အဆင့်တန်းဆိုတဲ့ မမြင်ရပဲ လူတွေသတ်မှတ်ကြတဲ့ အရာတွေနဲ့ ဖုံးလွှမ်းနေကြလို့သာ အတ္တတွေဖုံးလွှမ်းနေတာပါ..တကယ်တော့ လူသားတိုင်းမှာ နူးညံ့တတ်တဲ့ စိတ်ခံစားမှုတစ်ခုခုတော့ရှိကြမှာပါ...ကျွန်တော်တောင်မှ ကိုယ့်ကိုယ်ကိုယ် မလွမ်းတတ်ဘူး မချစ်တတ်ဘူးလို့ ထင်နေတာ...တကယ်တော့ လွမ်းတတ်ပါတယ် ချစ်တတ်ပါတယ်..ဘယ်အချိန်မှသိလည်းဆိုတော့ ဘီယာသောက်ပြီး ရီဝေေ၀လေးဖြစ်နေတဲ့အချိန်မှာ လွမ်းတတ် ချစ်တတ်တာ ပါ အရက်တော့ မသောက်ပါဘူး အရင်ကရော အခုရော နောင်ရောပဲ dangerပဲနော် :D...
ယခုချိန်မှာတော့ သူငယ်ချင်းတွေရဲ့သူတို့ရဲ့ ချစ်သူတွေနဲ့ ပလီပလာဘာညာတွေနဲ့ပြောနေတဲ့စကားသံတွေကို ကြားနေရရင် အမြင်ကတ်နေတဲ့သူတစ်ယောက်ပါ :)...အခုချိန်မှာတော့ ပလီပလာ မူယာမာယာတွေနဲ့စကားတွေဟာ ကျွန်တော့်အတွက်တော့ ခါးသက်နေတယ်...ဘာမှမဟုတ်ပဲ အွန်လိုင်းမှာ ဘာတွေပြောနေမှန်းမသိပဲ အချစ်တွေ အသဲတွေ ကလေးတွေ စုံနေတာပဲ သူငယ်ချင်းတွေရဲ့စကားသံတွေကို ကြားရတဲ့အချိန်မှာ စဉ်းစားမိတယ်..ဘာကြောင့်များ ဒီလောက်ထိ အချိန်တွေပေးပြီး ကြိုးစားနေရတာလဲလို့ :)...မိဘဆီကိုတော့ ဒီလောက် သတိရမယ့်ပုံမပေါ်ဘူး ချစ်သူဆီတွေကိုတော့ ever ပဲ...တစ်ခါတစ်လေ ဒီမှာ အိပ်ကောင်းနေတဲ့အချိန်မနက်ခင်းစောစောစီးစီးမှာ ချစ်သူလာလို့ဘာလို့ညာလို့ဆိုပြီး တံခါးလာခေါက်ပြီး အခြားခန်းက လာနှိုးတဲ့ကောင်တွေကရှိသေးတယ်...ပြေးသာ ရိုက်ပစ်လိုက်ချင်တယ်...အဲဒီချစ်သူတွေဆိုတဲ့သူတွေကလည်း ကိုယ့်ရဲ့ချစ်သူတွေဆီမှာ အခုချိန်မှာ ဘယ်ချိန်ရှိနေပြီ ခေါ်သင့်လား မခေါ်သင့်လား မစဉ်းစားဘူး...အရေးကြီးလို့ မိဘတွေဆီက ခေါ်ရင်ထားပါတော့...အခုတော့ ဒီမှာ သူများတွေ အိပ်နေတဲ့အချိန်မှာ အလိုက်ကမသိ...သမုဒယတွေနဲ့လာပြီးညုပြနေလည်း ဘေးကကြားနေရတဲ့ ကျွန်တော့်အတွက်တော့ ထပြီး ပြေးရိုက်ချင်စိတ်ပေါ်လာတယ် :D...အိပ်နေတဲ့အချိန်မှာ အသံတစ်ခုခုကြားနေရင် အိပ်မပျော်တော့ဘူးကျွန်တော်က......ချစ်စရာကောင်းပြီးလှပတဲ့ မိန်းကလေးတွေမြင်ရင် ငေးမောတတ်ကြတာ ကျွန်တော်တို့ ယောင်္ကျားလေးအများစုပါပဲ...ဒါပေမယ့် ဘယ်လောက်ပဲ လှပနေပါစေ ကျော်ကြားထင်ပေါ်နေပါစေ မာနကြီးပြီး ဟိတ်ဟန်များလွန်းနေရင် တစ်ခဏချင်းမှာပဲ အဲဒီလူပေါ်ကို အထင်မကြီးတတ်တော့တာ ကျွန်တော့်ရဲ့သဘာဝပဲ...ကျွန်တော်ကလည်း လူတစ်မျိုးပါပဲ...လူကသာ ပေစုတ်စုတ် ဘာမှမဟုတ်တာ သူများအောက်မှာ အောက်ကျို့ခံပြီးမှ ရတဲ့ရလဒ်ကို သိပ်မကြိုက်နှစ်သက်ဘူး... ကျွန်တော်တို့ ယောင်္ကျားလေးအများစုက မိမိတို့ချစ်ခင်နှစ်သက်ကြတဲ့ ကောင်မလေးတွေကို ချစ်ခွင့်ရအောင် ပြောကြတယ်လေ...အဲဒီလိုပြောတဲ့နေရာမှာ အားလုံးက အောက်ကနေပြီးတော့ ပြောကြရတယ်...ကျွန်တော်ကျတော့ အောက်ကနေပြီးတော့ ပလင်ခံပြီးတော့လည်း မပြောချင်ဘူး အထက်စီးကနေပြီးတော့လည်း မဆက်ဆံဘူး (အချစ်မှာ အထက်စီးကမှမရတာကိုး :D ) level တူပဲ မိန်းကလေးတစ်ယောက်ကို ကိုယ်ကချစ်တယ်ဆိုရင်လည်း ချစ်တဲ့အကြောင်းပြောပြမယ်...သိပ်ပြီး အောက်ကနေပြီးတော့ ရလာမယ့်အချစ်ကိုမလိုချင်ဘူး...ချစ်ရင်ချစ်တယ် မုန်းရင်မုန်းတယ် ဒါပဲသိချင်တယ်...ဒီလိုပြောရတာတွေကလည်း တစ်ချို့မိန်းကလေးတွေက အရမ်းကို မိုးပေါ်တတ်ပြီး မာနကြီးပြလွန်းလို့ပါ...တစ်ခါတစ်လေကျတော့လည်း တော်တော်သံဝေဂရတယ်...အပြင်မှာတော့ မသိဘူးပေါ့ဗျာ...အွန်လိုင်းမှာ တွေ့ကြုံမှုလေးတွေပြောပြချင်ပါတယ်...ရုရှားကို ရောက်ခါစ အခန်းတစ်ခန်းမှာ သူငယ်ချင်း ၄ ယောက်နေတယ်...သူငယ်ချင်းတစ်ယောက်ရဲ့ ချစ်သူစုံတွဲလေးအကြောင်းပါ...သူတို့၂ယောက်က အထက်မှာပြောခဲ့သလို ပလီပလာဘာညာတွေပြောပြီး နုတ်ခွန်းတွေဆက်ပြီးတဲ့အချိန်မှာ အဲဒီကောင်မလေးက မပြန်သေးပဲ နောက်တစ်ယောက်နဲ့ထပ်ပြီးတွေ့နေတယ်...သူ့ချစ်သူက မသိဘူး တကယ်ပဲ သူပြန်သွားပြီထင်နေတာကိုး...ကံဆိုးချင်တော့ သူ့ချစ်သူက ကျွန်တော်တို့အခန်းထဲကပဲ သူငယ်ချင်းတစ်ယောက်နဲ့ ထပ်ပြီး ဘာညာသာဓကာတွေပြောနေပြန်ရော...သူချစ်သူက သိသွားရော တကယ်ပဲ စိတ်လေသွားတယ်...နဂိုကမှ ရည်းစားမရှိတဲ့ ကျွန်တော်က ဒီလို ဖြစ်စဉ်တွေကိုတစ်ခါမဟုတ် ၂ခါမဟုတ် အမြဲတွေ့နေရတော့ ချစ်တတ်ဖို့ ရည်းစားရဖို့ဆိုတာ တော်တော်ကိုဝေးသွားတယ်...စိတ်ပျက်ဖို့ကောင်းသလို ဓာတ်ကျဖို့လည်းကောင်းတာကိုး...အားလုံးမှာ အဆိုးနဲ့အကောင်းဆိုတာ ရှိကြစမြဲပါပဲ..မိန်းကလေးတိုင်းမှာ ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်းရှိကြသလို ယောင်္ကျားလေးတွေမှာလည်း ဒီတိုင်းပါပဲ...ကျွန်တော်ကိုကလည်း လူပျိုကြီးကံဇာတာများပါသလားတော့မသိဘူး ဒီလိုမျိုး လိမ်ညာတတ်တဲ့ ဖြစ်စဉ်တွေနဲ့ပဲတွေ့နေတော့တာပဲ...တစ်ခါတစ်လေကျတော့လည်း နားလည်ပေးပါတယ် မိန်းကလေးတွေအပေါ်ကို...မိန်းကလေးတွေက အသက်ရွယ်ပေါ်မှာမူတည်ပြီး ချစ်သူရည်းစားထားကြရတာကိုး အများစုက..ဟုတ်လားတော့မသိဘူး...ဒီတော့ တစ်ခါတစ်လေလည်း ၂ ယောက် ၃ယောက်ထားချင်လည်းထားမှာပေါ့..တစ်ချို့ယောင်္ကျားလေးတွေကလည်း ချစ်သူထားပြီး ယူချင်မှလည်းယူတာကိုး...အထူးသဖြင့် မာနကြီးတတ်တဲ့ကောင်မလေးတွေကို အထင်မကြီးတတ်ဘူး...အချို့က ဂုဏ်ရှိတယ် ငွေရှိတယ် အောင်မြင်ကျော်ကြားလို့ မာနထားတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ထင်တာပဲ...မာနဆိုတာ ယောင်္ကျားရော မိန်းမရော မရှိရဘူးမဟုတ်ဘူး ရှိသင့်ရှိထိုက်တဲ့နေရာမှာရှိရမယ်...ဘာမဟုတ်တဲ့နေရာမှာ ရှိနေထားနေရင်တော့ လူအမြင်ကတ်တာပဲအဖတ်တင်မယ်...ကျွန်တော်က ဖြစ်နိုင်ရင် သူများခိုင်းတာမလုပ်ချင်ဘူး...ဥပမာ အလုပ်တစ်ခုမှာ အလုပ်သမားမဖြစ်ချင်ဘူး အလုပ်ရှင်ပဲဖြစ်ချင်တယ်...ကျွန်တော် ၁၀တန်းစာမေးပွဲဖြေပြီးတဲ့အချိန်မှာ ကျွန်တော့်အစ်မ၀မ်းကွဲက ရန်ကုန်မှာ သူ့တည်းခိုခန်းမှာ အလုပ်လုပ်ဖို့နေခိုင်းသလို Sedona Hotel မှာ အလုပ်လုပ်မလား နောက်ထပ်အစ်မ၀မ်းကွဲ တစ်ယောက်ကလည်း မေးခဲ့ဖူးတယ်..သူနဲ့ အဲဒီဟော်တယ်နဲ့က အသိရှိလို့ဖြစ်မှာပေါ့...အိမ်နဲ့ကလည်း နီးနီးလေကို....ဒါပေမယ့် ကျွန်တော်က စိတ်မ၀င်စားဖူး အဲဒါတွေကို...ဘာလို့လည်းဆိုတော့ အဲဒီနေရာတွေမှာလုပ်ရင် သူများခိုင်းဖက်ဖြစ်သွားမှာပေါ့...ခိုင်းဖက်ဆိုတာက အလုပ်ရှင်ခိုင်းတာမဟုတ်ပဲ လာသမျှ လူတွေရဲ့ ခိုင်းဖက်လည်း ဖြစ်သွားနိုင်တာပဲလေ...ကျွန်တော်က အဲဒါမျိုး မကြိုက်ဘူးလေ :)...ဒါပေမယ့် အခုလုပ်နေတဲ့အလုပ်ကရော သူများခိုင်းဖက်က မလွတ်ကင်းသေးပါဘူး :)...ကျွန်တော်မကြိုက်တာက အလုပ်ရှင်တစ်ယောက်သောသူရဲ့ ကိုယ့်အပေါ်ခိုင်းတာနဲ့ အများသူငှာက ကိုယ့်အပေါ်ခိုင်းတာကို ပိုမကြိုက်တာ...ကိုယ့်အပေါ်ခိုင်းစေတာက လူတိုင်းက ကင်းမှမကင်းကြတာကိုး...သူများခိုင်းစေတာကို မလုပ်ချင်လို့ ကိုယ်ပိုင်စီးပွားရေးလုပ်လည်း ကိုယ်နဲ့ပါတ်သတ်မှီခိုဆက်နွယ်သူတွေရဲ့ action တစ်ခုခုတော့ ခံရမှာပဲလေ...ဒါက ပြသာနာ သိပ်မရှိဘူး လူတိုင်းမှမကင်းတာကိုး...ဒီလောက်တော့ရှိမှာပေါ့...ကျွန်တော့်ရဲ့ စတိုင်လ်က အေးအေးဆေးဆေးနေတယ်...ဘယ်သူငယ်ချင်း ဘယ်သူကလာပြီး မြှောက်ပြောပြော နှိမ့်ချပြောပြော ၀ုန်းဒိုင်းချဲပြီး ပြန်မပြောတတ်ဘူး...သူတို့ပြောချင်ရာပြော အေးဆေးပဲ...မြှောက်ပြောတိုင်းလည်း မမြှောက်တတ်ဘူး နှိမ့်ချပြီးလာပြောလို့လည်း စိတ်မတိုတတ်ဘူး...တစ်နည်းအားဖြင့် သွေးအေးတယ်...သွေးအေးတဲ့သူတွေက စိတ်တိုရင်လည်း သူများနဲ့မတူကြဘူး..ပိုကြမ်းတယ် :)...စိတ်တို ဒေါသဖြစ်တဲ့အချိန်မှာ စိတ်ကိုပြန်ထိန်းချုပ်ပြီး အတတ်နိုင်ဆုံး ထိန်းသိမ်းပြီးမြိုသိပ်ပြီးနေတာများပါတယ်..တစ်ခါတစ်လေလည်း ခပ်တည်တည်နဲ့နောက်တတ်တယ် ;)...တစ်ပါးသူတွေအပေါ်ကို အများသူငှာလို အချစ် အလွမ်း အကြင်နာ ဂရုနာ အကုန်ထားတတ်တယ်...ကိုယ့်အပေါ်တော့ လာပြီး ကျောလို့မရဘူး :)...ကိုယ်ကလည်း သူများအပေါ်ကို ဘယ်တုန်းကမှမကျောဖူးဘူး...အားလုံးကို ချုံပြီးပြန်ပြောရရင် ကျွန်တော် မကြိုက်ဆုံးက ကိုယ့်အပေါ်ကို ဘလိုင်းကြီး လာကျောတာမကြိုက်ဘူး...မိန်းကလေးနဲ့ပါတ်သတ်ရင် မာနကို မိုးပေါ်ထိထောင်ပြီးတတ်ပြနေတဲ့သူတွေကို ကြည့်မရဘူး( ကြိမ်ဆဲနေတော့မှာပဲ ;) )...အချို့သူငယ်ချင်းတွေဆိုရင် တော်တော် အောက်ကျို့ခံပြီး ပြောနေဆိုနေတာတွေကိုတွေ့ရတယ်...ဘလိုင်းကြီးလာပြီး ရန်မူတဲ့သူတွေကရှိသေးတယ်..ဒါလည်း ချစ်တော့ သည်းခံပြီး ပြောနေကြတယ်ထင်ပါရဲ့...အဲဒီလိုကောင်မလေးတွေ ကျွန်တော်လိုယောင်္ကျားလေးမျိုးနဲ့မတွေ့တာတော်တော်ကံကောင်း...တွေ့ရင်တော့ ကမ္ဘာမီးလောင်ပြီသာမှတ်ပေတော့ :)...စာက အရမ်းရှည်နေပြီ နောက်မှပဲ ငါ့ကလူကြီးသမီးဆိုပြီး ထောင်ထောင်လာပြီး အပေါ်စီးကနေလာပြီးပြောတဲ့ကောင်မလေးနဲ့ ကျွန်တော်နဲ့ တွေ့ပြီး မီးဟုန်းဟုန်းတောက်ခဲ့တဲ့ ဇာတ်လမ်းလေးကို နောက်နေ့မှ ရေးအုံးမယ် :)...သူတွေ့ခဲ့တဲ့ ယောင်္ကျားလေးတွေထဲမှာ ချစ်လို့အောက်ကျို့ခံပြီးပြောတဲ့သူတွေထဲမှာ ကျွန်တော်က ကလန့်ဖြစ်နေတော့ သူ့အတွက်တော့ အသဲယားစရာဖြစ်နေမှာပေါ့ (ထုထောင်းချင်စိတ်ပေါ့)...ဆက်ရန်၂ပေါ့ဗျာ :) (ဘီယာလေးတစ်ဗူးသောက်ပြီး ရီဝေေ၀ဖြစ်နေချိန်မှာ ရေးထားတဲ့ပေါက်ကရစာတွေမို့ sorry နော် အားလုံးပဲ...ကျွန်တော့်ရဲ့ စိတ်ခံစားမှုအချို့လေးတွေကို ဖတ်ရင်းနဲ့ critic လုပ်နိုင်ပါတယ် တစ်နည်းအားဖြင့် ပြုပြင်ပေးနိုင်ပါတယ် ကျွန်တော်ကသာ အခြားသူတွေကို မာနကြီးတာမကြိုက်ပေမယ့် ကိုယ်ကိုယ်တိုင်ကလည်း အဲဒီထဲမှာပါနေလားတော့မသိဘူး :) မာနဆိုတဲ့အရာတော့မဟုတ်ဘူး လူငယ်သဘာဝအတိုင်း မခံချင်စိတ်လေးတွေ ဖြစ်တာနေမှာပါ :))...။
အပြည့်အစုံသို့...
ရည်မှန်းချက် နဲ့ အိမ်ထောင်ရေး
နံပါတ်၁)မိမိရဲ့ နောင် စီးပွားရေးအလုပ် စိတ်ကူးလေးတွေရဲ့ ရည်မှန်းချက်- ကျွန်တော်ကတော့ စီးပွားရေးဆိုတဲ့အရာကို သိပ်ပြီးတော့လည်း နားမလည်သေးပါဘူး...လတ်တလော အချိန်မှာလည်း ကိုယ်က တပ်မတော်တွင်းမှာ တာဝန်ထမ်းဆောင်နေနေတဲ့ အချိန်ဆိုတော့ ကိုယ်ကိုယ်တိုင်လုပ်ဖို့က မဖြစ်နိုင်သေးပါဘူး...ဒီတော့ စီးပွားရေးမလုပ်ဘူးလားဆိုတော့ လုပ်မှာပေါ့ :)...ဘယ်လိုပုံစံမျိုးလည်းဆိုတော့ ဘယ်လို လုပ်ငန်းလေးတွေမှာမဆို စိတ်ပါဝင်စားရင် shareholder တစ်ယောက်အနေနဲ့ အဲလိုမျိုးလေးတွေလုပ်ဖို့ စိတ်ကူးထားတယ်...လုပ်ငန်းကြီးတွေမဟုတ်ပါဘူး...အဲဒီလောက်ထိမတတ်နိုင်ဘူးလေ...လက်ရှိအချိန်နဲ့ တပ်မတော်မှ မထွက်ခွာမှီမှာ စီးပွားရေးလုပ်ဖို့က ဒီနည်းလမ်းပဲရှိတယ်လို့ပဲမြင်မိတယ်...ဒါကြောင့် ဒီလို share လေးတွေလုပ်နိုင်ဖို့က တပ်မတော်သားတစ်ယောက်အနေနဲ့က ရရှိတဲ့ salary လေးနဲ့ပဲစုဆောင်းလုပ်ဖို့ဖို့ဆိုရင် တော်တော်တော့ စုဆောင်းရတာ ကြာမယ်ထင်တယ်...ပထမဆုံး ကျွန်တော် ချဉ်းကပ်ဖို့ စိတ်ကူးထားတာကတော့ ကျွန်တော့်အစ်မ ၂ယောက်ဆီကိုပဲ :)...
သူတို့အလုပ်က သိပ်အဟုတ်ကြီးတွေမဟုတ်ပါဘူး...အကြီးဆုံးတစ်ယောက်က အထည်ချုပ်ဆိုင်လေးဖွင့်ပြီး အထည်တွေချုပ်တယ်...အရင်ကတော့ အဒေါ်ရဲ့ဆိုင်မှာ salary ပေးပြီးလုပ်ရတယ်..၁လကို ၅သောင်းပေးရတယ် အဒေါ်ကို...ရတာက ၁သိန်းကျော်ကျော်လေးပဲဆိုတော့ သိပ်မမိုက်ဘူးပေါ့...အခုတော့ အဒေါ်ဆိုင်ကိုဝယ်လိုက်သလားတော့မသိဘူး နောက်ထပ် အခန်းလေးတစ်ခုကို သိန်း ၃၀ ပေးပြီးတိုးချဲ့ဝယ်လိုက်တယ်လို့လည်းကြားပါတယ်..အဲလောက်ထိ ကိုယ့်အိမ်အကြောင်းသိတာ :D...ဆိုင်ဆိုပေမယ့် ခမ်းခမ်းနားနားကြီးကျယ်တဲ့ အပြင်ဆိုင်ခန်းသီးသန့်မဟုတ်ပါဘူး..ဈေးထဲမှာပါ...ဒါက ဘာကိုအဓိကပြောချင်တာလည်းဆိုတာက သူ့ကို ဒီ့ထက်ပိုပြီး လုပ်ငန်းတိုးချဲ့နိုင်အောင် အောင်မြင်လာအောင် ကျွန်တော်က ငွေလေးနဲ့ပဲ share လုပ်ပြီး cooperative လုပ်မယ်ပေါ့...ဒါက အစ်မကြီးဆီ ချဉ်းကပ်မယ့် စိတ်ကူး...နောက် အစ်မတစ်ယောက်က အလှပြင်ဆိုင်ဖွင့်တယ်...သူလည်းပဲ ကြီးကျယ်တဲ့ ဆိုင်ခန်းကြီးတွေမဟုတ်ပါဘူး...တစ်နိုင်လေးပေါ့...၂ယောက်လုံးက အိမ်ထောင်တွေနဲ့ကိုး...မြေညီထပ်ဆိုတော့ ရှေ့အခန်းလေးမှာပဲ တွဲရက် ဖွင့်ထားတာ...အဝေးကြီးလည်း သက်သက်သွားစရာမလိုဘူးပေါ့...အိမ်မှာပဲဆိုတော့ အေးဆေးပေါ့...စနေ တနင်္ဂနွေဆိုရင် သူ ထိုင်ကို မထိုင်ရဘူး...အမြဲအလုပ်ရှုပ်နေတတ်တယ်...ဘာကြောင့် သူ့ဆီမှာ လာလာပြီး အလှပြင်ကြလည်းဆိုတော့ သူက ဈေးလည်းသင့်တော်တယ် အများသူငှာဝင်နိုင်တယ်...ဆက်ဆံရေးလည်းကောင်းတယ်...မိန်းကလေးဖြစ်ပေမယ့် အစနှောက်ကလည်းသန်တယ်...လူချစ်လူခင်များတာပေါ့...ပြောရရင် မြို့ကြီးသူတွေလို အထည်ကြီး ဟိတ်ကြီးဟန်ကြီးတွေမဟုတ်တော့ ရိုးသားပွင့်လင်းတော့ လူချစ်လူခင်များတာပေါ့...သူလည်းပဲ ၀င်ငွေကောင်းပါတယ် မဆိုးပါဘူး..ဘယ်လောက်ရလည်းတော့ တစ်ခါမှမမေးမိဘူး :)...ကျွန်တော်ခွင့်ပြန်လာလို့ သူ့ဆီအလည်ရောက်နေတဲ့အချနိမှာ ကောင်မလေးတွေလာပြီး အလှပြင်နေရင် မကြည့်ရဘူး...ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်မလေးတွေအကြောင်းစိတ်ဝင်စားမှာဆိုးလို့တဲ့...အဲဒီတုန်းကတော့ ဗိုလ်လောင်းပဲရှိသေးတော့ အသက်က ၁၇ ၁၈ ၁၉လောက်ပဲရှိသေးတာ...အခုတော့ ၂၄ဆိုတော့ မပြောလောက်တော့ဘူးထင်ပါရဲ့ :)...သူတို့၂ယောက်လုံးရဲ့ လုပ်ငန်းလေးတွေက မဆိုးပါဘူး..ဒါပေမယ့် အားနည်းချက်တစ်ခုရှိတယ်...အဲဒါကတော့ ဒီ့ထက်မြင့်မားဖို့အတွက် တိုးချဲ့လုပ်ဆောင်ဖို့အတွက် ရေ(ငွေ)များများရှိဖို့လိုတယ်...အဲဒီလိုအပ်တဲ့နေရာမှာ ကျွန်တော်က ပါဝင်နိုင်အောင် လုပ်ဖို့ စိတ်ကူးထားတာပါ..ဒါက ကိုယ့်မောင်နှမမိသားစုထဲမှာပဲ စည်းစည်းလုံးလုံးနဲ့ သေချာစွာအရင်ဆုံးလုပ်နိုင်ရင် သူလည်းပဲမဆိုးဘူးလို့ထင်ပါတယ်...သူတို့လုပ်ငန်းလေးတွေအကြောင်းကို သေသေချာချာ မမေးမိသေးပါဘူး...အခုချိန်မှာက သူတို့တွေက အိမ်ထောင်တွေနဲ့ဆိုပေမယ့် မိသားစုတစ်ခုတည်းလိုပါပဲ...မရှိအတူ ရှိအတူပါပဲ..အချို့တွေလို မောင်နှမအရင်းချင်း ငွေကြောင့် ဘာကြောင့်ညာကြောင့် စိတ်ဝမ်းကွဲတာတွေ အဲဒါမျိုးမရှိပါဘူး...အခုချိန်မှာ ကျွန်တော်ငွေလိုရင် အစ်မတွေဆီတောင်းလို့ရပါတယ် ပြန်ပေးစရာလည်းမလိုပါဘူး...ဒါက ဘာကိုပြလည်းဆိုတာက အိမ်ထောင်တွေကျပေမယ့် အရင်တုန်းက အိမ်ထောင်မကျသေးခင်တုန်းက အိမ်မှာအတူတူရှိနေတုန်းကလိုပဲ တစ်ယောက်အပေါ်တစ်ယောက် ကူညီနိုင်သလောက်ကူညီပေးနေတာကိုပြောတာပါ...စီးပွားရေးခွဲခြားမှုမရှိသေးတာပါ...ဒါကြောင့် အစ်မတွေနဲ့ အတူတူအလုပ်မယ်ဆိုရင် share ထည့်ပြီး အစ်မတွေဆီကပဲ ပြန်ဖြန့်တောင်းရမယ့်ပုံစံဆိုတော့ နဲနဲတော့တွေဝေတာတော့ရှိတာပေါ့...ဒီလိုအကန့်လေးတွေလည်းရှိနေတယ်ဗျ...ဒါက ကျွန်တော့်အတွက် အပြင်မှာ သူများတွေနဲ့မလုပ်ချင်ရင် ကိုယ့်မောင်နှမတွေနဲ့ပဲလုပ်ရင်ပဲရနိုင်တဲ့အနေထားပေါ့...ဒါက အစ်မတွေရှိတဲ့ ရန်ကုန်မှာပေါ့..နောက်တစ်ခုက တောမှာပေါ့...ကိုယ့်ရဲ့တောရွာလေးတွေနဲ့ မှီပြီးအလုပ်လုပ်နိုင်မယ့် အစီစဉ်လေးပေါ့...သူကလည်း ကားဝယ်နိုင်မှ ရနိုင်မယ့် အစီလေးပါ :)...ရွာတွေအများစုက ဈေးဝယ်ရင် မြို့ပေါ်တတ်ဝယ်ကျရတာမဟုတ်လား...ကျွန်တော်တို့ရွာဆိုရင် ကားလမ်းကိုရောက်ဖို့ ၂ မိုင်၂ဖာလုံဝေးတယ်...အဲဒီတော့ သူတို့တွေဟာ ဆိုင်ကယ်တွေနဲ့ ကားဂိတ်ထိလိုက်ပို့ကျရသလို စက်ဘီး ခြေလျင် လှည်း စတဲ့အရာတွေနဲ့လည်း လိုက်ပို့ ကြိုပို့လုပ်ပေးရနေတာဆိုတော့ ကိုယ့်မှာသာ ကားလေးတစ်စီးကောင်းကောင်းရှိနေရင် အဆင်ပြေသွားမယ် သူတို့အတွက်ရော ကိုယ့်အတွက်ရောပေါ့...ကဲ ရွာက အပျိုအအို ပွင့်တောင်ကိုင်အမျိုးသမီးများပါမကျန် (ကျွန်တော့်ရွာက ရွာသူလေးတွေက ကိုရီးယားမင်းသမီးတွေထက်သာတယ်နော် :) )ကျွန်တော့်ကားလေးနဲ့ မြို့ကို shopping ထွက်လို့ရပါပြီ :)...၂မိုင်လောက်ဝေးတဲ့ ကားဂိတ်ထိ သွားနေစရာလည်းမလိုတော့ဘူး...ကားဂိတ်ရောက်လို့ လိုင်းကားစောင့်ဖို့လည်းမလိုတော့ဘူး...ရွာကနေ မောင်နိုင်ကို ရဲ့စီးတော်ယာဉ်လေးနဲ့ မြို့ပေါ်ထိ shopping ထွက်နိုင်ဖို့အတွက် service ပုံစံမျိုးလေးနဲ့လုပ်ပေးသွားပါမည်...ကား တစ်စီးရှိယုံနဲ့ရင် မရသေးဘူးဗျ... မြို့ပေါ်မှာ ဆိုင်ခန်းလေးတစ်ခုရှိဖို့လိုသေးတယ်ဗျ...အဲဒီ ရွာက ပျိုပျိုမမ ဖိုးဖိုးဖွားဖွားတို့ မြို့ပေါ်ရောက်ရင် နားနေနိုင်ဖို့နဲ့ ကျွန်တော်ဆိုင်မှာ သူတို့အများစု ရွာအကြိုက်ပစ္စည်းလေးတွေကို ဆိုင်မှာတင်ထားမယ်ဗျာ...တစ်နည်းအားဖြင့် ကုန်စိုကုန်ခြောက် ဘာညာ သာဓကာကွာစိအစုံပေါ့ :)...ရွာက ပျိုပျိုအိုအိုတို့ လိုအပ်တဲ့အရာမှန်သမျှ သူတို့ကြိုက်တတ်တဲ့အရာလေးတွေကိုအမြဲစုံစမ်းမေးမြန်းပြီးတင်ပေးမယ်...၁လတန်သည် ၂ လတန်သည် တစ်ခါတစ်ခါအဆင်ပြေသလို ပျော်ရွှင်စရာလေးတွေအတွက် အားပေးတဲ့အနေနဲ့ ကံစမ်းမဲအစီစဉ်လေးတွေပါ လုပ်ပေးလိုက်မယ်...ပစ္စည်းအကောင်းစားကြီးတွေတော့မဟုတ်ဘူးပေါ့..လူကြီးတွေအတွက် ဆေးးဗူးအားဆေးဗူးလေးတွေ ဆောင်းရာသီမှာအေးရင်ဝတ်ဖို့ အနွေးထည်လေးတွေနဲ့ ကလေးတွေအတွက် ကျောင်းမှာအသုံးဝင်မယ့် ဗလာစာအုပ် ခဲတံဘောပင် ဘာညာပေါ့...မကောင်းဘူးလား :)......ဒါဆိုရင်တော့ ကားလေးလည်း တစ်စီးရှိပြီ မြို့ပေါ်မှာလည်း ဆိုင်ခန်းလေးတစ်ခုရှိပြီဆိုတော့ okay သလောက်ရှိပြီပေါ့...ကားဆိုလို့ ထော်လာဂျီတော့ မလုပ်နဲ့ နားအရမ်းငြီးလို့ ဘယ်သူမှစီးမှာမဟုတ်ဘူး :)...ခေတ်နဲ့အညီ ရွာက ပျိုပျိုမမတို့ ယဉ်ဘောင်တန်းနိုင်ဖို့တွက် မောင်နိုင်ကို ရဲ့ ကားကလည်း ခေတ်နဲ့အညီ(သူများရွာတွေထက်သာတဲ့ကားလေးပေါ့ :) ) ဖြစ်နိုင်မှတော်ကာကျမယ်...သူတို့မြို့ပေါ် shopping ထွက်ဖို့ အသွားအပြန်တွက် transportation အချိန်မရွေးအသင့်ရှိနေတော့ လိုင်းကားတွေတိုးစီးဖို့အတွက် အချိန်ပိုပေးရတဲ့ ဒုက္ခမှကင်းဝေးသွားခြင်း မိမိသွားချင်တဲ့နေရာ ၀ယ်ချင်တဲ့အရာကို လိုင်းကားမမှီမှာဆိုးလို့ မ၀ယ်လိုက်ရ မသွားလိုက်ရတဲ့ ဒုက္ခကနေ ကင်းဝေးသွားခြင်း မြို့ကနေ ဘယ်အချိန်ပြန်လာမယ်မှန်းမသိ ကားဂိတ်ကနေ ဈေးကြိုနေရတဲ့သူတွေရဲ့ ဒုက္ခတွေမှ ကင်းလွတ်ခြင်း..etc စတဲ့ဒုက္ခပယ်လယ်ကနေ လွတ်မြောက်နိုင်မယ့် တစ်နည်းအားဖြင့် ဒုက္ခနည်းသွားမယ့် စိတ်ချမ်းသာစေနိုင်မယ့် အစီလေးကို စိတ်ကူးလိုက်ခြင်းဖြစ်ပါတယ်ဗျာ...ရွာဆိုလို့ သေးသေးလေးလို့မထင်ပါနဲ့..အိမ်ခြေ ၁၅၀၀ကျော်ပါတယ်...တကယ်ပိုက်ဆံရှိတဲ့တစ်နေ့ ကိုယ့်ရွာနဲ့နှောပြီးလုပ်ချင်ရင် ဒီလုပ်ငန်းလေးကို လုပ်ဖြစ်မယ်ထင်ပါတယ် :)...ကျွန်တော်ရွာတစ်ခုတည်းမဟုတ်ပါဘူး မြို့ပေါ်ကဆိုင်အတွက် အခြားရွာတွေအများကြီးရှိပါသေးတယ် အမျိုးတွေအသိတွေမိတ်ဆွေတွေပေါ့...ကြော်ငြာ မိတ္တူပေးလိုက်ရင်ပြီးပြီပေါ့...အိမ်ကသဘောကောင်းပြီး ဆက်ဆံရေးကောင်းတော့ လူအများနဲ့ရင်းနီးတယ်...ပြောရရင်တော့ အမျိုးကြီးတွေပေါ့..ပေါလိုက်တဲ့အမျိုး အကုန်တောင်မသိနိုင်ဘူး တကယ်ပါ...အချိန်အခါနဲ့အခြေနေရပေါ့ဗျာ...စီးပွားရေးအတွက်အများကြီးမတွေးထားပါဘူး လုပ်ငန်းကြီးတွေလည်းလုပ်ဖို့လည်း အများကြီးစိတ်မကူးပါဘူး..ရိုးရိုးသာမာန်အလုပ်လေးတွေပါပဲ...ကဲ စိတ်ကူးယဉ် လုပ်ငန်း ၂ ခုကတော့ ပြီးးပြီ...နောက်ဆုံးတစ်ခုကတော့ အသိမိတ်ဆွေ သူငယ်ချင်းရင်းနီးတဲ့သူတွေရဲ့ စီးပွားရေးလုပ်ငန်းခွင်လေးတွေမှာ share လုပ်မယ်...ဒီလောက်ပါပဲ...စိတ်ကူးယဉ်လုပ်ငန်းလေးတွေက သူဌေးမဖြစ်နိုင်လောက်ပေမယ့် သင့်တင်လျောက်ပါတ်တဲ့ လူနေမှုအဆင့်တန်းတစ်ခုလောက်လေးကို ရောက်အောင်ပို့တင်ပေးနိုင်မယ်လို့ မျှော်လင့်မိပါကြောင်း (၁)ဒေါ်ဒေါ်ဝါ(၂)မကြီးဝါ(၃)မမ၀ါ(၄)အဖွားဝါ ရဲ့ တက်ဂ်ပို့လေးကို ဒီမှာတင် နိဂုံးချုပ်ဆိုပါ၏....။ :) နံပါတ်၂)အိမ်ထောင်ရေး- မပြောတတ်သေးပါ :D...../
အပြည့်အစုံသို့...
မော်စကိုရဲ့လက်ရှိရာသီဥတု
ရုရှားမှာ ချမ်းအေးလွန်းတာ မဆန်းပေမယ့်လည်း အရမ်းအေးလွန်းတာကြီးက တော်တော်တော့ ဆိုးနေတယ်... ယခုတလောမှာ -20°C ကနေ -25°C ထိ ရှိနေတော့ အနွေးထည်တွေ ဘယ်လောက်ဝတ်ဝတ် အအေးဓာတ်က ထိုးဖောက်နေတော့ အခက်တွေ့နေတယ်...ဒီလို နှင်းကျတဲ့ ဆောင်းရာသီမှာ ဓာတ်ရထားတွေကလည်း ပျက်တစ်လှည့် လာတစ်လှည့်နဲ့ ဘက်စကားဂိတ်တွေမှာ စောင့်ရတာ အေးလွန်းလို့ လက်အိပ်စွပ်ထားလည်း လက်တွေတောင့်ခဲပြီး လှုပ်လို့မရ ခြေအိပ်ထူထူဝတ်ထားလည်း ခြေဖျားတွေက ထုံကျင်နေပြီ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲ ဘေးနားက နှင်းပုံထဲသာ ဂျွန်းပစ်ထိုးနေလိုက်ရင်ပဲ ကောင်းမယ်ထင်ပါတယ်...
အဆောင်နဲ့ ကျောင်းကလည်း ၁နာရီလောက်သွားရတော့ တစ်ခါတစ်လေ ဓာတ်ရထားတွေနောက်ကျလို့ ကျောင်းချိန်မမှီတာတွေကလည်း များနေတယ်...အပြင်မှာ တစ်နေရာနဲ့ တစ်နေရာ သွားလာတဲ့အခါမှာ အေးဆေးစွာ လမ်းလျှောက်လို့မရဘူး...အပြေးမသွားယုံတစ်ခုပါပဲ ခပ်သုတ်သုတ်နဲ့ ရှေ့လည်းမကြည့် ဘေးလည်းမကြည့် ခေါင်းငိုက်စိုက်နဲ့ ခေါင်းစွပ်ကြီးဆောင်းပြီး လာလိုက်တာ ရှေ့မှာဘာမှန်းမသိတဲ့ အရာကြီး တိုက်မိမှပဲ ခေါင်းထောင်မိတော့တယ်...တိုက်မိတာက အခြားမဟုတ်ဘူး... ရုရှားမလေး တစ်ယောက်ကို...ခေါင်းနဲ့ သူ့ဗိုက်နဲ့သွားစောင့်မိသွားတယ်...အီဇဗီညီးကျယ်(sorry) လို့ မျက်နှာချိုသွေးလိုက်ရသေးတယ်...ဒီနေရာမှာ အဖွားကြီးဆို၇င်တော့ danger ပဲ...မြန်မာနိုင်ငံမှာ အဖိုးဖွားတွေဆိုရင် လူငယ်တွေက ရိုသေလေးစားကြတယ်..ကူညီ ရိုင်းပင်မှုတွေပေးတတ်ကြတယ်...ဒီမှာတော့ အဲလိုရိုသေဖို့အတွက် တစ်ခါတစ်လေ တွန့်ဆုတ်မိတယ်...သူတို့က လူငယ်တွေထက် ပိုပြီး စိတ်မြန်တယ် ဒေါသပိုထွက်မြန်တယ်...တုန်တုန်ချိချိ အဖွားအို အဖိုးအိုကြီးတွေကိုပဲ လမ်းမှာ ကူညီပေးကြတာများပါတယ်...ဒီနိုင်ငံမှာ အသက်တွေ ဘယ်လောက်ကြီးကြီး သွားနိုင်နေသရွေ့ တုတ်ကောက်စွဲပြီး သွားလာလှုပ်ရှားနေကြရတာများပါတယ်...သားသမီးတွေက ဘယ်ရောက်နေလည်းတော့ မပြောတတ်...မြန်မာနိုင်ငံမှာဆိုရင်တော့ အိမ်မှာပဲနေပြီး အိမ်မှူကိစ္စလေးတွေနဲ့ တရားအားထုတ်နေကြတာများပါတယ်...ဒီနေရာမှာ မြန်မာနိုင်ငံမှာ မွေးဖွေးရတာနဲ့ Buddha ဘာသာဖြစ်ရတာ ပိုကောင်းသွားတယ်...မော်စကိုမှာ တစ်နေ့တစ်နေ့ ကျောင်းသွားရတာ စိတ်မညစ်ပေမယ့် ရာသီဥတုကြီးက အရမ်းအေးလွန်းတော့ အပြင်ထွက်ရမှာကို ဓာတ်လေနေတယ်...ကျောင်းအတန်းထဲ ရောက်ရင်လည်း တော်တော်နဲ့ စာမရေးနိုင်သေးဘူး လက်တွေတောင့်ခဲနေလို့ ခဏနေမှပဲ ရေးနိုင်တာ...တီဗွီဖန်သားပြင်တွေပေါ်မှာတော့ နှင်းခဲလေးတွေ နှင်းတောလေးတွေကို ကြည့်ပြီး အဲဒီနေရာလေးတွေကို သွားချင်ကြတယ်...တကယ့်လက်တွေ့ပြင်မှာတော့ လှတော့လှပါတယ် သူ့ရဲ့အလှတွေကို မခံစားနိုင်ဘူး အေးလွန်းလို့...ကိုယ်သွားမယ့် နေရာလေးတွေကိုပဲ မြန်မြန်ရောက်အောင် ဟောဟဲဆိုက်ပြီး ပါးစပ်တွေထဲက အပူငွေ့တွေကို မှုတ်ထုတ်ရင်းနဲ့ပဲ ခပ်သုတ်သုတ်ခြေတော်တင်နေကြရတယ်...မြန်မာနိုင်ငံမှာတော့ ပူလွန်းလို့ အေးတာကို တမ်းတမိတယ်...အေးပြန်တော့လည်း ပူတာကို ပြန်တမ်းတမိနေတယ်..လူ့အကြိုက် နတ်မလိုက်နိုင်တာလားဆိုတာ ဒါမျိုးလားမသိ...ကမ္ဘာကြီးပူနွေးနေတာ မျှမျှတတဖြစ်အောင် ရုရှားမှာ လာပူပေးရင် ကောင်းမှာပဲ :)...ရုရှားမှာ ၂ နှစ်ကျော်နေလာပြီးပေမယ့်လည်း နေသားမကျသေးတာက အအေးဒဏ်ကို သိပ်မခံနိုင်သေးဘူး...ဘယ်လောက်ပဲ အေးလွန်းနေပါစေ မိမိတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်မရောက်သေးခင်တော့ ဒီ မော်စကိုကဆောင်းဒဏ်ကို အံတုရင်းနဲ့ပဲ ကျန်ရှိနေသေးတဲ့ ရက်ပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားဖို့အတွကိ ဆက်လက် ချီတက်ရအုံးမည်ပင်...။
အပြည့်အစုံသို့...
မြန်မာ့ရိုးရာအလှူတစ်ခု
ဒီနေ့ည ၇ နာရီခွဲလောက်မှာ TV ကြည့်ရင်းနဲ့ အမှတ်မထင် မြန်မာ့နိုင်ငံရဲ့ ရိုးရာဘာသာရေး အလှူဓလေ့လေးတစ်ခုကို ရုရှား TVလိုင်းတစ်ခုကနေ ထုတ်လွှင့်တာတွေ့လို့ ဗီဒီယို ရိုက်ပြီး တင်ပေးလိုက်တာ :)...Political တွေနဲ့ပတ်သတ်တဲ့ဟာတွေကတော့ ကမ္ဘာ့နိုင်ငံတကာ သတင်းရုပ်မြင်သံကြားတွေမှာ တွေ့နေပြနေတော့ အထူးဆန်းမဟုတ်ပေမယ့် အခုလို ကိုယ့်နိုင်ငံရဲ့ ရိုးရာဓလေ့လေးတွေကို ပုံဖော်ရိုက်ကူးထုတ်လွှင့်ပေးတာလေးတွေက ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်...။
အပြည့်အစုံသို့...
ရှုပဗေဒဆိုင်ရာ ပြပွဲအမှတ်တရ
ကျွန်တော်တို့ ကျောင်းမှာ တစ်နှစ်တစ်ခါ ပြပွဲလေးလုပ်ပေးတဲ့ ရှုပဗေဒဆိုင်ရာ ပြပွဲအမှတ်တရ ဓာတ်ပုံလေးတွေပါ....ပြပွဲမှာတော့ ဆေးပညာ ရေနံနဲ့သဘာဝဓာတ်ငွေ့ ကွန်ပျူတာ ရှုပဆိုင်ရာလေးတွေကို ပြသထားတာပါ...ကိုယ်သိချင်တာတွေကို မေးလို့ရပါတယ်...ကြော်ငြာသဘောတွေပါပဲ...
ရှုပဗေဒဆိုင်ရာများကို ပြသပေးနေတဲ့ ပြခန်းအ၀င်နားက ကွန်ပျူတာတစ်ခုပါ....
ဒါကတော့ ကျောင်းသားလေးတွေပါ..ပြပွဲမှာ လာကြည့်ရင်း အော်ဟစ်နေတာပါ...လှမ်းစနေလို့ ဓာတ်ပုံရိုက်ပေးလိုက်တာ...
Satellite မှာတပ်ဆင်တဲ့ စက်အစိတ်ပိုင်းလေးတစ်ခုပါ...
Google Earth တစ်ခုပါ ကွန်ပျူတာ Screen ကြီးပေါ်မှာ လက်နဲ့ထိပြီး ရှာယုံပါ...
ဆိုင်ခန်းလေးရှေ့မှာ ဓာတ်ပုံရိုက်ဖို့ အလှပြင်ထားသလားမသိပါဘူး ...အားလုံးက ၀င်ရိုက်နေလို့ မေးပြီးရိုက်လိုက်တာ...
င်္ရှုပဗေဒ ရဲ့အခြေခံသဘောတရားလေးတွေဖြစ်တဲ့ Force/Power လေးတွေကို လက်တွေအနေနဲ့ပရိတ်သတ်တွေကိုခေါ်ပြီး သရုပ်ပြရှင်းပြနေတာပါ...သရုပ်ပြပြီးရင် အဖြေမှန်ကို ပရိတ်သတ်ကိုရွေးခိုင်းပါတယ်...
ဒါတွေကတော့ အထွေထွေ ဗဟုသုတလေးတွေပါ ရေအားနဲ့ပတ်သတ်တဲ့ဟာလေးတွေနဲ့ microscope လေးတွေပါ...
နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ဆိုရာမှာ များစွာအထောက်ကူပြုတဲ့ အထဲမှာ ဘာသာရပ်တစ်ခုဖြစ်တဲ့ အားလုံးသိတဲ့အတိုင်း ရှုပဗေဒ ဟာတစ်ခုအပါဝင်ပါပဲ...ဒါပေမယ့် ကျောင်းသားတွေ မနှစ်သက်တာကလည်း ဒီဘာသာပါပဲ...အထူးသဖြင့် မြန်မာနိုင်ငံမှာ ရှုပဗေဒ ကျောင်းသားတွေဟာ အခြားသော ဘာသာတွေထက် ပိုနည်းမယ်ထင်ပါတယ်...ယခုကာလမှာ ကျောင်းသားအများစုတွေဟာ အသက်မွေးဝမ်းကျောင်းနဲ့လိုက်ဖက်မယ့်အရာတွေပဲ ရွေးတတ်ကြတာများပါတယ်...တီထွင်ကြံဆနိုင်မယ့် ရှုပဗေဒလိုမျိုးဘာသာတွေကို ခက်ခဲလို့ဆိုပြီး စိတ်ဝင်စားမှုနည်းပါတယ်...ရုရှားမှာတော့ ရှုပဗေဒ ဘာသာ အထူးသင်ကြားကြတာတွေ့ရတယ်...ဒါကြောင့်လည်း အမျိုးမျိုးသော ရှုပဆိုင်ရာနည်းပညာတွေကို တီထွင်ထုတ်လုပ်နိုင်တာပေါ့...ခက်ခဲတဲ့ ရှုပဗေဒဘာသာတွေကို ကျောင်းတွေမှာ စာတွေ့ကြည့်ပဲ သင်ပြတာထက် လက်တွေ့သရုပ်ပြပြီးသင်ကြားပေးမယ်ဆိုရင် ကျောင်းသားတွေဟာ မငြီးငွေ့ပဲ စိတ်ဝင်စားစွာနဲ့ ကြိုးစားသင်ယူကြမယ်လို့ ယုံကြည်မိပါတယ်...လူဆိုတာ မမြင်ရတဲ့အရာမသိတဲ့အရာတွေကို တွေ့ချင်မြင်ချင်ကြတဲ့သူတွေကြည့်ပါပဲ...ဒါကြောင့် ဘာသာရပ်တွေကို သင်ကြားရာမှာ ကျောင်းသားတွေအတွက် အထောက်ကူပစ္စည်းများစွာလိုအပ်ပါတယ်...ကျောင်းသားတွေ လက်တွေ့မှာ စူးစမ်းလေ့လာချင်လာအောင် စိတ်ပါဝင်စားလာအောင် လုပ်ရာမှာ စာတွေ့ကြည့်ပဲနဲ့စိတ်မ၀င်စားပါဘူး..လက်တွေ့သဘောတရားလေးတွေနဲ့ပြမှ စိတ်ဝင်စားကြတာပါ...မြန်မာနိုင်ငံမှာက စာတွေ့ကြည့်ပဲများမယ်ထင်ပါတယ်...လက်တွေ့အထောက်ကူပစ္စည်းတွေကို များများပြုလုပ်ပေးရင် ကျောင်းသားတွေတွက် ပိုပြီးစိတ်ဝင်စားပြီး အကျိုးရှိပါတယ်...ပစ္စည်းရှိပြီး မကိုင်ရက်မပြုရက်နဲ့ ဟန်ပြလုပ်နေရင်လည်း ဘာမှ တိုးတက်လာမှာမဟုတ်ပါဘူး...ဒါလေးတွေကတော့ ရှုပဗေဒနဲ့ဆက်စပ်ပြီးတော့ ပြောလိုက်တာပါ :)..../
အပြည့်အစုံသို့...
ဗမာမလေးချိတ်ထမိန်မ၀တ်တတ်တော့တာမင်းမပါစေနဲ့
ဗမာမလေး ချိတ်ထမိန်မ၀တ်တတ်တော့တာ မင်းမပါစေနဲ့ ဆိုတဲ့ တွံတေး သိန်းတန်သီချင်းလေးအတိုင်း ဒို့မြန်မာမလေးတွေ မြန်မာ့မိန်းကလေးရိုးရာအ၀တ်စားတစ်ခုဖြစ်တဲ့ ချိတ်ထမိန်လေးတွေကို ယခုခေတ်မှာ ၀တ်မှဝတ်တတ်ပါ့မလားလို့မေးရမလိုဖြစ်နေပါပြီ...မြန်မာနိုင်ငံရဲ့ နေရာအများပြားမှာ လုံမေကောင်မလေးတွေဟာ ဘောင်းဘီတို စကတ်တိုလေးတွေနဲ့ မြင်တွေ့နေရတယ်...အချို့ချို့သော သူများဆိုရင် စကတ်တိုတာဟာ ဒူးထိတင်မက ပေါင်ထိတောင် ရောက်နေလေတော့ အခြားသော လူငယ်တွေအတွက် ဒီလိုမြင်ကွင်းဟာ ဘယ်လိုမျိုးပုံစံနဲ့ ခံစားကြမလဲမပြောတတ်ပဲ ကျွန်တော့်အတွက်တော့ စိတ်ပျက်မိလေတယ်...
အပြည့်အစုံသို့...
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုန်
အသက်တွေကကြီးပြီဆိုတော့ ဒီိလိုသီချင်းတွေပဲ နားထောင်နေရတယ် :)
အပြည့်အစုံသို့...
Subscribe to: Posts (Atom)