NAING KO
THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR
မြန်မာ့ရိုးရာအလှူတစ်ခု
ဒီနေ့ည ၇ နာရီခွဲလောက်မှာ TV ကြည့်ရင်းနဲ့ အမှတ်မထင် မြန်မာ့နိုင်ငံရဲ့ ရိုးရာဘာသာရေး အလှူဓလေ့လေးတစ်ခုကို ရုရှား TVလိုင်းတစ်ခုကနေ ထုတ်လွှင့်တာတွေ့လို့ ဗီဒီယို ရိုက်ပြီး တင်ပေးလိုက်တာ :)...Political တွေနဲ့ပတ်သတ်တဲ့ဟာတွေကတော့ ကမ္ဘာ့နိုင်ငံတကာ သတင်းရုပ်မြင်သံကြားတွေမှာ တွေ့နေပြနေတော့ အထူးဆန်းမဟုတ်ပေမယ့် အခုလို ကိုယ့်နိုင်ငံရဲ့ ရိုးရာဓလေ့လေးတွေကို ပုံဖော်ရိုက်ကူးထုတ်လွှင့်ပေးတာလေးတွေက ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်...။
အပြည့်အစုံသို့...
ရှုပဗေဒဆိုင်ရာ ပြပွဲအမှတ်တရ
ကျွန်တော်တို့ ကျောင်းမှာ တစ်နှစ်တစ်ခါ ပြပွဲလေးလုပ်ပေးတဲ့ ရှုပဗေဒဆိုင်ရာ ပြပွဲအမှတ်တရ ဓာတ်ပုံလေးတွေပါ....ပြပွဲမှာတော့ ဆေးပညာ ရေနံနဲ့သဘာဝဓာတ်ငွေ့ ကွန်ပျူတာ ရှုပဆိုင်ရာလေးတွေကို ပြသထားတာပါ...ကိုယ်သိချင်တာတွေကို မေးလို့ရပါတယ်...ကြော်ငြာသဘောတွေပါပဲ...
ရှုပဗေဒဆိုင်ရာများကို ပြသပေးနေတဲ့ ပြခန်းအ၀င်နားက ကွန်ပျူတာတစ်ခုပါ....
ဒါကတော့ ကျောင်းသားလေးတွေပါ..ပြပွဲမှာ လာကြည့်ရင်း အော်ဟစ်နေတာပါ...လှမ်းစနေလို့ ဓာတ်ပုံရိုက်ပေးလိုက်တာ...
Satellite မှာတပ်ဆင်တဲ့ စက်အစိတ်ပိုင်းလေးတစ်ခုပါ...
Google Earth တစ်ခုပါ ကွန်ပျူတာ Screen ကြီးပေါ်မှာ လက်နဲ့ထိပြီး ရှာယုံပါ...
ဆိုင်ခန်းလေးရှေ့မှာ ဓာတ်ပုံရိုက်ဖို့ အလှပြင်ထားသလားမသိပါဘူး ...အားလုံးက ၀င်ရိုက်နေလို့ မေးပြီးရိုက်လိုက်တာ...
င်္ရှုပဗေဒ ရဲ့အခြေခံသဘောတရားလေးတွေဖြစ်တဲ့ Force/Power လေးတွေကို လက်တွေအနေနဲ့ပရိတ်သတ်တွေကိုခေါ်ပြီး သရုပ်ပြရှင်းပြနေတာပါ...သရုပ်ပြပြီးရင် အဖြေမှန်ကို ပရိတ်သတ်ကိုရွေးခိုင်းပါတယ်...
ဒါတွေကတော့ အထွေထွေ ဗဟုသုတလေးတွေပါ ရေအားနဲ့ပတ်သတ်တဲ့ဟာလေးတွေနဲ့ microscope လေးတွေပါ...
နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ဆိုရာမှာ များစွာအထောက်ကူပြုတဲ့ အထဲမှာ ဘာသာရပ်တစ်ခုဖြစ်တဲ့ အားလုံးသိတဲ့အတိုင်း ရှုပဗေဒ ဟာတစ်ခုအပါဝင်ပါပဲ...ဒါပေမယ့် ကျောင်းသားတွေ မနှစ်သက်တာကလည်း ဒီဘာသာပါပဲ...အထူးသဖြင့် မြန်မာနိုင်ငံမှာ ရှုပဗေဒ ကျောင်းသားတွေဟာ အခြားသော ဘာသာတွေထက် ပိုနည်းမယ်ထင်ပါတယ်...ယခုကာလမှာ ကျောင်းသားအများစုတွေဟာ အသက်မွေးဝမ်းကျောင်းနဲ့လိုက်ဖက်မယ့်အရာတွေပဲ ရွေးတတ်ကြတာများပါတယ်...တီထွင်ကြံဆနိုင်မယ့် ရှုပဗေဒလိုမျိုးဘာသာတွေကို ခက်ခဲလို့ဆိုပြီး စိတ်ဝင်စားမှုနည်းပါတယ်...ရုရှားမှာတော့ ရှုပဗေဒ ဘာသာ အထူးသင်ကြားကြတာတွေ့ရတယ်...ဒါကြောင့်လည်း အမျိုးမျိုးသော ရှုပဆိုင်ရာနည်းပညာတွေကို တီထွင်ထုတ်လုပ်နိုင်တာပေါ့...ခက်ခဲတဲ့ ရှုပဗေဒဘာသာတွေကို ကျောင်းတွေမှာ စာတွေ့ကြည့်ပဲ သင်ပြတာထက် လက်တွေ့သရုပ်ပြပြီးသင်ကြားပေးမယ်ဆိုရင် ကျောင်းသားတွေဟာ မငြီးငွေ့ပဲ စိတ်ဝင်စားစွာနဲ့ ကြိုးစားသင်ယူကြမယ်လို့ ယုံကြည်မိပါတယ်...လူဆိုတာ မမြင်ရတဲ့အရာမသိတဲ့အရာတွေကို တွေ့ချင်မြင်ချင်ကြတဲ့သူတွေကြည့်ပါပဲ...ဒါကြောင့် ဘာသာရပ်တွေကို သင်ကြားရာမှာ ကျောင်းသားတွေအတွက် အထောက်ကူပစ္စည်းများစွာလိုအပ်ပါတယ်...ကျောင်းသားတွေ လက်တွေ့မှာ စူးစမ်းလေ့လာချင်လာအောင် စိတ်ပါဝင်စားလာအောင် လုပ်ရာမှာ စာတွေ့ကြည့်ပဲနဲ့စိတ်မ၀င်စားပါဘူး..လက်တွေ့သဘောတရားလေးတွေနဲ့ပြမှ စိတ်ဝင်စားကြတာပါ...မြန်မာနိုင်ငံမှာက စာတွေ့ကြည့်ပဲများမယ်ထင်ပါတယ်...လက်တွေ့အထောက်ကူပစ္စည်းတွေကို များများပြုလုပ်ပေးရင် ကျောင်းသားတွေတွက် ပိုပြီးစိတ်ဝင်စားပြီး အကျိုးရှိပါတယ်...ပစ္စည်းရှိပြီး မကိုင်ရက်မပြုရက်နဲ့ ဟန်ပြလုပ်နေရင်လည်း ဘာမှ တိုးတက်လာမှာမဟုတ်ပါဘူး...ဒါလေးတွေကတော့ ရှုပဗေဒနဲ့ဆက်စပ်ပြီးတော့ ပြောလိုက်တာပါ :)..../
အပြည့်အစုံသို့...
ဗမာမလေးချိတ်ထမိန်မ၀တ်တတ်တော့တာမင်းမပါစေနဲ့
ဗမာမလေး ချိတ်ထမိန်မ၀တ်တတ်တော့တာ မင်းမပါစေနဲ့ ဆိုတဲ့ တွံတေး သိန်းတန်သီချင်းလေးအတိုင်း ဒို့မြန်မာမလေးတွေ မြန်မာ့မိန်းကလေးရိုးရာအ၀တ်စားတစ်ခုဖြစ်တဲ့ ချိတ်ထမိန်လေးတွေကို ယခုခေတ်မှာ ၀တ်မှဝတ်တတ်ပါ့မလားလို့မေးရမလိုဖြစ်နေပါပြီ...မြန်မာနိုင်ငံရဲ့ နေရာအများပြားမှာ လုံမေကောင်မလေးတွေဟာ ဘောင်းဘီတို စကတ်တိုလေးတွေနဲ့ မြင်တွေ့နေရတယ်...အချို့ချို့သော သူများဆိုရင် စကတ်တိုတာဟာ ဒူးထိတင်မက ပေါင်ထိတောင် ရောက်နေလေတော့ အခြားသော လူငယ်တွေအတွက် ဒီလိုမြင်ကွင်းဟာ ဘယ်လိုမျိုးပုံစံနဲ့ ခံစားကြမလဲမပြောတတ်ပဲ ကျွန်တော့်အတွက်တော့ စိတ်ပျက်မိလေတယ်...
အပြည့်အစုံသို့...
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုန်
အသက်တွေကကြီးပြီဆိုတော့ ဒီိလိုသီချင်းတွေပဲ နားထောင်နေရတယ် :)
အပြည့်အစုံသို့...
တရုတ်ပန်းလေးရဲ့အလှ
ပန်းတောင်မှ တရုတ်ပန်းမှလှတာဆိုတော့ ခက်တော့ခက်နေပြီ :)...အသက်ကတော့ ၂၃ ပါ..လူပျိုကြီးပါ :)...အသက် ၂၀ ကျော်ရင် များသောအားဖြင့် ချစ်သူရည်းစားရှိကြတာ များတယ်ဗျ...ကျွန်တော်ကတော့ ချွတ်ယွင်းချက်ပေါ့..မရှိဘူး ...ဒါပေမယ့် ကိုယ် စိတ်ဝင်စားနေတဲ့ ကောင်မလေးတော့ရှိတာပေါ့...ခက်တာက ကိုယ် စိတ်ဝင်စားတဲ့ကောင်မလေးက ဗမာမဟုတ်ပဲ တရုတ်ဖြစ်နေလို့ပါပဲ...သူက ပြင်ဦးလွင်မှာ နေတာပါ...သူ့ကို စတွေ့တာကတော့ ပြင်ဦးလွင်မှာ ဘာသာစကားတတ်တုန်းကပါ...ညနေခင်း တစ်ခုမှာ သူငယ်ချင်း တစ်စုနဲ့ လဖ္ဘက်ရည်ဆိုင်မှာ ထိုင်ပြီးလို့ ပြန်လာတဲ့အချိန်မှာ အမှတ်မထင်ပဲ ကျွန်တော့်ရှေ့မှာပဲ သူစီးလာတဲ့ ဆိုင်ကယ်ကို ရပ်ပြီး တစ်ယောက်ယောက်ကို စောင့်နေတဲ့ပုံစံနဲ့ ရပ်နေတယ်...
ပုံစံလေးက ဆံပင်က ပုခုံးလောက်မှာပေါ့ အားလုံးကို ချထားတယ်...လေအဝှေ့မှာ သူမရဲ့ဆံနွယ်လေးတွေက ပျံဝဲလျက်ပေါ့...အင်္ကျီလေးက အ၀ါရောင်လက်ရှည်ပျော့လေး ဘောင်းဘီကတော့ ရိုးရိုးဂျင်း ဖိနပ်ကတော့ ဒေါက်မမြင့်တမြင့်သိုင်းကြိုးဖိနပ်လေးနဲ့ပေါ့...သူ့ရဲ့ပုံစံက အရမ်းလိုက်ဖက်နေပြီး ကြည့်လို့အရမ်းကောင်းနေတယ်...သူမရဲ့ မျက်နှာလေးက လုံးဝ Innocent လေးပါ...ချစ်ဖို့ကောင်းတယ် :)...သူ့ကို မြင်လိုက်တဲ့အချိန်မှာ စီးလာတဲ့ ပြိုင်ဘီးလေးကို အလိုလိုရင်းနဲ့ ဘရိတ်အုပ်ပြီး ငေးမောကြည့်နေတာ ဘယ်လောက်ထိ ကြာသွားလည်းမသိပါဘူး သူငယ်ချင်းတွေက လှမ်းအော်မှပဲ သတိရတော့တယ်...မိန်းကလေး တစ်ယောက်ကို အဲဒီလို အကြာကြီး ငေးမောမကြည့်ဘူးပါဘူး...ငယ်ငယ်တည်းကနေ အခုအသက် ၂၃ နှစ်ထိ ဒီလိုချစ်ဖို့ကောင်းတဲ့ ကောင်မလေးကို မတွေ့ဖူးသေးဘူး...သူက မိန်းကလေးဖြစ်ပေမယ့် အစနောက်ကလည်း သန်တယ်ဗျ...ကိုယ်ကတောင် အရှုံးပေးရတယ်...စကားပြောရင်လည်း ပေါက်ကရကလည်း တော်တော်ပြောတတ်တယ်...ဒါပေမယ့် ကမ္ဘာပေါ်မှာ ရှိတဲ့ အသံများစွာထဲမှာ သူမရဲ့အသံလေးက အညင်သာဆုံးလို့ထင်မိပါတယ် ;)...သူမရဲ့ အချစ်ကို ရဖို့အတွက် လေယာဉ်အမြီးကိုဆွဲပြီး လိုက်နေပါတယ်...မှီဖို့ သိပ်တော့ မဝေးတော့ပါဘူး..မှုံန်ဝါးဝါးပါပဲ :D...အချစ်နဲ့ပတ်သတ်ပြီး အရမ်းခံစားရတဲ့ ပုံစံကိုလည်း မကြိုက်ပါဘူး...ယခုအချိန်မှာ ကျွန်တော်နဲ့သူမက မိုင်ပေါင်းအများကြီးမှာ ကွာဝေးနေပါတယ်...သူမနဲ့တွေ့ဖိုဆိုတာ ၂ နှစ်လောက်လိုသေးတယ်လေ... လူဆိုတာ ၂ နှစ်ဆိုတာအဝေးကြီးပါ ဒီနေ့နဲ့ မနက်ဖြန်တောင် တူချင်မှတူတာလေ...ပြောင်းလဲမှုတွေ များနေတဲ့ အတ္တကမ္ဘာလောကကြီးမှာ တသက်မက်တည်းယုံကြည်ထားလို့မရဘူးလေ...အခုလို ဝေးကွာလွန်းနေတဲ့အချိန်မှာ ချစ်သူမရှိသေးတဲ့ ကျွန်တော်အတွက် ကျွန်တော် ကျေနပ်နှစ်သက်မိပါတယ်...ဘာကြောင့်လည်းဆိုတော့ ချစ်သူရှိတဲ့သူတွေများဟာ ချစ်သူနဲ့ဝေးကွာနေချိန်မှာ သူတို့တွေရဲ့ချစ်သူများအပေါ်ကို ယုံကြည်မှုနည်းလာကြခြင်း နဲ့ သူတို့တွေရဲ့ ချစ်သူတွေဟာ ကိုယ်မမြင်နိုင်တဲ့အဝေးတစ်နေရာကနေ နောက်ထပ် အချစ်သစ်တွေ မွေးဖွားနေတာတွေ စတဲ့ သတင်းကို ကြားရမယ်ဆိုရင် ဘယ်လောက်ထိ သူတို့တွေ ခံစားရမယ်ဆိုတာ တွေးကြည့်ယုံနဲ့သိပါတယ်...အဲလိုမျိုးတွေ ကျွန်တော်ကမခံစားချင်ဘူး...အဲဒီတော့ ဘာလုပ်လည်းဆိုတော့ သူ့ရဲ့အသံလေးပဲ နားထောင်ဖြစ်ပါတယ်...ဝေးနေတဲ့ အချိန်မှာ ချစ်သူဖြစ်ဖို့ထက် သူငယ်ချင်းလိုပဲ နေတော့မယ်လို့ ဆုံးဖြတ်ထားပါတယ်...ကိုယ် မရှိတဲ့အချိန်မှာ ချစ်သူတွေရသွားလည်း ဘယ်တတ်နိုင်ပါ့မလဲ:D...အချစ်စစ်မှန်ရင် တစ်နေ့တော့ ဆုံဆည်းမှာပါပဲလို့ တွေးနေမိပါတယ်... ကျွန်တော့်ရဲ့ အချစ်ဇာတ်လမ်းလေးက တိုပါတယ်...သူ့ကို စတွေ့တာ ကြာပေမယ့် သူနဲ့စခင်မိတာက ဒီကိုလာခါနီး ၂ ပါတ်အလိုလောက်မှ သိတာဆိုတော့ အပြင်မှာ တွေ့လိုက်ရတဲ့ အချိန်က အရမ်းနဲသွားတယ်...အဲဒီတော့ ဒီရောက်တော့ မှပဲ ဖုန်းပြောရတာပေါ့... ခဏတာလေးဆိုပေမယ့် သူနဲ့ စကားပြောရတဲ့ အချိန်လေးတွေဟာ တန်ဖိုးရှိပါတယ်...စားလည်း ဒီစိတ် သွားလည်း ဒီစိတ်ပုံစံမျိုးတော့ မလုပ်ပါဘူး...သူ့အကန့်လေးတွေနဲ့ပဲထားပါတယ်...လောလောဆယ်မှာတော့ ကိုယ့်ဘာသာ လူငယ်သဘာဝအတိုင်း လွတ်လွတ်လပ်လပ်နဲ့နေတာပဲ ကြိုက်ပါတယ်...ပြောရရင်တော့ ကျွန်တော်က ချစ်သူဖြစ်ဖို့ထိ မလုပ်သေးတော့ သူငယ်ချင်းလိုပဲနေနေတာဆိုတော့ သွေးအေးနေတာပေါ့...ချစ်သူမရှိသေးတော့ ပိုပြီး မလွတ်လပ်ဘူးလား :)...အဝေးမှာ ချစ်သူရှိနေရင် ချစ်သူအတွက် လွမ်းရတာ နဲ့ ဆွေးရတာနဲ့ ရှုပ်မနေဘူးလား...ချစ်သူလာတဲ့အချိန်မှာ အင်တာနက်က မရလို့ တစ်မျိုး အင်တာနက်မကောင်းလို့ စကားမပြောရတဲ့ ဒုက္ခ ချစ်သူက စိတ်ကောက်လို့ စိတ်ဆင်းရဲရတဲ့ ဒုက္ခ ချစ်သူက အနေဝေးနေလို့ သွေးအေးပြီး အနေနီးနေတဲ့ နောက်ချစ်သူရှာလို့ စိတ်ညစ်ရတဲ့ဒုက္ခ...ချစ်သူရှိတဲ့သူတွေရဲ့ ဒုက္ခတွေကို ကြည့်ရင်းနဲ့ အဝေးကနေတော့ ချစ်သူမထားဘူးလို့ ဆုံးဖြတ်ထားပါတယ်...ကိုယ်နဲ့ အနီးကပ်ဆုံးမှာ ရှိနေတဲ့အချိန်မှပဲ ထားတော့မယ်...ဘာမှ စိတ်မဆင်းရဲရတော့ဘူးပေါ့...စိတ်ဆင်းရဲရမယ့် ဒဏ်တွေကိုမခံချင်လို့ အချစ်အတွက်နဲ့ဘ၀ကို စိတ်အနှောက်ယှက်ဖြစ်တာမျိုးကိုလည်း မကြိုက်ပါဘူး...ကိုယ်ဆစ်ထုလိုက်တဲ့ ကိုယ့်ဘ၀ရဲ့ပုံစံခွက်က ပုံစံမကျသေးသေရွေ့တော့ အချစ်ကို ရှေ့တန်းမထားသေးပါဘူး...လက်ရှိ အခြေအနေနဲ့အချိန်ခါအရဆိုရင် ရည်းစားမထားသင့်သေးဘူးလို့ထင်လို့ ကျွန်တော်ချစ်တဲ့ကောင်မလေးကို အရိပ်ရောင်လောက်ပဲပြောပါတယ်...သူငယ်ချင်းလိုပဲ ရင်းရင်းနှီးနီးပဲ ပြောဆိုတာလေးကိုပဲ နှစ်သက်မိပါတယ်...ဒီ့ထက်မပိုတော့ပါဘူးဗျာ...မောင်နိုင်ကို ရဲ့ အချစ်နှလုံးသားကြီးကတော့ မော်စကိုက နှင်းခဲများနဲ့အတူ အေးခဲ့နေပါပြီဗျာ...ကဲ မကြီးဝါ ရေ မပြီးဆုံးသေးတဲ့ အချစ်ပုံပြင်လေး အချစ် နိဒါန်း ပုံပြင်လေးကို ဒီမှာပဲ ပြီးဆုံးပါပြီခင်ဗျာ... :)
အပြည့်အစုံသို့...
Air Show အမှတ်တရ
သူငယ်ချင်းရဲ့ မော်စကို Air Show အမှတ်တရပုံလေးတွေပါ...
အပြည့်အစုံသို့...
Beautyful Land
အပြည့်အစုံသို့...
Optimist and Extremist (2)
နံပါတ်(၂) နိုင်ငံကြီးအချို့ရဲ့ လိုချင်တဲ့ပုံစံ puppet government မဖြစ်လာနိုင်တဲ့လမ်းကြောင်းကိုရောက်နေတဲ့အတွက် ဝေဖန်နေကြတာပါ...သာဓက အနေနဲ့ ၁၉၈၈ အရေးခင်းကာလမှာ ပြည်တွင်းမငြိမ်မသက်ဖြစ်နေချိန်မှာ အမေရိကန်ဆိုတဲ့သူတော်ကောင်းကြီးက မြန်မာ့ရေပိုင်နက်ထဲကိုဝင်ပြီးတော့ လေယာဉ်တင်သဘောင်္ကြီးတစ်စီး နိုင်ငံကျူးကျော်တဲ့စစ်သဘောင်္ ၇ စီးနဲ့ မြန်မာ့ရေပိုင်နက်ထဲကနေ ခြိမ်းလားခြောက်လားနဲ့ အာဏာကို အခုချက်ချင်းလွဲပြောင်းပေးပါဆိုပြီးတော့ လုပ်လာလေသတဲ့ဗျာ...
ဒီလို မိုင်ပေါင်းများစွာဝေးနေတဲ့ ကိုယ်နဲ့ဘာမှမဆိုင်တဲ့ နိုင်ငံကြီးက ဒီလိုအာကောင်းလျှာသွက်နဲ့ နုတ်သီးကောင်းနေတာကို ဘေးက ကြည့်လို့မရတဲ့ တရုတ်နဲ့အိန္ဒိယ ကနုတ်သီးဖျက်ရိုက်လိုက်မယ်လို့ငေါက်ငှမ်းလိုက်တော့မှ အရှက်မရှိ ပြန်သွားလေရဲ့...အကျွန်ုပ်တို့ မြန်မာ့နေရာကို အခြေချပြီး အင်အားကြီးနိုင်ငံတွေကို ဗိုလ်ကျစိုးမိုးဖို့အတွက် အကျွနုပ်တို့နိုင်ငံဟာ သူတို့အတွက်မရှိမဖြစ် သြဇာခံမယ့် puppet government လိုနေလို့ အခွင့်သာတိုင်း စောင့်ဆိုင်းနေခဲ့တာ ရာစုနှစ်တွေပင်ကျော်ခဲ့ပါပြီ...ဒေါ်စုကြည်ဟာ UN မှာ စာရေးမလုပ်ခဲ့တာတွေကတစ်ကြောင်းနဲ့နိုင်ငံခြားမှာပဲ အိမ်ထောင်ကျပြီး သူတို့တွေနဲ့ရင်းနီးနေတော့ သူတို့လိုချင်တဲ့ puppet government ဖြစ်အောင် မြေတောင်မြှောက်ပြီးတော့ တင်စားလာခဲ့တာပါ...အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်အစိုးရသမ္မတပဲတက်တက် သူ့ရဲ့ puppet government မဟုတ်ရင် အမြင်မကြည်လင်တဲ့ နိုင်ငံစာရင်းထဲကနေရှိနေဦးမှာပါပဲ....။/ နံပါတ်(၃)မိမိတို့အာဏာရရေးတွက်ဝေဖန် ရခြင်းမှာ အဓိကအားဖြင့် politicains သမားတွေပဲဖြစ်ပါတယ်...လက်ရှိ မြန်မာနိုင်ငံရဲ့ 2008 constitution က သူတို့တွေနဲ့မကိုက်ညီဘူးလေ...ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြပြီး အမျိုးမျိုးဝေဖန်နေကြတာပါ... နံပါတ် ၁ မှာပြောသလိုပါပဲ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ဖို့ခင်လို့ ဝေဖန်တာတွေကနည်းနည်း မိမိတို့ကိုယ်ကျိုးကများများကြောင့် အော်နေကြတာပါ...တစ်နည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည် မှာလည်း ပြည်သူတွေလိုပါပဲ ကြားထဲကနေ မြေစာပင်လေး တစ်ခုရောက်ရမှန်းမသိ ရောက်နေရတာပါ...သူ့ရဲ့နာမည်ကို အကြောင်းပြပြီး မိမိကိုယ်ကျိုးအတွက် အမျိုးမျိုး နိုင်ငံရေးတိုက်ကွက် မှောက်ကွက် ထိုးကွက် စားကွက်တွေက အများသားပါပဲ..."မျိုးဆက်သွေး" "ABSDF"ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ်နာမည်တပ်ပြီးတော့ ပြည်သူကိုယ်စား(ဖွဲ့ထားတာက ၂ယောက်ရှိရင် ၂ဖွဲ့ခွဲမယ်)ဆိုပြီးတော့ ပြည်သူတွက် ပြည်သူတွက် ပြည်သူ့တွက်...infinities.. ဆိုပြီးတော့ ကြိုးစားလုပ်ဆောင်ပေးပါတယ်...ဘာတွေလည်းဆိုတော့ ကားမှတ်တိုင်မှာ ဗုံးခွဲရေး ပန်းခြံမှာ ဗုံးခွဲရေး တို့ အစိုးရပိုင် ဌာန နေရာတွေကို ဖောက်ခွဲဖျက်ဆီးရေး...အဲဒါ ပြည်သူ့အတွက် အကျိုးပြုလုပ်ငန်းတွေဖြစ်ပါတယ် :D...ဒါတွေကို စာရေးသူက သူတို့ကို ဝေဖန်တာလည်းမဟုတ်ဘူး အပြစ်မြင်နေတာလည်းမဟုတ်ပါဘူး...လက်ရှိဖြစ်ပျက်နေတာတွေကို ချပြနေတာပါ :) ...အာဏာရရေးပုဂ္ဂိုလ်များကတော့ ကိုယ်တိုင်မလုပ်နိုင်တော့ ပြည်သူတွေကို ရှေ့တန်းတင်ပြီးတော့ လမ်းပေါ်ထွက်ခိုင်း အော်ခိုင်း သေခိုင်းမယ်..နိင်ငံမငြိမ်မသက်ဖြစ်ရင် သူတို့တွက် ၀မ်းသာစရာအားတတ်စရာတစ်ခုပါပဲ...အစိုးရ ယန္တရားတွေပျက်သွားရင် စစ်တပ်ကနောက်ဆုံးမနိုင်တော့ရင် အာဏာကိုဖြတ်လမ်းကယူပြီး ဘာအတွက်မှ နိုင်ငံတွက်မလုပ်ရပဲနဲ့ သေကြေထိခိုက်တော့ပြည်သူ ကုလားထိုင်ကိုရှေ့ဆုံးကပြေးယူမှာက သူတို့...ဒါတွေကို နှောကြေနေတဲ့ပြည်သူတွေကတော့ ၁၉၈၈ နဲ့ ၂၀၀၇ တုန်းကလို အဖြစ်မခံနိုင်ကျတော့ဘူးဆိုတာ နားလည်သဘောပေါက်ကျကုန်ပါပြီ...ငြိမ်းချမ်းစွာနဲ့ လျှောက်လှမ်းပြီးမှ ရရှိမယ့် ပန်းတိုင်ကိုပဲ ဆုပ်ကိုင်နေကြပါပြီ...။/ နောက်ဆုံးအချက်(၄)ကတော့ ငြိမ်းချမ်းမှုကို ဦးစားပေးတယ် နှစ်ဦးနှစ်ဖက်လုံးကို သင့်မြတ်စေချင်ကြတယ်... နှစ်ဦးနှစ်ဖက်သင့်မြတ်ပြီး ၂၀၁၀ မှာအားလုံးပါဝင်နိုင်ပြီးယှဉ်ပြိုင်စေချင်ကြတယ်...နှစ်ဦးနှစ်ဖက် သင့်မြတ်ဖို့ဆိုတာဟာလည်း အပြောလွယ်ပေမယ့် လက်တွေ့မှာ မလွယ်ကူတဲ့ အကြောင်းအရာလေးတွေရှိနေလိမ့်မယ်လို့ မြင်မိပါတယ်...ဒီလိုမတူညီတဲ့အရာတွေကို တူညီအောင် အတတ်နိုင်ဆုံးညီမျှအောင် နှစ်ဦးနှစ်ဖက်လုံးဟာ လျှော့သင့်သလို လျှော့ပြီး လိုက်လျော့သင့်သလို လိုက်လျောမှ သာလျှင် လိုချင်တဲ့ပုံစံကို ရရှိသွားမှာပါ...မည်သို့ပင်ဆိုစေကာမှု ဒီလိုတစ်ယောက်နဲ့တစ်ယောက် အငြင်းပွားဒေါသူပုန်ထနေလို့ မြန်မာနိုင်ငံရေးက ပြီးဆုံးမသွားနိုင်ပါဘူး...သူတို့ နှစ်ယောက်ရဲ့ရိုက်ခတ်မှုကြောင့် အကျွန်ုပ်တို့ပြည်သူတွေလည်း ကြားထဲကနေပြီးတော့ မြေစာပင်ဘ၀ကနေ လုံးပါးပါးရတော့မယ့် အခြေနေဆိုက်နေလေရဲ့....လူပေါင်း သန်း ၅၀ ကျော်အရေးကိုကြည့်ကြမလား လူပုဂ္ဂိုလ် အဖွဲ့စည်းကိုပဲကြည့်ကြမလားဆိုတာကတော့ စာဖတ်သူတွေပဲ ဆုံးဖြတ်ကြပေတော့….ပြသာနာတစ်ရပ် လူတစ်ယောက်အပေါ်ကို အစွန်းရောက်ဒီနဲ့ဝေဖန်ကြည့်တတ်ပြောဆိုတတ်သလား ဒါမှမဟုတ် အကောင်းမြင်ဝါဒီနဲ့ပဲဝေဖန်ပြောဆိုတတ်သလား…ထိုနှစ်ချက်တွင် ဘယ်အရာကို မိမိတို့ကျင့်သုံးသင့်သလဲ……။
အပြည့်အစုံသို့...
Subscribe to: Posts (Atom)