NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

Martyr’s Day


အာဇာနည်နေ့ဆိုတာ ဘာလည်းဆိုတာ မြန်မာအားလုံးတိုင်းသိကြပါတယ်..သို့ပေမယ့်လည်း သတိမမူ ဂူမမြင်ဆိုတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ အရေးပါသော နေ့ထူးနေ့မြတ်တွေကို မေ့နေတတ်ကြပါတယ်...ဒါလေးတွေကို မိမိတို့လူမျိုးနဲ့တိုင်းပြည်ရဲ့ အရေးပါသော နေ့လေးတွေကိုတော့ အစဉ်အမြဲသတိရနေစေချင်ပါတယ်...ဒီလို နေ့ထူးနေ့မြတ်တွေဆိုတာဟာလည်း မြန်မာနိုင်ငံတစ်ခုတည်းမဟုတ်ပါဘူး နိုင်ငံတိုင်းမှာ သူတို့ရဲ့သမိုင်း သူတို့ရဲရာဇ၀င်တွေရှိကြစမြဲပါပဲ...အဲဒီလိုနေ့တွေမှာ တစ်ခမ်းတစ်နား ကျင်းပကျတာတွေရှိကြပါတယ်...ယခုမျက်မှောက်ခေတ်ကာလမှာ လူငယ်လူရွယ်တွေအားလုံးဟာ သမိုင်းဆိုတာကို သိပ်စိတ်မ၀င်စားတာတွေတွေ့ရတယ်...အပျော်အပါးတွေနဲ့ပဲ အချိန်ကုန်နေတာတွေ့ရတယ်...ပြီးခဲ့တဲ့ အတိတ်သမိုင်းကြီးကို ပူဆွေးသောက ရောက်နေဖို့မလိုပါဘူး...ဘာဖြစ်လို့လည်းဆိုတော့ သူဟာ ပြန်ရှင်သန်လာမှာမဟုတ်တော့ပဲ အဲဒီ့ အတိတ်ကစိတ်ကြောင့် လက်ရှိကာလနဲ့ အနာဂတ်ကို ထိခိုက်စေပါတယ်...ဒါပေမယ့် မခေါ်ချင်နေပါ မတော်ချင်လို့မရဘူးဆိုတဲ့စကားလိုပါပဲ သမိုင်းကို စိတ်မ၀င်စားရင်တောင်မှ မိမိနိုင်ငံရဲ့အရေးကြီးသောနေ့ထူးနေ့မြတ်လေးတွေကိုတော့ သတိရစေချင်ပါတယ်...အတတ်နိုင်ဆုံးတော့ သိထားသင့်တာပေါ့...ဒါမှ နောင်လာနောက်သားတွေကို ပြောပြလို့ရမှာပေါ့...မြန်မာနိုင်ငံဟာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက်မှာ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် နိုင်ငံ့ခေါင်းဆောင်ကြီး၉ဦးကို လုပ်ကြံခြင်းခံရတဲ့နေ့ဖြစ်ပါတယ်...အဲဒီနေ့ဟာ မြန်မာတစ်နိုင်ငံလုံး မိုးမှောင်ကျသော နေ့တစ်ခုပါပဲ...မြန်မာပြည်သူပြည်သားတွေ ၀မ်းအနည်းရဆုံးကြေကွဲအရဆုံးလို့ပြောရင် မှားမယ်မထင်ပါဘူး...မည်သို့ပင်ဆိုစေကာမှု July 19 တွင်ကျရောက်သည့် ၆၂ နှစ်မြောက် အာဇာနည်နေ့မှာ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအနေနဲ့ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ အာဇာနည်အပေါင်းကို အစဉ်အောက်မေ့သတိရလေးစားလျှက် ဂုဏ်ပြုအလေးပြုနိုင်ကြပါစေ....

15 comments:

Sein Lyan Tun said...

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များကို လေးစားစွာ အလေးလာပြုတယ်

ကိုနိုင်


ချစ်တဲ့

ဖိုးစိန်

ဧရာဝတီသား said...

လေးစားစွာ အလေးပြုသွားပါတယ်။

mgnge said...

၁၉ ဂျုလှိုင် မမေ့နိုင်ပေါ့..သူငယ်ချင်းရာ..။

Anonymous said...

ခေတ်အဆက်ဆက်က
အာဇာနည်ခေါင်းဆောင်တွေ ကို
လာပြီးအလေးပြုပါတယ်ရှင့်

မြူးသျှရီ

Dream said...

ကျဆုံးသွားတဲ့ နိုင်ငံဖခင် ဗိုလ်ချုပ်အောင်ဆန်း
အပါအ၀င် အာဇာနည်ခေါင်းဆောင်းကြီးများကို လာရောက်
အလေးပြုပါတယ်..............

WWKM said...

အာဇာနည်နေ့ တို့မမေ့.

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

“အာဇာနည်နေ့ တို့မမေ့”
လာရောက် အလေးပြုသွားပါတယ်။

Anonymous said...

“အာဇာနည်နေ့ တို့မမေ့”
လာရောက်အလေးပြုသွားပါတယ်။

Anonymous said...

“အာဇာနည်နေ့ တို့မမေ့”
လာရောက်အလေးပြုသွားပါတယ်။

Anonymous said...

“အာဇာနည်နေ့ တို့မမေ့”
လာရောက်အလေးပြုသွားပါတယ်။

kyalkalay said...

ကျဆုံးလေပြီးသော
အာဇာနည်သူရဲကောင်းအပေါင်းကိုဂါရဝပြုပါတယ်
ကောင်းကင်ဘုံကကြယ်ပွင့်တွေပါo
ဘယ်တော့မှမကြွေတဲ့ ကျနော်တို့နှလုံးသားထဲမှာ
အစဉ်ထာဝရထွန်းတောက်နေဦးမယ့်ကြယ်ပွင့်တွေပဲပေါ့ဗျာ

flowerpoem said...

အာဇာနည်နေ့ အမှတ်တရ လာဖတ်ပါတယ် ကိုနိုင်ကို

Anonymous said...

ရောက်တယ်ဟေ့..ငါတို့ ကျောင်းကို လာလည်အုံးလေကွာ

နိုင်ကို said...

:D

Subscribe to: Post Comments (Atom)