NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

လူ့သဘာဝ

ဒီပုံပြင်လေးက အားလုံးသိထားပေမယ့်လည်း သူများကို အတတ်နိုင်ဆုံးအပြစ်မမြင်နိုင်အောင် သုံးသပ်နိုင်အောင် ပြန်တင်ပေးတာပါ...
တစ်ခါက သားအစ်ဖနှစ် ယောက် မြို့က နေ မိမိတို့နေထိုင်ရာ ရွာသို့ တောလမ်းအတိုင်း ပြန်လာခဲ့ကြတယ်..လမ်းမှာ ဘေးမဲ့ လွတ်ထားတဲ့ မြင်းတစ်ကောင်ကို တွေ့တယ်…
သား ..ဟိုမှာ မြင်းတစ်ကောင်ကွ..ပိုင်ရှင်မရှိဘူးလားမသိဘူး …….
ဟုတ်တယ်.. အဖေ တောထဲမှာဆိုတော့ ဘေးမဲ့ လွတ်ထားတဲ့ မြင်း ဖြစ်မယ်ထင်တယ်.. သားတို့ပွတာပဲ……..
သားအဖ နှစ်ယောက်လဲ ပျော်ပျော်ရွှင်ရွှင်နဲ့ မြင်းကို ကြိုးချည်ပြီး ဆွဲလာခဲ့တယ်..လမ်းမှာ ရွာတွေလည်းဖြတ်ကျော်ရတယ်..ရွာတစ်ရွာကို အရောက်မှာ..တွေ့တဲ့သူတွေက
ခင်ဗျားတို့ကလည်း မြင်းတစ်ကောင်လုံးပါတာတောင် အကျိုးရှိရှိ အသုံးမချတတ်ဘူး တစ်ယောက်မှ စီးမလာဘူး..တော်တော်တုံးတဲ့ အတဲ့ သူတွေပဲ..
အေး ဟုတ်သားပဲသား ..သားပဲ မြင်းပေါ်တက်စီးလိုက်ကွာ..အဖေက တော့ လမ်းပဲလျှောက်တော့မယ်..
ဟုတ်ကဲ့အဖေ…
ဒီလိုနဲ့ခရီးဆက်လာရာ..လမ်းမှာလူတစ်စုနဲ့တွေ့ပြန်တယ်…
ဟာ.. ငယ်ငယ်ရွယ်ရွယ် သန်သန်မာမာ နဲ့သူက မြင်းပေါ်တက်စီးပြီး အသက်ကြီးတဲ့ အဖေကိုတောင် အားမနာဘူး..အောက်မှာ လမ်းဆင်းလျှောက်နေရတယ်…
ဟုတ်တယ်အဖေ သားစီးရင် လူတွေက အပြစ်ပြောနေကြမှာ အဖေပဲစီးတော့ သားအောက်ကနေ လမ်းလျှောက်တော့မယ်..
အေးအေး…ဒါဆို အဖေတက်စီးလိုက်မယ်..
အဖေဖြစ်တဲ့သူက မြင်းပေါ်တက်စီးလာပြီး..သားဖြစ်တဲ့သူက အောက်ကနေလမ်းလျှောက်လာပြီး ခရီးဆက်လာတယ်..
လမ်းမှာ တွေ့တဲ့သူတွေက ပြောပြန်တယ်……..
ကြီးကောင်ကြီးမားနဲ့ မြင်းပေါ်တက်စီးနေတယ်…ငယ်ရွယ်တဲ့သားဖြစ်တဲ့သူကိုတောင် မညှာတာဘူး…
သားအဖ နှစ်ယောက်လဲဘယ်လိုလုပ်ရမှန်းမသိတော့ဘူး…
သား….အဖေရော သားရော မြင်းပေါ်တက်စီးမယ်ကွာ ဒါမှ အပြောအဆိုခံရ လွတ်မှာ..
..ဟုတ်ကဲ့ အဖေ..
အပြောအဆိုခံရမှာကြောက်လို့ မြင်းပေါ်ကို နှစ်ယောက်လုံးတက်စီးပြီး ခရီးဆက်လာတယ်…
ဟာကွာ မြင်းကိုတောင် မသနားဘူး ကွာ…မြင်းတစ်ကောင်ကို လူနှစ်ယောက်တက်စီးနေတယ်..တော်တော်ကိုယ်ချင်းစားစိတ်မရှိတဲ့သူတွေပဲ…
အဖေဖြစ်သူနဲ့ သားဖြစ်သူက ဘာလုပ်ရမှန်းမသိပြန်ဘူး…
သား ဒီမြင်းကြောင့် အဖေတို့ လူတွေ အပြောအဆို ခံရတာ ..ဒီမြင်းကို တော်ထဲ ပြန်လွတ်ခဲ့မယ်ကွာ..
ဟုတ်တယ်..အဖေ..ဒါမှ အပြောအဆို မခံရမှာ…
ဒီလိုနဲ့ သားအဖ နှစ်ယောက်လဲ မြင်းကို တောထဲပြန်လွတ် ပြီး ရွာကို ချောမောစွာ ပြန်လာခဲ့တယ်..လမ်းမှာလဲ ဘယ်သူမှ အပြောအဆိုမခံရတော့ဘူးတဲ့…
အဖေဖြစ်သူက ခုမှ ပဲ ဘယ်သူမှ အပြောအဆိုမခံရတော့ဘူးကွာ..
ဟုတ်တယ်အဖေ…
အဲလိုနဲ့ပဲ မိမိတို့ နေထိုင်ရာ ရွာသို့ရောက်လာခဲ့တယ်…
ရွာရောက်တော့ အဖေဖြစ်သူက ရွာမှာရှိတဲ့သူကို မိမိတို့ နှစ်ယောက် မြင်းတစ်ကောင်ကို တွေ့ခဲ့ကြောင်း..မြင်းကြောင့် အပြောအဆို ခံရကြောင်း..အဲဒါကြောင့် မြင်းကို ပြန်လွတ်ထားခဲ့ကြောင်းပြောပြလိုက်ရာ..
ဝိုင်းရယ်ကြတယ်..ဟား…ဟား…ဟား….ဟား………….
ဟား…
မြင်းတစ်ကောင်လုံး ရခဲ့တာတောင် ပြန်ပြီးလွတ်ခဲ့တဲ့.. စိတ်ရောမှန်သေးရဲလားမသိဘူး..အရှုးသားအဖနှစ်ယောက်ပဲ…..
ဩော်……… လူတွေရဲ့ အပြောအဆို လွတ်အောင် ဘယ်လိုနေရမှန်းကို မသိတော့ပါလား………နော်………………

6 comments:

thawzin said...

အပြောကတော့ ဘယ်သူမှ မလွတ်ပါဘူး အမောင်ရယ် ,
မြတ်စွာဘုရားရှင်ကြီးလဲ အပြောလွတ်အောင်ဆိုပြီး , မဟောသလို မပြောသလိုနဲ့ ပုဏ္ဍားကြီး တစ်ဦးကို တစ်ဖတ်လှည့်နဲ့ တရား ဟောပြောခဲ့ရသေးတယ် , ဒါပေမယ့် မြတ်စွာဘုရားဟောခဲ့တာ “ လောကမှာ ကဲ့ရဲ့လွတ်တဲ့သူမရှိဘူး ” တဲ့

မသက်ဇင် said...

နိုင်ကိုရေ
လာဖတ်တယ်နော်
ခင်မင်လျက်

Anonymous said...

Pho Sein should not use ethnic cleansing - thakhoe zawgyi font.

Help US to fight for better Burma.
Expose the truth , raise your moral to respectable ground.
Don't do " lowlife" method.

campaign - http://tr.im/monmyat
blood-dripping http://tr.im/zawgyi
the truth - http://bit.ly/ArHman

မသက်ဇင် said...

ထပ်လာဖတ်သွားတယ်
ခင်မင်လျက်

thawzin said...

ဟုတ်တယ်ဗျို့ ကဲ့ရဲ့လွတ်လဲ လူဆိုတာ မရှိပါဘူး အနည်းများပဲကွာတာပါ

mgnge said...

မျက်စေ့လည်းမမြင်..နာလည်းမကြားရင်တော့ ကောင်းမယ်..။
ဘယ်သူဘာပြောပြော မသိမမြင်တော့ဘူးဆိုတော့... ကဲ့ရဲ့လည်း မသိတော့ဘူး
ဂွတ်လား
:P

Subscribe to: Post Comments (Atom)