NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

စစ်တက္ကသိုလ်ရဲ့ ပုံရိပ်လွှာများ (၂)

တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အား၇ှိမည်ဆိုသည့်အတိုင်း အင်အားတိုင်း အင်အားတိုင်းမှာ အရည်ခြင်းရှိဖို့လိုအပ်တယ်..ဒါကြောင့်မို့လို့ မဆုံးနိုင်တဲ့ ပညာရပ်တွေ အချိန်နဲ့အမျှ တိုးတက်နေတဲ့ နည်းပညာခေတ်ကြီးမှာ မျက်ချေမပျက် အမြဲလေ့လာ ဆည်းပူကြဖို့ လိုအပ်မယ်...ဒါတွေကို လေ့လာဖို့အတွက် အမိစစ်တက္ကသိုလ်ကြီးမှ အခြေခံကောင်းများကို သင်ကြားပေးလေ့ရှိတယ်...

စစ်သားဆိုတာ ဘက်စုံအကုန်လုပ်တတ်နေရမယ်..ကြိုးတစ်ချောင်းပေါ်ကို ဘယ်လိုလျှောက်ရမယ်ဆိုတာ အပြင်မှာတုန်းကမသိခဲ့ပေမယ့် အမိစစ်တက္ကသိုလ်ကြီးမှ သင်ကြားပေးလို့ အခုတော့ သိသွားပြီပေါ့...


သေနတ်ဆိုတဲ့ အရာဟာ သေစေနိုင်တဲ့အရာမို့လို့ အလေးနက်ထားပြီးတော့ လေ့လာသင်ကြားဖို့လိုမယ်...

မိဘအိမ်မှာ ဖြစ်သလိုနေ ဖြစ်သလိုစား ဖြစ်သလိုဝတ်တတ်တဲ့ အကျင့်တွေကို အကုန်ဖျောက်ပစ်..စနစ်တကျနေ စည်းကမ်းရှိရှိနေ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့ နေတတ်ရမယ်(မင်းသား တစ်ယောက်လိုနေခိုင်းနေတာမဟုတ်ဘူး)..မိမိကိုယ်ပိုင်ပစ္စည်းလေးတွေကို စနစ်တကျထားရှိထိန်းသိမ်းတတ်ရမယ်.."အသေးမွှားကအစ အလေးနက်ထားဆောင်ရွက်ရမည်" ဆိုတဲ့ဆောင်ပုဒ်အတိုင်း လုပ်ဆောင်တတ်ဖို့ လေ့ကျင့်သင်ကြားပေးနေတာ...

စစ်သား မတ်မတ်ရပ်ရပ် လျှောက်တတ်ရမယ်..ဒီအချိန်မှာ ချစ်သူတွေကို ခေါင်းထဲက ဖယ်ထားလိုက်စမ်းပါ...တိုင်းပြည်နဲ့ ယှဉ်လာရင် တပ်မတော်နဲ့ယှဉ်လာရင် ချစ်သူဟာ ဒုတိယနေရာမှာပဲ ဖြစ်နေရမယ်...ပထမ နေရာမှာပဲနေခြင်တဲ့ ချစ်သူတွေကိုတော့ ဘိုင်ဘိုင် လုပ်ထားလိုက်ပါ...နားလည်မှု့အပြည့်ရှိတဲ့ ချစ်သူတွေ ပေါ်လာလိမ့်မယ်...အချစ်ရေးထက် စစ်ရေးဟာ ပိုပြီး အရေးကြီးတယ်ဆိုတာ သိနေရမယ်...

မြူမှုန်တွေဝေဆာနေတဲ့ ကျောင်းဆင်းပွဲနေ့မှာ စစ်ရေးပြကွင်းသို့ ဗိုလ်လောင်းတပ်ရင်းမှ စတင်ထွက်ခွာလာ


တည်ငြိမ်နေတဲ့ ပစ်မှတ်အလယ်တစ်ခုကို ဘယ်လောက်ပစ်နိုင်စွမ်း ရှိလဲဆိုတာပြသ


အပျော်တမ်းကြိုးစီးခိုင်းနေတာမဟုတ်ဘူး ရည်မှန်းချက်တစ်ဖက်ရောက်အောင် လုပ်ခိုင်းနေတာ

Dancer အဖွဲ့မဟုတ်ဘူး မိမိကိုယ်ကိုကာကွယ်တတ်အောင် သင်ပေးနေတာ

0 comments:

Subscribe to: Post Comments (Atom)